Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 14, 2012

မရှိတော့ပြီဖြစ်သော

By Maung Maung Than on Tuesday, August 30, 2011 at 7:29pm


အရေးပေါ် ဓါတ်ပုံလေးတစ်ပုံတင်ခြင်လို့ ပါ
ဒီဓါတ်ပုံများ ဒေါက်တာဆိုင်းအောင် ပါရဂူဘွဲ့ လုပ်ကျကထဲကရထားပါတယ်။ မြစ်ကြီးနားတက္ကသိုလ်က ဆရာမ အခုဒေါက်တာကလျာလူနဲ့ အတူတူ မိန်းကလေး ၂ယောက် ရွတ်ရွတ်ချွန်ချွန်လုပ်ခဲ့ကြတဲ့စာတမ်းပါ။ အဲဒီအပင်ကြီး မရှိတော့ပါ။


အကြောင်းအရာသိချင်သူများ အောက်က ဆရာငြိမ်းရဲ့  စာတမ်းက ကူးချထားတာပါ ။ဥာဏ်ခြင်းထပ်ထားတာ မဟုတ်ပါ။
အီမောဘွမ်တောင်ခြေ၊ ခေါင်လန်ဖူး၊ ထော့ဂေါ်ဒေသတို့တွင် ပေါက်ရောက်လေ့ရှိသော ]ငေါ့ချန်းခ ထင်းရှူး}(Taiwania cryptomerioids Don.)များကို (၁၈၉၀)ခုနှစ်ခန့်ကပင် တရုတ်လူမျိုးများသည် အခေါင်းပြုလုပ်ရန် ငေါ့ချန်းခမြစ်ဝှမ်း တစ်လျှောက်မှ ထုတ်ယူခဲ့ကြသည်။ ဒေသခံလူကြီးများ၏အဆိုအရ၊ ယခု ]ကန်းဖန်}ရွာနေရာသည်၊ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ထိုခေါင်းပျဉ်များကို တစ်ဖက်နိုင်ငံသို့ သယ်ယူရန်/ရောင်းချရန် ပျဉ်ချပ်များ စုပုံသောနေရာဖြစ်သည်ဟုသိရသည်။ ၄င်းသစ်အမျိုးအစားကို တရုတ်ခေါင်းပျဉ်(Coffin tree) ဟု လူသိများသည်။ ယခင်က ဖေါ်မိုဆာကျွန်းတွင် ရှိခဲ့ဖူးသော်လည်း ယခုအခါ ယင်းနေရာတွင် မျိုးတုံးသွားခဲ့ပြီ ဖြစ်သော(Taiwania ) သစ်မျိုးပင်ဖြစ်သည်။ ယခုအခါ ကချင်ပြည်နယ် တစ်ခုတည်းတွင်သာ ကျန်ရှိတော့သည်ဟူသော အထောက်အထားကို ဖတ်ရသောအခါ၊ ခါးသက်သောပျော်ရွှင်မှုမျိုးကိုသာ ခံစားမိတော့သည်။
အမှန်တော့ တရုတ်ခေါင်းပျဉ်ဇာတ်လမ်းသည် တရုတ်လူမျိုးတို့၏ယုံကြည်မှုဓလေ့ထုံးစံတစ်ခုမှ ပေါက်ဖွားလာသော တန်ဖိုးမြင့်ရှားပါးသစ်ပင် တစ်ပင်ဖြစ်ခဲ့ပုံပေါ်သည်။ တရုတ်တို့သည် မသေဆုံးမီကပင် သေဆုံးချိန်တွင် အသုံးပြုမည့် အခေါင်းများကြိုတင်ပြုလုပ်ထားလေ့ရှိသည်။ ရှေးတရုတ်တို့သည် သေဆုံးလျှင်သေဆုံးခြင်း ကိစ္စပြီးသင်္ဂြိုလ်မှုမပြုကြ။ သေဆုံးသူအား ကာလတစ်ခုမြှုပ်နှံကာ နောင်အတော်ကြာ အရိုးကျမှပင် မီးသင်္ဂြိုလ်ပြီး အရိုးများကို ဂူသွင်းလေ့ရှိကြသည်။ သေဆုံးသည်မှ အရိုးဂူသွင်းသည်အထိ နှစ်နှစ်သုံးနှစ်ခန့်ကြာမြင့်တတ်သည်။ ထိုအချိန်အတော အတွင်းသေဆုံးသူ၏ ခန္ခာကိုယ်မှအရိုးများမပျောက်မပျက်ရန်အလွန်အရေးကြီးသည်။ သူတို့၏ယုံကြည်မှုထုံးတမ်းစဉ်လာအရ ဂူသွင်းချိန်၌ ကြွင်းကျန်ရစ်သောရုပ်အလောင်းတွင် ကိုယ်အစိတ်အပိုင်းများ၊ အရိုးစုများစုံလင်နေရသည်။ ထိုသို့မစုံလင်ပါက နောင်ဘဝသစ်တွင်ပြန်လည်မွေးဖွား လာသောအခါ ခြေလက်အင်္ဂါမစုံသူဖြစ်တတ်သည်ဟူသောအယူရှိ၏။ ထို့ကြောင့် ]ခေါင်းတလား}များကို မပျက်မစီးကြာရှည်ခံသောသစ်များဖြင့် ပြုလုပ်လိုကြသည်။ သို့ဖြင့် အခိုင်ခန့်ဆုံးနှင့်ခေါင်းပျဉ်လုပ်ရန်အရွယ်စားရှိသော တရုတ်ခေါင်းပျဉ်(Coffin tree) မျိုးကို အလွန်နှစ်သက်စွာ ဈေးကြီးပေးဝယ်ယူအသုံးပြုလာကြခြင်းဖြစ်သည်။
ထိုသစ်မျိုးကို ယခင်က ဖေါ်မိုဆာကျွန်းတွင် စတင်တွေ့ရှိပြီး (Taiwania cryptomerioids.) ဟု ခေါ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းမှ ထိုအရပ်နှင့် မိုင်ပေါင်း(၁၅၀ဝ) ခန့်ဝေးကွာသော အီမောဘွမ်တောင်ဝန်းကျင်၌တွေ့ရှိလာခြင်းဖြစ်၏။ ချောင်ကျပြီးလူသူလက်လှမ်းမမှီ သော မြန်မာ-တရုတ်နယ်စပ်မျဉ်းတစ်လျှောက်ရှိ ကချင်အရှေ့ဖျားတောင်တန်းကြီးများပေါ်တွင် ထိုအပင်များရှိကြောင်း သတင်းအစအန ရရှိခဲ့ကြ သော်လည်း ဤသစ်သားမျိုးရောင်းဝယ်မှုတွင် လက်ဝါးကြီးအုပ်ထားသည့် တရုတ်လူမျိုးတို့၏ အပြိုင်အဆိုင်ထုတ်ယူ ရောင်းဝယ်မှုပြုမည်ကိုစိုးရိမ်၍ အစပိုင်းတွင် ထိုသစ်ပင်၏မျိုးရင်းအမည်ကိုကွယ်ဝှက်ထားခဲ့ပြီး ရုက္ခဗေဒဆရာများက (Juniperus Recurva) ) အမျိုးအစားတွင် ထည့်သွင်းထားခဲ့ သည်ဟု မှတ်တမ်းများကဆိုသည်။ မြန်မာပြည်သို့Frank Kingdon Ward ရောက်ရှိပြီးမှ ထိုအပင်မျိုးသည် ၁၉၀၆ခုနှစ်က ဖေါ်မိုဆာကျွန်း တွင်တွေ့ရှိခဲ့သော သစ်ပင်မျိုးနှင့်အတူပင်ဖြစ်၍ ရုက္ခဗေဒအမည် (Taiwania cryptomerioids) ဖြစ်ကြောင်း အတိအကျ ဆုံးဖြတ်ပေးခဲ့သည်ဟု ဆိုသည်။ သို့သော် အခြားမှတ်တမ်းမှတ်ရာများတွင် အမည်ဝှက်ထိန်းသိမ်းထားခဲ့သည်ဆိုသော ထိုသစ်မျိုးကိုပင် ၁၉၀၆ခုနှစ်ထက်များစွာစောသော ၁၈၉၀ခုနှစ်ခန့်ကတည်းက တရုတ်လူမျိုးတို့ မြန်မာနိုင်ငံမှ ထုတ်ယူအသုံးပြုနေကြကြောင်းတွေ့ရှိရပြန်သည်။
တရုတ်တို့သည် ထိုသစ်မျိုးကို လွယ်လွယ်ကူကူထုတ်ယူအသုံးပြုနိုင်ခဲ့ခြင်းမဟုတ်။ လမ်းပန်းမရှိသလောက်ဖြစ်နေသော ထိုရှေးခေတ်ကာလ ကအခြေအနေကိုမှန်းဆကြည့်လျှင် ၄င်းပျဉ်တစ်ချပ်ရရန်သူတို့မည်မျှစွမ်းဆောင်ခဲ့ကြရမည်ကို သိမြင်နိုင်လိမ့်မည်ထင်သည်။ အကြီးဆုံးတရုတ်ခေါင်းပျဉ် တစ်ချပ်မှာ အလျား(၉)ပေခန့်အထိရှိပြီး၊ အနံတစ်ဘက်လျှင်နှစ်ပေခွဲနှင့် အခြားတစ်ဘက်က တစ်ပေခွဲခန့်ရှိတတ်ကြောင်း။ သုံးလက်မမှ လေးလက်မ ခန့်ထူကာ အလေးချိန်(၁၃၀)ပေါင်ခန့်ရှိကြောင်း၊ တရုတ်ပြည်ဘက်သို့ပေးပို့ရာတွင် ပေတစ်သောင်းကျော်မြင့်သော ရေခဲတောင်များပေါ်မှဖြတ်သန်း သယ်ယူရပြီး တရုတ်ပြည်သို့အရောက် (၁၀)ရက်မှ (၁၂)ရက်ခန့်အထိအချိန်ယူသယ်ဆောင်ရကြောင်းဆိုသည်။ လားလမ်းရှိရာအရပ်များတွင် ခေါင်းပျဉ်များကို လားများဖြင့်တင်ဆောင်ရာ လား၏ကိုယ်လုံးကိုပင် မမြင်ရတော့အောင် သယ်ဆောင်ကြကြောင်းပြောကြသည်။
တရုတ်ခေါင်းပျဉ်နှင့်ပတ်သက်၍ မှတ်တမ်းတင်ထားမှုကို ]ယိမ်းနွဲ့ပါး}အဖွဲ့၏ အစီရင်ခံစာတွင် အောက်ပါအတိုင်းဖတ်ရှုခဲ့ရသည်။ (မူရင်းအသုံးအနှုံးများ စာလုံးပေါင်းသတ်ပုံများ အတိုင်းဖေါ်ပြပါသည်)

တရုပ်ခေါင်းပျဉ်ရောင်းဝယ်မှု။ ။ နှစ်ပေါင်း(၂၀ဝ) သို့မဟုတ် ထို့ထက် နှစ်ပေါင်းနှစ်ဆ အိုရင့်သော အရွယ်စေ့ တရုပ်ခေါင်းပင်တစ်ပင်သည် ခေါင်းအတွက် ပျဉ်ပြား(၆၀)မှ(၈၀)အထိ ထွက်နိုင် လေသည်။ ရှေးစစ်ကြီးမဖြစ်မီအချိန်က တရုပ်ကုန်သည်တစ်ယောက်သည် ဤသစ်ပင်တစ်ပင်ကို ပိုင်ဆိုင်သော မရူ၊ လရှီစသည့် တောင်ပေါ်သားတစ်ဦးဦးထံမှ ငွေတစ်ရာကျပ်အထိပေးဤဝယ်ယူကြသည်။ ဝယ်ယူပြီးနောက် ဤသစ်ပင်ကို မခုတ်သေးဘဲထားရှိသည်။ တခြားတဦးတစ်ယောက်က လာရောက်၍ ခိုးပြီး မလှဲခုတ်သမျှ ထိုသစ်ပင် ဝယ်ထားခြင်းကြောင့် ငွေမြှုပ်နှံထားရခြင်းမှာ ဆုံးရှုံးရန်အကြောင်းမရှိချေ။
တရုပ်ပြည် တိန်ချွန်းမြို့မှ တရုပ်ကုန်သည် ကံထရိုက်တာများသည် လွှ၊ ပေါက်ဆိန် စသည့် ကိရိယာအပြည့်အစုံပါရှိသော လက်သမားများကို ခေါ်ဆောင်၍လာကာ၊ ဝယ်ယူထားသည့် အရွယ်စေ့ သစ်ပင်များကို ခုတ်လှဲ၍ ပျဉ်များကို ဖြတ်တောက်ယူကြလေသည်။ သစ်ပင်တစ်ပင်မှ အရွယ်မှီ ပျဉ်ပြားချပ် (၅၀)ကို ရရှိခဲ့ပါမူ၊ ထိုသစ်ပင်အား ငွေတရာနှင့် ဝယ်ယူခဲ့ခြင်းမှာ လွန်စွာမှပင်ဈေးပေါနေသည်။ အဘယ့်ကြောင့် ဆိုသော် တိန်ချွန်းမြို့တွင် ထိုခေါင်းပျဉ်တစ်ချပ်ကို စစ်မဖြစ်မီက မြန်မာငွေ(၁၅)ကျပ်စီနှင့် ရောင်းချရရာ၊ စုစုပေါင်း ကျပ်(၇၅၀)ရရှိမည်ဖြစ်သောကြောင့်တည်း။ ထိုငွေ(၇၅၀)ထည်းက သစ်ပင်လှဲခ၊ ပျဉ်များဖြတ်ခနှင့် သယ်ယူပို့ဆောင်ခများမှာ တဝက်ခန့်ရှိမည်ထားဦး၊ သစ်ပင်တစ်ပင်ပေါ်တွင်ရရှိနိုင်သော အမြတ်ငွေမှာ တွက်ခြေကိုက်နေသည်ဖြစ်၍ သစ်ပင်ပေါင်းများစွာ ပိုင်ဆိုင်နေခဲ့လျှင်မူ အမြတ်ငွေများစွာပင်ရရှိမည် ဖြစ်ပေသည်။
တရုပ်ခေါင်းပျဉ်များ၏တန်ဘိုး။ ။ တရုပ်ပြည် ယူနန်နယ် အနောက်ပိုင်းရှိ တိန်ချွန်း၊ သို့မဟုတ် တိန်ယဲခေါ် မြို့၌ ဤတရုပ်ခေါင်းများကို အကြီးအကျယ်လုပ်ကိုင်၍ ရောင်းချကြသည်။ ထိုမြို့၌ ဤသစ်သားဖြင့်ပြုလုပ်ထားသော တရုတ်ခေါင်းတခေါင်းမှာ စစ်မဖြစ်မီအချိန်က မြန်မာငွေ(၈၀)ကျပ်မှ ကျပ်(၁၀ဝ)အထိ တန်ဘိုးရှိလေသည်။ ခေါင်းကို ဆေးများသုတ်၍ အချောလုပ်ကိုင်လိုက်သောအခါ တန်ဘိုး နှစ်ဆ မြှင့်၍သွားတော့သည်။ တရုတ်ပြည်ရှိ ဝေးကွာသောအခြားနေရာများတွင်မူ ဤသစ်သားဖြင့်ပြုလုပ်သော ခေါင်းများမှာ လွန်စွာမှပင်အဘိုးတန်နေမည်ကား မုချမလွဲပင်တည်း။ ထို့ကြောင့် ဤ]တိုင်ဝမ်နီယာ} သစ်သားခေါင်းများကို ကွန်မင်း၊ တာလီဖူး စသည့် မြို့တို့၏ အရှေ့ဘက်တရုပ်ပြည်မကြီးတွင် အသုံးပြုနိုင်သူ အလွန်မှပင် နည်းပါးလေသည်။ အလွန်ပိုက်ဆြွံကယ်ဝသော တရုပ်သူဌေးကြီးများသာလျှင် ဤခိုင်မာလှသော ခေါင်းများကို မှာယူအသုံးပြုနိုင်ကြတော့၏။

၎င်းမှတ်တမ်းမှတ်ရာများအရ၊ ငေါ့ချန်းခမြစ်ဝှမ်းလေး၏ အဖိုးတန်သယံဇာတများမှာ နှစ်ပေါင်းရာချီကာလ ကတည်းက တန်ဖိုးသိသူတို့၏ စွန့်စားမှု ရင်းနှီးမြှုပ်နှံမှုဖြင့် ဒေသအပြင်ပသို့ တိတ်တဆိပ်ထွက်ခွာသွားနေခဲ့သည်မှာ အသေအချာ။ တန်ရာတန်ကြေးများကို ဤဒေသက လက်ခံရရှိခဲ့ပါသလားဟူသော မေးခွန်းသည်သာ မေးရန်မလိုအပ်ဘဲ အဖြေတွေ့နေခဲ့သောအရာဖြစ်သည်။ ဆန်တစ်အိပ်၊ ဆားတစ်ထမ်းရပြီဆိုလျှင်ပင် များစွာသောဆုလာဘ်များဟုထင်မြင်နေကြရှာသော ရိုးအလွန်းသည့်တောင်ပေါ်သားတို့အဖို့ ထိုအဖြစ်အတွက် သူတို့နစ်နာလွန်းနေပြီဟု ယောင်မှားတွေးမိကြမည်မထင်။
အီမောဘွမ်ဒေသတွင် ရှားပါးပြီးထင်ရှားသော သစ်တစ်မျိုးရှိသေးသည်။ ဒေသခံတို့ကြားတွင် ]ဟုန်ထိုရှား}(Hongdoushan) ဟု လူသိများသည်။ တရုတ်အခေါ်အဝေါ်ဖြစ်၏။ နိုင်ငံတကာတွင်Yew Tree ဟုလည်းခေါ်ကြသည်။ မြန်မာလို ]ကျောက်ထင်းရှူး}ဟုဆိုသည်။
ထိုသစ်မျိုးသည် တရုတ်နှင့် တိဗက်တိုင်းရင်းဆေးအလိုအရ ကင်ဆာရောဂါကို အထူးပျောက်ကင်းစေသည်ဟု အဆိုရှိသည်။ ထိုသစ်မျိုး ၏အသားဖြင့် အိုးခွက်ပန်းကန်များ ပြုလုပ်အသုံးချခြင်းဖြင့်လည်း ကိုယ်တွင်းရောဂါများ ပျောက်ကင်းနိုင်ကြောင်းယုံကြည်ကြသည်။ ဤသစ်မျိုး၏ ဈေးကွက်သည်လည်း တရုတ်ပြည်ကြီးသာဖြစ်တော့သည်။
ထိုသစ်ပင် Yew Tree ကိုသော်လည်းကောင်း၊ ထိုသစ်ဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်များကိုလည်းကောင်း မြန်မာပြည်မှ လူပေါင်းမည်မျှ မြင်တွေ့ဖူး အသုံးပြု ဖူးပါသလဲဟူသော မေးခွန်းများ မဖိတ်ခေါ်ဘဲ ကျွန်တော့်ခေါင်းထဲ ဝင်ရောက်လာကြ၏။
တောထဲတောင်ထဲတွင် သဘာဝအတိုင်းသေကြပျက်စီးခြင်းဖြင့် ဆုံးရှုံးနေကြသည့်သစ်ပင်များမှာ မရေတွက်နိုင်လောက်အောင် ပေါများ နေသည်မှာ အမှန်ဖြစ်၏။ ထို့အတူ သစ်မုဆိုးတို့၏ ခိုးဝှက်ခုတ်ဖြတ်မှုအောက်တွင် အတုံးအရုံး ဆုံးရှုံးနေသည့်အရေအတွက်မှာလည်း နည်းလှမည်တော့မဟုတ်နိုင်။ သစ်အမျိုးအစား (သစ်မာ/သစ်ပျော့)အုပ်စု၊ ဈေးကွက်ဝင်ရှားပါးသစ်အုပ်စု စသဖြင့် သစ်ပင်တိုင်းတွင်တန်ရာတန်ဖိုးတစ်ခု သတ်သတ် မှတ်မှတ်ရှိကြမည်။ သစ်တစ်ပင်၏ ပင်စည်ကို ယူလိုသူ သုံးလိုသူပေါများကြပေလိမ့်မည်။ သို့သော် အပင်များကို ခုတ်လှဲယူဆောင်ပြီး ကျန်ရစ်ခဲ့သော သစ်ငုတ်တိုများ၊ သစ်မြစ်ဆုံများမှာမူ အိမ်လည်းဆောက်မရ၊ ပရိဘောဂအတွက်လည်းအသုံးမဝင်သဖြင့် သည်အတိုင်း အစွန့်ပစ်ခံ အဖြစ်ဆွေးမြေ့ပျက်စီးသွားခဲ့သည်မှာ ကာလကြာမြင့်စွာရှိခဲ့ပြီ။ နောက်ပိုင်းနှစ်များတွင်မူ၊ ပန်းပုနည်းပညာကျွမ်းကျင်သော တရုတ်တို့က သူတို့၏အတတ်ပညာဖြင့် ထိုအပယ်ခံ သစ်မြစ်ဆုံများကို ဈေးကွက်ဝင်အောင်ဖန်တီးကြတော့သည်။ မြန်မာငွေ သိန်းဆယ်ချီမှ ရာချီတန်သော ပန်းပုရုပ်များ၏ ကုန်ကြမ်းသည် ဤဒေသမှ အစွန့်ပစ်ခံသစ်မြစ်ဆုံများများဖြစ်ခဲ့သည်ဟုဆိုလျှင် ]အံ့ဩကုန်နိုင်ဘွယ်}ဟု မြည်တမ်းကြလေမည်လား မသိ။
လွန်ခဲ့သောနှစ်က အိမ်နီးချင်းနိုင်ငံတစ်ခုသို့သွားခွင့်ကြုံခဲ့သည်။
ထုံးစံအတိုင်း ဧည့်သည်ပီပီ ဟိုတယ်တစ်ခုတွင်တည်းခိုရ၏။ မိတ်ဆွေက ကောင်တာတွင် အခန်းယူရန်စီစဉ်နေခိုက်၊ ကျွန်တော်သည် ဧည့်ခန်းထဲရှိ ဒေါင်းတစ်ကောင်ရှေ့တွင် မင်သက်မိနေခဲ့သည်။ ကျွန်တော့်ကို နေရာမရွေ့အောင်ပြုစားခဲ့သောဒေါင်းမလေးသည် ရှစ်ပေကိုးပေခန့် ရှိမည့် သစ်မြစ်ဆုံတစ်ခုကို ပန်းပုအဖြစ်ထွင်းထုထားပြီး ဧည့်ခန်းထဲတွင်ချထားသည့် လက်ရာတစ်ခုဖြစ်၏။ သစ်ငုတ်တိုသည် ဒေါင်းကိုယ်ထည် ဖြစ်ပြီး၊ ယှက်ဖြာနေသည့်အမြစ်ဆုံတစ်ခုလုံးသည် ကနေသည့်ဒေါင်း၏ အမွေးအတောင်များဖြစ်နေသည်။ တန်ကြေးကိုမေးကြည့်တော့ ဝန်ထမ်းများက မဖြေတတ်။ သို့သော် မြန်မာပြည်အရှေ့မြောက်ပိုင်းကထွက်သည့်သစ်မှန်းတော့ သူတို့သိကြသည်။
တောတောင်နက်နက်ထဲတွင် တဖြည်းဖြည်းဆွေးမြေ့ပျက်စီးသွားမည့် သစ်မြစ်ဆုံတစ်ခုအား ခဲရာခဲဆစ်သယ်ယူလာပြီး၊ အနုပညာ အတတ်ပညာဖြင့်ပေါင်းစပ်လိုက်သောအခါ မည်သူမျှမမျှော်မှန်းခဲ့သည့် ဧည့်ခန်းအလှဆင် တော်ဝင်အဖိုးတန်ပစ္စည်းတစ်မျိုးဖြစ်သွားခဲ့သည်။
မရှိတော့ပြီဖြစ်သော
အခေါက်ကအစ
ဒါကလဲ မြစ်ဆုံ ပြသနာ တစ်ခုပဲလေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။