Royal Hero Media
ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ အများစုမှာ အာရှမှ ဖြစ်ကြပြီး ၎င်းနောက် တွင်မှ မြောက်အမေရိကနှင့် ဥရောပတို့ ရပ်တည်လျက်ရှိကြောင်း တရုတ်နိုင်ငံ အခြေစိုက် Wealth မဂ္ဂဇင်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ် ပြန်ခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် တစ်ဘီလီယံ အထက် ချမ်းသာသော လူပေါင်း ၁၄၅၃ ဦးရှိပြီး ၎င်းတို့အနက် အာရှတွင် ဘီလီယံနာ ၆ဝ၈ ဦး၊ မြောက်အမေရိကတွင် ၄၄ဝ ဦးနှင့် ဥရောပ တွင် ၃၂၄ ဦးတို့ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံချင်းစီ အနေဖြင့် အမေရိကန်တွင် ၄ဝ၈ ဦးနှင့် တရုတ်နိုင်ငံတွင် ၃၁၇ ဦး အသီးသီးရှိပြီး ၎င်းတို့နောက်မှ ရုရှား၊ ဂျာမနီနှင့် အိန္ဒိယနိုင်ငံတို့ ရပ်တည်နေကြောင်း သိရသည်။
...
အသက် ၇၃ နှစ်ရှိ မက္ကဆီကန် ဆက်သွယ်ရေး လုပ်ငန်းလုပ်ကိုင်သူ
ကားလို့စ် စလင်းသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ဖို့ဘ်
မဂ္ဂဇင်း၏ နှစ်ပတ်လည် ကမ္ဘာ့အချမ်း သာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် ဖော်ပြ
ထားပြီး ၎င်း၏ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံ ရှိကြောင်း
သိရသည်။ ၎င်း၏ နောက်တွင်မှ အမေရိကန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပိုင်ရှင် ဝါရန်ဘူဖေးနှင့် ဇာရာဖက်ရှင်လုပ်ငန်း တည်ထောင်သူ စပိန်နိုင်ငံမှ အမန်စီယို
အော်တီဂါတို့ဖြစ်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ
နှင့် ၅၅ ဘီလီယံ အသီးသီးရှိကြောင်း သိရသည်။
ကမ္ဘာ့သန်းကြွယ် သူဌေးများ၏ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ထရီလီယံ ရှိကြောင်း သိရသည်။
(အင်တာနက်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။