Algae-Powered Building in Germany
"BIQ house" ဆိုတဲ့ ကမ္ဘာ့ပထမဆုံး ရေညှိမှော်ပင် (Algae) တွေရဲ့ စွမ်းအင် အသုံးပြု အဆောက်အအုံ ပြသပွဲ အခမ်း နားကို Germany နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။
Austrian နိုင်ငံ Splitterwerk အမည်ရှိ ဗိသုကာ အတတ် ပညာရှင်များ ပါဝင်တဲ့ စီးပွားရေး လုပ်ငန်းနှင့် ARUP အမည်ရှိ အင်ဂျင်နီယာ ပညာရှင်များ ပါဝင်တဲ့ စီးပွားရေး လုပ်ငန်းတို့ ပူးပေါင်း တည်ဆောက်ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး ရေညှိမှော်...ပင် စွမ်းအင်သုံး အဆောက်အအုံ ဖွင့်ပွဲ အခမ်းအနားကို Germany နိုင်ငံ Hamburg မြို့ရှိ နိုင်ငံတကာ အဆောက်အအုံ ပြပွဲမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရေညှိမှော်ပင် တွေမှတဆင့် စွမ်းအင် ထုတ်လုပ်ပြီး အဆောက်အအုံ အတွက် အရိပ်ပေးနိုင်ရန် အတွက် ဒီအဆောက်အအုံ ရဲ့ရှေ့မျက်နှာ စာမှာ ရေညှိမှောင်ပင် တွေကို ဘောင်ခတ် ထားတာ ဖြစ်ပါတယ်။ ဒါကို "Bio-adaptive" မျက်နှာစာလို့ အမည်ပေး ထားပါတယ်။
ဒီနှစ်ရဲ့ ပြပွဲမှာ နေရောင်ခြည်ကို မျက်နှာမူရာ အရပ်ဖြစ်တဲ့ အနောက်မြောက်နဲ့ အရှေ့မြောက် တွေမှာ ရေညှိမှော်ပင် တွေကို နှစ်လွှာရှိတဲ့ မျက်နှာစာ အနေနဲ့ ပြုလုပ်ပြီး နေရောင်ထိုးတဲ့ ဒဏ်ကနေ ကာကွယ်ထားတဲ့ BIQ အဆောက်အအုံကို ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီမျက်နှာစာမှာ ပါရှိတဲ့ မှန်ပုံကွက်တွေ ထဲမှာ ဘက်တီးရီးရား တကောင်ထက် အရွယ်အစား မကြီးတဲ့ သေးငယ်လွန်း လှတဲ့ ရေညှိပင်တွေကို ထည့်ထား ပေးတာ ဖြစ်ပြီး ဒီအပင်ငယ်တွေ အတွက် လိုအပ်တဲ့ carbon dioxide နဲ့အာဟာရ ကိုရေပတ်လမ်း ကနေတဆင့် ပေးသွင်းတာ ဖြစ်ပါတယ်။ နေရောင်ခြည်ရဲ့ အထောက်အပံနဲ့ ဒီအပင်ငယ် တွေက Carbon Dioxide ဓာတ်ငွေ့မှ အစာချက် လုပ်ပြီး ရိတ်သိမ်းနိုင်တဲ့ အနေအထား အထိ ကြီးထွား အသက်ရှင် ကြတာပဲ ဖြစ်ပါတယ်။ ဒီလို ရိတ်သိမ်းနိုင်တဲ့ အပင်ငယ် တွေကို ကျန်တဲ့ ရေညှိပင်ငယ် တွေနဲ့ခွဲပြီး BIQ ရဲ့စွမ်းအင် သိုလှောင်တဲ့ နေရာကို ရွှေ့ပြောင်းပြီး အချဉ် ဖောက်ခါ ရေကို အပူပေး နိုင်တဲ့ bio-gas ကိုပံ့ပိုး ပေးတာပဲ ဖြစ်ပါတယ်။
Arup မှာရှိတဲ့ project team ကရေညှိပင် တွေက ဒီလို bio-fuel ဖြစ်တဲ့ လောင်စာဆီတွေ ထုတ်လုပ်တဲ့ နေရာမှာ အလွန်အသုံး တည့်တယ်လို့ အတည်ပြုခဲ့ ပါတယ်။ ရေညှိပင် တွေက အခြား ကမ္ဘာမြေကြီး ပေါ်ရှိ အပင်တွေထက် ဧရိယာ တခုမှာ အဆ၅ဆ ပိုပြီး biomass ကိုထုတ်လုပ် နိုင်တာကို တွေ့ရပြီး အခြား စွမ်းအင်တွေ အတွက် အသုံးပြု နိုင်တဲ့ ဆီပေါင်းများစွာ ပါဝင် ပါတယ်။ ဒါ့ပြင် ၂၀၀ sqm (၂၁၅၀ စတုရန်းပေ) ရှိမျက်နှာစာကို ဖုံးလွှမ်း ထားတဲ့ ရေညှိ တွေရဲ့ ဇီဝ အရေခွံက အရိပ် အာဝါသ ကောင်းစွာပေး နိုင်တာကိုလည်း တွေ့ရပါတယ်။ ဒီရေညှိပင် တွေသုံးပြီး ဆောက်လုပ် ထားတဲ့ BIQ အမည်ရှိ အဆောက်အအုံကို ဧပြီလ ၂၅ရက်နေ့မှာ လုံးလုံးလျားလျား လည်ပတ်နိုင်ဖို့ စီစဉ်ထား ပါတယ်။ ဒီ BIQ အဆောက်အုံမှာ လူနေထိုင် နိုင်တဲ့ တိုက်ခန်းပေါင်း ၁၅ခန်းရှိပြီး သင့်တင့်တဲ့ အခန်း အပြင်အဆင် တွေပါဝင် ပါတယ်။
ဒီအဆောက်အုံက ရေညှိကလာတဲ့ စွမ်းအင်ကို အသုံးပြုထားတာ ဖြစ်တယ်လို့ ဖော်ပြထား ပေမယ့် ရေပူရဖို့ တခုထဲ အတွက် အသုံးပြုတာ ဖြစ်ပြီး ရေညှိ အသုံးပြုတဲ့ သဘာဝ လောင်စာဆီ အတွက် သဘာဝ ဓာတ်ငွေ့ကို ထပ်မံဖြည့်စွက် အသုံးပြုရ မပြုရ ဆိုတာကိုတော့ သေချာစွာ မဖော်ပြ ထားပါဘူး။ လျှပ်စစ် ဓာတ်အား ကတော့ သမားရိုးကျ အတိုင်း ထုတ်လုပ် ပေးထားတာ ဖြစ်ပါတယ်။ ရေညှိပင်တွေ သုံးလို့ ရလာတဲ့ အကျိုး ကျေးဇူးတွေ ကတော့ သဘာဝ လောင်စာဆီကို အများကြီး ထုတ်လုပ်နိုင်တဲ့ အပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ပေး နိုင်ပြီး carbon dioxide ကိုစုပ်ယူ ပေးပြီး oxygen ကိုပါ ထုတ်လုပ်ပေး နိုင်တဲ့ အစရှိတဲ့ အကျိုးအမြတ် တွေပဲ ဖြစ်ပါတယ်။ ရေညှိပင် တွေကို အနာဂတ်မှာ အဆောက်အုံ တွေမှာ အသုံးပြု နိုင်မယ်လို့ ရည်ရွယ်ထား ကြပါတယ်။ ဒါ့ပြင် ၂၀၅၀ခုနှစ်မှာ အကောင်အထည် ဖော်မယ့် skyscraper စီမံကိန်းမှာလဲ ဒီရေညှိပင်ရဲ့ စွမ်းအားကို စွမ်းအင် အရင်းမြစ် အနေနဲ့ အသုံးပြု ကြမှာ ဖြစ်ပါတယ်။
From: MMYC Myanmar Youth Center
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။