Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 17, 2012

ခေါင်းခါပြရင်နားလည် တစ်ပုဒ်တည်းနဲ့တင် သေလို့ရပြီ ပြောကြတယ် – ကိုင်ဇာတင်မုံ


၂၀၀၆ ခုနှစ်က အနုပညာအလုပ်တွေ လုံးဝမလုပ်တော့ဘူးဆိုပြီး ဂီတလောကကို ကျောခိုင်းလို့ ထွက်သွားခဲ့ပါတယ်။ ၂၀၁၀ မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပေမယ့် အနုပညာအလုပ်တွေ မလုပ်ခဲ့ဘဲ စီးပွားရေးအလုပ်တွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခု အောက်တိုဘာမှာတော့ ဒီတစ်ခါ ကွာခြားချက် ရှိနိုင်တယ်ဆိုတဲ့ တင်ပြပုံနဲ့ သူ့ရဲ့ရွှံစေးခြေထောက်ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးခွေကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ့ရွှံစေးခြေထောက်ထဲမှာ အမူးအရူး၊ ဆေးလိပ်၊ စိုက်ခင်း၊ လူသားဂြိုဟ်သား၊ ဆာလောင်ခြင်း၊ ခေါင်းခါပြရင်နားလည်၊ လမင်းသာတဲ့ညအရူး၊ ပထမ၊ မိုးခါးရေ၊ ဖွင့်မပြောဘူး၊ ဘာကြောင့်၊ မျက်နှာစာအုပ်၊ ညနေစည်းစိမ်စတဲ့ တေးသီချင်းဆယ့်လေးပုဒ် ပါဝင်ပါတယ်။ အဲဒီသီချင်းခွေ ဝယ်ယူအားပေးတဲ့သူ့ရဲ့ ပရိသတ်တွေကတော့ ဆေးလိပ်နဲ့ ခေါင်းခါပြရင်နားလည်ဆိုတဲ့ သီချင်းကိုကြိုက်ကြသလို တေးရေး၊ တေးဆိုအရိုးကလည်း ကျန်ခဲ့တဲ့ငါးနှစ်အတွင်း ထွက်ခဲ့သမျှ စီးရီးတွေထဲမှာ ဒီခွေကိုအားရတယ်လို့ ပြောသံတွေကြောင့် ရွှံ့စေးခြေထောက်ပိုင်ရှင် ကိုင်ဇာတင်မုံနဲ့ ခဏတာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
Q. ရွံ့စေးခြေထောက်ကို ဘယ်အချိန်လောက်က စပြီး တည်ခဲ့တာလဲ။
A. ကျွန်တော် ဒီအခွေကို စင်္ကာပူကပြန်လာပြီး စင်္ကာပူကျောင်းအတွက် ဒီမှာအလုပ်လုပ်ပေးရင်း အားတဲ့အချိန်မှာ ရေးထားတာ။ ကျွန်တော်က ဒီအခွေကို အခွေကြမ်းသွင်းတာ။ သွင်းပြီးလို့ တော်တော်လေး ခရီးရောက်လာတဲ့အချိန်မှာ ဦးညီက မင်း ခုကိုတော်တော်လေး ကောင်းနေပြီ။ ဒီအခွေကို ထုတ်လိုက်ပါလားဆိုလို့ ထုတ်ဖြစ်သွားတာ။
Q. စီးရီးကာဗာ စိတ်ကူးကရော
A. ကျွန်တော် ရွှံ့စေးခြေထောက်ဆိုတော့ ပထမတော့ ခြေထောက်ကိုပဲ ရွှံ့လူးပြီးရိုက်ဖို့ ဒါပေမယ့် ကျွန်တော် စဉ်းစားလိုက်တယ်။ လူတော်တော်များများက ရွှံစေးခြေထောက် ဆိုရင် ခြေထောက်ကိုပဲ စဉ်းစားမိတယ်။ ကျွန်တော်က မျက်နှာကို လုပ်လိုက်တယ်။ ပြောင်းပြန်ပေါ့။ ပထမတော့ ဒီဇိုင်နာကို Graphicနဲ့ ရွှံ့လုပ်ခိုင်းတာ။ ဒီဇိုင်နာက သဘာဝရွှံ့က ပိုမိုက်မယ်ဆိုတာနဲ့ အဲဒီလို လုပ်ဖြစ်သွားတာ။ အဲဒီပုံကို တော်တော်လေးအားရတယ်။ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ကလည်း ဒီတစ်ခါ ကွာခြားချက်ရှိနိုင်တယ်လေ။ ဒီခေတ်မှာ ထွက်သမျှ အဆိုတော် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အရမ်းသန့်ပြန့်ချင်တယ်။ လှချင်တယ်။ အဲဒီချိန်မှာ ကျွန်တော်က ညစ်ပတ်ပြီး စုတ်ပြတ်နေတဲ့ပုံနဲ့ ထွက်သွားတော့ တော်တော်အားရပါတယ်။
Q. ဒီစီးရီးထဲက သီချင်းနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုပေါ်မှာရော
A. ကျန်တဲ့တုံ့ပြန်မှုတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ Facebook မှာ တစ်ယောက်ရေးထားတာ ကျွန်တော်ကော်ပီခွေပဲ ဝယ်နေကျ လူတစ်ယောက်ပါ။ ဒီအခွေကိုတော့ သိပ်ကြိုက်လို့ မူရင်းစီဒီ ဝယ်လိုက်တယ်လို့ ပြောပါတယ်။ ဆေးလိပ်သီချင်းကို ကြိုက်တယ်လို့ ပြောတဲ့သူရှိသလို ခေါင်းခါပြရင်နားလည်ကို ကြိုက်တဲ့သူ ရှိပါတယ်။ ကိုအရိုးကတော့ လွန်ခဲ့တဲ့ငါးနှစ်က မြန်မာပြည်မှာ ထွက်ခဲ့တဲ့ အခွေတွေထဲမှာ ဒီအခွေအကောင်းဆုံးပဲလို့ ပြောပါတယ်။ ကျွန်တော် ခေါင်းခါပြရင်နားလည် တစ်ပုဒ်တည်းနဲ့တင် သေလို့ရပြီ။ လူဖြစ်ရတာ တန်သွားပြီလို့ ပြောကြတယ်။
Q. ပရိသတ်အကြိုက်နဲ့ ကိုင်ဇာတင်မုံအကြိုက် တိုက်ဆိုင်သွားတဲ့ သီချင်းမျိုးရောရှိလား။
A. ကျွန်တော်က အဲဒီလိုတစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ တိုက်ဆိုင်မှု ရှိတယ်မရှိဘူး၊ ကျွန်တော့်မှာ အဖြေမရှိဘူး။ စလုပ်ကတည်းက ဘယ်အခြေအနေအထိ ကျွန်တော့်ရဲ့ Contrl ရှိမလဲဆိုတာကို ကျွန်တော်သိတယ်။ အသံသွင်းတဲ့အချိန် ခွေကာဗာ ဖြန့်ချိရေး ရွေးတဲ့အချိန်ထိ ကျွန်တော့် Control ရှိတယ်။ ခွေထွက်သွားပြီးရင်း ကျွန်တော့် Control လုံးဝမရှိတော့ဘူး။ ပရိသတ်ကို ဝယ်အောင်လည်း လုပ်လို့မရသလို ဟိုသီချင်းကြိုက်ပါ၊ ဒီသီချင်းကြိုက်ပါလို့ ပြောလို့မရဘူး။ ကျွန်တော့်ခွေကို ထုတ်လုပ်သူပြတဲ့အခါ ဘယ်ထုတ်လုပ်သူမှ မကြိုက်ဘူး။ အဲဒါနဲ့ ကိုယ့်ဘာသာကိုယ် ထုတ်လိုက်တာ။ ဒါပေမဲ့ အံ့သြစရာကောင်းတာက တစ်ယောက်စကား တစ်ယောက်အားနဲ့ ခွေရောင်းအားက တော်တော်လေးသွားတယ်။ တခြားလူတွေတော့မသိဘူး။ ကျွန်တော်က မနေနိုင်လို့ကို ထုတ်တာ။
Q. ဒါဆို ရှိုးတွေမှာ ကိုင်ဇာတင်မုံကို ပြန်မြင်ရဦးတော့မှာပေါ့။
A. ရှိုးတွေကလည်း ကျွန်တော့် Control မရှိပြန်ဘူး။ ရှိုးကန်ထရိုက်တွေက ခေါ်ချင်မှလည်း
ခေါ်မယ်။ အဲဒီတော့ အာမမခံနိုင်ဘူး။ စင်ကျဉ်းကျဉ်းလေးတွေနဲ့ ဆိုရတဲ့ Club Show လေးတွေတော့ တစ်ပိုင်တစ်နိုင်လုပ်ဖို့ စီစဉ်ထားတယ်။ ဘယ်တော့ဖြစ်လာမလဲတော့ အတိအကျ မပြောနိုင်သေးဘူး။


Q. Antibiotic တုန်းက လက်ခံတဲ့သူ သိပ်မရှိခဲ့ပေမယ့် ခုနောက်ပိုင်းမှာပဲ အဲဒီထဲက သီချင်းတွေကို ကြိုက်ကြတဲ့လူငယ်တွေ ရှိလာပြန်တော့ အဲဒီပေါ်မှာ ဘယ်လိုမြင်လဲ။
A. ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ နည်းနည်းစောတယ်။ ခေတ်နည်းနည်းလွန်တယ်။ နောက်ပြီးတော့ ခုနောက်ပိုင်းမှာက မီဒီယာလွတ်လပ်ခွင့်လည်း နည်းနည်းများလာတယ်။ လူငယ်တွေက ကမ္ဘာမှာ ဘာဖြစ်နေလဲ ဘာတွေခေတ်စားနေလဲ သိလာရတဲ့အချိန်ကျတော့ အမြင်ကျယ်လာကြတယ်။ အဲဒီချိန်မှာ ကျွန်တော့်သီချင်းတွေ တဖြည်းဖြည်း ပြန်ကြိုက်လာတယ် ထင်တာပဲ။
Q. ခုချိန်မှာရော ကိုယ့်ကိုယ်ကိုယ် ခေတ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီ ထင်လား။
A. လုံးဝမထင်ပါဘူး။ တကယ်တော့ ကျွန်တော်လုပ်တဲ့ပုံစံက ကမ္ဘာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ၁၉၇၀ပြည့်နှစ်က ပုံစံတွေဗျ။ ဒါပေမဲ့ မြန်မာပြည်အနေနဲ့ ကျရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ရေစီးကြောင်းကြီးက တစ်မျိုးကြီး ဖြစ်နေတယ်ဗျ။
Q. အနုပညာအလုပ်တွေ မလုပ်တော့ဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးတယ်နော်။
A. ဟုတ်တယ်။ ကျွန်တော့်ဘဝကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်အောင်ကို စိတ်ဓာတ်တွေ ကျဆင်းသွားတယ်။ ကျွန်တော့်စိတ်ဓာတ်တွေ ပြန်တည်ဆောက်ယူတယ်။ ကျွန်တော့်ဘဝကို အောက်ခြေအမြစ်ကလှန်ပြီး အရာရာကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပြန်ပြင်ဆင်တယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတဲ့ အချိန်ကျမှ ကျွန်တော်အိမ်ပြန်လာတယ်။ အရင်တုန်းကကျတော့ ကျွန်တော်က အရာရာပြဿနာတိုင်းကို တစ်ရက်တည်းနဲ့ အကုန်ရှင်းချင်တဲ့စိတ် ရှိတယ်။ အကုန်လုံး Ready ဖြစ်နေရမယ်။ဒါပေမဲ့ ခုချိန်မှာတော့ ထိန်းချုပ်လို့ ရတဲ့အပိုင်းတွေကို ထိန်းချုပ်တယ်။ ပြီးတော့ ကျွန်တော်ရှင်းမယ်ဆို ပြဿနာတွေက အများကြီးပဲ။ ဒီတော့ ကျွန်တော် ၂၄ နာရီမှာရှိတဲ့ ပြဿနာပဲ ရှင်းတယ်။ တစ်ကြိမ်လှမ်းရင် တစ်လှမ်းပဲ လှမ်းတယ်ဆိုတော့ ခုနက မေးသလို ဒီတစ်ခေါက်ရော ယုံကြည်စိတ်ချမှုရှိလားဆိုရင် ဒီနေ့ ၂၄ နာရီအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။
Q. ပရိသတ်ကိုရော ဘာတွေပြောချင်သေးလဲ။
A. ကျွန်တော်ကခုဆို ဂီတကို ခြေစုံပစ်ပြန်ဝင်လိုက်ပြီဆိုတော့ ခွေထုတ်မယ်၊ သီချင်းဆိုမယ် ဒါပဲ ရှိတယ်။ ကျွန်တော်ကျန်ခဲ့တဲ့ Antibiotic တုန်းက ပုံတွေပြန်ကြည့်ရင် ကျွန်တော် ပိန်ပိန်လေးဗျ။ ခုကျတော့ ဝိတ်ကတက်နေတယ်ဆိုတော့ ကျွန်တော်စိတ်အလိုမကျ ဖြစ်နေပါတယ်။
မေသက်ခိုင်
Ref: 8 Days Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။