ဖိလစ်ပိုင်ကမ့်ပ်မှာ ဆုသုံးဆုရရှိခဲ့တဲ့ မြန်မာကျောင်းသား ခုနှစ်ဦး
Category: အင်တာဗျူး
Written by ဝင့်သူမော်
စင်ကာပူ NUS (National University of Singapore) ကျောင်းက ကျောင်းသားတွေရဲ့ စီစဉ်မှုနဲ့ပြု လုပ်တဲ့ ဖိလစ်ပိုင်ကမ့်ပ်ပွဲမှာ မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင်တဲ့ ကျောင်းသား ခုနှစ်ဦးရှိပြီး ဆုသုံး ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။
'စင်ကာပူ NUS ဆိုတဲ့ အဖွဲ့ကနေ ပြုလုပ်တဲ့ student exchange လို့လဲ ပြောလို့ရတယ်၊ သွားတဲ့ပရို ဂရမ်က ငါးရက်၊ ဟိုမှာသူတို့ ဆုတွေလဲရခဲ့တယ်၊ အာဆီယံနိုင်ငံတွေက တစ်နှစ်ကို တစ်နိုင်ငံပေါ့၊ ၂၀၀၉ တုန်းက အင်ဒိုနီးရှား၊ ၂၀၁၀ က မလေးရှား၊ ၂၀၁၁ က စင်ကာပူ၊ အခု ၂၀၁၃ မှာကျတော့ ဖိလစ်ပိုင်မှာပေါ့၊ တစ်နှစ်ကို တစ်ခေါက် အာဆီယံနိုင်ငံ တစ်နိုင်ငံချင်းကိုပတ်ပြီး လုပ်တယ်၊ အဲဒီမှာ အစ်မတို့ဆီက ကျောင်းသားသုံးဦး ပါဝင်ဆင်နွှဲခဲ့ကြတယ်' လို့ PS Business School မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင်တဲ့ ကျောင်းသားတွေထဲမှာမှ PS School မှ ကျောင်းသူ၊ကျောင်း သား သုံးဦးနဲ့ အတွေ့အကြုံတွေကို အခုလို မေးမြန်းထားပါတယ်။ PS မှ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူတွေကတော့ မသိမ့်သီရိမောင်၊ မောင်ဇော်တူးခေါင်နဲ့ မောင်ဇာနည်အောင်တို့ပဲ ဖြစ်ပါတယ်။ ပညာ အရည်အချင်းတွေကတော့ ABE နဲ့ပြီးထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဖြစ်တယ်လို့ သိရပါတယ်။
ကုမုဒြာ။ ။ အခုဖိလစ်ပိုင်မှာ သွားပြိုင်ရတဲ့ ပြိုင်ပွဲက ဘယ်လိုမျိုးလဲ။ ဘယ်နှဦးလောက်ပါလဲ။ မြန်မာ နိုင်ငံကနေပေါ့။
မောင်ဇာနည်အောင်။ ။ သူကစင်ကာပူက NUS ကျောင်းသားတွေ စီစဉ်ပြီးလုပ်တဲ့ ပွဲပေါ့။ ပြိုင်ပွဲတော့ မဟုတ်ဘူး။ သူက camp သဘောမျိုးလုပ်တာ။ အဲသည်အထဲမှာမှ ပွဲတွေ ပွဲတွေ အများကြီး လုပ်တာ မျိုးပေါ့။
သိမ့်သီရိမောင်။ ။ စုစုပေါင်း မြန်မာနိုင်ငံက ခုနှစ်ယောက်ပေါ့။ PS ကသုံးဦး၊ တခြားကျောင်းက သုံးဦး၊ ပြီးတော့ မလေးရှားကနေလာပြီးချိတ်တဲ့ အစ်ကိုက တစ်ယောက်၊ ပေါင်းခုနှစ်ယောက်ပေါ့။
Expo မှာလုပ်ရတာတွေက ကိုယ့်နိုင်ငံမှာရှိတဲ့ culture တွေ၊ ဟန်းမိတ်တွေကို ပြသရတယ်။ ပြီးတော့ quiz မေးလို့မှန်တဲ့လူတွေကို လက်ဆောင်တစ်ခုပေးတယ်။ ပြီးရင် လက်ဖက်ကျွေးတယ်။ သနပ်ခါး လိမ်းချင်တဲ့သူရှိရင် လိမ်းပေးတယ်ပေါ့။ ပြီးတော့ quiz မှားခဲ့ရင်တော့ သူတို့မျက်နှာမှာ မြန်မာနိုင်ငံ အလံ ကပ်ပေးလိုက်တာမျိုးပေါ့။ နောက်ပြီးတော့ ညနေပိုင်းကျတော့ traditional game အနေနဲ့ ကြက်ဖခွပ် ကစားကြတယ်။ Organizer တွေခေါ်ပြီး ဆော့ခိုင်းလိုက်တယ်။ အဲသည်မှာလည်း ဆုရခဲ့ တယ်။ အဓိကက ဘာအတွေ့အကြုံရလဲဆိုတော့ ဟိုမှာရှိတဲ့သူတွေဆီက အတွေ့အကြုံရတယ်။ သူတို့ဆီက အိုင်ဒီယာတွေရတယ်။ ကိုယ့်ဆီမှာရှိတဲ့အရာတွေလည်
ကုမုဒြာ။ ။ ပြိုင်တဲ့အခါ ဘယ်လိုပြိုင်ရတာလဲ။ ကိုယ့်နိုင်ငံသား အချင်းချင်းလား။
မောင်ဇာနည်အောင်။ ။ မဟုတ်ဘူးဗျ။ သူက အာဆီယံကို တစ်နိုင်ငံချင်းစီ ခွဲလိုက်တယ်။ အဲသည်မှာ group တစ်ခုချင်းစီမှာ မြန်မာနိုင်ငံသားတစ်ဦးစီ ပါတယ်။ ဒါပေမဲ့ expo group ကျတော့ နိုင်ငံအလိုက် ပြိုင်တဲ့အတွက် မြန်မာနိုင်ငံက သူတွေချည်းပဲပြိုင်ရတာပေါ့။
ကုမုဒြာ။ ။ ရရှိခဲ့တဲ့ဆုတွေကကော ဘာဆုတွေလဲ။
မောင်ဇာနည်အောင်။ ။ Business Idea Competition Champion, 1st Runner Up, 2nd Runner Up, Asean Expo 2013 Competition. 'Certificate of Awesomness Awarded to Myanmar' . Mr.Ayle 2013 နဲ့ Mrs.Eye Candy တွေပါ။
ကုမုဒြာ။ ။ ပြိုင်ပွဲမှာက ဘာတွေပြိုင်ရတာလဲ။ ဘယ်လိုသတ်မှတ် စီစဉ်ပေးထားလဲ။
သိမ့်သီရိမောင်။ ။ သည်နှစ်ကတော့ camp သဘောမျိုးပေါ့။ အဲသည်မှာ ငါးရက် camp ဝင်သွားတာ ပေါ့နော်။ သူတို့ activities တွေက တောက်လျှောက်ရှိနေတယ်ပေါ့နေ
ကုမုဒြာ။ ။ သည် camp မှာဝင်ပြိုင်နိုင်ဖို့အတွက်
သိမ့်သီရိမောင်။ ။ အရင်ဦးဆုံး ဖောင်တင်ရတယ်။ ပြီးတော့ အက်ဆေးတွေ ရေးပေးရတယ်။ ပြီးတော့ ဘာကြောင့်ရွေးချယ်သင့်တာလဲလ
ကုမုဒြာ။ ။ သွားတဲ့အခါရခဲ့တဲ့ အတွေ့အကြုံတွေကကော ဘာတွေရခဲ့ပြီး ဘယ်လိုအထောက်အပံ့တွေ ဖြစ်စေလဲ။
သိမ့်သီရိမောင်။ ။ ဘာတွေရလဲဆိုတော့ သူတို့ဆီမှာက ပရိုဂရမ်တွေပါတယ်။ company basic တွေပါ တယ်။ talk တွေပါတယ်။ အခုတစ်ခေါက်ဆိုရင် ဘာလုပ်ခိုင်းလဲဆိုတော့ အာဆီယံ expo ပေါ့။ အဲသည်မှာ ဘာပြရလဲဆိုတော့ မြန်မာနိုင်ငံက culture ပေါ့။ ဥပမာ ပစ်တိုင်းထောင်တို့၊ အောင်ဆန်းစု ကြည်တို့၊ အလံတို့ကို အားလုံးကိုခင်းပြီး ပြကြတယ်။ အဲသည်မှာ သူတို့ကို quiz တွေမေးတယ်။ အဲသည်ကနေ မြန်မာနိုင်ငံအကြောင်း သိလာအောင်လုပ်ရတယ်။ အဲဒါက competitions, အဲသည်မှာ လည်း ဆုရတယ်။ ပြီးတော့ business plan မှာလည်း မြန်မာနိုင်ငံ ပထမဆုရတယ်။
ကုမုဒြာ။ ။ ဆုရွေးချယ်တာ ဘယ်လိုအပိုင်းတွေကို အဓိကထားပြီး ရွေးချယ်ထားလဲ။
သိမ့်သီရိမောင်။ ။ Plans ဆိုရင် plans မှာသီးသန့်ပေးတယ်။ ဥပမာ business plan ဆိုပြီး လုပ်ခိုင်း တယ်ဆိုရင် အဲသည်မှာ ခေါင်းစဉ်လေးခု ချပေးတယ်။ အဲသည်မှာ အစားအသောက်ဆိုရင် အစား အသောက်၊ tourism လုပ်မလား၊ technology လုပ်မလား၊ social enterprise လုပ်မလားပေါ့။ အဓိကကတော့ သည်တစ်ခေါက်လုပ်ခိုင်းတာက ဖိလစ်ပင်း (philippines) မှာ base လုပ်ပြီး လုပ်ရတဲ့ အတွက် အဲဒါတွေကို အခြေခံကြည့်ပြီးတော့မှ အဆင်ပြေတာကို ဆုရွေးချယ်တာပေါ့။
ကုမုဒြာ။ ။ အပြင်ကနေ ပါဝင်ချင်တဲ့သူတွေအတွက်ကော ဘာတွေပြောချင်လဲ။
သိမ့်သီရိမောင်၊ မောင်ဇော်တူးခေါင်။ ။ ကောင်းပါတယ်။ အဲသည်မှာ speaker တွေအရမ်းကောင်း တယ်။ အခွင့်အရေးရှိတဲ့အခါ ဝင်လုပ်စေချင်တယ်။ လျှောက်ထားသင့်တယ်လို့လည်း ထင်တယ်။ ပြီးတော့ သည်တစ်ခေါက် ဘာတွေတွေ့ခဲ့ရလဲဆိုတော့ Orange application ကိုထွင်တဲ့လူပေါ့။ ၁၉ နှစ်နဲ့ စီအီးအိုဖြစ်သွားတာ။ အဲသည်မှာ သူ့ရဲ့အတွေ့အကြုံတွေ share တယ်။ နောက် သူလုပ်တဲ့ပုံစံ မျိုး မြန်မာနိုင်ငံမှာဆိုရင် ဖြစ်နိုင်မလားပေါ့။ အရမ်းအတွေ့အကြုံရပါတယ်။
ကုမုဒြာ။ ။ ဝင်ပြိုင်တဲ့ သူတွေကိုတော့ ဘယ်လိုသတ်မှတ်ချက်လုပ်ထားလဲ
သိမ့်သီရိမောင်။ ။ ဘွဲ့က ဘာနဲ့ရတာလဲတို့၊ ဘယ်ကရတာလဲတို့၊ ပြီးတော့ ထင်တာကတော့ ခုနပြော တဲ့ ခေါင်းစဉ်သုံးခုနဲ့ပဲ ရွေးချယ်တယ်လို့ ထင်ပါတယ်။ နှစ်စဉ်တော့ မတူဘူးပေါ့။
ကုမုဒြာ။ ။ အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။
ကုမုဒြာသတင်းဂျာနယ်
အတွဲ ၃၊ အမှတ် ၃၊ ၂၀၁၃ ခုနှစ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။