Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 14, 2013

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ် လှပရသည့် အကြောင်း အရင်း

ဗီယက်နမ် လူမျိုးများ အသားအရေနှင့် ခန္ဓာကိုယ် လှပရသည့် အကြောင်း အရင်း

========================================

ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အသား အရေ ကြည်လင်လှပပြီး ခန္ဓာကိုယ်အဆီမရှိဘဲ သွယ်လျ လှပကြတာကို တွေ့ရှိ့ ရပါတယ်။ ဘာကြောင့် သူတို့အနေနဲ့ အသားအရေလှပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရသလဲဆိုတဲ့ အကြောင်းကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ ငါး၊ ပုစွန်၊ ...ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီးစတာတွေ ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေအကြောင်းကို ပြောပြချင်ပါတယ်။

၁။ ဗီယက်နမ် ဟင်းလျာထဲတွင် အဓိက ပါဝင်ပစ္စည်းများ

ဗီယက်နမ် ဟင်းလျာတွေထဲမှာ ငါးနဲ့လုပ်ထားတဲ့ ဆော့စ်၊ ပဲပိစပ်ဆော့စ်၊ ဆန်၊ လတ်လတ်ဆတ်ဆတ် ဟင်းခတ် အမွှေးအကြိုင်တွေ၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အဓိက အသုံးပြုပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အနေနဲ့ ပူရှိန်း၊ ပင်စိမ်းရွက်၊ နံနံပင်၊ ရှောက်သီး၊ သံပရာသီး၊ ဆလတ်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) စတာတွေကို သုံးလေ့ရှိပါတယ်။ ဗီယက်နမ်လူမျိုးတွေက ဟင်းလျာ တစ်မျိုးထဲကို ထည့်သွင်း ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ် သန့်ရှင်းမှုနဲ့ ဆေးဖက်ဝင်ပုံတို့ကို အထူး အလေးထားပါတယ်။

၂။ ဗီယမ်နမ် မိသားစုများ စားသောက်ပုံ

ပျမ်းမျှအားဖြင့် ဗီယက်နမ် မိသားစုတွေက ထမင်းဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ငါး ဒါမှမဟုတ် ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက် ရောပြုတ်ထားတဲ့ ဟင်းရည်၊ ဟင်းသီးဟင်းရွက်သနပ်၊ ဟင်းသီးဟင်းရွက်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်မျိုး၊ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်တွေ ပါဝင်ပါတယ်။ အဲဒီအစာတွေ နဲ့ တွဲစားနိုင်ဖို့ ငါးဆော့စ် ဒါမှမဟုတ် ပဲပိစပ်ဆော့စ်၊ ကြက်သွန်ဖြူ၊ ငံပြာရည် စတာတွေကိုလည်း ပြင်ဆင်ထားပါတယ်။ ထမင်းစားပြီး အချိုပွဲအနေနဲ့ စားတတ် တာကတော့ သင်္ဘောသီး၊ ပဲသုပ်နဲ့ ရာသီပေါ် အသီးအနှံတွေပဲ ဖြစ်ပါတယ်။

၃။ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲစွပ်ပြုတ်

ထမင်းစားတိုင်း မပါမဖြစ်ပါခဲ့တာက ကြက်သား ဒါမှမဟုတ် ဝက်သား ဒါမှမဟုတ် အမဲသားပါတဲ့ ခေါက်ဆွဲစွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ အဲဒီ စွပ်ပြုတ်ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီမပါဘဲ ပြုတ်ရည်ကို အရသာရှိပြီး ချိုမွှေး နေအောင် ပြုလုပ်ထားပါတယ်။ အဲဒီစွပ်ပြုတ်ကို အနီရောင်ငရုတ်သီး၊ ပင်စိမ်း၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထည့် စားရပါတယ်။

၎။ ဗီယက်နမ် ကြက်ဥကြော်

ကြက်ဥကြော် ကလည်း ဗီယက်နမ်တွေရဲ့ ရိုးရာ အစားအသောက်ထဲမှာ တစ်မျိုး အပါအဝင်ပါပဲ။ ကြက်ဥကို မွှေပြီး အခွံခွာထားတဲ့ ပုစွန် ဒါမှမဟုတ် ကမာ၊ ကြက်သွန်နီပါးပါး၊ တစ်ခါတစ်ရံ မှိုထည့်ပြီး အုန်းဆီ၊ နနွင်းမှုန့်တို့နဲ့ ရောပြီးကြော်တာ ဖြစ်ပါတယ်။ အုန်းဆီ (Coconut Oil) က ဗီယက်နမ်မှာ အသုံးများတဲ့ဆီ ဖြစ်ပါတယ်။

၅။ ဗီယက်နမ် ထမင်းလိပ်

ဒါကို Vietnamese Fresh Roll လို့ခေါ်ပြီး ဆန်ကို စက္ကူပုံစံ အလိပ်လေး လုပ်ပြီး အထဲမှာ ပုဇွန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အသား၊ မြေပဲဆော့စ် စတာတွေ ထည့်ပါတယ်။ အများအားဖြင့် ဂျုံခေါက်ဆွဲ ဒါမှမဟုတ် ဂျုံကြာဆံနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း ပြုလုပ်ကြပါတယ်။

၆။း ဗီယက်နမ်ရိုးရာ ဆေးနည်းများ

လူ့ခန္ဓာကိုယ်မှာ ဓာတ်ပစ္စည်းတွေ မျှတနေဖို့အတွက် ဟင်းလျာတစ်မျိုးထဲ ထည့်မယ့် ပါဝင်ပစ္စည်းတွေကို ရွေးချယ် သုံးစွဲကြပါတယ်။

- ဘဲသားကို အအေးစာလို့ ယူဆပြီး နွေရာသီမှာ စားကြပါတယ်။ ချင်း(ဂျင်း)ပါတဲ့ ငါးဆော့စ်နဲ့ တွဲစားပေးရင် နွေးတယ်လို့ ယူဆပါတယ်။ ကြက်သားကို အနွေးစာ၊ ဝက်သားကို အပူစာလို့ ယူဆပြီး ဆောင်းရာသီမှာ အစားများ ပါတယ်။

- ပင်လယ်စာကို အအေးစာလို့ ယူဆပြီး ချင်း(ဂျင်း)နဲ့ တွဲစားပါတယ်။

- ဟင်းခတ် အမွှေးအကြိုင်တွေကို ချဉ်တဲ့ ဆော့စ်တွေနဲ့ တွဲဖက်ပြုလုပ်ပြီး ယင်ဓာတ်နဲ့ ယန်ဓာတ် မျှတအောင် ပြုလုပ်ပါတယ်။

- အအေးမိနေသူ၊ တုပ်ကွေး ကွေးနေသူတွေကို ချင်းပြုတ်ရည် သောက်ခိုင်း ပါတယ်။


ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
See More
— with Ko Ko Oo, Moneman Moe, Hnin Ngwe, Win Yu Maung Maung and Win Yu Maung.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။