8 DAYS ဂျာနယ်မှာ ပရိသတ်မှ အမေး အနုပညာရှင်မှ အဖြေဆိုတဲ့ ကဏ္ဍလေးကိုတင် ဆက်ပေးလိုက် ပါတယ်။ ပြည်သူချစ်တဲ့ ကဏ္ဍလေးကို တင်ဆက်ပေး လိုက်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေရဲ့ အကြောင်းကို သူတို့ချစ်တဲ့ပရိသတ်က 8 DAYS မှတစ်ဆင့် အနုပညာရှင် ထံသွားရောက် မေးမြန်းပြီး သိလိုသမျှ ဖော်ပြ ပေးလိုက်ပါတယ်။ 8 DAYS ရဲ့ Fan Club Member များ ကျေနပ် ပျော်ရွှင်နိုင်ကြပါစေ..။
သမီးနာမည်က မနှင်းရည်ဝင်းပါ။ သမီးက 8 Days Journal ရဲ့ ပရိသတ်တစ်ဦးပါ။ သမီးအကြိုက်ဆုံး ကဏ္ဍကတော့ To & From ၊ အောင်မြင်ကျော်ကြား အနုပညာရှင်များရဲ့ လျှို့ဝှက်စကားကို အနှစ်သက်ဆုံးပါ။ To & From ကဏ္ဍ ကသမီးနှစ်သက်တဲ့ Hip Hop အဆိုတော် MC ဇေရဲရဲ့ အကြောင်းကိုကျေးဇူးပြု၍ မေးမြန်းပေးပါနော်။
Q. မွေးသက္ကရာဇ်ကို သိချင်ပါတယ်။
A. ကျွန်တော့်နာမည်ရင်းက စည်သူပါ။ မွေးသက္ကရာဇ်က 26.4.X ပါ။ ခုနှစ်ကိုတော့ လျှို့ဝှက်ထားပါ ရစေ . . . ဟဲဟဲ။
Q. အစ်ကို့ရဲ့ ပညာရေးနဲ့ အနုပညာလှုပ်ရှားမှုကို သိချင်ပါတယ်။
A. ပထမနှစ် GTC ကနေ စီး ပွားရေးအဝေးသင်ပြောင်းတက်နေ ပါတယ်။
Q. အစ်ကိုကြီးတစ်ကိုယ်တော် အခွေလုပ်ဖို့ အစီအစဉ်မရှိဘူးလား။ အကိုကြီးရဲ့ သီချင်းတွေအားလုံးကို ကြိုက်နှစ်သက်ပါတယ်။
A. "Respect" အခွေလေးလုပ် နေပါတယ်။ ရိုက်ကူးမှုတွေလည်းပြီး ပါပြီ။ှ
Q. အစ်ကိုကြီးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုသိချင်ပါတယ်။
A. အမှတ် (၂၆)၊ ပုလဲလမ်း၊ ကျိုက္ကစံရပ်ကွက်၊ ရန်ကုန်မြို့ပါ။
Q. "လက်လက်ကိုထလို့" သီချင်းခွေထဲမှာ အစ်ကိုကြီးဆိုထားတဲ့ သီချင်းရဲ့စာသားလေးတွေနဲ့ အစ်ကိုကြီးဝတ်ထားတဲ့ Fashion ကိုလည်း အရမ်းနှစ်သက်ပါတယ်။
A. အရမ်းဝမ်းသာပါတယ်။ အခုလိုအားပေးစကားတွေကြောင့် ဒီနေ့အထိ သီချင်းတွေလုပ်နိုင်တာပါ။
Q. အစ်ကိုကြီးက အရမ်းချောတယ်။ စာရေးရင်ကော စာပြန်မှာလား။ အစ်ကိုကြီးရဲ့ ဓာတ်ပုံ (၃) ပုံ လောက်လိုချင်ပါတယ်။ လက်မှတ်ပါ ထိုးပေးပါ။
A. စာပြန်ပါတယ်။ ပရိသတ် တွေရဲ့စာက ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။
Q. အစ်ကိုကြီးဆီမှာရှိတဲ့ Hip Hop ဦးထုပ်လေးတစ်လုံးလောက် လိုချင်ပါတယ်။ အမှတ်တရ သိမ်းထားချင်လို့ပါ။ ပေးမှာလား။
A. ကျွန်တော်ကြိုက်တဲ့ဦးထုပ် နှစ်လုံးထဲကတစ်လုံးပေးပါ့မယ်။
Q. Hip Hop လောကမှာ ဇေရဲဆိုတဲ့ နာမည်တစ်လုံးရအောင် အောင်မြင်ကျော်ကြားပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ညီမလေးဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
A. အလိုချင်ဆုံးဆုပါ။ ပေးတဲ့ ဆုနဲ့ပြည့်ပါစေ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။