Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 25, 2013

မြန်မာ့အရေး လေ့လာသူ Larry Jagan နှင့် တွေ့ဆုံမေးမြန်းခြင်း(၁)၊(၂)

 
 
 
မြန်မာ့အရေး လေ့လာသူ Larry Jagan နှင့် တွေ့ဆုံမေးမြန်းခြင်း(၁)၊(၂)
July 25, 2013 at 12:06pm

July 19, 2013 at 6:44pm 

Larry Jagan သည် ၁၉၈၈ ခုနှစ်မှ စတင်၍ မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက် လေ့လာသုံးသပ်ခဲ့ပြီး၊ Foreign Policy, Asia Time တို့တွင် ပင်တိုင်ဆောင်းပါး ရေးသားနေသူတစ်ဦးဖြစ်သည်။ ထို့အပြင် Bangkok Post, Aljazeera, RFA တို့တွင်လည်း မြန်မာ့နိုင်ငံရေး သုံးသပ်ချက်များကို အစဉ်တစိုက် ရေးသားခဲ့သူ ဖြစ်သည်။

Larry ရေ ကာချုပ်ကတော့ အခုအချိန်ထိ ဒေါ်အောင် ဆန်းစုကြည်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်အဖွဲ့ကို မတွေ့သေး ဘူးဗျ။ ၂ဝ၁၅ မှာ ကာချုပ်အနေနဲ့ အာဏာ သိမ်းမယ်လို့ ထင်သလားခင်ဗျာ။


ကာချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြောင်း ပြောချင်ပါတယ်။ ပြည်သူ့အစိုးရ၊ ပြည်သူ့ တပ်မတော် အစစ်အမှန်သာဖြစ်မယ်ဆိုရင် နိုင်ငံရေးပါတီ တွေ၊ အတိုက်အခံခေါင်းဆောင်တွေကို မတွေ့ချင်စရာ အကြောင်းမရှိပါဘူး။ တခြားနိုင်ငံတွေမှာ ကာချုပ်က ပြိုင်ဘက်နိုင်ငံရေး ပါတီတွေကို မတွေ့ဘူးဆိုတာ မရှိ ပါဘူး။ ကာချုပ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ ၈၈ အဖွဲ့ မတွေ့တာနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေရှိတာ တွေ့ရပါ တယ်။ ဒီလိုမတွေ့တော့ အခြေအနေဆိုးလာမယ်လို့ မထင်ပါဘူး။ ကာချုပ်အပြောကတော့ သူတွေ့ရမယ့် နိုင်ငံရေးသမားဆိုတာ သမ္မတကြီး ပဲလို့ ပြောတာ တွေ့ရ တယ်။ ကာချုပ်ကတော့ သမ္မတရဲ့အမိန့်အတိုင်း ဖော် ဆောင်တယ်လို့ ပြောတာပဲ။ ဒါကလည်း Legitimate ကျတာပဲ။ ဒါပေမဲ့ Constitution ကို ဘယ်လိုပြောင်း မလဲဆိုတာက အဓိကပဲဗျ။ Constitution ထဲမှာ စစ်တပ် က အရေးပါတဲ့ အခန်းကဏ္ဍအနေနဲ့ ပါတယ်လေ။ Constitution ရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုမှာ စစ်တပ် က မပါမနေရ ပါရတယ်။ ထောက်ခံရတယ်။ Constitution ပြင်မယ်ဆိုတဲ့အချက်တွေဟာ ၂ဝ၁၅ မှာ အလား အလာရှိပါတယ်။ သို့ပေမဲ့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကတော့ ပိုနေမြဲကျားနေမြဲ ရှိနေမှာပဲ။ ၂ဝ၂ဝ မှာတော့ ၂၅ ရာခိုင်နှုန်း ပပျောက် သွားနိုင်ပါတယ်။ ဒါတွေကို ကာချုပ်အနေနဲ့ ဘယ်လို ဖြေရှင်းမလဲ၊ ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လို ကစားမလဲ ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ နိုင်ငံတွင်း ဆူပူမှု၊ အကြမ်းဖက်မှုတွေဖြစ်လာရင် ကာချုပ်က အာဏာ သိမ်းမယ်ဆိုတာ သံသယဖြစ်စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ထဲမှာ စစ်တပ်က အာဏာပြန်သိမ်းနိုင်တယ်လို့ ပြဋ္ဌာန်း ထားတယ်လေ။ ဒါပေမဲ့ ကာချုပ် အာဏာသိမ်းဖို့ရာ ကတော့ လက်တွန့်နေမှာပါ။ ဒါကလည်း စစ် အာဏာ ရှင်လက်ထက်အောက်မှာ စစ်တပ်ရဲ့ ပုံရိပ်တွေ ဘယ်လို ရှိလဲဆိုတာ သိတဲ့အတွက် ကာချုပ်အနေနဲ့ နိုင်ငံရေးဖြေရှင်းမှု တစ်ခုကို လုပ်ပေးရမှာပါ။ ကာချုပ်အနေနဲ့ ၂ဝ၁၅ သမ္မတလောင်း ဖြစ်လာနိုင်တယ်။ ဒါကလည်း ကာချုပ် ရာထူးက နုတ်ထွက်ပြီးမှ ဖြစ်မှာလေ။


ကာချုပ်နဲ့ ဦးသန်းရွှေ ဆက်ဆံရေးကိုရော ဘယ်လို ထင်ပါသလဲ။


ဦးသန်းရွှေရာထူးကနေ အနားယူပြီး နောက်ပိုင်း နိုင်ငံရေးမှာပါဝင် ပတ်သက်မှုတွေ မရှိဘူး။ အဲဒီလိုမရှိတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံမှာ ဘာဖြစ်နေသလဲဆိုတာကို စိတ်ဝင်စားမှုမရှိဘူးလို့လည်း မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူ့မှာ ကြိုတင်နေရာချထားမှု အကွက်ရွှေ့မှုတွေကတော့ ရှိတယ်။ ၂ဝဝ၂ နဲ့ သေချာပြောရမယ်ဆိုရင် ၂ဝဝ၆ မှာ ဦးသန်းရွှေက ဂမ်ဘာရီကို အနားယူမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်မှုတွေကို အဆက် မပြတ် အာရုံစိုက်တာတော့ တွေ့ရတယ်။ USDP ရဲ့ အထက်တန်း အရာရှိတွေက ဦးသန်းရွှေဆီက မကြာခဏ တင်ပြရတာတွေ တွေ့ရတယ်။ ဦးရွှေမန်းတော့ မဟုတ် ပါဘူး။ ၂ဝ၁၁ နိုဝင်ဘာလက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မစခင်မှာ ဦးအောင်မင်းက ဦးသန်းရွှေဆီကို သွားတိုင်ပင် ရပါတယ်။ Key issues တွေကို ဦးသန်းရွှေကပဲ အကြံဥာဏ်တွေပေးတာ တွေ့ရတယ်။ ဦးသန်းရွှေရဲ့ Position ဟာ ကျွန်တော့်အမြင်အရ ပြောရမယ် ဆိုရင် လက်ရှိအစိုးရအပေါ်မှာ အရေးပါပါတယ်။ ဦးသန်းရွှေက သမ္မတ ဦးသိန်းစိန်အပေါ်မှာ ယုံကြည်မှုရှိတယ်။ ဦးရွှေမန်း ကို အယုံအကြည်မရှိတာ ကတော့ ရှင်းနေတာပဲ။ ထပ်ပြီး ယုံကြည်မှာလည်း မဟုတ်ဘူး။ ဦးရွှေမန်း ကလည်း ၂ဝ၁၅ မှာ သမ္မတဖြစ်လာနိုင်ခြေရှိတယ်လေ။ အခြား တစ် ဖက် အနေနဲ့ကလည်း ဦးသန်းရွှေက ကာချုပ်အပေါ်မှာ ယုံကြည်မှု အပြည့်ရှိတယ်။ ယုံကြည်မှုမရှိဘဲနဲ့ ကာချုပ် ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလေ။ ဦးသန်းရွှေ အနေနဲ့ကတော့ ၂ဝ၁၅ မှာ ကာချုပ် သမ္မတလောင်း ဖြစ်လာရေး အားပေးမှာတော့ သေချာတယ်။ ဦးသန်းရွှေ ရဲ့ ထောက်ခံအားပေးမှုမပါဘဲနဲ့ ကာချုပ်အနေနဲ့ သမ္မတလောင်းဖြစ်လာရေး လုပ်ဆောင်မှာမဟုတ်ပါဘူး။



သူရဦးရွှေမန်းနဲ့ NLD ညွှန့်ပေါင်းဖွဲ့မယ်လို့ ထင်ပါ သလား။


ဒါကတော့ ပြောရမယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၆ဝ တန်တဲ့ မေးခွန်း တစ်ခုပဲ။ သူရဦးရွှေမန်းနဲ့ ဒေါ်စုတို့ရဲ့ ဆက်ဆံရေးကောင်းမွန်တာ သံသယဖြစ်ဖွယ် မရှိပါဘူး။ ဒေါ်စုက သူရဦးရွှေမန်းကို ယုံကြည်တယ်။ သူနဲ့သာဆိုရင် နားလည်မှုလည်းရှိတဲ့အတွက် လက်တွဲပြီး တော့ လွှတ်တော် မှာ လုပ်ကိုင်လို့ရတယ်လို့ နိုင်ငံခြား သံတမန်တွေ၊ Diplomat တွေကို ပြောတာလည်း သိရတယ်။ သူတို့ရဲ့ဆက်ဆံရေး ကောင်းမွန်မှုကြောင့် လွှတ်တော်ရဲ့ကဏ္ဍဟာဆိုလို့ရှိရင် အရမ်းကို အရေးပါ လာတယ်။ အတိမ်း အစောင်းခံလို့လည်း မရဘူး။ ဒေါ်စု အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးကို အရမ်း အာသီသပြင်းပြနေတာ။ ၂၅ ရာခိုင်နှုန်းတင် မဟုတ် ပါဘူး။ အဲဒီထက် ကို ပိုပြီးပြင်ဆင်ဖို့ရာ ရည်မှန်းထား တယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ တရားရေး အာဏာပိုင်ကို လွှတ်တော်က ခန့်အပ်တာဆိုတော့ လွှတ် တော် ရဲ့ကဏ္ဍကို သမ္မတထက် ပိုအားကောင်းစေချင် တယ်။ ၂ဝ၁၅ ဒါမှမဟုတ် ၂ဝ၁၆ ဇန်နဝါရီလမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာဆိုရင် ဘယ်သူမှ Majority မရနိုင်ဘူး။ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ရထား တဲ့အတွက် သင်္ချာနည်း အရပြောရမယ်ဆိုလို့ရှိရင် ဘယ်သူ အသာရမလဲဆိုတာ တော်တော်ကို ခက်ခဲပါတယ်။ NLD ဟာ ပါတီအနေနဲ့ အကြီးဆုံးပါတီ ဖြစ်ကောင်းဖြစ်လိမ့် မယ်။ Majority ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ အဲဒီတော့ အနာဂတ်မှာဆိုရင် ညွှန့်ပေါင်းအစိုးရ ဖြစ်ကိုဖြစ်သွားမှာ။ အခုလောလောဆယ်မှာဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD ပါတီဟာ USDP နဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ရာ ဖြစ် နိုင်ခြေတွေကို ထည့်မတွက်ထားပါဘူး။ ဒီလိုအခြေ အနေမှာက အရမ်းစောလွန်းပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေ တွေကိုတော့လမ်းဖွင့်ထားရမှာပဲ။ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖေ ဘယ်လိုလုပ်ခဲ့သလဲ။ စစ်တပ်ကို ဘယ်လို စီမံ ခဲ့သလဲ။ လမ်းကြောင်းတွေကို ဘယ်လိုဖွင့်ထားသလဲ။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် လေ့လာရမှာ။ ဖြစ် နိုင်မယ့်လမ်းကြောင်းတွေ ဖွင့်ကိုဖွင့်ထားရမှာ။ ချောင် ပိတ်မိသွားအောင် ကိုယ့်လမ်းကို ပိတ်မိသွားအောင်မျိုး မဖြစ်ဖို့လိုတယ်။ သီအိုရီအရတော့ ဖြစ်နိုင်တယ်။ လက်တွေ့ကတော့ ၂ဝ၁၆ မှာ ညွှန့်ပေါင်းအစိုးရ ဖြစ်နိုင် မလားဆိုတာ ကြည့်ရမယ်။ ၂ဝ၁၆ ညွှန့်ပေါင်းအစိုးရမှာ NLD က ဦးဆောင်ပြီး တိုင်းရင်းသားလူမျိုးစုပါတီတွေ၊ အတိုက်အခံပါတီတွေက ဝန်းရံကြလိမ့်မယ်။ ဒေါ်အောင် ဆန်းစုကြည်ကို အားပေးမှာလားလို့ က၊ွန်တော့်ရဲ့ မိတ်ဆွေ တစ်ယောက်ကို မေးကြည့်ဖူးတယ်ဗျ။ သူ့အပြော ကတော့ ''ဒေါ်အောင်ဆန်း စုကြည်ကို အားပေးမယ်။ ဒါပေမဲ့ ဒေါ်စုနဲ့ပြောကိုပြောရမယ်။ ဒေါ်စုအနေနဲ့ စစ်မှန် သောပြည်ထောင်စုစနစ် တည်ထောင်ဖို့ရာအတွက် အာမခံ ချက်ပေးဖို့ အမှန်တကယ်လိုအပ်တယ်'' လို့ ပြောခဲ့တယ် ဗျ။ ဒါဆိုရင် USDP ရောလို့ မေးကြည့်ဖူးတယ်။ USDP တော့ မထောက်ခံဘူးလို့ ပြောတယ်ဗျ။ ကျွန်တော့် မိတ်ဆွေတွေကို မေးကြည့်တဲ့အခါမှာလည်း သူတို့အပြော ကတော့ USDP ကို အားမပေးဘူး။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ NLD ပါတီကို အားပေးဖို့ရာ အတွက် ကတော့ စစ်မှန်သောပြည်ထောင်စုစနစ် တည်ထောင်ဖို့ အာမခံ ချက်ပေးနိုင်မှုအပေါ်မှာပဲ မူတည်တယ်လို့ သုံးသပ်တာ တွေကို တွေ့ရတယ်။ ကျွန်တော်နဲ့ပြောဖူးတဲ့ မြန်မာ အများစုကတော့ စစ်မှန်သော ဒီမိုကရေစီ ရရှိဖို့ဆိုတာ နိုင်ငံရေးမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပတ်သက်မှု မရှိမှကောင်းမယ်လို့ ယုံကြည်လာတာကို တွေ့ရတယ်။ USDP ရဲ့ ပါတီဝင် လည်းဖြစ် လက်ရှိအစိုးရရဲ့ အဖွဲ့ဝင် လည်းဖြစ်တဲ့သူတစ်ယောက်က အနာဂတ်မှာ ညွန့်ပေါင်း အစိုးရ ဖြစ်လာနိုင်ချေရှိတယ်လို့ ကျွန်တော့ကို ပြောဖူးတယ်။ ဥပမာအနေနဲ့ပြောရရင် ဒုဝန်ကြီးဖြစ်တဲ့ Wiston Set Aung ဟာ ယုံကြည်မှုအပြည့်ရှိတဲ့ နိုင်ငံရေးသမား တစ်ယောက်၊ ဝန်ကြီး တစ်ယောက်။ သူဟာ ဆိုလို့ရှိရင် NLD ပါတီနဲ့လည်း လက်တွဲလုပ်လို့ ရနိုင်တယ်။ NLD ပါတီကလည်း သူနဲ့လက်တွဲလုပ်လို့ ရနိုင်တယ်။ USDP ပါတီနဲ့လည်း အခု လက်တွဲလို့ရတယ်ဆိုတာ သံသယ ဖြစ်စရာ မရှိဘူး။ Wiston Set Aung လိုမျိုးပဲ USDP ပါတီမှာ NLD နဲ့ လက်တွဲလုပ်လို့ရမယ့် သူတွေရှိနိုင် တယ်။


ဒါဆို သူရဦးရွှေမန်းရဲ့ အနာဂတ်ကို ဘယ်လိုထင်လဲ။ သူ့ရဲ့ မဟာဗျူဟာ ကျကျ လုပ်ဆောင်ချက်တွေကိုရော ဘယ်လိုထင်ပါသလဲ။



ကျွန်တော်ထင်တာကတော့ သူရဦးရွှေမန်းမှာ မဟာဗျူဟာကျကျ စီမံကိန်း ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ သူက သမ္မတဖြစ်လာဖို့ စီမံချက်ထဲမှာ နေရာလျာ ထား မှုမပါဘူး။ သူကသမ္မတဖြစ်ချင်တာလို့ တိတိပပ ပြောလာပြီလေ။ သမ္မတဦးသိန်းစိန် သမ္မတရာထူးကနေ စောစောစီးစီး အနားယူမှသာ သူရဦးရွှေမန်းအနေနဲ့ သမ္မတဖြစ်လာနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးကို ရမှာ။ သမ္မတဦးသိန်းစိန်နေရာ အစားထိုးမှသာ သူရဦးရွှေမန်း သမ္မတ ဖြစ်လာနိုင်ချေရှိတယ် ။ ၂ဝ၁၆ မှာဆိုလို့ရှိရင် သူရဦးရွှေမန်းဟာ USDP ပါတီရဲ့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဖြစ်နိုင်တယ်လို့ ကျွန်တော် မထင်ဘူး။ USDP ပါတီတွင်းမှာရော လွှတ်တော်ပြင်ပ မှာရောု key power brokers တွေအများကြီးရှိတယ်။ အဓိကကတော့ ဦးသန်းရွှေပဲ။ ဦးသန်းရွှေက သူရဦးရွှေမန်း ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဆန့်ကျင်တဲ့ သူဖြစ်တယ်။ ကျွန်တော် စကားပြောဖူးတဲ့ မြန်မာ့စီးပွားရေး လုပ်ငန်း ရှင်အများစုက သူရဦးရွှေမန်းဟာ ရည်မှန်းချက်ကြီးပြီး သူ့ရဲ့ရည်မှန်း ချက်တွေဟာလည်း မြင့်မားလွန်းတာ ကြောင့် အခက်တွေ့စေတယ်လို့ သူတို့က ကျွန်တော့်ကို ပြောပြတယ်။ က၊ွန်တော်အနေနဲ့ကတော့ သူရ ဦးရွှေမန်း ရွေးကောက်ပွဲဝင် သမ္မတလောင်း ဖြစ်လာလိမ့်မယ်လို့ မထင် ဘူးဗျ။ သူရဦးရွှေမန်း အကောင်းဆုံး မျှော်လင့် နိုင်တာကတော့ ဒုတိယ သမ္မတပဲ။ ဒီလို ဒုတိယသမ္မတ လုပ်လိမ့်မယ်လို့လည်း ကျွန်တော် မထင်ဘူး။



The Lady က သမ္မတ၊ သူရဦးရွှေမန်းက ဒုတိယသမ္မတ ဖြစ်လာနိုင်တယ်လို့ ထင်ပါသလား။



ထင်ပါတယ်။ သူရဦးရွှေမန်း အကောင်းဆုံး မျှော် မှန်းနိုင်တာက ဒုတိယ သမ္မတပါပဲ။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ် လာနိုင်ပြီး သူရဦးရွှေမန်း ဒုတိယသမ္မတလည်း ဖြစ်လာ နိုင်ပါတယ်။ ဒါတွေအားလုံးကလည်း ရွေးကောက်ပွဲမှာ ဖြစ်တာတွေပေါ် မူတည်မှာပဲ။ သမ္မတဦးသိန်းစိန်အနေ နဲ့ သမ္မတအဖြစ် ပထမနဲ့ နောက်ဆုံးလုပ်ဆောင်ခြင်းပဲလို့ ကျွန်တော် ယုံကြည်တယ်။ သူရဦးရွှေမန်း ကတော့ နိုင်ငံရေးနယ်ပယ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ပထမနဲ့ နောက်ဆုံးပဲ။ ၂ဝ၁၆ နောက်ပိုင်းမှာတော့ သူရဦးရွှေမန်း ပျောက်သွားမှာပဲ။



နိုင်ငံရေး ပရိယာယ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလောက် နိုင်ငံရေးပရိယာယ် မြ



ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာဗျူဟာတွေကို ပုံမှန်အကဲဖြတ်ဖို့ကတော့ ခက်ခဲပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ဖို့ကလည်း တော်တော့်ကို ခဲယဉ်း တာဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတွေက လည်း တံခါးကို အမြဲပိတ်ထားကြတာ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ အချိန်ကြာကြာ တွေ့ဆုံဆွေးနွေးဖို့ကလည်း ခဲယဉ်းတယ်။ သံတမန်တွေတောင် သူနဲ့တွေ့ဆုံ ဖို့ မလွယ် ဘူး။ အဲဒါတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေး ပရိယာယ် မရှိဘူးလို့ မဆိုနိုင်ပါဘူး။ The Lady က မဟာဗျူဟာမြောက်ကျကျ ဖော်ဆောင်ဖို့ရာ ကြိုးစားနေတယ်လို့ က၊ွန်တော် ထင်ပါတယ်။ NLD နဲ့ ဒေါ်စုတို့ရဲ့ အကြီးမားဆုံးအားနည်းချက်က စီးပွားရေး မှာပဲဗျ။ စီးပွားရေး ကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ဖို့ရာ အရမ်းကို အရေးကြီးတယ်လေ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဒေါ်စုနဲ့ NLD တို့ ကြိုးစား ရမှာလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် NLD အတွက် စိုးရိမ်ပူပန်မိတာက မဟာဗျူဟာ ချို့တဲ့တာကြောင့် မဟုတ်ဘူးဗျ။ NLD ပါတီမှာ structure reform မလုပ်တာကို စိုးရိမ်တာဗျ။ NLD ပါတီဟာ (NLD party is like a mirror image of USDP) USDP party ရဲ့ ကြေးမုံပုံရိပ်တစ်ခုပါပဲ။ NLD ပါတီမှာ လူကြီးအများစု က လွှမ်းမိုးပြီး ပါတီကို အုပ်ချုပ်သွားကြတယ်။ ပါတီ အထက်ပိုင်းမှာ ပြောင်းလဲမှုတွေသိပ်မရှိဘူး။ NLD ပါတီ ရဲ့ senior member တွေကတော့ ပါတီအထက်ပိုင်းမှာ ပြောင်းလဲမှုတွေ လုပ်ဖို့ရာ ကြိုးစားနေကြ တယ်လို့ ပြော တာပဲ။ ပါတီရဲ့ လုပ်ငန်းလုပ်ဆောင်တာတွေမှာ ထက် မြက်တဲ့၊ ထူးချွန်တဲ့ လူငယ်တွေကို သူတို့လိုချင်ကြ တယ်။ အဲ့ဒီလူငယ်တွေကိုလည်း အရေးပါတဲ့ ဆုံးဖြတ်တဲ့

ကဏ္ဍတွေ၊ အထူးသဖြင့် မူဝါဒရေးရာနဲ့ မဟာဗျူဟာ ချမှတ်မှုတွေမှာ ပါဝင်စေ ချင်တယ်။ လာမယ့် ရွေး ကောက်ပွဲအတွက်က သူတို့မှာ ပြင်ဆင်ချိန် နှစ်နှစ်ခွဲကျော် ကျန်သေးတယ်ဆိုတာကလည်း မမေ့နဲ့လေ။ ရွေး ကောက်ပွဲ မတိုင်ခင်မှာ သူတို့အနေနဲ့ မဟာဗျူဟာကောင်း တစ်ခုခု ဖော်ဆောင် လာကြ မှာပါ။ ကျွန်တော် စိုးရိမ် သောက ဖြစ်စေတာက ဥာဏ်ကြီးရှင်တွေ၊ အကြံÓဏ် ပေးနိုင်တဲ့သူတွေ၊ သီးခြားရပ်တည်နေတဲ့ ဝေဖန်သုံးသပ် သူတွေ အလုံ အလောက်မရှိမှာပဲ။ ဒီထက်စိုးရိမ်ပူပန်စေ တာက သူတို့တွေရဲ့ အကြံÓဏ်ကို လက်မခံတာ။ ကျန်တဲ့ နှစ်နှစ်ကျော်ကာလအတွင်း NLD ပါတီဟာ မဟာဗျူဟာ စီမံကိန်း ဖော်ဆောင်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD ပါတီရဲ့ ဖွဲ့စည်းပုံကတက်တက်ကြွကြွ အားမာန် ပြည့်ဝတဲ့လူငယ်တွေ မပါဝင်တာကြောင့် လာမယ့် ရွေး ကောက်ပွဲမှာ Strategy အပြည့်ဖော်ဆောင်ချင်ကြတာ။



ကာချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အခုထက်ထိ မတွေ့ ရသေးဘူးဗျ။ သူတို့မတွေ့ရသေးတဲ့အတွက် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် စိုးရိမ်ပါသလား။



ကျွန်တော်နားလည်တာကတော့ The Lady က ကာချုပ်ကို တွေ့ဆုံခွင့်ရဖို့ အတော်လေး ကြိုးစားထား တယ်ဆိုတာ သိထားပါတယ်။ ဒေါ်အောင်ဆန်း စုကြည် က ကာချုပ်နဲ့ မတွေ့သော်လည်းပဲ ဒီကိစ္စကို စစ်တပ်ရဲ့ Lower level မှာ အလေးအနက်ထားပြီးတော့ ဆွေးနွေး ကြတယ်လို့ သိရတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည် အဓိက စိုးရိမ်ပူပန်တာက Constitutional Change ပဲဗျ။ Constitutional Change အတွက် ကာချုပ်နဲ့ စစ်တပ်ရဲ့ ထောက်ခံမှု လိုအပ်တယ်လေ။ သူတို့မတွေ့တဲ့ အတွက်လည်း ပြဿနာမရှိဘူးလို့ ကျွန်တော်ယုံကြည် ပါတယ်။ နိုင်ငံရေးအကျပ်အတည်းတွေရှိမှပဲ စစ်တပ်ရဲ့ ကာချုပ်က အတိုက်အခံခေါင်းဆောင်ကို တွေ့ဆုံလေ့ ရှိတယ်။ ကာချုပ်က နိုင်ငံရေးအကျပ်အတည်း မရှိတဲ့ အတွက် The Lady နဲ့ မတွေ့တာနေမှာပါ။ ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ လက္ခဏာပါ။ ဒီလို ကာချုပ်နဲ့ The Lady နဲ့ မတွေ့ဆုံတာကြောင့် နိမိတ် မကောင်းဘူးလို့ မဆိုနိုင်ပါဘူး။ ကာချုပ်မှာ အလား အလာရှိတဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိပါတယ်။ သေချာ တာကတော့ ကာချုပ်က The Lady ကို မတွေ့တဲ့အတွက် သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ထုတ်ဖော်ခြင်းပါပဲ။ ကာချုပ်က The Lady ကို မတွေ့တဲ့ အတွက် ငြင်းခုံကောင်း ငြင်းခုံကြပါလိမ့်မယ်။ သူရဲ့ နိုင်ငံရေး ရည်မှန်းချက် အတွက်လည်း သံသယ ရှိကောင်းရှိကြပါလိမ့်မယ်။ ကာချုပ်သာ နိုင်ငံရေး ရည်မှန်းချက် ရှိတယ်ဆိုရင်၊ နိုင်ငံရေးလောကဝင်ဖို့ရာအတွက် အတိုက် အခံခေါင်း ဆောင်တွေ အတိုက်အခံ ပါတီတွေ၊ သူနဲ့စရိုက်လက္ခဏာ မတူညီတဲ့သူတွေကို တွေ့ဆုံပြီး သူရင်ဆိုင်ရမယ့် စစ်မြေ ပြင်အတွက် ပြင်ဆင်ထားမှာလေ။ အခုအချိန်အခါက Transition period ကာလလည်း ဖြစ်ပါတယ်။ ဟိုးအရင် က စစ်တပ်ရဲ့ ခေါင်းဆောင်မှုကြောင့် ရရှိလာတဲ့ ရလဒ် တွေကလည်း တကယ့်ကို ကြေကွဲဝမ်းနည်းဖွယ်ရာ အတွေ့ အကြုံတွေပါပဲ။ သီအိုရီအရ ပြောရမယ်ဆိုလို့ ရှိရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တဲ့ အတိုက်အခံခေါင်း ဆောင်တစ်ဦးကို တွေ့ဆုံတာ ကောင်းပါတယ်။ သီအိုရီ အရတော့ အဲလိုတော့ ကောင်းမှာပဲ။ ဒါပေမဲ့ အဲလိုမျိုး မတွေ့ကြသေးဘူးလေ။ ဒီအခြေအနေမျိုးမှာ သိပ်ပြီး တော့မှ မသုံးသပ်ချင်ပါဘူး။



မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အ နာဂတ်ကို ဘယ်လိုဦးတည်စေပါသလဲ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပဲဗျ။ ဒီလိုမျိုးဖြစ်လာမယ် လို့လည်း တစ်ခါမှ ကျွန်တော် အိပ်မက် မမက်ဖူးဘူး။ က၊ွန်တော်ဘဝမှာလဲ ဒီလိုမျိုးဖြစ်လာမယ်လို့ မထင်ထား ဘူးဗျ။ အရင်တုန်းက ဒီလို တွေ့ဆုံဆွေးနွေးမှုတွေသာ လုပ်ခဲ့မယ်ဆိုရင် ထောင်ချခံရမှာပဲ။ အခုတော့ ပြောင်းလဲ မှုကြီးကြီး မားမားကြီးကို ရှိနေပြီ။ အခုဆို ဒီလိုတွေ့ပြီး ပြောဆိုဆွေးနွေးနိုင်ပြီ။ စာပေလွတ်လပ်ခွင့်က ပြောရမယ် ဆိုရင် အာဆီယံဒေသတွင်းမှာ တော်တော်လေးကို လွတ်လပ်မှုရှိလာပြီလို့ ပြောနိုင်တယ်။ အရင်တုန်းက ဆိုလို့ရှိရင် Censorship က အရမ်းကို တင်းကျပ်ခဲ့တာ။ အခု အပြောင်း အလဲက တော်တော်လေးကို ဘဝင်ခိုက် စေပါတယ်။ ဒီလို အပြောင်း အလဲဖြစ်လာတော့ ၁၉၈ဝ ပတ်ဝန်းကျင်လောက် ဖြစ်ခဲ့တဲ့ တရုတ်ပြည် ကိုလည်း သတိရမိစေတယ်ဗျာ။ အခုမြန်မာပြည်မှာ လွတ်လပ်စွာ ပြောဆိုခြင်း နဲ့အတူ ပိုက်ဆံဘယ်လိုရှာမလဲ ဆိုတာ သိလာကြပြီ။ Power Structure ပြောင်းလဲမှုတော့ မရှိသေးဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင် အချို့ လွှတ်တော်ထဲ ရောက်သွားတာက အပြောင်းအလဲ တစ်ခုပါပဲ။ ဒါပေမဲ့ ဒီမိုကရေစီသက်တမ်းက နုနယ်တဲ့ အတွက် တိုင်းပြည်ကနုနု၊ မုန်တိုင်က ထန်ထန်ဆိုသလိုပဲ အချိန်မရွေး ကျိုးပဲ့နိုင်ပါတယ်။ မြန်မာပြည်ဟာ အပြောင်း အလဲကာလဆိုတာ မမေ့နဲ့လေ။ ဒီမိုကရေစီ ရတာလို့ မခေါ်နိုင်သေးဘူး။ စစ်တပ်က အရင်လို လွှမ်းမိုးမှု မရှိ တော့ဘူး။ အရင်ကထက် လူ့အဖွဲ့ အစည်း က ပွင့်လင်း လာကြပြီ။ ဒါပေမဲ့ ဒီလူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီရဲ့ တန်ဖိုးကို အပြည့်အဝ နားမလည်ကြသေးဘူး။ ဒီမိုက ရက်တစ်နည်းကျကျ အသုံးမချနိုင်ကြသေးဘူး။ အ ပြောင်းအလဲကာလတိုင်းမှာ အတိတ်ကို လွမ်းမောတဲ့ သူတွေ၊ အတိတ်ကရရှိခဲ့တဲ့ အခွင့်အာဏာတွေကို မက် မောတဲ့သူတွေ ရှိကြစမြဲပဲ။ ဒီလူတွေကတော့ အပြောင်း အလဲကို ပျော်မှာမဟုတ်ပါဘူး။ သူတို့ကတော့ ခုခံချင် မှာပဲ၊ ကန့်ကွက်ချင်မှာပဲ။ အဲဒီအုပ်စုတွေက တချို့ဆိုရင် လွှတ်တော်ထဲတောင် ရောက်နေပြီ။ တချို့ကတော့ စစ်တပ်ထဲက ထွက်ခွာသွားကြပြီ။ တချို့ကတော့ အ ပြင်မှာပဲ။ တချို့ကတော့ စစ်တပ်ထဲမှာ ရှိမြဲရှိဆဲပဲ။ မြန်မာ့ပါလီမန် ခေတ်ဦးကို စဉ်းစားမိတဲ့အခါမှာ မြန်မာ နိုင်ငံအတွက်တော့ ကျွန်တော်စိုးရိမ်ပူပန်မိတာ အမှန်ပဲ။ အဲဒီတုန်းက ပါလီမန်မှာ ပရမ်းပတာတွေ ဖြစ်ခဲ့တယ် လေ။ နိုင်ငံကိုထိန်းသိမ်းဖို့ရာအတွက် ဦးနေဝင်းကို ဖိတ် ခေါ်ခဲ့တာလေ။ အဲလို အခြေအနေမျိုး ဖြစ်လာမယ့် အလားအလာလည်းရှိတယ်။ အဲလိုပြန်ဖြစ်လာမှာကို လည်း ကျွန်တော် စိုးရိမ်မိတယ်။ အခုချိန်ခါမှာဆိုရင် သမ္မတနဲ့ လွှတ်တော်၊ သမ္မတနဲ့ သူရဦးရွှေမန်း အမြင် ချင်းမတူ အားပြိုင်မှုတွေ ရှိတယ်။ အဲလိုပဲ အခြားတစ် ဖက်မှာ လူမျိုးရေးပဋိပက္ခတွေ ဖြစ်နေတယ်။ အဲလိုဖြစ် နေတဲ့ပဋိပက္ခဟာ ကြိုးပမ်းနေတဲ့ဒီမိုကရေစီ လမ်းကြောင်း ကြီးကနေ သွေဖယ်သွားနိုင်တယ်။ အဲလိုလူမှုရေး ဆူပူမှု တွေ၊ အြုံ Conservative Forces တွေက သူတို့မှာ ရွေးချယ်စရာ မရှိဘူးဆို ပြီးတော့မှ ပြန်လည်အာဏာသိမ်းသွားနိုင်တယ်။ ကျွန် တော့်အမြင်အရ ပြောရမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံ ရည် မှန်းချက်ထား လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီဟာ အချိန် မရွေး ကျိုးပဲ့နိုင်ပါတယ်။အဲလိုကျိုးပဲ့သွားမယ်ဆိုရင် နဂို အတိုင်း မျှော်လင့်ရည်မှန်းထားတဲ့အတိုင်း ပြန်မဖြစ်နိုင် တော့ဘူး။



Larry ရေ၊ ကျေးဇူးအများကြီး တင်ပါတယ်။

ဝင်းဖေမောင်

Messenger News Journal Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။