Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 21, 2013

အလုပ်ခွင်စိတ်ဖိစီးမှု ဖြေလျှော့နည်းများ

 
Royal Hero Media
အလုပ်ခွင်စိတ်ဖိစီးမှု ဖြေလျှော့နည်းများ

ကျွန်တော် တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစား မှုများကို တိုက်ရိုက် လာရောက် ထိတွေ့လာတဲ့ ပြင်ပ နှောင့်ယှက်မှု များကြောင့် တင်းအားတွေ ဖြစ်ပေါ် လာပြီး အဲ့ဒီ တင်းအားတွေ ကမှတစ်ဆင့် စိတ်ဖိစီးမှု (Stress) တွေ ဖြစ်လာတာ ဖြစ်ပါတယ်။

စိတ် ဖိစီးမှု ဘယ်လို အချိန် အခါ မျိုးမှာ အများဆုံး ဖြစ်တတ် သလဲ ဆိုရင်တော့ အခြေ အနေ မျိုးစုံမှာ ဖြစ်နိုင် ပါတယ် လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အနေ အထား အမျိုးမျိုး ထဲကမှ လုပ်ငန်း ခွင်မှာ ဖြစ်တတ်တဲ့ စိတ် ဖိစီးမှုများ အနေနဲ့ အလုပ် တာဝန်၊ မိသားစု အရေး ကိစ္စနဲ့ ပတ်ဝန်းကျင် ဆိုင်ရာ လိုအပ်ချက် တွေမှာ သဟဇာတ မဖြစ်တာ နေရာ တိုင်းမှာ လိုအပ် ချက်တွေ၊ အဆင် မပြေတာ တွေကနေ စိတ် ဖိစီးမှု စတင် ဖြစ်ပေါ် လာရတာ ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။ သဘော အားဖြင့် အလုပ်ခွင်မှာ မိမိထက်ကြီးတဲ့ အထက် လူကြီးက အလုပ် တာဝန် တစ်ခု ပေးမယ်။ အဲ့ဒီ လုပ်ငန်းနဲ့ ပတ်သက်ပြီး ကိုယ်က မလုပ်ဖူး တာမျိုး အဲ့ဒီ လုပ်ငန်း နယ်ပယ် ဝန်းကျင်ကို မကျွမ်းကျင်တဲ့ အပြင် ပြီးစီးရမည့် အချိန် သတ်မှတ်ချက် ကလည်း လုံလောက်မှု မရှိ၊ ကိုယ့်ကို တွဲဖက် လုပ်ကိုင်မဲ့ လုပ်ဖော် ကိုင်ဖက်လည်း မရှိတဲ့ အကျပ် အတည်း အခြေ အနေ မျိုးမှာ စိတ်ဖိစီးမှုနဲ့ ဆိုင်တဲ့ ရုပ်ပိုင်း ဆိုင်ရာ တင်းအားတွေ အနေနဲ့ ခေါင်းကိုက် သလို ဖြစ်လာတာ၊ ဗိုက်ပဲ နာလာ သလိုလို၊ ကိုယ်တွေ လက်တွေ ကိုက်ခဲ လာ သလိုလို ဖြစ်လာ တတ်ပြီး အဲဒါရဲ့ နောက်ဆက်တွဲ အနေနဲ့ စိတ်ထဲမှာ ဘာကိုမှန်း မသိဘဲ ဒေါသ ထွက်လာ တတ်တာ၊ စိုးရိမ် ပူပန်စိတ်တွေ များလာတာ၊ ခဏခဏ မေ့တတ်တာတွေ ဖြစ်လာ တတ်တာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ တစ်ကြိမ်မက မကြာခဏ ခံစား လာရ ရင်တော့ အလုပ်ခွင်ကို ကြောက်ရွံ့တာ၊ လူတွေ ကြားထဲ မနေချင် ဖြစ်လာတာ၊ တစ်ယောက် တည်း သီးခြား နေတတ်လာတာ ကနေ တစ်ဆင့် စိတ်ကျ ရောဂါ လိုမျိုး ဖြစ်လာတတ် သလို ကြာရှည် စိတ် ဖိစီးမှုကြောင့် နှလုံးရောဂါ ဖြစ်ပေါ် စေနိုင် သလို ရုတ်တရက် လေဖြတ်တာ၊ ခေါင်းကိုက် တာတွေပါ ဖြစ်လာ တတ်ပါတယ်။ အဲလိုမဟုတ်ရင်လည်း တာဝန်ကို ရနိုင်သမျှ ရှောင်လွှဲ ချင်လာတာ၊ မကြာ ခဏ ဖျားတယ် ဆိုပြီး အလုပ် ပျက်ကွက်မှု များလာတာတွေ ဖြစ်လာ တတ်ပါတယ်။

စားဝတ်နေရေး အဆင်ပြေ စေဖို့ သာမန်ပြည်သူ မိသားစု တစ်စု အတွင်းမှာ တစ်ဦးထက် ပိုပြီး အလုပ်လုပ်မှ အဆင်ပြေ ချောင်လည် နိုင်တဲ့ ယနေ့ ကာလ မှာတော့ လုပ်ငန်းခွင် ဆိုင်ရာ စိတ် ဖိစီးမှုတွေကို လူတိုင်း နီးပါး ကြုံတွေ့ နေကြ ရမှာဖြစ် ပါတယ်။ ဒီလို ကြုံတွေ့ လာတဲ့ စိတ် ဖိစီးမှု တွေကို အလုပ်ခွင်နဲ့ မိသားစု၊ ပတ်ဝန်း ကျင်ကို မထိခိုက်ဘဲ တုံ့ပြန် ဖြေရှင်းပြီး အလုပ်တွေ ဆက် လုပ်သွားနိုင် ကြဖို့ လိုပါတယ်။ အလုပ် ခွင်ထဲမှာ လတ် တလော လုပ်ငန်းပိုင်း ဆိုင်ရာ အခက်အခဲ လိုအပ်ချက် တွေကြောင့် စိတ်ဖိစီးမှု ကြုံလာ ခဲ့ရင် လတ်တလော ဖြေရှင်းနည်း ကတော့ လူရှင်းတဲ့ နေရာ လေဝင် လေထွက် ကောင်းတဲ့ နေရာ မျိုးမှာ အသက်ကို ပြင်းပြင်း ရှူသွင်း လိုက်ပါ။ ပြီးရင် အသက်ကို ခဏအောင့် ထားပြီး ပါးစပ် ကနေ ပြန် မှုတ်ထုတ် လိုက်ပါ။ အဲ့ဒီလိုမျိုး၎၊ ၅ကြိမ်လောက် လုပ်လိုက် ရင်ပဲ တော်တန်ရုံ ဖိစီး မှုတွေ လျော့သွားပြီး သက်သာသွားကာ အလုပ်ကို ပုံမှန် ဆက်လုပ် သွားနိုင်မှာ ပဲဖြစ်ပါတယ်။ နောက် တစ်နည်း ကတော့ လုပ်ရမယ့် အလုပ်တွေ တစ်ခုထက် မက များပြီး ဘာ အရင် လုပ်ရမလဲ စဉ်းစားရင်း စိတ်ရှုပ် စိတ်ဖိစီး မှုတွေ ဖြစ်လာရင် လုပ်စရာရှိတဲ့ အလုပ်တွေ အကုန်လုံး စာနဲ့ ချရေး လိုက်ပါ။ အဲ့ဒီ အထဲကမှ အရေးကြီးတယ် ဆိုတာတွေ၊ သတ်သတ် ခွဲထုတ်ဖို့ အချိန်ရသေးတဲ့ နောက်မှ လုပ်လို့ ရတဲ့ အလုပ်တွေကို ခဏဆိုင်းငံ့ ထားပြီး အရေးကြီး တာတွေထဲ ကမှ ကိုယ်တိုင် လုပ်ရမယ့် အလုပ် တွေကို အရင် ရွေးထုတ်၊ လက်အောက်ကို ချပေးပြီး ခိုင်းလို့ ရတဲ့ဟာတွေခွဲပေး ပြန်တင်ရမယ့် အချိန်ကို သတ်မှတ် ပေးလိုက်ပါ။ အဲ့ဒါ အပြင် ကိုယ့်ဌာနက အခု ကိုယ်လုပ်ရမယ့် အလုပ်နဲ့ ပတ်သက်ပြီး အရင် လုပ်ဖူးတဲ့သူ၊ အတွေ့ အကြုံ ရှိတဲ့သူတွေ ဆီကနေ အကြံဥာဏ် ရယူ ဆောင်ရွက် သွားဖို့ ဖြစ်ပါတယ်။ လုပ်ဆောင် ရမယ့် လုပ်ငန်းနဲ့ ပတ်သက်လို့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေတယ် ဆိုရင်လည်း လျှို့ဝှက် ထားဖို့ လိုတာမျိုးမှ အပ တခြား ယုံကြည် ရတဲ့ သူကို ဖွင့်ပြောပြလို့ ရတာမျိုး ဆိုရင် ကိုယ် ယုံကြည်ရတဲ့ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်ကို ပြောပြ ရင်ဖွင့်လိုက် ခြင်းအားဖြင့် သူတို့ ဆီကနေ အကြံဥာဏ် ရနိုင် သလို စိတ် ဖိစီးမှုလည်း လျော့ သွားမှာ ဖြစ်ပါတယ်။ တစ်ခါ တစ်ရံ ရှောင်လွှဲလို့ မရတတ် တာမျိုး ကိုယ်တိုင် လုပ်ရတော့မယ့် အလုပ်မျိုးတွေ ပေါ်လာ ရင်လည်း ကိုယ်ရတဲ့ အချိန်ကို သေချာ တွက်ချက်ပြီး အချိန်ကို စနစ် တကျ စီမံခန့်ခွဲမှု (Time management) ပြုလုပ်ပြီး ကိုယ်လုပ် ရမှာ ပြင်ဆင် ရမှာတွေ အတွက် အချိန် ကျွမ်းကျင် သူတွေ ဆီက အကူ အညီ တောင်းခံရမယ့် အချိန် တွေကို တွက်ချက်ပြီး အဆင့်လိုက် လုပ်ကိုင် ဆောင်ရွက် ခြင်းဖြင့် လုပ်ငန်း ပြီးစီး အောင်မြင်ပြီး စိတ် ဖိစီးမှု လျော့နည်း ပပျောက် သွားမှာ ဖြစ်ပါတယ်။

နေ့စဉ် သဘာဝ ပတ်ဝန်းကျင် ထဲမှာ ကျင်လည် နေသမျှ စိတ် ဖိစီးမှုတွေ လျော့နည်း ကင်းဝေးအောင် ဆိုရင်တော့ လုပ်ငန်းခွင် မဝင်မီ အိပ်ရေး ဝအောင် အိပ်တာ၊ ဘုရား ဝတ်ပြုတာ၊ ယောဂ ကျင့်တာ၊ တရားထိုင် တာတွေ မျိုးကို နေ့စဉ် ပုံမှန်ပြု လုပ် သွားမယ် ဆိုရင်တော့ စိတ် နှလုံး ကြည်လင်ပြီး စိတ်ဖိစီးမှုရဲ့အစ စိုးရိမ် သောက ဖြစ်စေတဲ့ စိတ်တွေ ကင်းဝေးပြီး အလုပ် တိုင်းကို ပကတိ အမြင်နဲ့ အေးချမ်းစွာ ရှုမြင်နိုင်မှာ ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား အပ်ပါသည်။ ။

ရဲထွဋ်(စိတ်ပညာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။