Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 4, 2013

န၀ရတ်ကိုးပါး

 
အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ with Ingyin May and 49 others
န၀ရတ်ကိုးပါး

န၀ရတ်ဟူသည် န၀ရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ ထိုကိုးပါးသော ရတနာတို့မှာ -

၁။ ပုလဲ၂။ သန္တာ၃။ နီလာ၎။ စိန်၅။ ကြောင်၆။ မြ၇။ ဥဿဖယား၈။ ပတ္တမြား နှင့်၉။ ဂေါ်မုတ် တို့ ဖြစ်ကြသည်။

ယင်းရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင် ပါဝင်သော ရတနာများဖြစ်သည်။ ၄င်းတို့အနက်စိန်၊ ပတ္တမြား၊ မြ နှင့် နီလာ တို့သည် အဖိုးအတန်ဆုံး ဖြစ်ကြသည်။ပုလဲ နှင့် သန္တာသည် တွင်းထွက်ကျောက်မျက်များ မဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏ ကိုယ်တွင်းမှရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရသည်။ နီလာနှင့် ပတ္တမြားမှာ ကျောက်မျက်အမာမျိုး တမျိုးတည်းပင်ဖြစ်၍ အသွေးအရောင်၌သာ ခြားနားခြင်းရှိကြသည်။ ပတ္တမြားသည် သွေးကဲ့သို့ နီသောအရောင်ရှိ၍ နီလာသည် တောက်ပသော အပြာရောင်ရှိသည်။ စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင် ခေါ်သည်။ကျောက်မျက်အမျိုးပေါင်း ၁၂၀-ခန့်ရှိသည့်အနက် စိန်သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။ ကြောင်ကို ကြောင်မျက်ရွဲဟုလည်းခေါ်ကြသည်။ မြတွင် ကြည်လင်စိမ်းမြသော အရောင်ရှိသည်။ သို့သော် စိန်၊ နီလာနှင့် ဥဿဖယားတို့လောက် မမာချေ။ ဂေါ်မုတ်သည် ကျောက်သလင်းနှင့် ရော၍ တွေ့ရတတ်သော ကျောက်မျိုးဖြစ်သည်။ အထက်ပါ ရတနာကိုးပါး စီခြယ်အပ်သော လက်စွပ်ကို န၀ရတ်လက်စွပ်ဟု ခေါ်သည်။ ပဒေသရာဇ်ခေတ် မြန်မာဘုရင်များ၏ အသုံးအဆောင်များ ဖြစ်သော ကွမ်းအစ်၊ လည်ဆွဲကြိုး၊ လက်ကောက်၊ ဆံထုံးများတွင် န၀ရတ်ကိုးပါး စီခြယ်ထားသည်ကို တွေ့ရှိရသည်။ရှေးခေတ်များတွင် ကျောက်မျက်များ၌ ထူးခြားသောတန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ န၀ရတ်တွင်ပါသော ကျောက်မျက်ရတနာတပါးစီတွင် တန်ခိုးအာနိသင်များ ရှိကြသည်ဟု သိရသည်။ ပတ္တမြားသည် မြန်မာနိုင်ငံမှ ထွက်ရှိ၍ ဘုန်းတန်ခိုးရှိသည်။ ရန်သူအန္တရာယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။ မြန်မာနိုင်ငံမှ ပတ္တမြားငမောက်ကို ပဒေသရာဇ်မင်းတို့က ဘုန်းတန်ခိုးအာနိသင်ရှိအောင်နှင့် ရန်သူအန္တရာယ်မှ ကာကွယ်နိုင်အောင် ဆောင်ထားခြင်းကို သမိုင်းရာဇ၀င်များတွင် လေ့လာတွေ့ရှိရသည်။မြကျောက်သည် စိမ်းမြသောအရောင်နှင့် ညီမျှသော အေးချမ်းခြင်း၊ သောကကင်းဝေးခြင်း၊ စိတ်တည်ငြိမ်ခြင်းကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။စိန်သည် တောက်ပဖြူစင်ပြီး ဘုန်းတန်ခိုးကြီးခြင်း၊ အိမ်ထောင်ခိုင်မြဲခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်းတို့ကို စွမ်းဆောင်နိုင်သည်ဟု ဆိုပါသည်။ ကမ္ဘာလူသားတိုင်း မင်္ဂလာလက်စွပ် လဲလှယ်ရာတွင် စိတ်လက်စွပ်ကို အသုံးပြုကြခြင်းသည် အိမ်ထောင်ခိုင်မြဲမှုအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် ကမ္ဘာ့အကောင်းဆုံးစိန်များ ထွက်ရှိသည်။ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။နီလာကျောက်သည် သူတပါး၏မေတ္တာကို ရရှိသည်။ လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသည်။ ရန်အပေါင်းမှ ကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ဥဿဖယားကျောက်သည် ကျန်းမာရေး ကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘ ကောင်းခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊ နတ်၊ ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရာယ်ကင်းခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။က၀ိလက္ခဏာသတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ်အမွှမ်းတင်-ဟုတွေ့ရသည်။ လူတို့သည် န၀ရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိကြသည်။ပတ္တမြားဘုန်းတောက်၊ မြကျောက်ဧချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိ နီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲ ကျက်သရေ၊ ကိုးဂုဏ်ဝေသည်၊ ကိုးထွေန၀ရတ် စွမ်းရည်တည်း-ဟူ၍ န၀ရတ်ကိုးပါးနှင့် ပတ်သက်သော လင်္ကာကို စပ်ဆိုခဲ့ကြသည်ကို မှတ်သားရပါသည်။

ကိုးကား

ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)( မင်္ဂလာမောင်မယ် ၂၀၀၈-ခု အောက်တိုဘာလ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။