Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 5, 2013

မေ့မရနိုင်... ၁၉ ဇူလိုင်

 
________________
မေ့မရနိုင်... ၁၉ ဇူလိုင်
**************
မိုးကာလ နံနက်ခင်းမို့ မိုးကောင်းကင်တစ်ခုလုံး အုံ့အုံ့ဆိုင်းဆိုင်းနှင့် မိုးဖွဲဖွဲကျနေသည်..။ ထိုနေ့ (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်)...။

ဝန်ကြီးများ အစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် 'ဂ' ငယ်ပုံ အစည်းအဝေးစားပွဲကြီး၌ နံနက် ၁၀ နာရီခန့် အချိန်တွင် စတင်ကျင်းပရာ ထိပ်စားပွဲ အလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်...။ ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်..၊ လက်ယာဖက်စားပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊ ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စားပွဲ၌ ဦးဘဂျမ်း ၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့အစဉ်အတိုင်းသည်လည်းကောင်း ထိုင်ကြပြီးလျှင် လက်ယာဖက် သခင်မြတို့ စားပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသော ကိစ္စနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်...။


နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင် ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်..။ ဦးအုန်းမောင် ရောက်လာပြီး သုံး လေး မိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်..။ အစည်းအဝေး အစီအစဉ်အရ ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး..။ သံအမတ်ဟောင်း(ထိုအချိန်က အတွင်းဝန်) ဦးကြင်၏အလှည့် ဖြစ်သည်...။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အားပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်..။

ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ၀င်လာသောတံခါးကို မျက်နှာမူလျက် ဖြစ်သည်..။ တံခါးစောင့်ရုံးစေကို ဖယ်ရှား၍ တံခါးကိုတွန်းပြီးဝင်လာကြသော စစ်ဝတ်စုံဝတ် လူသုံးလေးယောက်ကိုမြင်ရသောအခါ ကျွန်တော်၏စိတ်၌ 'အရေးတကြီး ကိစ္စတခုအတွက် ဗိုလ်ချုပ်ထံသို့ သတင်းပို့ရန် လာခြင်းဖြစ်မည် ၊ ဒို့လူတွေဟာ နားမလည်ချက် ဆိုးရွားလှသေးသည် ၊ ၀န်ကြီးများ အစည်းအဝေးခန်းထဲ လာတာတောင်သေနတ်တွေ အပြင်မှာမထားခဲ့ဘူး ၊ ဗိုလ်ချုပ်အား သူ့လူတွေ ဤကဲ့သို့ နောက် မလုပ်ရန် ဆုံးမထားပါဟုပြောဦးမည်...' ဟု... စိတ်ကူးနေစဉ် ရှေ့ဆုံးမှဝင်လာသူသည် အစည်းအဝေး စားပွဲကြီး၏ 'ဂ' ငယ်ပုံ အ၀ မှဝင်၍ အလယ်၌ခြေစုံ ရပ်ပြီးလျှင် ဗိုလ်ချုပ်အားစ၍ ပစ်လေတော့သည်..။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တခုခု အော်၍ပြောသည်..။ ကောင်းကောင်းနားမလည်လိုက်ပါ...။ လူသတ်သမားများ ပစ်ခတ်နေစဉ် ဗိုလ်ချုပ်သည် သူ၏လက်ယာဖက် နောက်ဆွယ်တွင်ရှိသေူ ရုံးစားပွဲသို့ သွားရာ မရောက်မီ စားပွဲ ၂ ခုအကြား၌ ကျဆုံးခဲ့လေသည်..။ ဗိုလ်ချုပ်အား စတင်ပစ်ခတ်ချိန်၌ ဦးရွှေဘော် နှင့် ပျော်ဘွယ်ဦးမြ တို့သည် ပြတင်းပေါက်မှကျော်၍ အစည်းအဝေးခန်းမနှင့် ကပ်လျက်ရှိသော ဦးရွှေဘော် ၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်ကြလေသည်..။ ကျွန်တော်သည် ပစ်သည်ကိုမြင်လျှင်မြင်ချင်း ကြမ်းပြင်ပေါ်သို့မှောက်၍ အိပ်ချလိုက်ပြီးလျှင် လက်ဝဲဖက်တွင် ကပ်လျက်ထိုင်နေသူ ဦးအောင်ဇံဝေ ၏လက်ကို ဆွဲ၍ချလိုက်သဖြင့် ကျွန်တော်တို့နှစ်ယောက် တပြိုင်တည်းလောက် ကြမ်းပြင်ပေါ်၌ မှောက်လျက်သား ဖြစ်သွားကြပါသည်..။ အစည်းအဝေးခန်းနှင့် ရုံးခန်းများသို့ အလွယ်တကူ သွားလာနိုင်သော သီးသန့်လှေကားငယ် တစ်ခု(အာဇာနည်များအား လုပ်ကြံသူများမှ ထိုလှေကားမှ တက်ခဲ့သည်ဟု သိရသည်)လူသတ်သမားများသည် ဗိုလ်ချုပ်နှင့် သခင်မြတို့ စားပွဲရှိ လူများအား ပစ်ပြီး၍ အားရမှကျွန်တော်တို့ထိုင်ရာဖက်သို့ ပစ်သဖြင့် ဗိုလ်ချုပ်အား မဲ၍ပစ်နေစဉ် ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့ပြေးချိန်ရခဲ့သည်...။ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့မှာ ကြမ်းပြင်ပေါ်၌ လဲလျက်ရှိနေသဖြင့် ကျပြီထင်၍ များများအပစ်မခံရ...။ ထိုင်လျက်ရှိနေသူများကိုသာ အာရုံပြု၍ ပစ်ခတ်ကြသည်...။ ထိုင်သူများအား အတော်အားရ လောက် အောင် ပစ်ခတ်ပြီးသည့်နောက် စားပွဲဝိုင်းအလယ်၌၀င်၍ ပစ်သူသည် ဒူးထောက်၍ ကျွန်တော်တို့ဖက်သို့ ဝှေ့ရမ်းပစ်ခတ်သေးသည်..။ ထိုသို့ ပစ်ချိန်တွင် ကျွန်တော်၏ လက်ယာဖက်လက်သူကြွယ်ထိပ်ကို ထိမှန်ခဲ့လေသည်..။ အုတ်နံရံမှ ပြန်၍၀င်လာသော ကျည်ဆံဖြစ်သည်ဟု ယူဆခဲ့ပါသည်..။အပစ်အခတ်များရပ်စဲ၍ လူသတ်သမားများ ပြန်ဆုတ်စဉ် အခန်းတွင်းမှ မထွက်သေးမီ ဦးအောင်ဇံဝေသည် အိပ်နေရာမှ ထထိုင်ပြီး “သေကုန်ကြပြီ ၊ သေကုန်ကြပြီ” ဟု ထိမှန်ကြသူများအား လက်ညှိုးညွှန်၍ ၀မ်းနည်းပက်လက် ညည်းညူနေသဖြင့် ထပ်ပစ်နေဦးမည်ဟု ပြောပြီး ဆွဲလိုက်မှ ပြန်လှဲချလိုက်ပါသည်...။(– ဦးဘဂျမ်း)
___________________________

သေနတ်သံများ စဲသွားပြီးနောက် လူသတ်သမားများထွက်သွား၍ အသံပလံများ ဆိတ်ငြိမ်သွားသောအခါတွင်မူ... ကျွန်ုပ်နှင့် ၀န်ကြီးဦးဘဂျမ်းတို့သည် ၀မ်းလျားမှောက်နေရာမှ ထပြီး စားပွဲပတ်ဝန်းကျင်ကို ကြည့်မိကြသည်...။ ကျွန်ုပ်မှတ်မိသောမြင်ကွင်းကို ဖော်ပြရလျှင် ပေ ၄၀ ခန့်မျှရှိသော ခန်းမကြီးတခုလုံး ဆီးနှင်းများ ကျသကဲ့သို့ယမ်းငွေ့များ တထောင်းထောင်းနှင့် ဖုံးလွှမ်းနေပြီး ကျည်ဆံများကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲ၍ နေပေသည်...။
ဗိုလ်အောင်ကျော်လမ်း(ထိုစဉ်က စပတ်လမ်း) ဖက်သို့ မျက်နှာပြုထားသော ဂငယ်သဏ္ဍာန် စားပွဲထိပ်နှင့် ခပ်လှမ်းလှမ်းကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက်ငြိမ်သက်နေသည်...။

စားပွဲလက်ယာဖက်တွင် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းက သူ၏ ကုလားထိုင်ပေါ်တွင်ပင်ထိုင်လျက် စာပွဲပေါ်သို့ ကုန်း၍လက်ထောက်ထားပြီး ပါးစပ်မှ သွေးများ ယိုစီးကျနေသည်..။ စာပွဲလက်ဝဲဖက်တွင် ထိုင်နေကြသောဝန်ကြီး သခင်မြသည် စာပွဲထိပ် လက်ဝဲဖက်ထောင့် စာပွဲအောက်နား၌ မှောက်လျက်လဲနေရာသေဆုံးနေပြီဟု ယူဆရသည်..။ ၀န်ကြီး ဦးရာဇတ် ၊ ၀န်ကြီး ဒီးဒုတ်ဦးဘချို ၊ ၀န်ကြီး ဦးဘ၀င်း နှင့် ၀န်ကြီး မန်းဘခိုင်တို့သည် သူတို့ထိုင်မြဲ ကုလားထိုင်များတွင်ခေါင်းငိုက်စိုက်ကျလျက် ငြိမ်သက်နေကြသည်..။ ဦးရာဇတ် နှင့် ဒီးဒုတ်ဦးဘချိုတို့ နှစ်ဦးတည်းသာ မသေဆုံးကြသေးပဲ အနည်း ငယ်စီ အသက်ရှုရှိုက် လှုပ်ရှားနေသည်..။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင်ထိုင်သော
တတိယအတွင်းဝန် ဦးအုန်းမောင် မည်သည့်ပုံစံဖြင့် သေဆုံးနေသည်ကိုမူ မမှတ်မိတော့ပါ..။ (-ဦးအောင်ဇံဝေ)

နိုင်ငံတော် လုပ်ကြံမှုကြီး ၊ ပြည်ထောင်စု နှင့် ဦးစော စာအုပ်မှ...
ရေးသားသူပြုစုသူ ကျော်ထက်ဝင်း နည်းပညာတက္ကသိုလ်-ဘားအံမြေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။