ရော့ခ် တေးရေး တေးဆို ဘရိုင်ယန်အက်ဒမ်ကို ကနေဒါနိုင်ငံ အွန်စောရီယို ကင်မဘုန်းတွင် ၁၉၅၉ နိုဝင်ဘာလ ၅ရက်နေ့မှာ မွေးဖွားခဲ့ ပါတယ်။ ဖခင်ဖြစ်သူက ကနေဒါ စစ်တပ်ထဲဝင်ပြီးတဲ့နောက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး စောင့်ကြည့်ရေး တပ်ဖွဲ့မှာ ပါခဲ့ပါတယ်။ နောက်ပိုင်းမှာ သံတမန် တစ်ယောက်ဖြစ်လာခဲ့ ပါတယ်။ ဒါကြောင့် ဖခင်တာဝန်ကျတဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ ပေါ်တူဂီ၊ ဩစတြေးလျ အပါအဝင် နိုင်ငံအတော်များများ မှာနေထိုင်ခဲ့ဖူးပါတယ်။ ဂီတနဲ့ပတ်သက်ပြီး ဆုပေါင်းများစွာ ရရှိခဲ့သလို ကြိုတင်လျာထား အမည်စာရင်းလည်း အကြိမ်ပေါင်းများစွာ ဝင်ခဲ့ဖူးသူပါ။ ဂီတအပြင် ဓာတ်ပုံပညာရှင်တစ် ယောက်လည်းဖြစ်ပြီး လူမှုရေး လုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်လုပ် ဆောင်တဲ့အတွက် ကနေဒါနိုင်ငံက ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းကိုခံ ထားရသူဖြစ်ပါတယ်။
သူ့ရဲ့နာမည်နဲ့ ပွဲဦးထွက်အယ်လ်ဘမ်ကို ၁၉၈၀ ပြည့် ဖေဖော်ဝါရီလ မှာ ထုတ်ခဲ့ပါတယ်။ သီချင်းရေးတာနဲ့ပတ်သက်ပြီး "ပြောစကားတစ်ခု ရှိတယ်။ သီချင်းတွေရေးရတာ လွယ်ပါတယ်တဲ့။ ဒါပေမဲ့ သီချင်း ကောင်းတွေရေးရတာ ခက်ခဲတယ်တဲ့။ ခုချိန်မှာ ဒီစကားအတိုင်း ကျွန်တော်သီချင်းတွေ ရေးမှာဖြစ်ပါတယ်"။ သူငယ်စဉ်က ဖြစ်ချင်ခဲ့တဲ့ ဆန္ဒကိုပြောပြရာမှာ "ကျွန်တော်က အဆိုတော်ဒါမှမဟုတ် တီးဝိုင်းမှာ ဘေ့စ်ဂစ်တာတီး တဲ့လူဖြစ်ချင်ခဲ့တာပါ။ ကျွန်တော် တီးဝိုင်းတစ်ခုရှိချင်တယ်။ အဲဒီမှာ ကျွန်တော်တီးဝိုင်းရဲ့ အဆိုတော်ဖြစ်ချင်တယ်။ ခုတော့ အဆိုတော်ဖြစ်ပါတယ်။ တီးဝိုင်းက ကျွန်တော့်နာမည်နဲ့ မဟုတ်ဘူး"။ လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့အကြောင်းကိုတော့ "အခက်အခဲရှိနေ တဲ့ လူတွေကို ကူညီပေးရတာကို ကျွန်တော်စိတ် ကျေနပ်မိတယ်"။ ယနေ့ခေတ်မှာ နည်းပညာတွေ ထွန်းကားလာတဲ့အပေါ် သူ့အမြင်က "ကိုယ့်ရဲ့ ဂီတအပေါ်မှာပဲ အာရုံစိုက်ပါ။ နည်းပညာအပေါ် အာရုံမစိုက်ပါနဲ့"။ ခုချိန်မှာ သီချင်းရေးရတဲ့အပေါ် သူ့ရဲ့ခံစားချက်က "ကျွန်တော် အသက် ၂၂နှစ် အရွယ်တုန်းကလို သီချင်းမျိုးပြန်ရေး နိုင်ရင်ကောင်းမှာပဲလို့ ဆန္ဒဖြစ်မိတယ်။ ဒါပေမဲ့ အဲဒီအချိန်ကလို သီချင်းတွေပြန်ရေးနိုင်ပါ့မလား မသိတော့ဘူး။ ခုချိန်မှာတော့ သီချင်းတွေရေးနေတုန်းပဲ။ ဒါပေမဲ့ အသက်က ၅၃နှစ်ရှိနေပြီ။ ငယ်ရွယ်တုန်းက လိုသီချင်းမျိုးတွေရေးနိုင်ပါ့မလား"။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။