Aye Chan Mon
“ ဗိုလ်ချုပ်မိခင် အမေစုရဲ့ရင်တွင်းစကား ”
••••••••••••••••••••••••••••••••••
“ ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလို
သတ္တိကြောင်တဲ့အမူမျိုးကို ငယ်ငယ်ရွယ်ရွယ်
ကလေးကပင် ရူတ်ချခဲ့တဲ့ လူဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင်ကြီး ဦးစောကို
မသမာသူတို့ ချောင်းမြောင်းပြီး သေနတ်နဲ့ပစ်စဉ်က
ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ရူတ်ချတဲ့
စကားတွေကို ပြောခဲ့ပါတယ်။

ဟိုတုန်းက ဗိုလ်ချုပ်ဟာနယ်လှည့်ရင်း ကျုပ်ထံ
ဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က
စိုးရိမ်လွန်းလို့ “သားရယ် လူဆိုတာ အထက်ရောက်
နေရင် သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည်
တာမျိုး ခံရတတ်တယ်။ အစစအရာရာ သတိထားပါ
သားရယ်”လို့ ပြောမိပါတယ်။
ဒီတော့ ကျုပ်သားက -“ ဒါကတော့ ဘုရားတောင်မှ
အတိုက်အခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်က
နေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ
ကြောက်စရာ မလိုပါဘူးအမေရယ်၊ မစိုးရိမ်ပါနဲ့။
စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ ယခု
တိုင်းပြည်နဲ့လူထုဟာ အရင်လိုမဟုတ်တော့ပါဘူး။
အကောင်းအဆိုး ဝေဖန်တတ်ပါပြီ” လို့ အားရပါးရ
ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။
ယခုတော့ ကျုပ်သား ကိုအောင်ဆန်းဟာ သူအလွန်
မုန်းတီးရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွား
ရရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကိုလေးစားကြ
သလို ခေါင်းဆောင်များရဲ့ ညွှန့်ကြားချက်ကို ပြည်သူ
လူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့လိုက်နာပြီး
မိမိတို့လိုလားတဲ့ ခရီးကိုရောက်အောင် ဆောင်ရွက်ကြ
ဖို့ပါပဲ။ အဲဒီလို ဆောင်ရွက်လို့ ရည်ရွယ်ချက်ကို
ရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက်
ဆုံးရတဲ့ အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်။ ”
- ( အမေစု )
ဗုဒ္ဓဘာသာလူငယ်များ အသင်း(မြန်မာပြည်)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
အေးချမ်းမွန် Copy & Credit To > Young Buddhist's Association< Thank
Re-post By ACM 19-7-2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။