The Voice Weekly Vol. 8/No. 48 ဒီဇင်ဘာ ၃-၉၊ ၂၀၁၂
OPINION အပိုင်းမှာ ပါတဲ့ ဦးအုန်းမြင့် (မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း) ရဲ့
ပေးစာကို ဖတ်လိုက်ရလို့ ဒီဆောင်းပါးကို ထရေး မိတယ်။ လွန်ခဲ့တဲ့ လများက
ချယ်ရီကားတွေရဲ့ အင်ဂျင်နှင့် အိတ်ဇော အပိုင်းတွေမှာ အဆုတ်ကင်ဆာကို ဖြစ်စေတဲ့
Asbestos ပါဝင်နေတယ် ဆို တဲ့ သတင်းတွေကြောင့် ချယ်ရီကား ဝယ်ထားသူတွေ၊ ငှားစီးသူတွေ စိုးရိမ်မှုတွေ
ဝေခဲ့ရတယ်။
တကယ် တွေ့ရှိတာက ကျွန်တော်တို့ နိုင်ငံမှာ မဟုတ်ဘူး။ နည်းပညာတွေ တိုးတက်တဲ့ သြစတြေးလျမှာ။ သြစတြေးလျ ပိုင်နယ်မြေ အတွင်း Asbestos ပါဝင်တဲ့ ပစ္စည်းများ ရောင်းချဖြန့်ဝေ၊ အသုံးပြု တာကို သူ့နိုင်ငံတွင်း ဥပဒေအရ တားမြစ် ပိတ်ပင်ထားတယ်။ (ဂျပန်၊ အီးယူနိုင်ငံတွေ အားလုံးနဲ့ ဖွံ့ဖြိုးပြီး ၅၅ နိုင်ငံတို့ကလည်း Asbestos ပါဝင်တဲ့ အဆောက်အအုံတွေ၊ ကားအစိတ်အပိုင်းတွေ မထုတ်လုပ်ဖို့ တားမြစ်ထားပါတယ်။) အဲဒါနှင့် ပတ်သက်ရင် သြစတြေးလျဥပဒေ အရ တစ်စီး ဒဏ်ငွေ ၁၁၀ç၀၀၀ ဒေါ်လာဖြစ်လို့ မီလီယံနှင့်ချီပြီး ဒဏ်ငွေ တပ်ခံရမှာဖြစ်တယ်။
တချို့ကားတွေမှာ Asbestos ပါတဲ့ Gasket တစ်ခုစ နှစ်ခုစသာ ပါပေမယ့် တချို့ကားကျတော့ ရှစ်ခုထိ တွေ့ ရတယ်ဆိုတယ်။ မျိုးမတူတဲ့ Asbestos ပါ ဂတ်စကက်ပေါင်း ၃၀ တွေ့တယ် ဆိုတယ်။
ဒါ့အပြင် နောက်ထပ် ငါးနိုင်ငံ (ချီလီ၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ဘရာဇီးနှင့် စင်ကာပူ) မှာလည်း ဂရိတ်ဝေါ မော်တော် ကုမ္ပဏီနှင့် ချယ်ရီအော်တို မိုဘိုင်းကုမ္ပဏီထုတ် ကားအင်ဂျင်နှင့် အိတ်ဇောအစိတ် အပိုင်းတွေမှာ Asbestos တွေ သုံးထားတာ တွေ့ရှိတယ်လို့ ဆိုပါ တယ်။ တွေ့ရှိတဲ့ ကားတွေက Great Wall's SA 220, V240 , X240, V200 and X 200 Models; Chery J11 and J3. လို့ ACCC'S Website မှာဆိုတယ်။
အဲဒီသတင်းကို ကျွန်တော်တို့ နိုင်ငံက ဂျာနယ်တွေက ဖွတော့ လွှတ်တော်အထိ ရောက်ရော။ ဒါနဲ့ပဲ စက်မှု ဝန်ကြီး
ဌာနက Take response action အနေနှင့် ကျွမ်းကျင်အင်ဂျင်နီယာ ဦးအုန်းမြင့်၊ ဦးခင်မောင်ချို၊ ဦးသီရိဦးနှင့် မီဒီယာ
အုပ်စုမှ သတင်းထောက်များ ဖြစ်တဲ့ ဦးအောင်မျိုးလှ (ရန်ကုန် မီဒီယာ)၊ ဦးဝင်းလွင်ခိုင် (The Voice Weekly) တို့ ငါးဦးပါ အဖွဲ့ဖွဲ့ပြီး QQ3 နှင့် ချယ်ရီကား ထုတ်တဲ့ တရုတ်ပြည်ထိ သွားရောက် လေ့လာ စစ်ဆေး စေခဲ့တယ်လို့ ဦးအုန်းမြင့် ရဲ့ပေးစာ Letter to Editor အရ သိရတယ်။ လက်ရှိ အစိုးရဟာ မီဒီယာတွေ အပေါ် ဘယ်လောက် အလေးပေး တန်ဖိုးထားလဲ ဆိုတာ ထင်ရှားပါတယ်။ လှုပ်ရှား လုံ့လပြုကြသူ အားလုံးကို ဂါရဝပြုပါတယ်။
ဒါပေမဲ့ ကျွန်တော်တော့ ဘဝင်မကျဘူးဗျ။ မြန်မာပြည်ကိုတင်ပို့တဲ့ ကားတွေမှာ Asbestos ပါသလားလို့ ကားထုတ်
လုပ်တဲ့ ကုမ္ပဏီကို လှမ်းမေးရင် မပါဘူးပဲဖြေမှာ သေချာတယ်။ သံသယရှင်းအောင်သွားရောက် စစ်ဆေးချင်လား။
လာခဲ့လေ။ Asbestos မသုံးကြောင်း Certificate ထုတ်ပြမယ်။ Asbestos ပါတဲ့ အစိတ်အပိုင်းတွေ မှန်သမျှ တွက်
ထားမှာပေါ့။
ရိုးရိုးလေး တွေးကြည့်လို့ ရတယ်။ ဒါကြောင့် ဦးအုန်းမြင့်ရဲ့ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သော Chery QQ 3, M Mini ကားများတွင် Asbestos လုံးဝ မပါ ရှိကြောင်း တင်ပြချက်ကို မအံ့သြ တော့ပါဘူး။
အံ့သြတာက Chery Automobile Co., Ltd. သည် စနစ်တကျ နိုင်ငံတကာ စံချိန်မီ ထုတ်လုပ်လျက် ရှိသော နိုင်ငံ
ပိုင် စက်ရုံ ဖြစ်ခြင်းကြောင့် ဆိုတဲ့ တင်ပြသူရဲ့ အရေးအသားပါ။ စနစ်တကျ နိုင်ငံတကာ စံချိန်မီ ဆိုရင် ကားထဲမှာ Asbestos ပါဝင်မှုကို တားမြစ်ထားတဲ့ နိုင်ငံတွေဆီ တင်ပို့တာကို ဘယ်လိုပြောမလဲ။ နိုင်ငံခြောက်ခုမှာ တင်ပို့ခဲ့တဲ့ Cherry ကားတွေမှာတော့ Asbestos ပါဝင်ပြီး မြန်မာနိုင်ငံကိုပို့တဲ့ကား မှာ
Asbestos မပါဘူးဆိုတာယုတ္တိရှိရဲ့လား။
ဟိုစဉ်က တာဝန်ရှိ လူကြီးတွေ ငြင်းဆို ခဲ့ကြတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ထမင်းငတ်သူ မရှိဘူးတို့၊ အေအိုင်ဒီအက်စ်
ဝေဒနာသည် မရှိဘူးတို့၊ သူများနိုင်ငံ တွေမှာ ဆာ့ရောဂါဆန်း တွေ့ရှိနေချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီ ရောဂါ
ဆိုး မရှိဘူးတို့၊ သူများနိုင်ငံ တွေမှာ မုန်တိုင်းတွေတိုက်၊ ရေတွေ ကြီး စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်
နေတယ်၊ ကိုယ့်နိုင်ငံကတော့ အဲဒီဘေးတွေကလွတ်နေ သယောင်ယောင်။ နောက်ဆုံး ဖုံးမရ ဖိမရတော့မှအနည်း
ဆုံးပမာဏကို မလွှဲသာမရှောင်သာ ဖော်ပြတယ်။
အတိတ်မှာ အဲလိုချည်းပဲဆိုတော့ ပြည်သူတွေ ယုံပါ့မလား။
ပြည်သူတွေ ယုံလာအောင် ဘယ်လိုလုပ်ပြရမလဲ။ လက်ရှိ လမ်းပေါ်မှာ ပြေးနေတဲ့ QQ3 နှင့် ချယ်ရီ အချို့ကို 3rd Party ဖြစ်တဲ့ ကြားနေ အဖွဲ့အစည်းတစ်ခုခုက ဝင်ပြီးစစ်ရင်ကောင်းမလား။ အဲဒီကားတွေ အစီး ၄၀၀၀ သွင်းထားရင် ၁ ရာခိုင်နှုန်းပဲ စစ်ဦး။ ရန်ကုန်မြို့က QQ3 နှင့် ချယ်ရီအစီး ၄၀ ကို စစ်ပေးရမှာ။ Asbestos ပါဝင်နိုင်ခြေ ရှိတဲ့ ဘရိတ်တွေ၊ အိတ်ဇောတွေ၊ အင်ဂျင်အပိုင်းက ဂက်စကက်တွေဖြုတ်ပြီး ဓာတ်ခွဲ စစ်ဆေး ကြည့်ရမှာ။ စစ်ဆေး တွေ့ရှိချက်ကို အစိုးရက တရားဝင် ကြေညာရမှာ။
ဒီနေရာမှာ တစ်ခုတော့ပြောစရာရှိတယ်။ ကျွန်တော်တို့ နိုင်ငံက Asbestos ပါဝင်တဲ့ လူသုံးကုန် ပစ္စည်းတွေ မတင်သွင်းရလို့ ဥပဒေနဲ့ တားမြစ် ပိတ်ပင်ထားသလား။ မရှိရင်တော့ ပြောဖို့ ခက်ပါလိမ့်မယ်။
Asbestos အကြောင်း ကျွန်တော် ဖတ်ထားသလောက် ဆွေးနွေး ကြည့်ရအောင်။ Asbestos ကို ဗမာလို သိကြတာက ကျောက်ဂွမ်း။ အမျှင် ပါတဲ့ စီလီကိတ်ကျောက်ပဲ။ အတိအကျ ဆိုရင်တော့ Chrysotile, Mg 3Si205 (OH) 4, Magnesium Silicate Mineral Serpentine ပဲဗျ။ Amphibole အုပ်စုဝင် အခြားမျိုးကွဲ ငါးခုရှိသေးတယ်။ Anthophyllite , Amosite (Grunerite), Crocidolite (Riebeckite), Tremolite, and Actinolite တဲ့။ ကနေဒါနိုင်ငံ ကွိဘက်နှင့် ရုရှားက အများဆုံးထွက်တယ်။ ဘီစီ ၄၀၀၀ ခေတ်ကတည်းက သုံးခဲ့ကြတယ်။ ရောမ အင်ပါယာ တန်ခိုးထွားစဉ် ဟိုရှေးရှေး ကတည်းက အဆောက်အအုံ တွေ၊ အဝတ်အထည်တွေ၊ မီးပူဒဏ်ခံ ပစ္စည်း အနေနှင့် သုံးခဲ့ကြပေမယ့် ၁၉ ရာစု အထိတော့ စီးပွားဖြစ် မသုံးသေးဘူး။
စက်မှုတော်လှန်ရေးခေတ် ရောက်လာတော့ အဆောက်အအုံ အကြီးကြီးတွေ၊ စက်ရုံတွေ၊ သင်္ဘောတွေ၊ မီးရထားတွေမှာသုံး လာတယ်။ နောက်ပိုင်းမှာ ရေနံချက်ရုံ တွေမှာပါ သုံးလာတယ်။ ၂၀ ရာစုရောက်တော့ ပိုပြီး အသုံးတွင်ကျယ် လာတယ်။ ကားရဲ့ အင်ဂျင် ဂက်စကက်တွေ၊ ကလပ်တွေ၊ ဘရိတ်ရှူးတွေ၊ အိတ်ဇောတွေမှာ သုံးတယ်၊ ပျော့ပျောင်းတယ်၊ ကျစ်လျစ် မာကျောတယ်၊ ကြားခံ သတ္တိ ကောင်းတယ်၊ အပူခံတယ်၊ အသံကို စုပ်ယူအားကောင်းလို့ မိုးပျံ အဆောက်အအုံ တွေမှာ Asbestos တွေ ပါဝင်မှုများ လာတယ်။ သူ့ရဲ့ ဖိုင်ဘာအမျှင်ဟာ လူဆံတစ်ပင်ရဲ့ အပုံ ၁၂၀၀ ပုံ တစ်ပုံထိ ဆွဲဆန့် ရက်လုပ်လို့ရတယ်။ ဒါကြောင့် ကော်၊ ဘိလပ်မြေ၊ ပလတ်စတာ၊ ပုံသွင်း ကျောက်ပြား၊ ဂဟေဆော်တဲ့ သံချောင်း၊ အလွယ်တကူ ကွေးကောက် လိပ်သိမ်းလို့ ရတဲ့ ဘုတ်ပြား၊ ဗီနိုင်းစက္ကူ၊ ရေနွေးငွေ့ပိုက်လိုင်းတို့၊ ဆီပူပိုက်လိုင်း တို့မှာ ပတ်ထားတဲ့ အပူခံအဝတ်၊
အဆောက်အအုံတွေ၊ အခင်းပြား၊ မျက်နှာကြက် အပူခံပြားတွေ၊ လျှပ်စစ်ပစ္စည်းတွေမှာ
လျှပ်ကာ၊ မီးဖိုတွေ မီးပူတွေရဲ့ မီးခံပြားတွေမှာ အများဆုံး သုံးတယ်။ ဒါ ကျွန်တော်
လက်လှမ်း မီသလောက်နှင့် သတိရသလောက်ပါ။ Asbestos ပါဝင်တဲ့ လူသုံးပစ္စည်းတွေ
ဘယ်လောက်များလည်း သိချင်ရင် Internet မှာ Asbestos Products လို့ ရိုက်ထည့်ကြည့်ပါ။
ဗြဲဆိုပြီး တစ်ထမ်းကြီး ကျလာ ပါလိမ့်မယ်။
၁၉၇၀ ရောက်တော့ ကျောက်ဂွမ်းမျှင်တွေက လူတွေကို အသက်ရှူ လမ်းကြောင်းနှင့် အဆုတ်ရောဂါ ရလာတာ တွေ့ရှိလာ တယ်။ အဲဒါတွေက ဒုတိယ ကမ္ဘာစစ်တုန်းက ကျောက်ဂွမ်းပါတဲ့ စက်ရုံတွေမှာ အလုပ်ဝင်သူတွေမှာ အတွေ့များတယ်။ ရောဂါနာမည် ပေးလိုက်တာက Asbestos တဲ့။ Mesothelioma Disease ပါပဲ။ ကျောက်ဂွမ်းပါတဲ့ ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေမှာ အလုပ်ဝင် သူတွေဟာ အလွန်သေးငယ်တဲ့ ကျောက်ဂွမ်း အမျှင် လေးတွေကို နေ့စဉ် ရှူရိုက်နေရတော့ အဆုတ်မှာ သွားရောက်ကပ်ငြိပြီး နှစ်ကြာလာတော့ အဆုတ် ကင်ဆာဖြစ်တာပါ။
ကမ္ဘာတစ်လွှားရှိ လူသားတွေဟာ ကျောက်ဂွမ်း ကုန်ကြမ်းတွေ နှင့် ရင်းနှီး ထိတွေ့ခဲ့ကြ ပြီးပါပြီ။ Asbestos စက်ရုံတွေမှာ အလုပ်လုပ် ခဲ့ကြတဲ့ သူတွေ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်း ရောဂါတွေလည်း ရရှိ ခံစားခဲ့ရ ပြီးပါပြီ။
ဒါကြောင့် လူတွေအတွက် ဆိုးကျိုးဖြစ်စေတဲ့ ကျောက်ဂွမ်း ထုတ်လုပ်ဖြန့်ဖြူး၊ တင်သွင်းမှုကို နိုင်ငံအချို့က နည်းဥပဒေနှင့် ပြဋ္ဌာန်း ပိတ်ပင်နေပါပြီ။ အသစ်ထုတ်လုပ်ထားတဲ့ လူသုံးပစ္စည်းများ မှာ Asbestos မပါဝင်ရဘူး။ မဖြစ်မနေ ထည့်ရလျှင်လည်း ၁ ရာခိုင်နှုန်း ထက် မကျော်ရလို့ ဥပဒေအရ သတ်မှတ် ပြဋ္ဌာန်းလာတယ်။
၁၉၈၄ မှာ နယူးဇီလန်က အညိုနှင့် အပြာရောင်ကျောက်ဂွမ်း (Raw Amphibole) တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၀၂ မှာ အဖြူရောင်ကျောက်ဂွမ်း (Chrysotile) တင်သွင်းမှုကို ပိတ်လိုက် တယ်။ ၁၉၈၅ မှာ ယူကေက အညိုနှင့် အပြာရောင် ကျောက်ဂွမ်း တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၁၂ မှာ စက်ရုံနှင့် ရုံးဝန်ထမ်း တွေကို Asbestos နှင့် ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေ နှစ်စဉ် သင်တန်းပေးရမယ်လို့ ပြဋ္ဌာန်းတယ်။
၁၉၈၉ မှာ အမေရိကန်က EPA 947, Cir.1991 နဲ့ ကျောက်ဂွမ်း ပါတဲ့ ပစ္စည်း ထုတ်လုပ်မှုကို တားမြစ် ပိတ်ပင် လိုက်တယ်။ ၁၉၉၁ မှာ သြစတြေးလျက Asbestos ပါတဲ့ Materials တွေ တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၀၄ မှာ ကားရဲ့အစိတ်အပိုင်းတွေမှာ Asbestos ပါတဲ့ Materials တွေ တင်သွင်းမှု ကို ပိတ်လိုက်တယ်။
ဂျပန်က ၂၀၀၄၊ ကိုရီးယားက ၂၀၀၉ နဲ့ တူရကီက ၂၀၁၁ မှာ အသီးသီး Asbestos ပါတဲ့ Materials တွေ တင်သွင်းမှုကို ပိတ်လိုက်တယ်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ IMO ကလည်း နောက်ပိုင်း ဆောက်တဲ့ သင်္ဘောအသစ် တွေရဲ့ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ ကိုယ်ထည် ပိုင်းတွေမှာ Asbestos တွေ မတပ်ဆင်ရ၊ မသုံးရတော့ဘူးလို့ SOLAS, 2009 Edition မှာ နည်းဥပဒေနှင့် ပြဋ္ဌာန်း တားမြစ်ထားတယ်။
၂၀၀၉ ဧပြီတုန်းက ကျွန်တော် ဘင်္ဂလားဒေ့ရှ်ရှိ စစ်တကောင်း သင်္ဘောသင်္ချိုင်းကို ရောက်ခဲ့တယ်။ အလုပ်လုပ်နေတဲ့ ဘင်္ဂါလီတွေ ဟာ ကြောက်စရာ အလွန်ကောင်းတဲ့ ရောဂါဆိုး ဆီတိုး ဝင်နေတယ်ဆို တာ သိကြဟန်တောင် မတူပါဘူး။ Steam Line ရေနွေးငွေ့ပိုက်မှာ အပူအကာ အဖြစ် ပတ်ထားတဲ့ ကျောက်ဂွမ်း တွေကို တဗျင်းဗျင်းဆွဲ ခွာနေတယ်။ ပင်လယ်လေက ကျောက်ဂွမ်းအမျှင် အမှုန့်တွေ လေထဲ ဆွဲဝှေ့ပြီပေါ့။ အန္တရာယ် ကာကွယ်တဲ့ ဝတ်စုံမဝတ်၊ ဦးထုပ်ဗလာ၊ လက်အိတ်တောင် မပါဘူး။ ခန္ဓာကိုယ်ကို ကျောက်ဂွမ်းမှုန့် ထိရင် အင်မတန်ယားပါတယ်။ ထိဖူးသူတိုင်း သိမှာပါ။
ဒီနေရာမှာ သတိထားစရာ တစ်ခု တွေ့မိ၊ တွေးမိတယ်ဗျ။ ချမ်းသာတဲ့ တိုင်းပြည်တွေ အကျိုးစီးပွား အတွက် ဆင်းရဲတဲ့ တိုင်းပြည် တွေက လိမ့်နေအောင် ခံကြရတာ။
၂၀၀၂ တုန်းက အဖြစ်အပျက် တစ်ခုကိုကြည့်။ 'Sea Beirut' ဆိုတဲ့ သင်္ဘောကို ပြင်သစ်ကနေ တူရကီ သင်္ချိုင်းဆီ သယ်လာတယ်။ ဂရင်းပိစ် အဖွဲ့က အဲဒီသင်္ဘောနောက်က တကောက်ကောက် လိုက် သွားတယ်။ ဒီသင်္ဘောပေါ်မှာ လူ၊ တိရစ္ဆာန်နှင့် သဘာဝ ပတ်ဝန်း ကျင်ကို ဒုက္ခပေးမယ့် အန္တရာယ်ရှိ အဆိပ်သင့် အမှိုက်တွေ ပါလာတယ်။ အဲဒီသင်္ဘောကို သူတို့ပြင်သစ်မှာပဲ သံရည်ကျို ဖျက်သိမ်းမယ် ဆိုရင် အရင်ဆုံး အဆိပ်သင့်စေတဲ့ Materials တွေ ရှင်းထုတ်ရမှာ။ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ အဲဒီအတွက် Requirements တွေ၊ Rule and Regulations တွေ က အလွန် တင်းကျပ်သလို လုပ်အားခတွေ ကလည်း သိပ်များတယ်။ ဒါကြောင့် အဲသလို မတင်းကျပ်တဲ့၊ လုပ်အားခလည်း သက်သာတဲ့ တူရကီကို လာတာပေါ့။ တပ်ကီ Shipyard မှာ အနောက် ဥရောပ နိုင်ငံတွေကလာပြီး Scrapped လုပ်တဲ့ သင်္ဘောက ၅၀ ရာခိုင်နှုန်း ရှိတယ်။ အဲဒီလိုပဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့ရဲ့ Shipyards တွေမှာလည်း ကမ္ဘာအရပ် ရပ်က သင်္ဘောတွေ လာဖျက်ကြတယ်။ ဒီနိုင်ငံတွေမှာ လူ၊ တိရစ္ဆာန် နှင့် သဘာဝ ပတ်ဝန်းကျင်ကို ဒုက္ခပေးမယ့် အန္တရာယ်ရှိ အဆိပ်သင့် အမှိုက်တွေ စွန့်ပစ်တာကို ထိထိရောက်ရောက် မတားမြစ်ကြဘူးလေ။
တူရကီ ရေပိုင်နက် ရောက်တော့ ဂရင်းပိစ် သင်္ဘောက တပ်ကစ် အာဏာပိုင်ကို 'Sea Beirut' သင်္ဘောမှာ အဆိပ်သင့် အမှိုက်တွေပါ လာတယ်လို့ သတင်းပို့တယ်။ တပ်ကီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့က သင်္ဘောကို ဝင်ရောက် စစ်ဆေးတယ်။ မသင်္ကာတဲ့ အစိတ် အပိုင်းတွေ နမူနာယူကြည့်တော့ Asbestos တွေ တွေ့လို့ လာရာလမ်း ပြင်သစ်ကို ပြန်ပို့လိုက်တယ်။ ဒါကို အကြောင်းပြုပြီး ၂၀၀၂ ခုနှစ် မေလ ၂၁ ရက်နေ့ ဂျနီဗာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ စည်းဝေးပွဲ ကျင်းပဖြစ်တယ်။ Greenpeace က "သင်္ဘောပိုင်ရှင်ဟာ အဆိပ်သင့် အမှိုက်တွေ အားလုံးကို စာရင်းပြုစုပြီး သင်္ဘောဖျက်ဆီး (Scrapped) မယ့် Shipbreaking Yards မရောက်မီ ရှင်းလင်း ဖယ်ရှား ပစ်ရမယ်" လို့ တောင်းဆို ခဲ့တယ်။
အခြားတိုင်းပြည်က သင်္ဘော ဖြစ်ဖြစ်၊ ကိုယ့်ဆီက သင်္ဘော ဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ Shipyard ကို Scrapped လာလုပ်ရင် လည်း အဆိပ်သင့် အမှိုက်တွေ ဘယ်လို ရှင်းကြမလဲဆိုတာ ဥပဒေဆွဲ ထားမယ်ထင်ပါတယ်။
ဆင်းရဲတဲ့တိုင်းပြည်ကလူတွေ Right ဆိုတာ ဘာမှန်းမသိတဲ့ အချိန် အမေရိကန်တွေကတော့ လူ့အခွင့်အရေး အပြည့်အဝ ခံစားကြ ရတာဗျ။ ပြီးခဲ့တဲ့ ၂၀၁၂ မတ်လတုန်းက နိုင်သွားတဲ့ အမှုတွဲလေး ကြည့်ရအောင်။ ရေတပ်သား ရောဘတ်ဟတ်ဒစ် အဆုတ်ကင်ဆာနှင့် သေသွား တာကို သူ့ဇနီး မာဂရက်ဟတ်ဒစ်က ကျောက်ဂွမ်းပါတဲ့ ဂတ်စကက်တွေကြောင့် အဆိပ်မိတာဆိုပြီး အင်ဂျင်နှင့် စက်ပစ္စည်း တွေ ထုတ်လုပ်တဲ့ကုမ္ပဏီ (John Crane Inc., JCI) အပေါ် တရားစွဲ လျော်ကြေး တောင်းတယ်။
တရားရုံးက နှစ်ဖက် လျှောက်လဲချက်ကို ကြားနာ စစ်ဆေးပြီး ရေကြောင်း ဥပဒေဆိုင်ရာ ပင်လယ်ပြင်သေဆုံးမှု အက်နှင့် (under the general maritime law, Death on the High Seas Act, or DOHSA.
)ဆုံးဖြတ်လိုက်တယ်။ JCI ကုမ္ပဏီက တရားလို အပေါ် မသေမီ ရောဂါဝေဒနာ ခံစား နေခဲ့ရတဲ့ ရေတပ်သား အတွက် နှစ်မီလီယံ။ ကျန်ခဲ့တဲ့ ဇနီးက မုဆိုးမ ဖြစ်သွားလို့ လူမှုရေး ဆုံးရှုံးမှုအတွက် ၁ ဒသမ ၁၅ မီလီယံ ပေးလျော်လိုက်ရတယ်။
ဟာ့ဒစ်ဟာ အမေရိကန် ရေတပ်က သင်္ဘောသား၊ ၁၉၅၇ ကနေ ၁၉၇၆ အထိ ရေတပ်သင်္ဘော အမျိုးမျိုး၊ ပြည်တွင်းပြည်ပ ခရီးစဉ် အမျိုးမျိုး တာဝန်ထမ်း ခဲ့တယ်။Fitter ရာထူး (အင်ဂျင် အစိတ် အပိုင်းတွေ ဖြုတ်တယ်၊ တပ်ဆင်တယ်။ ဘားတွေ ဂတ်စကက်တွေ ပျက်ရင် လဲတယ်။ ပိုက်တွေဖြတ်တောက်၊ အပူခံ အင်ဆူလေတာတွေ ခွာထုတ်၊ ဝယ်ဒင်ဆော်၊ ပြန်ဆက်စတဲ့ အလုပ်) နှင့် Machinery Repair man
စက်ပြင် ရာထူးလုပ်ခဲ့တယ်။ သူ့ရဲ့အလုပ်က Asbestos
ပါဝင်တဲ့ Valve Seals, အင်ဂျင် ဂတ်စကက်၊ အပူပေး ရေနွေးငွေ့ ပိုက်ကို ပတ်ရံထားတဲ့ Asbestos Cloths တွေနဲ့ အမြဲထိတွေ့နေခဲ့ရ တယ်။ အဲဒီပစ္စည်းတွေ ထုတ်လုပ်ဖြန့်ချိတာက JCI ဖြစ်တယ်။
၂၀၀၇ ဖေဖော်ဝါရီကျတော့ သူ့မှာဆိုးရွားတဲ့ အဆုတ်ကင်ဆာ ရှိနေတာတွေ့ရတယ်။ ၂၀၀၉ မတ်လမှာဆုံးတယ်။ ရေတပ်မှာ နှစ် ၂၀ လောက် အမှုထမ်းစဉ်က ကျောက်ဂွမ်းမှုန်တွေ အဆုတ်မှာ တဖြည်းဖြည်း စုပုံ တွယ်ငြိခဲ့လို့ ဆိုတဲ့ အဖြေတွေ့တယ်။
JCI ကလည်း ဟာ့ဒစ်ဟာ နှစ် ၂၀ လောက် Navy စစ်သင်္ဘော တွေမှာ အလုပ်လုပ်စဉ် ထိတွေ့ ခဲ့ရတဲ့ Asbestos တွေဟာ သူတို့ပစ္စည်း ချည်းပဲ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုတယ်။ မာဂရက်ဟာ့ဒစ်က သူ ယောက်ျား အလုပ်လုပ်ခဲ့တဲ့ သင်္ဘောတွေမှာရှိတဲ့ Asbestos ပါဝင်တဲ့ ပစ္စည်းတွေဟာ JCI နှင့် Garlock ကထုတ်လုပ်တာပါလို့ သက်သေ နဲ့ အတိအကျ ပြောနိုင်ခဲ့တယ်။ နောက်ဆုံး အမှု နိုင်ခဲ့တယ်။
လက်ရှိ အချိန်မှာ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းမှာပဲ Asbestos ပါဝင်တဲ့ပစ္စည်းအမျိုးပေါင်း ၃၀၀၀ ကျော်ကို အိမ် သန်း ၃၀ နှင့် အဆောက်အအုံကြီးတွေမှာ
သုံးနေဆဲလို့ တရားဝင် ထုတ်ပြန် ထား တယ်။ Asbestos ပါဝင်တဲ့ ပစ္စည်းတွေ ဖယ်ထုတ်မယ်
ဆိုရင် ကျွမ်းကျင်တဲ့ လိုင်စင်ရ ကန်ထရိုက်တာ တွေကိုသာ အသုံးပြု ငှားရမ်း ရမယ်လို့
နည်းဥပဒေနဲ့ ပြဋ္ဌာန်း ထားတယ်။ သူတို့တစ်တွေ ရှင်းလင်း ဖယ်ထုတ် အမှုန်တွေ စုပ်ပြီးရင်
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က လေထု သန့်ရှင်းမှု အရည်အသွေးကို လာရောက်
စစ်ဆေးတဲ့ စနစ်ရှိတယ်။
နိဂုံး ပိတ်ရရင်တော့ ကျွန်တော်တို့ဟာ အန္တရာယ်တွေကြားမှာ မသိနားမလည်စွာ ကြီးပြင်း နေထိုင်ခဲ့ကြတာ။ ကျွန်တော့်ဆောင်းပါး ဖတ်ပြီး သင်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ထိတွေ့နိုင်တဲ့ အိမ်မျက်နှာကြက်တွေ၊ ဗီနိုင်းတွေ၊ အပူခံပြား အမျိုးမျိုးတွေ၊ ကားဟောင်းက ဘရိတ်တွေ၊ ဂတ်စကက်တွေ၊ အပူကာတွေ စတာတွေကို ကိုင်တွယ် မယ်၊ ဖယ်ထုတ် စွန့်ပစ်မယ် ဆိုရင် အကာအကွယ်ပစ္စည်း (PPE, Personal Safety Equipment) မဖြစ်မနေ သုံးကို သုံးရမှာ ဆိုတဲ့ အသိ ဝင်သွားရင် ရေးရကျိုးနပ်ပါပြီ။ နောက်အလျဉ်းသင့်ရင် Asbestos အန္တရာယ်တွေ အကြောင်းရေးပါဦးမယ်။
ဘီနို
9th December 2012
ကိုးကားသောဆောင်းပါးများ
1.QQ3. M.Mini မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံသို့ လေ့လာရေးတစ်ခေါက်? The Voice Weekly, Vol.8/No.48 ဒီဇင်ဘာ ၃-၉၊ ၂၀၁၂? OPINION
2. Asbestos From Wikipedia, the free encyclopedia
3. AMES F. EARLY, LLC, a law firm specializing in asbestos injury litigation. Copyright c 2012 by the Mesothelioma Cancer Alliance at Mesothelioma.com.
4. Recycling shipbreaking experts clean up polluted shipyards.
5. Va. SC reinstates $ 2 M pre-death suffering award in asbestos case Posted By John O'Brien
6. Australia's Customs (Prohibited Imports) Regulations 1956 REG-4C [that restricts the importation of asbestos]
7. SOLAS Consolidated edtion, 2009, IM
8. Turkish Enviroment Minister confirms presence of asbestos following Greenpeace action
9. ABC News Chinese cars recalled over asbestos concerns
The Voice Weekly မှကူးယူမျှဝေသည်။
တကယ် တွေ့ရှိတာက ကျွန်တော်တို့ နိုင်ငံမှာ မဟုတ်ဘူး။ နည်းပညာတွေ တိုးတက်တဲ့ သြစတြေးလျမှာ။ သြစတြေးလျ ပိုင်နယ်မြေ အတွင်း Asbestos ပါဝင်တဲ့ ပစ္စည်းများ ရောင်းချဖြန့်ဝေ၊ အသုံးပြု တာကို သူ့နိုင်ငံတွင်း ဥပဒေအရ တားမြစ် ပိတ်ပင်ထားတယ်။ (ဂျပန်၊ အီးယူနိုင်ငံတွေ အားလုံးနဲ့ ဖွံ့ဖြိုးပြီး ၅၅ နိုင်ငံတို့ကလည်း Asbestos ပါဝင်တဲ့ အဆောက်အအုံတွေ၊ ကားအစိတ်အပိုင်းတွေ မထုတ်လုပ်ဖို့ တားမြစ်ထားပါတယ်။) အဲဒါနှင့် ပတ်သက်ရင် သြစတြေးလျဥပဒေ အရ တစ်စီး ဒဏ်ငွေ ၁၁၀ç၀၀၀ ဒေါ်လာဖြစ်လို့ မီလီယံနှင့်ချီပြီး ဒဏ်ငွေ တပ်ခံရမှာဖြစ်တယ်။
တချို့ကားတွေမှာ Asbestos ပါတဲ့ Gasket တစ်ခုစ နှစ်ခုစသာ ပါပေမယ့် တချို့ကားကျတော့ ရှစ်ခုထိ တွေ့ ရတယ်ဆိုတယ်။ မျိုးမတူတဲ့ Asbestos ပါ ဂတ်စကက်ပေါင်း ၃၀ တွေ့တယ် ဆိုတယ်။
ဒါ့အပြင် နောက်ထပ် ငါးနိုင်ငံ (ချီလီ၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ဘရာဇီးနှင့် စင်ကာပူ) မှာလည်း ဂရိတ်ဝေါ မော်တော် ကုမ္ပဏီနှင့် ချယ်ရီအော်တို မိုဘိုင်းကုမ္ပဏီထုတ် ကားအင်ဂျင်နှင့် အိတ်ဇောအစိတ် အပိုင်းတွေမှာ Asbestos တွေ သုံးထားတာ တွေ့ရှိတယ်လို့ ဆိုပါ တယ်။ တွေ့ရှိတဲ့ ကားတွေက Great Wall's SA 220, V240 , X240, V200 and X 200 Models; Chery J11 and J3. လို့ ACCC'S Website မှာဆိုတယ်။
အဲဒီသတင်းကို ကျွန်တော်တို့ နိုင်ငံက ဂျာနယ်တွေက ဖွတော့ လွှတ်တော်အထိ ရောက်ရော။ ဒါနဲ့ပဲ စက်မှု ဝန်ကြီး
ဌာနက Take response action အနေနှင့် ကျွမ်းကျင်အင်ဂျင်နီယာ ဦးအုန်းမြင့်၊ ဦးခင်မောင်ချို၊ ဦးသီရိဦးနှင့် မီဒီယာ
အုပ်စုမှ သတင်းထောက်များ ဖြစ်တဲ့ ဦးအောင်မျိုးလှ (ရန်ကုန် မီဒီယာ)၊ ဦးဝင်းလွင်ခိုင် (The Voice Weekly) တို့ ငါးဦးပါ အဖွဲ့ဖွဲ့ပြီး QQ3 နှင့် ချယ်ရီကား ထုတ်တဲ့ တရုတ်ပြည်ထိ သွားရောက် လေ့လာ စစ်ဆေး စေခဲ့တယ်လို့ ဦးအုန်းမြင့် ရဲ့ပေးစာ Letter to Editor အရ သိရတယ်။ လက်ရှိ အစိုးရဟာ မီဒီယာတွေ အပေါ် ဘယ်လောက် အလေးပေး တန်ဖိုးထားလဲ ဆိုတာ ထင်ရှားပါတယ်။ လှုပ်ရှား လုံ့လပြုကြသူ အားလုံးကို ဂါရဝပြုပါတယ်။
ဒါပေမဲ့ ကျွန်တော်တော့ ဘဝင်မကျဘူးဗျ။ မြန်မာပြည်ကိုတင်ပို့တဲ့ ကားတွေမှာ Asbestos ပါသလားလို့ ကားထုတ်
လုပ်တဲ့ ကုမ္ပဏီကို လှမ်းမေးရင် မပါဘူးပဲဖြေမှာ သေချာတယ်။ သံသယရှင်းအောင်သွားရောက် စစ်ဆေးချင်လား။
လာခဲ့လေ။ Asbestos မသုံးကြောင်း Certificate ထုတ်ပြမယ်။ Asbestos ပါတဲ့ အစိတ်အပိုင်းတွေ မှန်သမျှ တွက်
ထားမှာပေါ့။
ရိုးရိုးလေး တွေးကြည့်လို့ ရတယ်။ ဒါကြောင့် ဦးအုန်းမြင့်ရဲ့ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သော Chery QQ 3, M Mini ကားများတွင် Asbestos လုံးဝ မပါ ရှိကြောင်း တင်ပြချက်ကို မအံ့သြ တော့ပါဘူး။
အံ့သြတာက Chery Automobile Co., Ltd. သည် စနစ်တကျ နိုင်ငံတကာ စံချိန်မီ ထုတ်လုပ်လျက် ရှိသော နိုင်ငံ
ပိုင် စက်ရုံ ဖြစ်ခြင်းကြောင့် ဆိုတဲ့ တင်ပြသူရဲ့ အရေးအသားပါ။ စနစ်တကျ နိုင်ငံတကာ စံချိန်မီ ဆိုရင် ကားထဲမှာ Asbestos ပါဝင်မှုကို တားမြစ်ထားတဲ့ နိုင်ငံတွေဆီ တင်ပို့တာကို ဘယ်လိုပြောမလဲ။ နိုင်ငံခြောက်ခုမှာ တင်ပို့ခဲ့တဲ့ Cherry ကားတွေမှာတော့ Asbestos ပါဝင်ပြီး မြန်မာနိုင်ငံကိုပို့တဲ့ကား
ဟိုစဉ်က တာဝန်ရှိ လူကြီးတွေ ငြင်းဆို ခဲ့ကြတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ထမင်းငတ်သူ မရှိဘူးတို့၊ အေအိုင်ဒီအက်စ်
ဝေဒနာသည် မရှိဘူးတို့၊ သူများနိုင်ငံ တွေမှာ ဆာ့ရောဂါဆန်း တွေ့ရှိနေချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီ ရောဂါ
ဆိုး မရှိဘူးတို့၊ သူများနိုင်ငံ တွေမှာ မုန်တိုင်းတွေတိုက်၊ ရေတွေ ကြီး စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်
နေတယ်၊ ကိုယ့်နိုင်ငံကတော့ အဲဒီဘေးတွေကလွတ်နေ သယောင်ယောင်။ နောက်ဆုံး ဖုံးမရ ဖိမရတော့မှအနည်း
ဆုံးပမာဏကို မလွှဲသာမရှောင်သာ ဖော်ပြတယ်။
အတိတ်မှာ အဲလိုချည်းပဲဆိုတော့ ပြည်သူတွေ ယုံပါ့မလား။
ပြည်သူတွေ ယုံလာအောင် ဘယ်လိုလုပ်ပြရမလဲ။ လက်ရှိ လမ်းပေါ်မှာ ပြေးနေတဲ့ QQ3 နှင့် ချယ်ရီ အချို့ကို 3rd Party ဖြစ်တဲ့ ကြားနေ အဖွဲ့အစည်းတစ်ခုခုက ဝင်ပြီးစစ်ရင်ကောင်းမလား။ အဲဒီကားတွေ အစီး ၄၀၀၀ သွင်းထားရင် ၁ ရာခိုင်နှုန်းပဲ စစ်ဦး။ ရန်ကုန်မြို့က QQ3 နှင့် ချယ်ရီအစီး ၄၀ ကို စစ်ပေးရမှာ။ Asbestos ပါဝင်နိုင်ခြေ ရှိတဲ့ ဘရိတ်တွေ၊ အိတ်ဇောတွေ၊ အင်ဂျင်အပိုင်းက ဂက်စကက်တွေဖြုတ်ပြီး ဓာတ်ခွဲ စစ်ဆေး ကြည့်ရမှာ။ စစ်ဆေး တွေ့ရှိချက်ကို အစိုးရက တရားဝင် ကြေညာရမှာ။
ဒီနေရာမှာ တစ်ခုတော့ပြောစရာရှိတယ်။ ကျွန်တော်တို့ နိုင်ငံက Asbestos ပါဝင်တဲ့ လူသုံးကုန် ပစ္စည်းတွေ မတင်သွင်းရလို့ ဥပဒေနဲ့ တားမြစ် ပိတ်ပင်ထားသလား။ မရှိရင်တော့ ပြောဖို့ ခက်ပါလိမ့်မယ်။
Asbestos အကြောင်း ကျွန်တော် ဖတ်ထားသလောက် ဆွေးနွေး ကြည့်ရအောင်။ Asbestos ကို ဗမာလို သိကြတာက ကျောက်ဂွမ်း။ အမျှင် ပါတဲ့ စီလီကိတ်ကျောက်ပဲ။ အတိအကျ ဆိုရင်တော့ Chrysotile, Mg 3Si205 (OH) 4, Magnesium Silicate Mineral Serpentine ပဲဗျ။ Amphibole အုပ်စုဝင် အခြားမျိုးကွဲ ငါးခုရှိသေးတယ်။ Anthophyllite , Amosite (Grunerite), Crocidolite (Riebeckite), Tremolite, and Actinolite တဲ့။ ကနေဒါနိုင်ငံ ကွိဘက်နှင့် ရုရှားက အများဆုံးထွက်တယ်။ ဘီစီ ၄၀၀၀ ခေတ်ကတည်းက သုံးခဲ့ကြတယ်။ ရောမ အင်ပါယာ တန်ခိုးထွားစဉ် ဟိုရှေးရှေး ကတည်းက အဆောက်အအုံ တွေ၊ အဝတ်အထည်တွေ၊ မီးပူဒဏ်ခံ ပစ္စည်း အနေနှင့် သုံးခဲ့ကြပေမယ့် ၁၉ ရာစု အထိတော့ စီးပွားဖြစ် မသုံးသေးဘူး။
စက်မှုတော်လှန်ရေးခေတ် ရောက်လာတော့ အဆောက်အအုံ အကြီးကြီးတွေ၊ စက်ရုံတွေ၊ သင်္ဘောတွေ၊ မီးရထားတွေမှာသုံး လာတယ်။ နောက်ပိုင်းမှာ ရေနံချက်ရုံ တွေမှာပါ သုံးလာတယ်။ ၂၀ ရာစုရောက်တော့ ပိုပြီး အသုံးတွင်ကျယ် လာတယ်။ ကားရဲ့ အင်ဂျင် ဂက်စကက်တွေ၊ ကလပ်တွေ၊ ဘရိတ်ရှူးတွေ၊ အိတ်ဇောတွေမှာ သုံးတယ်၊ ပျော့ပျောင်းတယ်၊ ကျစ်လျစ် မာကျောတယ်၊ ကြားခံ သတ္တိ ကောင်းတယ်၊ အပူခံတယ်၊ အသံကို စုပ်ယူအားကောင်းလို့ မိုးပျံ အဆောက်အအုံ တွေမှာ Asbestos တွေ ပါဝင်မှုများ လာတယ်။ သူ့ရဲ့ ဖိုင်ဘာအမျှင်ဟာ လူဆံတစ်ပင်ရဲ့ အပုံ ၁၂၀၀ ပုံ တစ်ပုံထိ ဆွဲဆန့် ရက်လုပ်လို့ရတယ်။ ဒါကြောင့် ကော်၊ ဘိလပ်မြေ၊ ပလတ်စတာ၊ ပုံသွင်း ကျောက်ပြား၊ ဂဟေဆော်တဲ့ သံချောင်း၊ အလွယ်တကူ ကွေးကောက် လိပ်သိမ်းလို့ ရတဲ့ ဘုတ်ပြား၊ ဗီနိုင်းစက္ကူ၊ ရေနွေးငွေ့ပိုက်လိုင်းတို့၊
၁၉၇၀ ရောက်တော့ ကျောက်ဂွမ်းမျှင်တွေက လူတွေကို အသက်ရှူ လမ်းကြောင်းနှင့် အဆုတ်ရောဂါ ရလာတာ တွေ့ရှိလာ တယ်။ အဲဒါတွေက ဒုတိယ ကမ္ဘာစစ်တုန်းက ကျောက်ဂွမ်းပါတဲ့ စက်ရုံတွေမှာ အလုပ်ဝင်သူတွေမှာ အတွေ့များတယ်။ ရောဂါနာမည် ပေးလိုက်တာက Asbestos တဲ့။ Mesothelioma Disease ပါပဲ။ ကျောက်ဂွမ်းပါတဲ့ ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေမှာ အလုပ်ဝင် သူတွေဟာ အလွန်သေးငယ်တဲ့ ကျောက်ဂွမ်း အမျှင် လေးတွေကို နေ့စဉ် ရှူရိုက်နေရတော့ အဆုတ်မှာ သွားရောက်ကပ်ငြိပြီး နှစ်ကြာလာတော့ အဆုတ် ကင်ဆာဖြစ်တာပါ။
ကမ္ဘာတစ်လွှားရှိ လူသားတွေဟာ ကျောက်ဂွမ်း ကုန်ကြမ်းတွေ နှင့် ရင်းနှီး ထိတွေ့ခဲ့ကြ ပြီးပါပြီ။ Asbestos စက်ရုံတွေမှာ အလုပ်လုပ် ခဲ့ကြတဲ့ သူတွေ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်း ရောဂါတွေလည်း ရရှိ ခံစားခဲ့ရ ပြီးပါပြီ။
ဒါကြောင့် လူတွေအတွက် ဆိုးကျိုးဖြစ်စေတဲ့ ကျောက်ဂွမ်း ထုတ်လုပ်ဖြန့်ဖြူး၊ တင်သွင်းမှုကို နိုင်ငံအချို့က နည်းဥပဒေနှင့် ပြဋ္ဌာန်း ပိတ်ပင်နေပါပြီ။ အသစ်ထုတ်လုပ်ထားတဲ့ လူသုံးပစ္စည်းများ မှာ Asbestos မပါဝင်ရဘူး။ မဖြစ်မနေ ထည့်ရလျှင်လည်း ၁ ရာခိုင်နှုန်း ထက် မကျော်ရလို့ ဥပဒေအရ သတ်မှတ် ပြဋ္ဌာန်းလာတယ်။
၁၉၈၄ မှာ နယူးဇီလန်က အညိုနှင့် အပြာရောင်ကျောက်ဂွမ်း (Raw Amphibole) တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၀၂ မှာ အဖြူရောင်ကျောက်ဂွမ်း (Chrysotile) တင်သွင်းမှုကို ပိတ်လိုက် တယ်။ ၁၉၈၅ မှာ ယူကေက အညိုနှင့် အပြာရောင် ကျောက်ဂွမ်း တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၁၂ မှာ စက်ရုံနှင့် ရုံးဝန်ထမ်း တွေကို Asbestos နှင့် ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေ နှစ်စဉ် သင်တန်းပေးရမယ်လို့ ပြဋ္ဌာန်းတယ်။
၁၉၈၉ မှာ အမေရိကန်က EPA 947, Cir.1991 နဲ့ ကျောက်ဂွမ်း ပါတဲ့ ပစ္စည်း ထုတ်လုပ်မှုကို တားမြစ် ပိတ်ပင် လိုက်တယ်။ ၁၉၉၁ မှာ သြစတြေးလျက Asbestos ပါတဲ့ Materials တွေ တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၀၄ မှာ ကားရဲ့အစိတ်အပိုင်းတွေမှာ Asbestos ပါတဲ့ Materials တွေ တင်သွင်းမှု ကို ပိတ်လိုက်တယ်။
ဂျပန်က ၂၀၀၄၊ ကိုရီးယားက ၂၀၀၉ နဲ့ တူရကီက ၂၀၁၁ မှာ အသီးသီး Asbestos ပါတဲ့ Materials တွေ တင်သွင်းမှုကို ပိတ်လိုက်တယ်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ IMO ကလည်း နောက်ပိုင်း ဆောက်တဲ့ သင်္ဘောအသစ် တွေရဲ့ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ ကိုယ်ထည် ပိုင်းတွေမှာ Asbestos တွေ မတပ်ဆင်ရ၊ မသုံးရတော့ဘူးလို့ SOLAS, 2009 Edition မှာ နည်းဥပဒေနှင့် ပြဋ္ဌာန်း တားမြစ်ထားတယ်။
၂၀၀၉ ဧပြီတုန်းက ကျွန်တော် ဘင်္ဂလားဒေ့ရှ်ရှိ စစ်တကောင်း သင်္ဘောသင်္ချိုင်းကို ရောက်ခဲ့တယ်။ အလုပ်လုပ်နေတဲ့ ဘင်္ဂါလီတွေ ဟာ ကြောက်စရာ အလွန်ကောင်းတဲ့ ရောဂါဆိုး ဆီတိုး ဝင်နေတယ်ဆို တာ သိကြဟန်တောင် မတူပါဘူး။ Steam Line ရေနွေးငွေ့ပိုက်မှာ အပူအကာ အဖြစ် ပတ်ထားတဲ့ ကျောက်ဂွမ်း တွေကို တဗျင်းဗျင်းဆွဲ ခွာနေတယ်။ ပင်လယ်လေက ကျောက်ဂွမ်းအမျှင် အမှုန့်တွေ လေထဲ ဆွဲဝှေ့ပြီပေါ့။ အန္တရာယ် ကာကွယ်တဲ့ ဝတ်စုံမဝတ်၊ ဦးထုပ်ဗလာ၊ လက်အိတ်တောင် မပါဘူး။ ခန္ဓာကိုယ်ကို ကျောက်ဂွမ်းမှုန့် ထိရင် အင်မတန်ယားပါတယ်။ ထိဖူးသူတိုင်း သိမှာပါ။
ဒီနေရာမှာ သတိထားစရာ တစ်ခု တွေ့မိ၊ တွေးမိတယ်ဗျ။ ချမ်းသာတဲ့ တိုင်းပြည်တွေ အကျိုးစီးပွား အတွက် ဆင်းရဲတဲ့ တိုင်းပြည် တွေက လိမ့်နေအောင် ခံကြရတာ။
၂၀၀၂ တုန်းက အဖြစ်အပျက် တစ်ခုကိုကြည့်။ 'Sea Beirut' ဆိုတဲ့ သင်္ဘောကို ပြင်သစ်ကနေ တူရကီ သင်္ချိုင်းဆီ သယ်လာတယ်။ ဂရင်းပိစ် အဖွဲ့က အဲဒီသင်္ဘောနောက်က တကောက်ကောက် လိုက် သွားတယ်။ ဒီသင်္ဘောပေါ်မှာ လူ၊ တိရစ္ဆာန်နှင့် သဘာဝ ပတ်ဝန်း ကျင်ကို ဒုက္ခပေးမယ့် အန္တရာယ်ရှိ အဆိပ်သင့် အမှိုက်တွေ ပါလာတယ်။ အဲဒီသင်္ဘောကို သူတို့ပြင်သစ်မှာပဲ သံရည်ကျို ဖျက်သိမ်းမယ် ဆိုရင် အရင်ဆုံး အဆိပ်သင့်စေတဲ့ Materials တွေ ရှင်းထုတ်ရမှာ။ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ အဲဒီအတွက် Requirements တွေ၊ Rule and Regulations တွေ က အလွန် တင်းကျပ်သလို လုပ်အားခတွေ ကလည်း သိပ်များတယ်။ ဒါကြောင့် အဲသလို မတင်းကျပ်တဲ့၊ လုပ်အားခလည်း သက်သာတဲ့ တူရကီကို လာတာပေါ့။ တပ်ကီ Shipyard မှာ အနောက် ဥရောပ နိုင်ငံတွေကလာပြီး Scrapped လုပ်တဲ့ သင်္ဘောက ၅၀ ရာခိုင်နှုန်း ရှိတယ်။ အဲဒီလိုပဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့ရဲ့ Shipyards တွေမှာလည်း ကမ္ဘာအရပ် ရပ်က သင်္ဘောတွေ လာဖျက်ကြတယ်။ ဒီနိုင်ငံတွေမှာ လူ၊ တိရစ္ဆာန် နှင့် သဘာဝ ပတ်ဝန်းကျင်ကို ဒုက္ခပေးမယ့် အန္တရာယ်ရှိ အဆိပ်သင့် အမှိုက်တွေ စွန့်ပစ်တာကို ထိထိရောက်ရောက် မတားမြစ်ကြဘူးလေ။
တူရကီ ရေပိုင်နက် ရောက်တော့ ဂရင်းပိစ် သင်္ဘောက တပ်ကစ် အာဏာပိုင်ကို 'Sea Beirut' သင်္ဘောမှာ အဆိပ်သင့် အမှိုက်တွေပါ လာတယ်လို့ သတင်းပို့တယ်။ တပ်ကီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့က သင်္ဘောကို ဝင်ရောက် စစ်ဆေးတယ်။ မသင်္ကာတဲ့ အစိတ် အပိုင်းတွေ နမူနာယူကြည့်တော့ Asbestos တွေ တွေ့လို့ လာရာလမ်း ပြင်သစ်ကို ပြန်ပို့လိုက်တယ်။ ဒါကို အကြောင်းပြုပြီး ၂၀၀၂ ခုနှစ် မေလ ၂၁ ရက်နေ့ ဂျနီဗာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ စည်းဝေးပွဲ ကျင်းပဖြစ်တယ်။ Greenpeace က "သင်္ဘောပိုင်ရှင်ဟာ အဆိပ်သင့် အမှိုက်တွေ အားလုံးကို စာရင်းပြုစုပြီး သင်္ဘောဖျက်ဆီး (Scrapped) မယ့် Shipbreaking Yards မရောက်မီ ရှင်းလင်း ဖယ်ရှား ပစ်ရမယ်" လို့ တောင်းဆို ခဲ့တယ်။
အခြားတိုင်းပြည်က သင်္ဘော ဖြစ်ဖြစ်၊ ကိုယ့်ဆီက သင်္ဘော ဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ Shipyard ကို Scrapped လာလုပ်ရင် လည်း အဆိပ်သင့် အမှိုက်တွေ ဘယ်လို ရှင်းကြမလဲဆိုတာ ဥပဒေဆွဲ ထားမယ်ထင်ပါတယ်။
ဆင်းရဲတဲ့တိုင်းပြည်ကလူတွေ Right ဆိုတာ ဘာမှန်းမသိတဲ့ အချိန် အမေရိကန်တွေကတော့ လူ့အခွင့်အရေး အပြည့်အဝ ခံစားကြ ရတာဗျ။ ပြီးခဲ့တဲ့ ၂၀၁၂ မတ်လတုန်းက နိုင်သွားတဲ့ အမှုတွဲလေး ကြည့်ရအောင်။ ရေတပ်သား ရောဘတ်ဟတ်ဒစ် အဆုတ်ကင်ဆာနှင့် သေသွား တာကို သူ့ဇနီး မာဂရက်ဟတ်ဒစ်က ကျောက်ဂွမ်းပါတဲ့ ဂတ်စကက်တွေကြောင့် အဆိပ်မိတာဆိုပြီး အင်ဂျင်နှင့် စက်ပစ္စည်း တွေ ထုတ်လုပ်တဲ့ကုမ္ပဏီ (John Crane Inc., JCI) အပေါ် တရားစွဲ လျော်ကြေး တောင်းတယ်။
တရားရုံးက နှစ်ဖက် လျှောက်လဲချက်ကို ကြားနာ စစ်ဆေးပြီး ရေကြောင်း ဥပဒေဆိုင်ရာ ပင်လယ်ပြင်သေဆုံးမှု အက်နှင့် (under the general maritime law, Death on the High Seas Act, or DOHSA.
)ဆုံးဖြတ်လိုက်တယ်။ JCI ကုမ္ပဏီက တရားလို အပေါ် မသေမီ ရောဂါဝေဒနာ ခံစား နေခဲ့ရတဲ့ ရေတပ်သား အတွက် နှစ်မီလီယံ။ ကျန်ခဲ့တဲ့ ဇနီးက မုဆိုးမ ဖြစ်သွားလို့ လူမှုရေး ဆုံးရှုံးမှုအတွက် ၁ ဒသမ ၁၅ မီလီယံ ပေးလျော်လိုက်ရတယ်။
ဟာ့ဒစ်ဟာ အမေရိကန် ရေတပ်က သင်္ဘောသား၊ ၁၉၅၇ ကနေ ၁၉၇၆ အထိ ရေတပ်သင်္ဘော အမျိုးမျိုး၊ ပြည်တွင်းပြည်ပ ခရီးစဉ် အမျိုးမျိုး တာဝန်ထမ်း ခဲ့တယ်။Fitter ရာထူး (အင်ဂျင် အစိတ် အပိုင်းတွေ ဖြုတ်တယ်၊ တပ်ဆင်တယ်။ ဘားတွေ ဂတ်စကက်တွေ ပျက်ရင် လဲတယ်။ ပိုက်တွေဖြတ်တောက်၊ အပူခံ အင်ဆူလေတာတွေ ခွာထုတ်၊ ဝယ်ဒင်ဆော်၊ ပြန်ဆက်စတဲ့ အလုပ်) နှင့် Machinery Repair man
စက်ပြင် ရာထူးလုပ်ခဲ့တယ်။ သူ့ရဲ့အလုပ်က Asbestos
ပါဝင်တဲ့ Valve Seals, အင်ဂျင် ဂတ်စကက်၊ အပူပေး ရေနွေးငွေ့ ပိုက်ကို ပတ်ရံထားတဲ့ Asbestos Cloths တွေနဲ့ အမြဲထိတွေ့နေခဲ့ရ တယ်။ အဲဒီပစ္စည်းတွေ ထုတ်လုပ်ဖြန့်ချိတာက JCI ဖြစ်တယ်။
၂၀၀၇ ဖေဖော်ဝါရီကျတော့ သူ့မှာဆိုးရွားတဲ့ အဆုတ်ကင်ဆာ ရှိနေတာတွေ့ရတယ်။ ၂၀၀၉ မတ်လမှာဆုံးတယ်။ ရေတပ်မှာ နှစ် ၂၀ လောက် အမှုထမ်းစဉ်က ကျောက်ဂွမ်းမှုန်တွေ အဆုတ်မှာ တဖြည်းဖြည်း စုပုံ တွယ်ငြိခဲ့လို့ ဆိုတဲ့ အဖြေတွေ့တယ်။
JCI ကလည်း ဟာ့ဒစ်ဟာ နှစ် ၂၀ လောက် Navy စစ်သင်္ဘော တွေမှာ အလုပ်လုပ်စဉ် ထိတွေ့ ခဲ့ရတဲ့ Asbestos တွေဟာ သူတို့ပစ္စည်း ချည်းပဲ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုတယ်။ မာဂရက်ဟာ့ဒစ်က သူ ယောက်ျား အလုပ်လုပ်ခဲ့တဲ့ သင်္ဘောတွေမှာရှိတဲ့ Asbestos ပါဝင်တဲ့ ပစ္စည်းတွေဟာ JCI နှင့် Garlock ကထုတ်လုပ်တာပါလို့ သက်သေ နဲ့ အတိအကျ ပြောနိုင်ခဲ့တယ်။ နောက်ဆုံး အမှု နိုင်ခဲ့တယ်။
လက်ရှိ အချိန်မှာ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းမှာပဲ Asbestos ပါဝင်တဲ့ပစ္စည်းအမျိုးပေါင်း
နိဂုံး ပိတ်ရရင်တော့ ကျွန်တော်တို့ဟာ အန္တရာယ်တွေကြားမှာ မသိနားမလည်စွာ ကြီးပြင်း နေထိုင်ခဲ့ကြတာ။ ကျွန်တော့်ဆောင်းပါး ဖတ်ပြီး သင်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ထိတွေ့နိုင်တဲ့ အိမ်မျက်နှာကြက်တွေ၊ ဗီနိုင်းတွေ၊ အပူခံပြား အမျိုးမျိုးတွေ၊ ကားဟောင်းက ဘရိတ်တွေ၊ ဂတ်စကက်တွေ၊ အပူကာတွေ စတာတွေကို ကိုင်တွယ် မယ်၊ ဖယ်ထုတ် စွန့်ပစ်မယ် ဆိုရင် အကာအကွယ်ပစ္စည်း (PPE, Personal Safety Equipment) မဖြစ်မနေ သုံးကို သုံးရမှာ ဆိုတဲ့ အသိ ဝင်သွားရင် ရေးရကျိုးနပ်ပါပြီ။ နောက်အလျဉ်းသင့်ရင် Asbestos အန္တရာယ်တွေ အကြောင်းရေးပါဦးမယ်။
ဘီနို
9th December 2012
ကိုးကားသောဆောင်းပါးများ
1.QQ3. M.Mini မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံသို့ လေ့လာရေးတစ်ခေါက်? The Voice Weekly, Vol.8/No.48 ဒီဇင်ဘာ ၃-၉၊ ၂၀၁၂? OPINION
2. Asbestos From Wikipedia, the free encyclopedia
3. AMES F. EARLY, LLC, a law firm specializing in asbestos injury litigation. Copyright c 2012 by the Mesothelioma Cancer Alliance at Mesothelioma.com.
4. Recycling shipbreaking experts clean up polluted shipyards.
5. Va. SC reinstates $ 2 M pre-death suffering award in asbestos case Posted By John O'Brien
6. Australia's Customs (Prohibited Imports) Regulations 1956 REG-4C [that restricts the importation of asbestos]
7. SOLAS Consolidated edtion, 2009, IM
8. Turkish Enviroment Minister confirms presence of asbestos following Greenpeace action
9. ABC News Chinese cars recalled over asbestos concerns
The Voice Weekly မှကူးယူမျှဝေသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။