Sa Maung
ဂီတလောကကို ပင်လယ်နဲ့ ခိုင်းနှိုင်းဖော်ပြမယ့် အောင်လရဲ့ ဒုတိယမြောက်စီးရီး
ဘုန်းနေလ(ဒဂုံတက္ကသိုလ်) | ကြာသပတေးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၃ ခုနှစ်
'ပြော'၊ 'တောင်းပန်တယ်' စသော တေးသီချင်းများဖြင့် လက်ရှိလူငယ်များအကြား ရေပန်းအစားဆုံးအဆိုတော်
အောင်လ က သူ၏ဒုတိယစီးရီးကို ၂ဝ၁၃ ခုနှစ်မကုန်မီ ထွက်ရှိနိုင်အောင် စီစဉ်လျက်ရှိကြောင်း ၎င်းက မဇ္ဈိမသို့ ပြောဆိုလိုက်သည်။
ယင်း စီးရီးတွင် အောင်လက ဂီတလောကကြီးအား ပင်လယ်အဖြစ် ခိုင်းနှိုင်းတင်ပြမည်ဖြစ် သည့်အတွက် ယင်းတေးစီးရီးအား ''ပင်လယ်ထဲက မြစ်များ'' အမည်ဖြင့် ထွက်ရှိမည်ဖြစ်သည်။
...

အဆိုပါတေးစီးရီးတွင် အောင်လက ''ကျွန်တော်ရဲ့ တေးစီးရီးကို မျှော်လင့်နေ ကြတဲ့ ပရိသတ်တွေကို အားနာ မိပါတယ်။ ဒီတေးစီးရီးကို အများကြီးမျှော်လင့်ထား တာကြောင့် အကောင်းဆုံးပြင်ဆင်နေတာ ပါ။ အဲဒီအတွက် ပရိသတ်တွေ စောင့်ရကျိုး နပ်မယ်လို့ ထင်ပါတယ်။ ဒီအခွေမှာ ကျွန် တော်ပေးထားတဲ့ခေါင်းစဉ်တေးသီချင်း ပါဝင်ချင်မှ ပါဝင်မှာပါ။ ဒါပေမဲ့ ဒီအခွေ ကနေ ကျွန်တော်တို့ လူငယ်ဂီတသမား တွေက ပင်လယ်လိုကြီးမားတဲ့ ဂီတလောက ကြီးထဲကို ထိုးဝင်နေတယ်ဆိုတဲ့ ခံစားမှုကို ရရှိအောင် လုပ်ဆောင်ထားပါတယ်။ ပထမ အခွေနဲ့ အခုအခွေနဲ့က တော်တော်လေး ခြားသွားတာကတော့ ကျွန်တော် လုပ်ပြီး တော့မှ သဘောမကျတာတွေကို
ပြန်ဖြုတ် ပြီး အသစ်ထပ်ထည့်တာတို့၊ ပြင်ဆင်တာ တို့ လုပ်နေရတဲ့အတွက်ကြောင့်ပါ။ အခု ၂ဝ၁၃ ခုနှစ် မကုန်မီမှာ ပရိသတ်လက်ထဲ ရောက်ရှိမှာပါ'' ဟု သူ၏အမြင်ကို အခုလို ပြောဆိုသည်။
ယခုထွက်ရှိမည့် ဒုတိယစီးရီးတွင် အချစ် အကြောင်း ခံစားရေးဖွဲ့ထားသော တေးသီချင်းများထက် ဂီတနှင့် သူ၏ပတ်ဝန်းကျင် မှတစ်ဆင့် တွေးခေါ်ရရှိသော အကြောင်းများကို တင်ပြထားသည့်တေးသီချင်းများအပြင် ယခင်စီးရီးကဲ့သို့ သူကိုယ်တိုင် ရေးစပ်ထားသည့် English Version တေးသီချင်းများလည်း ပါဝင်မည်
ဖြစ်သည်။ ယင်း စီးရီးကို သူ၏ Reason တီးဝိုင်းဖြင့် တီးခတ်ထားပြီး ဂျပန်၊ ကျားပေါက်၊ ရေမွန်နှင့် အောင်လ တို့မှ စုပေါင်းရေးစပ်ထားသည့် တေးသီချင်းများ ပါဝင်မည်ဖြစ်သည်။ ဒါ့ အပြင် Reason ၊ ကျားပေါက်နှင့်
ဖော်ကာ တို့ သီဆိုထားသည့် တေးသီချင်းအပါအဝင် သီချင်းစုစုပေါင်း ၁၅ ပုဒ် ထည့်သွင်းမည် ဖြစ်ကာ CMP မှ ဖြန့်ချိမည်ဖြစ်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။