Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 25, 2013

"သမ္မတကြီးထွက်မပြေးနဲ့”


"သမ္မတကြီးထွက်မပြေးနဲ့”

ပြီးခဲ့တဲ့စနေနေ့က မြန်မာ့တသွင်ဆန်း ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်ရဲ့ နှစ် ၅၀အတွင်း ပထမဆုံး အမေရိကန် ခရီးစဉ်မှာ (တကမ္ဘာလုံးက ဒီမိုကရေစီ နိုင်ငံတွေ နှာခေါင်းရှုံ့သွားစေနိုင်လောက်တဲ့ )သမိုင်းတွင်မဲ့ စကား တခွန်းပြောသွားပါတယ်။ ဒီစကားကြောင့် မြန်မာသမ္မတကြီးဟာ မပြောသင့်တာကိုပြောတယ်၊ အင်မတိအင်မတန် ထုံထိုင်း န လွန်း
အ လွန်းတဲ့ သနားစရာသတ္တ၀ါလေးပါလားလို့လည်း သတင်းစာဖတ် ကမ...္ဘာ့ပြည်သူက တထိုင်တည်း မှတ်ချက်ချကြပါတယ်။ ငါတို့ သမ္မတကြီးကွလို့ မြှောက်ထိုးပင့်ကော် သာကူးတွေရော၊ နိုင်ငံရေးသိက္ခာကို ရသမျှအောက်ထစ်ဈေးနဲ့ အသနားခံပြည်တော် ၀င်ပြီး စစ်ရာထူးပြုတ် ခေါင်းပေါင်းတွေဆီ ပါးယက် နားယက် လုပ်နေတဲ့ ဒီမိုကရေစီ ကပ်းပါးပိုးတွေလည်း ကိုယ့်မျက်နှာကိုယ်
ပေါင်ကြားထဲဝှက်ထားရမလိုလို ဖြစ်သွားကြတယ်။ စာဖတ်သူအားလုံး သိထားပြီးဖြစ်ပါတယ်။

“နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်။ တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၅ % ဆိုတာက လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်” ဆိုတဲ့ ဒီမိုကရေစီကို ဗြောင်စော်ကားတဲ့စကားလေး၊ ထပ်ပြီးစိန်ခေါ်တဲ့စကားပါ။ မင်းတို့ဖာသာ ဘာပြောပြော ငါတို့ကတော့ မြန်မာ့နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားမှာပဲလို့ အာဏာရူးတွေရဲ့ ဇာတိရုပ်ကို ဆွဲခွါပြလိုက်တာဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနေပါပြီဆိုတဲ့ သမ္မတ ကိုယ်တိုင်က စစ်အာဏာရှင် အနံ့အသက် မစင်သေးဖူးဆိုတာ ပြသတာဖြစ်တယ်။ သမ္မတ ကိုယ်တိုင်က ဇာတိစိတ်မဖျောက်နိုင်တော့ ကျန်ယူနီဖောင်းချွတ်တွေဆို ပိုဆိုးပေါ့..။ နောက်တခွန်း ရှိသေးတယ်။ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ၊ ဒီမိုကရေစီကို
ပျက်ရယ်ပြုလိုက်တဲ့စကား။ ဗမာပြည်မှာ ဆန္ဒပြတာဟာ စီးပွားရေး လုပ်ငန်းလိုဖြစ်လာတဲ့ အကြောင်း လှောင်ပြောင်လိုက်တာပါ။

“ကဲ.. ဆန္ဒပြကြမယ်။ ၃၀၀၀ ပေးမယ်ဆိုတော့ အကုန်ပါသွားတာဘဲ။
ဈေးဆစ်လိုက်သေးတယ်။ ကလေးကတော့ ၃၀၀၀၊
လူကြီးကတော့ ခုနကလို ၅၀၀၀၊ ဆန္ဒပြတာလည်း
အလုပ်အကိုင်ဖြစ်နေတယ်”
..ကဲ..ဒီမိုကရေစီ ရဲ့ အခြေခံ လုပ်ဆောင်ချက်ကိုတောင် အသိအမှတ်မပြုနိုင်၊ ပျက်ရယ်ပြုစော်ကားနေသူက သမ္မတကြီး ကိုယ်တိုင်ဖြစ်နေတော့ ဗမာပြည်သူတွေက နိုင်ငံတကာ အဆင့်မှီအောင် ဘယ်ကို ဦးတည်ပြီး ဘယ်လို လျှောက်ကြမှာလဲ။
အမေရိကန်မှာ သမ္မတကို ဆန္ဒပြတဲ့သတင်းရပ်ကွက်က သိရတာက သမ္မတအဖွဲ့ထဲက ယူနီဖောင်းချွတ်တယောက်က “ ခင်ဗျားတို့ဗျာ.. သမ္မတကြီးက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ဒီလောက်ကောင်းအောင်လုပ်ပေးနေတာ ဆန္ဒမပြသင့်ပါဖူးကွာ” လို့ပြောသတဲ့။

အော်..ဖြစ်မှ ဖြစ်ရလေ၊ မမြင်ဘူးလို့ မူးကို မြစ်ထင်နေသူတွေလို့သာ
အော်ငြီးချင်တော့တယ်။ သမ္မတရဲ့ ရပ်တည်ချက်ဟာ သာမန် ပြည်သူတွေထက် တပ်မတော်နဲ့ သူတို့အသိုင်းအ၀ိုင်းတွေ အကျိုးစီးပွားကို ပိုပြီးအကာအကွယ်ပေးနေတယ်ဆိုတာ သိပ်သိသာပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူအများထောက်ခံ အတည်ပြုထားတာ
ဖြစ်တယ်။ သော့ခတ်ထားတဲ့ သံမဏိမျိုးဟုတ်ပါဘူး။ သူ့မှာ ပြင်ဆင်နိုင်တဲ့ amendment ပါပြီး လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့ ပြင်ဆင်လို့ ရပါတယ်”လို့ သမ္မတက မြန်မာတွေနဲ့တွေ့ဆုံပွဲမှာပြောသွားတယ်။
ခက်ပါ့။ ဒီအစိုးရဟာ လိမ်ရင်းလိမ်ရင်း မိမိလိမ်စင်ကြီးကို မိမိဖာသာ အဟုတ်ထင်သွားကြပြီ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၂) မှာ ပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီး ရေးထားတာ သိပ်မရှုတ်ထွေးပါဘူး၊ ရှင်းရှင်းလေး အဓိပ္ပါယ်ပေါက်နိုင်ပါတယ်။ တကယ်တမ်းပြင်မယ်ဆို ပြင်ဖို့ မလွယ်အောင်လုပ်ထားတာ အားလုံးသဘောပေါက်တယ်။ အမြီးသဘောပဲ ရှင်းပြပရစေ။

ပုဒ်မ ၄၃၃ အပိုဒ်(က) မှာရေးထားတာက အခြေခံဥပဒေပြင်မယ်ဆိုရင် တင်သွင်းမဲ့အဆိုကို မူကြမ်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမှာဖြစ်တယ်။ အဲဒီပြည်ထောင်စုလွှတ်တော် က ကိုယ်စားလှယ် ၂၀ရာခိုင်နှုံး သဘောတူတင်ပြလာမှ၊ လက်ခံဆွေးနွေးမဲ့ အဆင့်ရောက်မှာ။ ၂၀ရာနှုံးမပြည့်ရင် လှည့်ကြည့်မှာမဟုတ်ဖူး။ ကြံ့ဖွတ်နဲ့ ကြံ့ဖွတ်မဟာမိတ် တိုင်းရင်းသားတွေရယ်၊ ကြံ့ဖွတ် နို့သက်ခံရယ်၊ ယူနီဖောင်းဝတ် မိုးကျရွှေကိုယ်တော်တွေရယ် မပါဘဲ အတိုက်အခံ ဒီမိုကရေစီအင်အားက ၁၂ရာခိုင်နှုံးတောင်မပြည့်ဖူး။ ဒါတောင် အခြေခံဥပဒေရဲ့ အားလုံးကို ပြင်လို့မရသေးဖူး။ အဲဒီပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (က)မှာ ဥပဒေရဲ့ အခန်းပေါင်း (၉၅) ခုလောက်သီးခြားသတ်မှတ်ထားတာရှိသေးတယ်။ အဲဒါတွေပြင်မယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ၇၅ရာခိုင်နှုံးက သဘောတူလက်ခံမှတဲ့..။ ၂၀ရာနှုံးတောင် မဟုတ်တော့ဖူး။ လက်ခံရုံနဲ့လည်း မပြီးသေးဘူး၊ ပြင်ဖို့အတွက်ဆို
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲက ကျင်းပရအုံးမှာ..၊ ပြီးတော့ မဲပေးခွင့်ရှိသူ အာလုံးရဲ့ တ၀က်ကျော် နဲ့မဲရမှ ပြင်ဆင်ရမှာ။ သမ္မတ ဦးသိန်းစိန် နိုင်ငံတကာခရီးစဉ်တိုင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေ လုပ်ထုံးနည်းအတိုင်း ပြင်ဆင်နိုင်ပါတယ်လို့ ပြောလေ့ရှိပါတယ်။ လွယ်လွယ်တော့ မထင်လိုက်ပါနဲ့။ သမ္မတက သူတို့ ရပ်တည်ချက်နဲ့ ပတ်သက်ရင် တချက်ကလေးမှ အလျှော့မပေးဖူးပါဘူး။

ကိုယ့်ဒီမိုကရေစီအင်အားစုတွေကသာ ရက်ရက်ရောရော
ဖြစ်နေကြတာ။

တကယ်တော့ သမ္မတ ဦးသိန်းစိန်ရဲ့ ကြံ့ဖွတ်အစိုးရဟာ ပြည်သူရဲ့ ယုံကြည်မှုနဲ့ မဟုတ်ဘဲ မဲခိုးတက်လာတဲ့အစိုးရပီပီ တိုင်းပြည်နဲ့ ပြည်သူအပေါ် လေးနက်ယုံကြည်မှုမရှိပါဘူး။ ဒီမိုကရေစီခေတ်မို့ ဒီမိုကရေစီ သံယောင်လိုက်နေပြီး ကိုယ့်စကားနဲ့ အလုပ်ပေါ်မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ခိုင်ခိုင်နဲ့ ယုံကြည်မှုရှိသူတွေ မဟုတ်ပါဘူး။ နှစ် ၆၀ လုံးလုံး ဒီလို လူညစ်တွေနဲ့ပဲ ကြုံခဲ့ရတာတော့ မြန်မာပြည်သူတွေ နိုင်ငံရေးကံဆိုးမိုးမှောင်ပဲ။

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ်
ရောက်တာနဲ့ ဗိုလ်ပြုတ်တွေ သိက္ခာပြောင်လက်လာပြီလို့ အထင်ရောက်နေတယ်။ စင်ပေါ်တက်ကမှ ချိုမိုင်မိုင်တွေ ထွက်လာပါတယ်။ မနှစ်က ပြည်သူ့လွှတ်တော်နာယကကြီး သူရရွှေမန်းနဲ့အဖွဲ့ အိန္ဒိယလွှတ်တော်ထဲ သွားလေ့လာတယ်။ အိန္ဒိယမှာ လွှတ်တော်အမတ်တွေကို မိမိတို့ဒေသ ဖွှံ့ဖြိုးရေးလုပ်ဖို့ ဆိုပြီးရူပီး၂ကုဋေ မတည်ပေးပါတယ်။ သူရရွှေမန်းက အဲလိုအရာတွေတော့ နှစ်ခြိုက်တယ်။ အတုယူတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို သိန်း ၁၀၀၀ စီထောက်တယ်။ ဒီလို ကိုယ့်စည်းရုံးရေး တည်ဆောက်တဲ့ အရာတွေပဲ အတုယူသင့်တာမဟုတ်ပါဖူး၊ ဒီမိုကရက်တစ် ကျင့်စဉ်နဲ့ အတွေးအကြံ တွေပါ ယူသင့်ပါတယ်။ ရှိနေတဲ့ အာဏာရှင်စရိုက်လက္ခဏာတွေကို တိုက်ချွတ်ဆေးကြောနိုင်တဲ့ ဒီမိုကရက်တစ်စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေပါ အိန္ဒိယကနေ ယူလာသင့်တယ်။ အိန္ဒိယမှာ မိမိတို့ပြည်သူတွေ နစ်နာချက်တွေကို အစိုးရ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကအစ ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုတယ်။ လူထုရှေ့က ရပ်တယ်။ ဗမာပြည်မှာတော့ နိုင်ငံရေးသမားတွေ ဆန္ဒပြတာ မတွေရဖူး။ ပြည်သူတွေက မိမိအခွင့်အရေးအတွက် မိမိတို့ဖာသာ တောင်းဆို တိုက်ပွဲဝင်နေရတယ်။ အမတ်တွေ၊ နိုင်ငံရေးသမားတွေက ဆန္ဒပြသူတွေနဲ့ မပတ်သက်ရဲဘူး။ ဆန္ဒမပြဖို့တောင် သွားတားကြတယ်။ အတော်ဟုတ်တဲ့ နိုင်ငံရေးသမားတွေ။ ဘယ်သူ့ အကျိုးအတွက်လုပ်ကြမှာလဲ။

သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဟာ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ကျင့်စဉ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အစီအစဉ်ထက် ဆန်ရှင် ပိတ်ဆို့မှု အလုံးးစုံ ရုတ်သိမ်းရေး၊ စီးပွားအထောက်အပံ့နဲ့ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေက ပိုမိုအဓိကကျတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ပြောခဲ့သလို စိန်ခေါ်ချက်တွေကကိုတော့ ဆက်ရင်ဆိုင်ရအုံးမယ်။ ရိုးသားစွာ အပြောင်းအလဲ မလုပ်ချင်လို့ကတော့ စိန်ခေါ်ချက်က ဒုနဲ့ဒေးပါ။ သမ္မတ အိုဘားမားက အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ အခုလိုသတိပေးခဲ့တယ်။ “တခြားနိုင်ငံတွေမှာ ဖြစ်သလိုပဲပေါ့ ဒါက အားလုံး လေးလေးစားစားနဲ့ လုပ်မယ် ကိုင်မယ်ဆိုလို့ရှိရင် စီးပွားရေးအရရော၊ နိုင်ငံရေးအရာရော အားလုံး အဆင်ပြေပြေနဲ့ တခါတည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ရှိရင် အောင်မြင်မှာပါ” တဲ့။ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီက ဘာမှမလုပ်သေးတာထက်စာရင် နည်းနည်းလုပ်တာကိုတော့ အားပေးရမယ်ဆိုတဲ့ သဘောထား ရှိပါတယ်။ ဒါပေမဲ့ အတိုက်အခံရစ်ပါဗလစ်ကင် ပါတီအမတ်တချို့ ကတော့ ဦးသိန်းစိန်ကို ခေါ်တာ သိတ်စောလွန်းတယ်လို့
ဝေဖန်နေပါတယ်။ ရော်ကဖဲလား စင်တာက အမေရိကန် ပြည်ပ ဆက်သွယ်မှု နိုင်ငံရေးစီးပွားရေးပညာရှင် Joshua Kurlantzick က မြန်မာပြည်မှာ အသားအရောင် လူမျိုးခွဲခြားမှု Apartheid
ဖြစ်နေပြီလားလို. မေလ၁၆ရက်နေ့ က စာတမ်းတစောင် မှာဖော်ပြခဲ့တယ်။ အမေရိကန်ကို အလည်ရောက်နေတဲ. ၄ ရက် ခရီးအတွင်းမှာလည်း ယခင်ကရင်းနှီးမြှပ်နှံမှု လုံးဝ မရှိတဲ. အနေအထားကနေ-ဆန်ရှင် ကို တစိတ်တပိုင်း ရုတ်သိမ်းခဲ.မယ်ဆိုလျှင်တောင် စစ်ဆေးခံနိုင်တဲ. ကဏ္ဍတွေမှာ သုညအဆင့်ကနေ ၃၃% လောက်ထိ တက်သွားနိုင်မှာ ဖြစ်ပြီး၊ ဒီမို ကရက်တစ် မကျတဲ့လုပ်ပုံ ကိုင်ပုံတွေကို သိသာစွာ ဖယ်ရှားပေးနိုင်မှ သာ၊ အမေရိက နဲ့ အပြည်အ၀ ဆက်ဆံနိုင်မှာ ဖြစ်တယ်လို ဆိုပါတယ်။ ခြုံပြောရရင် လက်ရှိ ဦးသိန်းစိန် ပြောတဲ့ ရီဖေါင်းဟာ မလုံလောက်သေးဘူး။ နောက် ၆ လ အတွင်း လက်တွေ. ပြနိုင်မှ- အမေရိကန်ကို အယုံသွင်းနိုင်မှာ လို. သုံးသပ်ထားပါတယ်။
့အမေရိကန်ကတော့ မြန်မာအစိုးရက ဒီထက်ပိုပြီးလုပ်ပေးလို့ ရတာတွေ အများကြီးကျန်သေးတယ်လို့ ထင်မြင်နေတယ်။

တကယ်လည်း သမ္မတ ဦးသိန်းစိန်မှာ ၀ှက်ဖဲတွေ ရှိနေတယ်။ အခုလို အပြောင်းအလဲဆိုတာကလည်း နိုင်ငံတကာဖိအားတို့၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ တွန်းအားတို့ ဆိုတာကို ဦးသိန်းစိန်က BBC နဲ့ အင်တာဗျူးတခုမှာ ငြင်းပယ်ခဲ့ဖူးတယ်။ “ ဒါဟာ အရင်အစိုးရ ရဲ့ လမ်းညွှန်မြေပုံအရ သူ့အချိန် ရောက်လာလို့ ဖော်ဆောင်ရတဲ့ အပြောင်းအလဲတခုပါ” လို့ ၀န်ခံခဲ့ဖူးတယ်။ သမ္မတဦးသိန်းစိန်ဟာ သူ့အတွေးအခေါ်နဲ့သူ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာ့သမိုင်း တွင်မယ့် အပြောင်းအလဲသစ်ကို ဖော်ဆောင်နေတာမဟုတ်ပါဘူး။ စစ်အာဏာရှင် ခေတ်ကတည်းက တဆင့်စီ လုပ်ဆောင်ရမယ့် စီမံကိန်းအတိုင်း သူ့ကဏ္ဍအလိုက် တဖြေးဖြေးချင်း အာဏာရှင် ရုပ်ပြောင်နာမ်ခွါ ဒီမိုကရေစီ အသွင်ပြောင်းရေးလုပ်ဆောင်နေတာ
ဖြစ်တယ်။ အတုမှ အတုစစ်စစ်ပါ။ အတုမှန်းသိအောင်သက်တမ်း ၂နှစ်ကျော် အတွင်း စကားထဲကရော၊ လက်တွေလုပ်ဆောင်မှုတွေ ကပါ ဇာတိပြခဲ့ပြီးဖြစ်တယ်။

ဦးသိန်းစိန် အစိုးရဟာ ယခင် စစ်အစိုးရအမွေခံပီပီ လက်ဝါးရိုက်
ပေါ်လစီတွေရှိနေတာကြောင့် အနှစ်၂၀ကျော် ဖျက်ဆီးမှုရဲ့ တရားခံတွေကို ကာကွယ်နေရတယ်။ အနာဂတ်တိုင်းပြည်ရဲ့ ဓနဥစ္စာနဲ့ အာဏာကို စနစ်တကျထိမ်းသိမ်းထားဖို့ သေသေသပ်သပ် လုပ်ဆောင်နေပါတယ်။
တိုင်းပြည်ရဲ့ အဓိကကျတဲ့ စီးပွားအရင်းအမြစ်၊ အဆက်အသွယ် လုပ်ငန်းရပ်တွေကို ယခင် အာဏာသိမ်း စစ်ဗျူရိုကရက်တွေကသာ လက်ဝါးရိုက် ကိုင်တွယ်ထားဆဲဖြစ်တယ်။

မကြာသေးခင်က ထွက်လာတဲ့ ၀ီကီလစ်ခ် သတင်းမှာ ကမ္ဘာ့ကြွယ်ဝမှုရဲ့ ၂၅ရာခိုင်နှုံးလောက် ရင်းနှီးမြှုပ်နှံထားတဲ့ အင်္ဂလန်က ကေမန်ကျွန်းနဲ့ ဗာဂျင်ကျွန်းတို့က ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီးပွားလုပ်ငန်းရဲ့ ဘဏ်စာရင်းနာမည် တချို့မှာ မြန်မာနိုင်ငံက ဦးအေးဇော်ဝင်း နာမည် တွေ့ရပါတယ်။ သူ့ရဲ့ လက်ပွားနာမည်တွေအများကြီးနဲ့ စာရင်းတွေတွေ့ရတယ်။ အလားတူ မြန်မာကုမ္မဏီသေးသေးတွေ အယောင်ပြပြီး ဘန်ကောက်၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ အင်္ဂလန်မှာလည်း ကြားခံ အဆင့်သုံး လေးဆင့်ခံပြီး ငွေစုထားတာကို သိရတယ်။ သတင်းတခုအရ G8 လို့ခေါ်တဲ့ စက်မှုထိပ်သီး နိုင်ငံတွေထဲက ဂျာမဏီနဲ့ ပြင်သစ် ဦးဆောင်ပြီး လျှိ့ဝှက် ဘဏ်စာရင်းတွေနဲ့ ပတ်သက်လို့ ဥပဒေထုတ်သွားမဲ့ အကြောင်းလည်းသိရတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကားခရီးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ၀ိဥာဉ် ကို ပြန်လည်အသက်သွင်းဖို့ ခြေလှမ်းသာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရဲ့ အထင်နဲ့ လက်တွေ့ စပ်ဟတ်ချင်မှ ဟတ်မိမှာပါ။ သူ တောင်းဆိုတာ ရနိုင်ဖို့ သူလုပ်ပေးရမဲ့ တာဝန်တွေ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်အစိုးရအဖို့ ဒီမိုကရက်တစ် လမ်းကြောင်းပေါ် ပီပီပြင်ပြင် လျှောက်ဖို့ တွန်းပို့တာကို ခံလိုက်ရတယ် လို့မြင်ပါတယ်။ အမေရိကားရဲ့ တွန်းထိုး ခံဖို့လာတဲ့ခရီးစဉ်ပဲ
ဖြစ်ပါလိမ့်မယ်။

ဒီမိုကရက်တစ်စံနှုံးနဲ့အညီ မောင်းနှင်ရမဲ့လမ်းကို ဦးသိန်းစိန် အစိုးရ မလွဲမသွေ လျှောက်ရတော့မယ်။ ရှောင်လို့မရပါ။ ၀ါရှင်တန်က VOA စီစဉ်တဲ့ တွေ့ဆုံပွဲမှာ ပွင့်လင်း ရဲတင်းတဲ့ မေးခွန်းတွေ ထိတ်တိုက်တွေ့ရလို့ သမ္မတ ဦးသိန်းစိန် ရင်ဘတ်က မိုက်ကရိုဖုံးတောင်ဖြုတ်ဖို့မေ့ပြီး ပွဲမပြီးခင် ထွက်ပြေးသွားရပါတယ်။ အလားတူပွဲလည်း သမ္မတကြီး ထွက်ပြေးဖူးတယ်။ အော်စလိုမှာ ဆန္ဒပြမှုနဲ့ ထိတ်တိုက်တွေ့လို့ ထိတ်လန့်သွားတဲ့ သမ္မတဟာ
နောက်တနေ့ မြန်မာမိသားစုတွေနဲ့ အမေးအဖြေလုပ်မဲ့ အစီအစဉ်တောင် မလုပ်ရဲဘဲ ထွက်ပြေးဖူးတယ်။ သမ္မတ ဒီတခါတော့ ထွက်ပြေးမနေပါနဲ့။ နှုတ်လည်းကျွံ၊ ဘ၀လည်းကျွံ တိုင်းပြည်လည်း ကျွန်တပိုင်းဖြစ်နေပြီမို့ ဒီမိုကရေစီ ယဉ်ကျေးမှု စည်းအပြင်ကို ထွက်ပြေးဖို့ တော့ မကျိုးစားပါနဲ့ လို့ပဲ သတိပေးချင်ပါတယ်။

ကိုညို(အော်စလို)
၂၃ မေ ၂၀၁၃

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။