Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 25, 2013

ခန္ဓာကိုယ်အတွင်းမှ အသည်း၏ အရေးပါမှု

 
Royal Hero Media
ခန္ဓာကိုယ်အတွင်းမှ အသည်း၏ အရေးပါမှု
=======================

ခန္ဓာကိုယ် အတွင်း အင်္ဂါ တစ်ခုချင်းစီသည် ခန္ဓာကိုယ် အတွက် အရေးပါသော တာဝန်များကို ဆောင်ရွက် နေကြပြီး အချို့ အစိတ်အပိုင်း များသည် မွေးရာပါ အကြောင်း အမျိုးမျိုးကြောင့် လည်းကောင်း၊ ခန္ဓာကိုယ် အတွင်း ရောက်ရှိ သွားသည့် ရောဂါ ပိုးမွှားများကြောင့် လည်းကောင်း၊ လူတို့၏ မဆင်ခြင် နိုင်သည့် အန္တရာယ်ဖြစ်ဖွယ် အမူအကျင့် များကြောင့် လည်းကောင်း စသည် တို့ကြောင့် ထိုအင်္ဂါ အစိတ်အပိုင်းများ ပျက်စီးသွားသည် များလည်း ရှိသည်။

ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်း ထဲတွင် ပါဝင်သော အသည်း သည်လည်း အံ့သြဖွယ် အလုပ်များ ဖြစ်သည့် ကိုယ်ခန္ဓာအတွင်း ရောက်ရှိသွားသော ဆေးဝါးများအား ဖယ်ရှား ပေးခြင်း၊ အစားအစာများတွင် ပါရှိသွားသည့် အဆိပ် အတောက်များအား ဖယ်ရှားပေးခြင်း၊ ကိုလက် စထရောနှင့် သကြား ဓာတ်ကို ထိန်းညှိပေးခြင်း၊ အဆီ၊ ကဆီဓာတ်၊ ပရိုတင်း ဓာတ်များကို ချေဖျက် ပေးခြင်း၊ ခန္ဓာကိုယ်အတွင်း ပိတ်ဆို့သွားစေသည့် ခဲသွားစေသော အဆီ၊ အသားများအား ပြန်ပြီး ဖြေညှိပေးသည့် လုပ်ငန်းများအား ဆောင်ရွက် ပေးကြောင်း သိရသည်။

အသည်းသည် ပြင်းထန်သော ရောဂါကူးစက်မှု ဖြစ်သည့် အသည်းရောင် အသားဝါ ရောဂါပိုး များကြောင့် လည်းကောင်း၊ နာတာရှည် ကူးစက် ရောဂါများ ဖြစ်သည့် အသည်းရောင် အသားဝါဘီပိုး၊ စီပိုးကြောင့် လည်းကောင်း၊ အရက် အလွန်သောက်သုံးမှုကြောင့် လည်းကောင်း၊ တချို့သော ဆေးဝါးများကြောင့် လည်းကောင်း၊ အသည်းကင်ဆာ ရောဂါများကြောင့် လည်းကောင်း အသည်း၏ လုပ်ငန်းဆောင်တာများ ပျက်စီး သွားလေ့ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံ မှာကတော့ အသည်း ကင်ဆာရယ်၊ ဘီပိုးရယ် ကတော့ အဖြစ်များတယ်” ဟု အိန္ဒိယနိုင်ငံ Apollo ဆေးရုံကြီးမှ အသည်းအစားထိုး ဆရာဝန်ကြီးက ပြောသည်။ ထိုကဲ့သို့ ကိုယ်ခန္ဓာတွင်း ဝင်ရောက်လာသော အဆိပ် အတောက်များ ဖယ်ရှား ပေးသည့် အသည်းသည် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး သွားသည့်အခါ အသက်အန္တရာယ် ရှိလာပြီး ထိုအသည်းအား ဆေးဝါးများဖြင့် ပြန်လည် ကုသခြင်း၊ အသည်းအတု ထည့်သွင်းခြင်း၊ အသည်းအစားထိုး ကုသခြင်း၊ အသည်းဆေးခြင်း နည်းလမ်း များဖြင့် အသက် ဆက်လက် ရှင်သန်နိုင်စေရန် လုပ်ဆောင်နိုင်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။

အသည်း အစားထိုး ကုသမှုသည် ငွေကြေးကုန်ကျမှု များပြားခြင်း၊ အစားထိုး ကုသမှုဆိုင်ရာ လုပ်ငန်း များပြား ရှုပ်ထွေးခြင်းများကြောင့် မြန်မာနိုင်ငံတွင် အသည်းအစားထိုး ခွဲစိတ်ကုသမှု မတွင်ကျယ် သေးကြောင်း သိရသည်။ လက်ရှိတွင် အသည်းအစားထိုး ကုသမှုအား နှစ်ကြိမ် တိုင်အောင် အောင်မြင် စွာခွဲစိတ်နိုင်ခဲ့ပြီး ထိုခွဲစိတ်မှုအား နိုင်ငံတော်မှ အကုန်အကျခံ၍ ခွဲစိတ်ခဲ့ခြင်း ဖြစ်သည်။ “အသည်းအစားထိုးတာ လွယ်ကူတဲ့ ခွဲစိတ်မှု မဟုတ်ပါဘူး။ နောက်ပိုင်း ဒီလိုမျိုး နိုင်ငံတော် ပုဂ္ဂလိက အားလုံးဝိုင်း ကူညီမယ့် အကြောင်း လည်း အဆင်ပြေခဲ့မယ် ဆိုရင်တော့ အစားထိုး ခွဲစိတ်မှုတွေ လုပ်ဖြစ်ဦးမှာပါ” ဟု နောက်ဆုံး အသည်း အစားထိုး ခွဲစိတ်မှုတွင် ပါဝင်ခဲ့သည့် အသည်း အထူးကု ဆရာဝန်တစ်ဦးက ပြောသည်။ အသည်းအစားထိုး ကုသမှုသည် အလှူရှင်နှင့် အစားထိုးခံ ယူသူအား ရှုပ်ထွေးသော စမ်းသပ်စစ်ဆေးမှုများဖြင့် အစားထိုးကုသရခြင်း ဖြစ်ပြီး အစားထိုးကုသ ပြီးနောက်တွင် လှူဒါန်းသူနှင့် အလှူခံ သူနှစ်ဦးစလုံး ပုံမှန် လူကောင်းများကဲ့သို့ အသက်ရှင် နေထိုင် နိုင်ကြောင်း အဆိုပါ အိန္ဒိယနိုင်ငံမှ ဆရာဝန်က ပြောသည်။

အသည်း အစားထိုး ကုသမှု ခံယူသည့် လူနာနှင့် အလှူရှင်တို့သည် ဆေးရုံတွင် ရက်သတ္တပတ် အနည်းငယ် နေထိုင်ပြီး ဆေးရုံမှ ဆင်းသည့် အချိန်တွင် ပုံမှန်အလုပ်လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “အသည်း အစားထိုးတယ် ဆိုတာ လှူတဲ့သူရဲ့အသည်း ဘယ်ဘက်တစ်ခြမ်း၊ ဒါမှမဟုတ် ညာဘက် တစ်ခြမ်းကိုပဲ ယူပြီးအစားထိုးတာပါ။ ပြီးတော့ လှူတဲ့သူကလည်း နောက်တဖြည်းဖြည်းနဲ့ လှူလိုက်တဲ့ အသည်းက ပုံမှန်အတိုင်း ပြန်ကြီးလာပြီး သူနေရာသူ ပြန်ပြည့် သွားတာပါ” ဟု ပရော်ဖက်ဆာ ဒေါက်တာ Anupam Sital ကပြောသည်။ အစားထိုးသည့် လူနာသည်လည်း ဆေးရုံမှဆင်းသည့် လပိုင်းအတွင်း ရရှိလာသည့် အသည်း အလုပ်ပုံမှန် မလုပ်သေးသည့် အချိန်တွင် လူအများနှင့် သတိပြု နေထိုင်သင့်ပြီး နောင်တွင် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများ၊ အသည်းအား အန္တရာယ် ဖြစ်စေသည့် အမူအကျင့်များ မရှိပါက သက်တမ်း ၁၅ နှစ်အထိ အသက်ရှင် နေနိုင်သည့် ရာခိုင်နှုန်း ၈၀ အထိရှိကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။

“ဒီမှာ အစားထိုးထားတဲ့ လူနာတွေက နှစ်လည်း နည်းသေးတဲ့ အတွက် ဘယ်လောက်အထိ သက်တမ်းရှိမလဲ ဆိုတာတော့ သေချာ မသိသေးပါဘူး။ နိုင်ငံတကာ မှာလည်း အစားထိုး နိုင်တာ မကြာသေးတော့ အသေချာမပြော နိုင်သေးဘူး” ဟု မြန်မာနိုင်ငံရှိ အသည်းရောဂါ ဆိုင်ရာ အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောသည်။ အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံး အသည်း အစားထိုး ခဲ့သည့် ကလေးငယ်မှာ အသက် တစ်နှစ်နှင့် ရှစ်လ အရွယ်ဖြစ်ပြီး စုစုပေါင်း အသည်း အစားထိုးခဲ့သူ ကလေး၊ လူကြီး ၅၀၀ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အသည်း အစားထိုးနိုင်ရန် ငွေကြေးမှာ အမေရိကန် နိုင်ငံတွင် သွားရောက် ကုသပါက အမေရိကန် ဒေါ်လာ လေးသိန်း၊ အိန္ဒိယ နိုင်ငံတွင် သွားရောက် ကုသပါက အမေရိကန် ဒေါ်လာ ငါးသောင်းနှင့် မြန်မာနိုင်ငံတွင် ကျပ်သိန်း ၆၀၀ ခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

BY 7DAY NEWS

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။