Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 21, 2013

အစာလည်းဆေး ဆေးလည်းအစာ

 
Royal Hero Media
အစာလည်းဆေး ဆေးလည်းအစာ

မြန်မာမှု နယ်ပယ်တွင် အစာလည်းဆေး၊ ဆေးလည်း အစာ ဟူသော ဝေါဟာရ အသုံး အနှုန်း ရှိပါသည်။ အစာ စားသုံးခြင်းဖြင့် အာဟာရ ဖြစ်စေပြီး ကျန်းမာရေးကို အထောက် အကူ ဖြစ်ကြောင်း ရည်ညွှန်းထားသည့် အဓိပ္ပာယ် ဖြစ်ပါသည်။ ထိုဝေါဟာရသည် ယနေ့ အချိန်တွင် လုံးဝဥဿုံ မှန်ကန်ခြင်း မရှိတော့ပါ။ ဓာတု ပိုးသတ်ဆေးများ၏ ဘေးထွက်ဆိုးကျိုး (ဘေးဥပဒ်)များကြောင့် ရော ဂါ ရရှိပြီး ဆေးမဖြစ်ဘဲ ဘေးအန္တရာယ် ဖြစ်လာ၍ ဖြစ်ပါသည်။ ကျွန်တော်တို့ နေ့စဉ် စားသုံးနေသည့် အစား အစာများ၏ ဘေးကင်း မှုကို မည်သည့် အရာများနှင့် တိုင်းတာမည်နည်း။ လူ့ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရကို ကယ်လိုရီ ပမာဏဖြင့် တိုင်းတာ တွက်ချက်၍ ရနိုင်သော်လည်း ထိုအာဟာရ၏ ဘေးကင်းမှု အတွက် အာမ ခံချက်လည်း လိုအပ်ပါသည်။ အသင့် ထုပ်ပိုးပြီး အစား အစာ များတွင် အာမခံချက်များ ပေးထားသည် မှန်သော်လည်း အတုအပ ပစ္စည်းများကြောင့် ထင်သလောက် ခရီး မရောက်နိုင်ပါ။ ထို့ကြောင့် မိမိ စားသုံး မည့် အစားအစာ၏ ဘေးကင်းမှု အတွက် မိမိမှာသာ တာဝန် ရှိပါသည်။

ဤနေရာတွင် အဓိက ရည်ညွှန်း လိုသည်မှာ ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများ ဖြစ်ပါသည်။ ထိုသီး နှံများတွင် ဓာတု ပိုးသတ်ဆေးများ ပက်ဖျန်းထားခြင်း၊ အရောင်ဆိုးဆေး၊ အရောင် ချွတ်ဆေးများ အသုံးပြု ထားခြင်းများကြောင့် မည်သည့် အတိုင်းအတာ အထိ ဘေးအန္တရာယ် ရှိသည်ကို မည်သူမျှ မသိနိုင်ပါ။ အသီး အနှံများကို စားသုံးခြင်း မပြုမီ ရေဖြင့် အကြိမ်ကြိမ် ဆေးေ ကြာ သန့်စင်ပြီးမှ စားသုံးရန် သက်ဆိုင်ရာမှ သတိပေး နှိုးဆော်ခြင်းများ ရှိသော်လည်း လုံးဝ ယုံကြည်စိတ်ချ ရပြီဟူ၍ကား မပြောနိုင်ပါ။ ထို့ကြောင့် ယုံကြည် စိတ်ချရသည့် သီးနှံများကိုသာ ရွေး ချယ်စားသုံး သင့်ပါသည်။ ယနေ့ ကမ္ဘာတွင် သမားရိုးကျ စိုက်ပျိုးခြင်းဖြင့် ထွက်ရှိလာသော သီးနှံများ (အော်ဂဲနစ်) သည် ယုံကြည် စိတ်ချရသည့် အစားအစာများ ဖြစ်၍ ဈေးအလွန် ကြီးပါသည်။ ကျန်းမာခြင်းကို လိုလားသူများ ကတော့ ဈေးကြီးပေး၍ ဝယ်ယူစားသုံး ကြပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်သည့် အသီးအနှံ တစ်မျိုးကို တင်ပြ လိုပါသည်။ အထူး သဖြင့် အပူကို သက်သာ ပျောက်ကင်းစေနိုင်သော ကျောက်ဖရုံသီး အကြောင်း ဖြစ်ပါသည်။ ကျောက်ဖရုံ သီးပင်သည် အပူပိုင်း ဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် နွယ်ပင်တစ်မျိုး ဖြစ်ပါသည်။ ကျော က်ဖရုံပင်သည် မည်သည့် မြေမျိုးပင်မဆို စိုက်ပျိုးနိုင်ပြီး စင်ခံ ပေးနိုင်ပါက ပို၍ ဖြစ်ထွန်းပါသည်။ အပူဒဏ် ခံနိုင်သဖြင့် ရေသင့်ရုံ လောင်းရုံဖြင့် ရှင်သန်ပါသည်။ အသီးများ သီးချိန်တွင်တော့ ရေပိုမို လိုအပ်ပါသည်။ သဘာဝအရ ကျောက်ဖရုံပင်တွင် ဆူးတက် ကလေးများ ပါရှိသဖြင့် ပိုးမွှားဒဏ် ခံပြီး ပိုးသတ်ဆေး ဖျန်းရန် မလိုသော သီးနှံလည်း ဖြစ်ပါသည်။ များသောအားဖြင့် ပိုးမွှားတို့သည် ပင်စည်၊ အကိုင်းအခက်၊ အရွက်နှင့် အသီးများကို ကိုက်ဖြတ် စားသောက် တတ်ကြပါသည်။ ကျောက်ဖရုံပင်ရှိ အမွေး ဆူးတောင်များကြောင့် ပိုးမွှားများ အနားမကပ် နိုင်သဖြင့် ရောဂါ ကင်းပါ သည်။ ကျောက်ဖရုံသီး သည် ကြေညက်လွယ်ပြီး ဖွယ်သော အရသာ ရှိပါသည်။ ဟင်းအမယ် အဖြစ် သာမက မိမိ နှစ်သက်ရာ အသား တစ်မျိုးမျိုးနှင့် စွပ်ပြုတ်၊ ဟင်းချို၊ ဟင်းခါးချက်၍ စားနိုင် သကဲ့သို့ ယိုထိုး၍ သရေစာ အဖြစ်လည်း စားသုံးနိုင်သည်။ ကျောက်ဖရုံသီးသည် အာဟာရ ဖြစ်စေရုံ သာမက ဆေးဖက်ဝင် အစွမ်းသတ္တိ များစွာ ပါဝင်သဖြင့် ကျန်းမာရေး အထောက် အကူ ပြု ပါသည်။ ရောဂါ ဝေဒနာ အမျိုးမျိုးကို ကုသ ပေးနိုင်စွမ်း ရှိသ ဖြင့် ကျန်းမာရေး ရှုထောင့်အရ စားသုံးရန် အသင့်တော်ဆုံး သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ ကျောက်ဖရုံ သီးတွင် ရေငွေ့ ဓာတ်များစွာ ပါရှိပြီး ကယ်လိုရီ ပါဝင်မှု နည်းပါသည်။ အစိုဓာတ် ၉၆ ရာခိုင်နှုန်း အထိ ပါဝင် သဖြင့် ခန္ဓာကိုယ် အေးမြစေခြင်း၊ ဆီးရွှင်စေခြင်း၊ ဝမ်းသွားမှန်ခြင်း၊ သွေးတိတ်စေခြင်း၊ ကာမအားကို တိုးပွားစေခြင်း များ ဖြစ်စေပါသည်။ ကယ်လိုရီ နည်းသဖြင့် ခန္ဓာကိုယ် အလေးချိန် ထိန်းလိုသူများ၊ ဆီးချို ဝေဒနာရှင်များ အတွက် သင့်လျော်ပါသည်။ ကိုယ်တွင်းကိုယ်ပ အနာများကို ကျက်လွယ်စေခြင်း၊ ဝမ်းမီး ကောင်းစေခြင်း၊ ဆီးကောင်းစေခြင်း၊ ကျောက်တည်ခြင်းကို ဖယ်ရှားပေးခြင်း၊ ဦးနှောက်ကို အားရှိစေပြီး အာရုံကြောများကို လှုံ့ဆော် ပေးသဖြင့် ဝက်ရူးပြန် ရောဂါနှင့် စိတ်ရောဂါ ဝေ ဒနာရှင်များ အတွက်ပါ သင့်လျော်ပါသည်။ အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အသက်ရှူ လမ်းကြောင်းနှင့် နှလုံးသွေးကြော ကျဉ်းသူများ အတွက် သွားနှင့်ခံတွင်း ရောဂါများနှင့် ကင်ဆာ ဝေ ဒနာ ရှင်များ အထိပါ အထောက်အကူ ပြုသဖြင့် အလွန် စားသုံးသင့်သော အစားအစာ ဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုရသော် အဆီဓာတ်၊ ပိုတက်စီယမ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ကယ်လ်စီ ယမ်၊ ဖော့စဖရက်၊ သံဓာတ်၊ ရစ်ဘိုဖလာဗင်၊ ဗီတာမင်ဘီ(၁)ဘီ(၃)နှင့် ဗီတာမင်စီ စ သည့် ဓာတ်ပေါင်းများစွာ ပါဝင်၍ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်စေနိုင်သော ကျောက်ဖရုံသီးကို စားသုံးခြင်းဖြင့် အပူ ကင်း၍ ရောဂါ ဝေဒနာ ရှင်းသော ဘဝကို ပိုင်ဆိုင်ကြပါ စေေ ကြာင်း ရေးသားတင်ပြ အပ်ပါသည်။ ။

မြဝတီ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။