Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 27, 2012

ညဘက်တွင် အစား အလွန်အကျွံ စားခြင်း


 Thet Ko Oo
တစ်နေ့တာလုံး အလုပ် ပင်ပင် ပန်းပန်းလုပ်၊ ညနေစာ စားပြီး တီဗီရှေ့မှာ အနားယူ၊ သတင်း
နားထောင်၊ ရုပ်ရှင် ကြည့်ရင်းနဲ့ အာသာပြေ ဝါးတတ် တာဟာ ကျွန်မတို့ အားလုံး ဘာကြောင့် ညဘက်မှာ အစာ လျှော့မစားရတာလဲ ဆိုတဲ့ အဓိက အကြောင်းရင်းပါ။

...
အစာ စားချင်စိတ် ဘာကြောင့် ဖြစ်ပေါ်လာသလဲ ဆိုတာ ကိုတော့ မသိသေးပါဘူး။ ဗိုက်မဆာ ဘဲနဲ့ အစား အသောက်တွေ ဆီကို လက်လှမ်း မိတာ၊ မီးဖိုချောင်ထဲကို ခြေလှမ်းမိတာမျိုး ဖြစ်တတ် ပါတယ်။ အစာ စားချင်စိတ်က အလွန်အကျွံ ပြင်းထန် နေတာမျိုး မဟုတ်ဘဲ အပျင်းပြေ သဘောမျိုးနဲ့ တစ်ခုခုကို စားချင် နေတာဟာ လူ အတော် များများဆီမှာ တွေ့ရ တတ်ပါတယ်။ ညဘက် အစားအသောက် တွေကို အလွန်အကျွံ စားမိတာဟာ အကျိုးထက် အပြစ်ကို ပိုများ စေပါတယ်။

အဲဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်း တွေကတော့ နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုက ညဘက် အိပ်ရင်းနဲ့ ထစား မိတတ်တာ မျိုးပါ။ အိပ်စက်ခြင်းနဲ့ ဆက်စပ် နေတဲ့ အစာစားမှု ပြဿနာ (Sleep Related Eating Syndrome -SRES) လို့ သတ်မှတ် ကြပါတယ်။ သူတို့ဟာ ညဘက် အိပ်ချိန် လမ်းထ လျှောက်ရင်းကနေ စားသောက် မိတာ၊ အိပ်ချင် မူးတူးနဲ့ ထပြီး စားတာ မျိုးပါ။ သူတို့ရဲ့သိစိတ်ထဲမှာ အစားအစာတွေကို ထစားမယ်လို့ စီစဉ်၊ စဉ်းစား ထားတာမျိုး မရှိပါဘူး။ သူတို့ အိပ်ရာက နိုးလာတဲ့ အချိန် ရောက်ရင်တော့ သူတို့ ဘေးနားမှာ စားလက်စ အစားအသောက် တွေကို တွေ့မှသာ အံ့သြတကြီး ဖြစ်မိ ကြပါတယ်။

နောက်တစ်မျိုး ကတော့ ညဘက် အိပ်ခါနီးမှာ အလွန်အမင်း စားမိတတ် တာမျိုး (Night Eating Syndrome - NES)ပါ။ သူတို့ဟာ သူတို့ သုံးစွဲဖို့ လိုအပ်တဲ့ ကယ်လိုရီ ထက်ပိုပြီး စားမိတတ် ကြပါတယ်။ လူ ၁၀၀ မှာ ၁-၂ ယောက် လောက်မှာတော့ ဒီပြဿနာ တွေကို တွေ့ရ တတ်ပါတယ်။ တချို့ ရောဂါတွေ၊ ရောဂါ ကုသတဲ့ ဆေးတွေ ကြောင့်လည်း NES ခံစားရ တတ်ပါတယ်။ ဒီလို လူတွေဟာ အဝလွန်ခြင်းနဲ့ ပတ်သက်ပြီး ဆက်ဖြစ်လာမယ့် အန္တရာယ်တွေနဲ့ ကြုံတွေ့ နိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျ ရောဂါနဲ့ ပတ်သက် တာတွေ၊ အစား အသောက်တွေကို စွဲလာတာ မျိုးကိုလည်း ခံစားရတတ် တယ်လို့ သိပ္ပံပညာရှင် တွေက အဆိုပြု ထားကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ ဆက်စပ်မှုကို မတွေ့ရ သေးပေမယ့် မှန်ကန် နေတာကို တွေ့ရပါတယ်။ NES ဟာ အိပ်စက်ချိန်၊ အစာ စားချင်စိတ် တို့ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ပေါ်မှာလည်း သက်ရောက်မှု ရှိတယ်လို့ ဆိုလာ ကြပါတယ်။ ပညာရှင်တွေ ကတော့ အိပ်စက်ချိန် နည်းခြင်းနဲ့ ကိုယ်အလေးချိန် တက်လာခြင်း တို့ကို အခြေခံပြီး အိပ်စက်ချိန်နဲ့ အစာ စားချင်စိတ် တို့ဟာ အခိုင်အမာကို ဆက်စပ် နေတယ်လို့ ဆိုကြ ပါတယ်။


- မိမိ ခံစား နေရတာဟာ ပုံမှန်နဲ့ မတူဘူး ဆိုရင် ဆရာဝန်နဲ့ ပြသပြီး တိကျတဲ့ ရောဂါ ရှာဖွေမှု ပြုလုပ်ပါ။

- အစာစား ချင်နေတဲ့ ပြဿနာဟာ စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တစ်ခုခုနဲ့များ ဆက်စပ်နေ သလား ဆိုတာကို သိနိုင်ဖို့ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ပညာရှင် တစ်ယောက် ယောက်နဲ့ ဆွေးနွေး ကြည့်သင့် ပါတယ်။

- ရောဂါ တစ်ခု ခုကြောင့် ဖြစ်ရတာ ဆိုရင်လည်း မူလ အရင်းခံ ရောဂါကို အရင်ဆုံး ပျောက်ကင်းအောင် ကုသပေးဖို့ လိုပါတယ်။
- တချို့သူတွေဟာ စိတ် ဖိစီးမှု များလာတဲ့ အခါမှာ အစာ ခဏခဏ ထစား တတ်ပါတယ်။

- ညနေစာ စားသောက်တဲ့ အခါမှာ အလွယ် တကူ ဗိုက်ပြည့် စေတဲ့ အသီးအရွက် တွေကို ဦးစားပေးပြီး စားပေးပါ။

- ညဘက် အိပ်ရေး ဝအောင အိပ်တာဟာ အစာ ခဏခဏ ထပြီး စားနေတာ မျိုးကို ကာကွယ် ပေးနိုင်ပါတယ်။

နှင်းနုလွင်(ဆေးဝါး)
Ref: Good Health
source>>>http://natureenergycare.blogspot.com/2012/12/blog-post_8315.html#more

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။