Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 17, 2013

အိမ်ရှင်မတို့သိထားသင့်သည့် ဥပဒ်ကင်းသော အစားအစာ

 
FOOD Magazine
Food & Health

.............................................................................
အိမ်ရှင်မတို့သိထားသင့်သည့် ဥပဒ်ကင်းသော အစားအစာ
.............................................................................
အိမ်ရှင်မတွေ အပင်ပန်းခံပြီး စေတနာအပြည့်အ၀နဲ့
ပင်ဆင် ချက်ပြုတ်ကျွေးမွေးတဲ့ကြားက အခန့်မသင့်ရင် မသန့်ရှင်းတဲ့အစားအစာကြောင့် ဥပဒ်ဖြစ်ပြီး
ရောဂါရနိုင်ရုံမက အသက်အန္တရာယ်ပင် ကြုံတွေ့နိုင်တယ်ဆိုတာ
သတိပေးဖို့ ဒီဆောင်းပါးမှာ တင်ပြချင်ပါတယ်။
အစားအသောက်တွေကို တာရှည်ခံအောင် ဒေသအလိုက်
ရိုးရာနည်းတွေအသုံးပြုကြတာရှိသလို၊ သိပံ္ပနည်းကျ
အသုံးအဆောင်တွေ တီထွင် အသုံးပြုကြတာလည်း ရှိပါတယ်။
ဒါပေမယ့်အစားအစာကြောင့် ကူးစက်ရောဂါတွေ
(Food-Borne Diseases) ဖြစ်ခြင်း၊ အစားအသောက်ကြောင့်
အဆိပ်သင့်ခြင်း (Food Poisoning) တွေကတော့
နေရာအနှံ့မှာ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
အစာစားပြီး ဥပဒ်ဖြစ်တယ်ဆိုတာ အစားအစာကြောင့်ဖြစ်နိုင်သလို
အစားအစာကိုထုပ်ပိုး ထည့်သွင်းထားတဲ့ပစ္စည်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အစားအစာကို ရောင်းချတဲ့နေရာ မသန့်ရှင်းမှုကြောင့် ဖြစ်နိုင်သလို၊
ကိုင်တွယ်ရောင်းချသူ ညစ်ပတ်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။
အစားအစာကို ကိုင်တွယ်ချက်ပြုတ်သူနှင့် နေအိမ်မှာ မချက်ပြုတ်မီ
သိမ်းဆည်းမှု စနစ်မကျခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ချက်ပြီးသား အစားအသောက်တွေကို ထားသို သိမ်းဆည်းမှု၊
စားသုံးမှု စနစ်မကျခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဝယ်ယူတဲ့အဆင့်ကစပြီး၊ ပြင်ဆင်ချက်ပြုတ်တဲ့အဆင့် အလယ်၊
စားသုံးတဲ့အဆင့်အဆုံး၊ အဆင့်အားလုံးမှာ သန့်ရှင်းဖို့
စနစ်တကျရှိဖို့လိုပါတယ်။ အဆင့်အားလုံးမှာ သန့်ရှင်းပြီး၊
စနစ်တကျရှိစေဖို့ လိုက်နာသင့်တာတွေ၊
ရှောင်သင့်တာတွေကို တင်ပြလိုက်ပါတယ်။

၁။ လတ်ဆတ်သော အစားအသောက်များကို ရွေးချယ်ဝယ်ယူပါ
....................................................................................
ကျေးလက်ဒေသနှင့်မြို့ငယ်တွေမှာဈေးဝယ်တဲ့အခါအစားအစာရဲ့
အရောင်အဆင်း၊ အနံ့၊ အပျော့အမာ စတာတွေကို ကြည့်ပြီး၊
လတ်ဆတ်တဲ့အသားငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကိုသာ
ရွေးချယ်ဝယ်ယူပါ။ ပျော့ပြီး အနံ့အသက်မကောင်းတဲ့
အသား၊ ငါး၊ နွမ်းရိနေတဲ့ဟင်းသီးဟင်းရွက်များ၊ အမှည့်လွန်နေတဲ့
သစ်သီးဝလံများကို မ၀ယ်သင့်ပါဘူး။
ရန်ကုန်လိုမြို့ကြီးတွေမှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ
ဈေးဝယ်တဲ့အခါ အစားအစာတစ်ခုချင်းရဲ့
နောက်ဆုံးဝယ်ယူစားသုံးသင့်တဲ့ ရက်စွဲဖော်ပြထားတာကို
သေသေချာချာ စစ်ဆေးကြည့်ရှုပြီးမှ ရက်မလွန်သေးတဲ့
အစားအစာတွေကိုသာ ၀ယ်ယူပါ။ ဒါဟာ အလွန်အရေးကြီးပါတယ်။
ရက်လွန်နေတဲ့ အစားအသောက်တွေဟာ
ဈေးချိုပေမယ့် ရောဂါဖြစ်လာရင် ကုသရမယ့်
စရိတ်က ပိုပြီးများနိုင်ပါတယ်။

၂။ သန့်ရှင်းသောဆိုင်မှ ၀ယ်ယူပါ
...........................................
အစားအသောက်ဝယ်တဲ့အခါ ဆိုင်တွင်း၊ ဆိုင်ပြင် ပတ်ဝန်းကျင်
သန့်ရှင်းနေတဲ့ ဆိုင်မျိုးကို ရွေးချယ် ၀ယ်ယူပါ။
ဆိုင်အခင်းအကျင်း၊ ရေမြောင်းတွေ၊ အမှိုက်သရိုက်တွေ၊
ယင်ကောင်တွေ၊ ပိုးကောင်တွေ၊ ပတ်ဝန်းကျင် အနံ့အသက်ကိုကြည့်ရင်
သိနိုင်ပါတယ်။ ဈေးရောင်းသူရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု၊
အထူးသဖြင့် လက်များ၊ လက်သည်းများ
သန့်ရှင်းမှုကို အကဲခတ်ပါ။ ဆိုင်တွင်း၊ ဆိုင်ပြင်
ပတ်ဝန်းကျင် ညစ်ပတ်နေပြီး ရောင်းသူရဲ့
တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတဲ့ဆိုင်မှာရောင်းချတဲ့
အစားအသောက်တွေရဲ့ သန့်ရှင်းမှုကို ဘယ်လိုမှ စိတ်ချလို့မရနိုင်ပါဘူး။

၃။ ရေခဲခံ သေတ္တာ (Freezer) ထဲထည့်ပြီး ရောင်းတဲ့အစားအသောက်တွေ
........................................................
ရေခဲခံသေတ္တာ (Freezer) ထဲမှာ ထည့်ပြီ်းရောင်းချတဲ့ အသား၊ ငါး၊ ပုစွန်၊
အသား လုံး စတဲ့အစားအသောက်တွေဝယ်တဲ့အခါ Freezer ထဲ
ထည့်ထားတာပဲ ဆိုပြီး စိတ်မချလိုက်ပါနှင့်။ Freezerထဲက အပူချိန်ပြ
ကိရိယာကို စစ်ဆေးကြည့်ပါဦး။ အစားအစာတွေဟာ အေးသင့်သလောက်
အမှန်တကယ် အေးရဲ့လား ဆိုတာလည်း ကြည့်သင့်ပါတယ်။
Freezer ထဲထည့်ရောင်းတဲ့အစာတွေကို သယ်ယူတဲ့အခါ ဈေးနှင့်
မိမိနေအိမ် ခရီးကွာဝေးလို့ လမ်းမှာကြာမယ်ဆိုရင်
ရေခဲဘူး (Cold Box) နှင့် ထည့်ပြီး သယ်သင့်ပါတယ်။
အသား၊ ငါးတွေကို အခြားအစားအစာတွေနဲ့မထိမိအောင်
ခွဲခြားပြီးသယ်ပါ။ အိမ်ကို ပြန်ရောက်တဲ့အခါမှာလည်း
အသား၊ ငါးတွေကို မချက်မီ အိမ်မှာရှိတဲ့ ရေခဲသေတ္တာထဲကို
အမြန်ဆုံးထည့်သွင်းသိမ်းဆည်းပါ။

၎။ စည်သွတ် အသား၊ ငါးတွေ ၀ယ်တဲ့အခါ
........................................................
စည်သွတ်ထားတဲ့ အသားတွေ၊ ငါးတွေ ၀ယ်တဲ့အခါ
သန့်ရှင်းပြီး ပုံစံမပျက်တဲ့ စည်သွတ်ဘူးမျိုးကိုဝယ်ပါ။
ညစ်ပေပြီး သံချေးတက်နေတဲ့ စည်သွတ်ဘူးမျိုး၊
ပုံမှန်မဟုတ်ဘဲ ဖောင်းကားနေတဲ့ စည်သွတ်ဘူးမျိုး၊
ဆိုးဆိုးဝါးဝါး ပုံပျက်နေတဲ့ စည်သွတ်ဘူးမျိုးကို မ၀ယ်ပါနှင့်။
စည်သွတ်ဘူးထဲက အစားအသောက်တွေမှာ ရောဂါပိုးနှင့်
ယင်းတို့ရဲ့ အဆိပ်အတောက်တွေ ရှိနေနိုင်ပါတယ်။
စက္ကူဘူး၊ ကတ်ထူဘူး တွေထဲမှာ ထည့်သွင်းရောင်းချတဲ့
အစာတွေဝယ်တဲ့အခါမှာလည်း မပေါက်မပြဲတဲ့ဘူးမျိုးကိုသာ
ဝယ်သင့်ပါတယ်။

၅။ ကြက်ဥ၊ ဘဲဥ ၀ယ်တဲ့အခါ
.......................................
အကွဲအအက်မပါတဲ့ ဥအခွံမှာ ရွှံ့တွေ၊ ချေးတွေ ပေမနေတဲ့
ဥမျိုးကိုသာ ၀ယ်ယူသင့်ပါတယ်။ ဥအခွံမှာ မျက်စိနှင့်မမြင်ရတဲ့
ပေါက်ကလေးတွေရှိပါတယ်။ ဒီ အပေါက်လေးတွေကိုဖြတ်ပြီး
ရေ (ရေငွေ့) တွေ၊ လေတွေနှင့်အတူ ရောဂါဖြစ်စေနိုင်တဲ့
ဘက်တီးရီးယားပိုးတွေလည်း ၀င်နိုင်ပါတယ်။
ဝယ်ထားတဲ့ ဥကို မစားသေးဘဲ ကြာကြာထားလေ
အခွံမှာရှိနေတဲ့အပေါက်ကလေးတွေ ကျယ်လာလေဖြစ်ပါတယ်။
ဥတွေကိုရေခဲသေတ္တာထဲမှာထားရင် ဘက်တီးရီးယားတွေ
လွယ်လွယ်နှင့် မပေါက်ဖွားနိုင်ပါဘူး။
မစားသေးဘဲ ဒီအတိုင်းထားတဲ့ဥတွေဟာ ရက်ကြာတာနှင့်အမျှ
ပျက်စီးသွားပါလိမ့်မယ်။ အကာပိုင်းကပါးလာပြီး အနှစ်ရဲ့
ပတ်ပတ်လည်က အမြှေးကလေးလည်း
ပျက်စီးလွယ်လာပါတယ်။ အခန်းထဲ (Room Temperature) မှာ
ဒီတိုင်းထားရင် တစ်ရက်သာခံမည့်ဥဟာ ရေခဲသေတ္တာထဲမှာဆိုရင်
၇ ရက်လောက် ခံပါတယ်။ ဒါကြောင့် ဥ၀ယ်ရင် အအေးခန်းမှာထားတဲ့
ဥတွေကိုပဲ ၀ယ်သင့်ပါတယ်။ အိမ်မှာလည်း ဥတွေကို
ဝယ်လာတဲ့ဘူး (Carton) နှင့်အတူ ရေခဲသေတ္တာထဲမှာထားပါ။
ရေခဲသေတ္တာရဲ့ တံခါးမှာမထားဘဲ အတွင်းပိုင်းမှာသာ ထားသင့်ပါတယ်။
ဥတွေကို ကျက်အောင် ချက်၊ ပြုတ်၊ ကြော်ပြီး ပူပူနွေးနွေး စားတာဟာ
အန္တရာယ်ကင်းပါတယ်။
ဥတွေမှာ Salmonella ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။
Salmonella ဟာ အူရောင်ငန်းဖျားနှင့် အစာကတစ်ဆင့်
ကူးစက်တဲ့ရောဂါတွေ ဖြစ်စေတတ်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။
ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနှင့် ကိုယ်ခံအားနည်း
နေသူတွေမှာရောဂါပိုပြီးဖြစ်တတ်ပါတယ်။
အထက်မှာပြောခဲ့တဲ့အချက်တွေကိုလိုက်နာခြင်းအားဖြင့်
ဥအမျိုးမျိုးကြောင့် ကူးစက်ရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှား အစာရှာစားတဲ့ကြက်တွေရဲ့
ဥက မွေးမြူရေးခြံတွင်း လှောင်အိမ်ထဲမှာ မလှုပ်မရှက်နေရတဲ့
ကြက်တွေရဲ့ ဥထက်ပိုကောင်းပါတယ်။
အာဟာရဓာတ် (ဥပမာ-အိုမီဂါ၃ ဖက်တီးအက်စစ်) ပိုပြီး ကြွယ်ဝပါတယ်။
သွားလာလှုပ်ရှားနေတဲ့ကြက်တွေဟာ လှောင်အိမ်ထဲမှာ
မလှုပ်မရှက်နေရတဲ့ကြက်တွေထက်ပိုပြီး ကျန်းမာဖို့လည်းသေချာပါဝာယ်။

၆။ အိမ်က ရေခဲသေတ္တာထဲမှာ စားစရာတွေထားတဲ့အခါ
..........................................................................
စားစရာတွေကို ရေခဲသေတ္တာထဲမှာ ထားတဲ့အခါ
အမျိုးအစားအလိုက် သူ့နေရာနဲ့သူ စနစ်တကျ ထားသင့်ပါတယ်။
အစားအစာတစ်မျိုးကနေ နောက်တစ်မျိုးကို ရောဂါပိုးတွေ
ပျံ့နှံ့မသွားအောင် ဖြစ်ပါတယ်။ ဥပမာ- အေးခဲထားတဲ့
အသားတွေက ရေခဲတွေကို ရေပျော်အောင် (Defrost)
လုပ်တဲ့အခါ ရေခဲသေတ္တာရဲ့ အောက်ဆုံးထပ်မှာ ထားရပါမယ်။
အပေါ်ထပ်တွေမှာထားရင် အသားကထွက်လာတဲ့ရေ (အရည်)တွေဟာ
အောက်ထပ်မှာရှိတဲ့အခြားအစာတွေပေါ်တစိမ့်စိမ့်ကျနေနိုင်ပါတယ်။
ကူးစက်ရောဂါပိုးတွေ အကြိုက်ဆုံးဖြစ်တဲ့ အသား၊ ငါးတွေကို
အခြားအစားအစာတွေနဲ့ တခြားစီခွဲထားရပါမယ်။

၇ ရေခဲသေတ္တာထဲက အပူချိန်
.........................................
အစားအစာတွေ သိမ်းဆည်းရာမှာ ရေခဲသေတ္တာသုံးတယ်ဆိုရင်
လျှပ်စစ်မီးမှန်မှန်လာနေရုံနဲ့ မပြီးပါဘူး။ ရေခဲသေတ္တာထဲက
အပူချိန်ဟာ ရှိသင့်တဲ့အပူချိန်ဖြစ်နေဖို့လည်း အလွန်အရေးကြီးပါတယ်။
၃ ဒီဂရီ စင်တီဂရိတ်အောက်မှာရှိနေသင့်ပါတယ်။
ရေခဲသေတ္တာထဲက အပူချိန်ဟာ ရှိသင့်တာထက် ပိုပြီး ပူနွေးနေရင်
သိမ်းထားတဲ့ အစားအစာတွေ မြန်မြန်ဆန်ဆန် ပျက်စီးတတ်ပါတယ်။
ရေခဲသေတ္တာရဲ့အပူချိန်ကို မကြာခဏ စစ်ဆေးသင့်သလို လိုအပ်ရင်
အပူထိန်းကိရိယာ (သာမိုစတက်-Thermostat) ကို ပြုပြင်ရပါမယ်။
အထဲမှာ ရေခဲတွေဖြစ်ပေါ်တတ်တဲ့ရေခဲသေတ္တာမျိုးဆိုရင်
ရေခဲတွေကို မှန်မှန် အရေပျော်အောင် လုပ်ပေးရပါမယ်။

၈ ။ ရေခဲသေတ္တာထဲ ထည့်မထားသင့်သောအစာ
..............................................................
ပူနေတဲ့အစားအစာတွေကိုရေခဲသေတ္တာထဲမှာ
ထည့်မထားပါနှင့်။ ရေခဲသေတ္တာရဲ့ အတွင်းအပူချိန်တက်လာပြီး
အအေးဓာတ်များများ လိုအပ်တဲ့ အခြားအစားအစာတွေ
ပျက်စီးသွားနိုင်ပါတယ်။

၉။ အေးခဲထားသောအစာများ
........................................
အေးခဲထားတဲ့ အစားအစာတွေကို ချက်စားဖို့ ရည်ရွယ်ချက်နဲ့
မခဲအောင်လုပ် (နွှေး-Thaw) ပြီးရင် မပျက်မကွက် ချက်ပြုတ်
စားသုံးသင့်ပါတယ်။ စိတ်ကူးပြောင်းသွားလို့မချက်တော့ဘဲ
အေးခဲအောင် တစ်ဖန်ပြန်လုပ် (Refreeze) ပြီးသိမ်းထားတာမျိုး
မလုပ်သင့်ပါဘူး။ အအေးဓာတ်လျော့သွားချိန်အတွင်းမှာ
ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ လွယ်ကူစွာ
ပေါက်ဖွားနိုင်လို့ဖြစ်ပါတယ်။ အေးခဲအောင်ပြန်လုပ်တာပဲ
ဆိုပေမယ့်ရောဂါရနိုင်တဲ့ အလားအလာ များပါတယ်။

၁၀။ အေးခဲနေသော အသားများကို သေသေချာချာနွှေးပါ
............................................................................
အေးခဲထားတဲ့ အသားငါးစတဲ့အစာတွေကို ချက်စားတော့မယ်ဆိုရင်
မချက်မီ မာခဲနေရာက ပျော့ပြီး အေးဓာတ်လျော့လာအောင်
သေသေချာချာလုပ် (နွှေး) ရပါမယ်။ သေသေချာချာ မလုပ်ရင်
ချက်ပြုတ်တဲ့အခါ အသားရဲ့အပေါ်ယံအပိုင်းတွေသာ ပူနေပြီး
အတွင်းပိုင်းမှာ အေးမြဲအေးနေပါလိမ့်မယ်။ အသားတုံးတစ်ခုလုံးကျက်ပြီလို့
ထင်ရတဲ့အချိန်မှာ အတွင်းပိုင်းက တကယ်မကျက်သေးပါဘူး။
အဲဒီမကျက်သေးတဲ့အပိုင်းကရောဂါဖြစ်စေနိုင်ပါတယ်။

၁၁။ အေးခဲမနေတော့သောအသားများ
...................................................
အေးခဲနေတဲ့ အစားအစာတွေကို မအေးမခဲတော့အောင်လုပ်ပြီးတဲ့အခါ
အမြန်ဆုံးချက်ပြုတ်သင့်ပါတယ်။အချိန်အကြာကြီး ဒီတိုင်းထားလိုက်မိရင်
အဲဒီအချိန်အတွင်းမှာ ရောဂါပိုးတွေ ပေါက်ဖွားပွားများလာနိုင်ပါတယ်။

၁၂။ အသီးအရွက်များကို စင်ကြယ်အောင်ဆေးပါ
................................................................
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ရေနှင့် သေသေ
ချာချာဆေးသင့်ပါတယ်။ ဈေးက၀ယ်တဲ့အသီးအရွက်တွေသာမက
မိမိကိုယ်တိုင်စိုက်ပျိုးတဲ့ ခြံထွက် အသီးအရွက်တွေကိုလည်း ဆေးသင့်ပါတယ်။
အသီးတွေ၊ သစ်ဥသစ်ဖုတွေကို အခွံမနွှာမီရေဆေးသင့်ပါတယ်။
အရွက်တွေကို မလှီးမဖြတ်မီ ရေဆေးသင့်ပါတယ်။ဇလုံ၊ ခွက်ထဲမှာ
ရေစိမ်ပြီးဆေးတာထက် ရေပိုက်က စီးဆင်းနေတဲ့ရေ
(Running Water) နဲ့ ဆေးနိုင်ရင် ပိုကောင်းပါတယ်။
အိမ်မှာရေပိုက်စနစ်မရှိရင် ဖလားနဲ့ရေလောင်းပြီး ဆေးနိုင်ပါတယ်။

၁၃။ မီးဖိုချောင်သုံးပစ္စည်းအားလုံး သန့်ရှင်းစင်ကြယ်နေပါစေ
.............................................................................
အသား၊ ငါးလှီးဖြတ်တဲ့ဓားနှင့်စဉ်းတီတုံးကိုသတ်သတ်၊
အသီးအရွက် လှီးဖြတ်တဲ့ဓားနှင့် စဉ်းတီတုံးကိုသတ်သတ်ထားပါ။
ဓားနှင့် စဉ်းတီတုံးတွေ၊ ယောက်ချို၊ ယောက်မ၊ အိုးခွက်ပန်းကန်စတဲ့
မီးဖိုချောင်သုံး ပစ္စည်းအားလုံး အထူးသန့်ရှင်းနေအောင်
ဂရုစိုက်ရပါမယ်။ ဆပ်ပြာရေနှင့်ဆေးခြင်း၊ ရေကောင်းရေသန့်နှင့်
ဆေးခြင်းတို့ကို ဆိုလိုပါတယ်။ ပန်းကန်တွေ၊
ဇွန်းတွေကို ရေနှင့်စင်ကြယ်အောင်ဆေးပြီးတဲ့အခါ
ထောင်ထားလိုက်ရင် သူ့အလိုလို ရေစစ်ပြီးခြောက်သွားတာကောင်းပါတယ်။
မြို့ပြတွေမှာတော့ စနစ်တကျ ထုတ်လုပ်ထုပ်ပိုးထားပြီး သန့်ရှင်းတဲ့
တစ်ခါသုံး တစ်ရှူးစက္ကူတွေ သုံးနိုင်ပါတယ်။ တစ်ရှူးစက္ကူမရနိုင်လို့
အ၀တ်နှင့် သုတ်မယ်ဆိုရင်တော့ခြောက်သွေ့
သန့်ရှင်းတဲ့အ၀တ်ကိုသာအသုံးပြုပြီး၊ ရေသုတ်တဲ့အ၀တ်ကို
မှန်မှန်လျှော်ဖွပ်သင့်ပါတယ်။ တစ်ခါသုံးပြီးသားအ၀တ်ကို
မလျှော်ဖွပ်ဘဲ နောက်တစ်ကြိမ်ထပ်မသုံးသင့်ပါဘူး။
လက်သုတ်ပ၀ါ၊ လက်နှီးကအစ စင်ကြယ်အောင်လျှော်ဖွပ်ရပါမယ်။
မသန့်ရှင်းတဲ့ လက်သုတ်ပ၀ါနှင့် လက်နှီးတို့ဟာ
အများဆုံး ရောဂါကူးစက်စေနိုင်တဲ့ ပစ္စည်းတွေဆိုတာသိထားသင့်ပါတယ်။

၁၄။ အစာပြင်ဆင်ချက်ပြုတ်သူရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု
...........................................................................
အစားအစာဝယ်တဲ့အချိန်ကစပြီး ချက်ပြုတ်ပြင်ဆင်
ကျွေးမွေးတဲ့အချိန်ထိ အိမ်ရှင်မအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို
အထူးဂရုစိုက်ရပါမယ်။ မချက်ပြုတ်မီ၊ ချက်ပြုတ်ပြီး၊ မကျွေးမွေးမီ၊
ကျွေးမွေးပြီး၊ အချိန်တိုင်းမှာလက်ကို ဆပ်ပြာနှင့် သေသေချာချာ
စနစ်တကျဆေးကြောတဲ့အကျင့် ထူထောင်ထားသင့်ပါတယ်။
လိုအပ်တဲ့အခါ (ဥပမာ- နှပ်ညှစ်တဲ့အခါ/ နှာချေပြီး နှာခေါင်းကို
ကိုင်မိ၊ ထိမိတဲ့အခါ/ အပေါ့၊ အလေး သွားပြီးတဲ့အခါ)တိုင်းမှာ
လက်ကိုဆပ်ပြာနှင့်သေသေချာချာဆေးဖို့လိုပါတယ်။
အသား၊ ငါးတွေ ကိုင်တွယ် ချက်ပြုတ်တဲ့ကိစ္စ ပြီးသွားလို
အသီးအရွက်တွေကိုင်တွယ်တော့မယ်ဆိုရင်လည်း
လက်ဆေးဖို့မမေ့ပါနှင့်။ လက်မှာပြည်တည်နာရှိနေရင်
ချက်ပြုတ်တဲ့ကိစ္စကို အခြား လူတစ်ယောက်နဲ့လွှဲထားပါ။
အစာချက်ပြုတ် ပြင်ဆင်သူမှာ ပြည်တည်နာရှိနေတဲ့အတွက်
စားသောက်သူ အမြောက်အမြား အစာအဆိပ်သင့်ခံရတဲ့
အဖြစ်အပျက်တွေ ရှိပါတယ်။ ပြောပလောက်အောင်
သေးငယ်ပြီး ပြည်မတည်တဲ့ ဒဏ်ရာကလေးဆိုရင်တောင်
ဆေးပလာစတာနဲ့ စနစ်တကျ ဖုံးအုပ်ထားပြီးသင့်လျောတဲ့
ပဋိဇီဝဆေးသောက်ထားသင့်ပါတယ်။

၁၅။ အစာချက်ပြုတ်ပြီးတဲ့အခါ
..........................................
ချက်ပြုတ်ပြီးတဲ့ အစားအသောက်တွေကို အချိန်တိုအတွင်း
ပူပူနွေးနွေး စားသုံးသင့်ပါတယ်။ အစားအသောက်တွေရဲ့
အပူချိန်လျော့ပြီးအေးသွားတဲ့အချိန်အတွင်းမှာရောဂါပိုးေ
တွပေါက်ဖွား ပွားများနိုင်ပါတယ်။ ချက်ချင်းမစားဘဲအချိန်ကြာကြာ
ထားလေ၊ အန္တရာယ်များလေဖြစ်ပါတယ်။ ချက်ချင်း မစားနိုင်သေးဘူးဆိုရင်
ရောဂါပိုးတွေ မ၀င်နိုင်အောင် ကာကွယ်နည်း နှစ်မျိုးရှိပါတယ်။
တစ်နည်းက မြန်မာ့နည်း၊ မြန်မာ့ဟန်အတိုင်း မုန့်ဟင်းခါးဟင်းအိုးကို
မီးဖိုပေါ်တင်ပြီး အမြဲအပူပေးထားသလို အစာကို အမြဲပူနေအောင်
လုပ်ထားခြင်းဖြစ်ပါတယ်။ခေတ်မီနည်းအတိုင်း
လျှပ်စစ်မီးဖို (Oven) ထဲထည့်ထားလို့လည်းရပါတယ်။
နောက်တစ်နည်းကတော့ ရေခဲသေတ္တာထဲမှာ အအေးခံထားခြင်း
ဖြစ်ပါတယ်။ အေးနေတဲ့ ချက်ပြုတ်ပြီးသား အစားအစာတစ်မျိုးကို
ဆာလွန်းလို့၊ အချိန်မရှိလို့ဆိုပြီး အလွယ်ခူးခပ်ပြီးမစားသင့်ပါဘူး။
စားခါနီးမှာ ပြန်နွှေးပြီးမှ စားတဲ့အကျင့်လုပ်ထားသင့်ပါတယ်။
ပြန်နွှေးတဲ့အခါ ဥပမာ အသားဟင်းဆိုရင် အသားရဲ့ အတွင်းပိုင်းမှာ
အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ်ထိ ရောက်အောင် နွှေးသင့်ပါတယ်။
အစားအစာဟာ စားလို့ကောင်းရုံ ပူနွေးလာတာမဟုတ်ဘဲ
ပွက်ပွက်ဆူတဲ့ထိ အပူပြန်ပေးပါလို့ဆိုလိုပါတယ်။

၁၆။ အသား၊ ငါးတွေကို ကျက်အောင်ချက်ပါ
.........................................................
အသား၊ ငါးတွေကို ကျက်အောင် ချက်စားတာဟာ
အစာကြောင့် ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကိုနည်းစေပါတယ်။
အသား၊ ငါးတွေကို ကျက်တဲ့ထိ အပူပေးခြင်းအားဖြင့်
ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် စတဲ့အာဟာရတွေရဲ့ တန်ဖိုးလျော့မသွားပါဘူး။
မကျက်တကျက်ချက်ထားတဲ့အသားဟင်း၊ ငါးဟင်းတွေကို
တတ်နိုင်သမျှရှောင်ပါ။ ခေတ်မီတယ်၊ ပိုပြီး အာဟာရရှိတယ်ထင်ပြီး
ငါးအစိမ်း၊ ပုစွန်အစိမ်းစားတာဟာ (အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ)
အန္တရာယ်များလှပါတယ်။ နွားနို့ကိုလည်း ပွက်အောင် ကျိုပြီးမှ
သောက်သင့်ပါတယ်။

၁၇။ ကြက်ဥ၊ ဘဲဥတွေကို ကျက်အောင်ချက်ပါ
............................................................
ကြက်ဥကို အစိမ်း (မကြော်၊ မချက်၊ မပြုတ်ဘဲ) သောက်ခြင်း၊
ကြက်ဥ၊ ဘဲဥ အစိမ်းနှင့် ပြင်ဆင်ထားတဲ့အစားအစာတွေကို ရှောင်ပါ။
တိုက်ဖွိုက်နှင့် Salmonella ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေ
ကင်းဝေးနိုင်ပါတယ်။

၁၈။ အိမ်မွေး တိရစ္ဆာန်ချစ်သူများ သတိပြုရန်
...........................................................
ခွေး၊ ကြောင်၊ ငှက် စတဲ့ အိမ်မွေး တိရစ္ဆာန်တွေမှာ
လူတွေကို ဒုက္ခပေးနိုင်တဲ့ ရောဂါပိုးတွေ သယ်ဆောင်ထားနိုင်ပါတယ်။
ထမင်းစားစားပွဲ၊ အစားအစာသိမ်းဆည်းရာနေရာ၊
အစားအစာချက်ပြုတ်ပြင်ဆင်ရာနေရာတွေကို အိမ်မွေးတိရစ္ဆာန်တွေ
မလာပါစေနှင့်။ သူတို့ကို ကိုင်တွယ်၊ ပွတ်သပ် ထွေးပွေ့ပြီးတိုင်း
မိမိလက်ကိုဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးပါ။
သူတို့အတွက် အသုံးပြုတဲ့ ပန်းကန်ခွက်ယောက်တွေကို
လူတွေအတွက် သုံးတဲ့ပန်းကန်ခွက်ယောက်တွေနဲ့အတူ မထားပါနှင့်။
သူတို့ပစ္စည်းတွေကိုဆေးကြောတာလည်း နေရာ သတ်သတ်ခွဲပြီး
ဆေးကြောပါ။

၁၉။ ဒိန်ခဲကြိုက်သူများသတိထား
...........................................
ဒိန်ခဲ ကြိုက်သူ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊
သက်ကြီးရွယ်အိုများ၊ အားအင်ချည့်နဲ့ နေသူများအနေနဲ့ ဒိန်ခဲပျော့
(Soft Cheese) နှင့် Blue Veined Cheese အမျိုးအစား
ဒိန်ခဲတွေကို ရှောင်သင့်ပါတယ်။ ဒီဒိန်ခဲတွေမှာ Listeria ဆိုတဲ့
ဘက်တီးရီးယား ပိုးတစ်မျိုးပါလာနိုင်ပြီး ဒီပိုးတွေက ဒီလိုလူတွေကို
ဒုက္ခပေးတတ်လို့ဖြစ်ပါတယ်။

၂၀။ ဗဟုသုတရှိပါစေ
..............................
ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့ စတဲ့ ပစ္စည်းတွေဟာ အစားအစာတွေထဲကို
ရောဂါပိုးတွေ မ၀င်အောင်၊ မပျက်စီးအောင်၊ ကြာရှည်ခံအောင်
ထိန်းသိမ်းရာမှာ အလွန်ထိရောက်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။
အိမ်ရှင်မတွေ အနေနဲ့ ဒီပစ္စည်းတွေကိုအကျိုးအရှိဆုံးဖြစ်အောင်
စနစ်တကျ သုံးတတ်ဖို့လိုပါတယ်။ ပစ္စည်းတွေ ၀ယ်တဲ့အခါ
ပါလာတဲ့အသုံးပြုပုံ အညွှန်းတွေကို သေသေချာချာ ဖတ်ပြီး
တိတိကျကျ လိုက်နာဖို့လိုပါတယ်။
ဥပမာ ရေခဲသေတ္တာထဲမှာ အစားအစာ အမျိုးမျိုး ထားရှိပုံ၊
အပူချိန်ထိန်းသိမ်းပုံ စတာတွေဖြစ်ပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့ အချက်တွေကိုသာ လိုက်နာနိုင်မယ်ဆိုရင်
အိမ်ရှင်မတွေအနေနဲ့မိသားစုဝင်တွေရဲ့ကျန်းမာရေးကို
ကောင်းကောင်းစောင့်ရှောက်နိုင်ပါလိမ့်မယ်။

...........................
• ဒေါက်တာလှကြည်
...........................

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။