26 December 2012 |By Good Health
ကလေးတွေက ဆေးသောက်ရမှာ ကို ဝန်လေးပြီး ငြင်းဆန် တတ်ကြ ပါတယ်။ ဒါကြောင့် မိဘ အများစုဟာ ကလေး ကို ဆေးတိုက် ရမှာကို စစ်ပွဲတစ်ခုလို ထိတ် လန့်နေတတ် ကြပါတယ်။ ကလေးတွေက ချိုတဲ့ သရေစာဆိုရင် ကြိုက်နှစ်သက်သ လောက် ဆေးဆိုရင် ဘယ်လိုအရသာပဲ ရှိရှိ ငြင်းဆန်ချင်ကြပါတယ်။ ဆရာဝန် ညွှန်ကြား ထားတဲ့ ဆေးကို တိုက်ဖို့ အရေး ကြီးသလို ပဋိဇီဝပိုးသတ်ဆေးကို တိုက် နေချိန်မှာလည်း သတ်မှတ်တဲ့ အတိုင်းအ တာကုန်တဲ့အထိ တိုက်ဖို့ အရေးကြီးတာ ကြောင့် မိဘတွေအနေနဲ့ စိတ်ရှည်ရှည် ထားဖို့ လိုပါတယ်။
-ကလေးငယ်တွေကို ဆေးတိုက်တဲ့အ ခါ ဖြစ်နိုင်ရင် ဆေးပြားပုံစံထက် အရည် ကို ရွေးချယ်တိုက်ပါ။
-ပါဝင်ပစ္စည်းချင်း တူတဲ့အခါ သင့် ကလေးကြိုက်တဲ့ အရသာရှိတဲ့ ဆေးကို တိုက်လို့ ရမလားဆိုတာ ဆရာဝန်ကို မေး ပါ။ အမြဲတမ်းတော့ မဖြစ်နိုင်ပေမယ့် တစ် ခါတစ်ရံ ဆေးတစ်မျိုးတည်းကို အရသာ အမျိုးမျိုး ထုတ်ထားတတ်ပါတယ်။
- ဆေးပြားတွေကို ကြိတ်ခြေပြီး ကလေး ကို တိုက်ပါ။ ဆေးကို ရေနဲ့ပဲ တိုက်ပါ။
- ဆေးကို ဇွန်းနဲ့ တိုက်ရခက်နေရင် ဆေး ထိုးအပ်အသစ်နဲ့ စုပ်ယူပြီး ကလေး ပါးစပ် ထဲကို တစ်စက်ချင်း ထည့်ပေးပါ။ ကလေး က ဆေးသောက်ရမှာ စိုးလို့ ငြင်းဆန်ရုန်း ကန်နေရင် တစ်ယောက်က ကလေးရဲ့ လက် တွေကို တင်းတင်းကျပ်ကျပ် ကိုင်ထားပါ။ ဆေးထိုးအပ်နဲ့ ဆေးစက်ချရာမှာ က လေးရဲ့ လည်ချောင်းကို မထိမိအောင် သတိထားရပါမယ်။
-ကလေးရဲ့ လက်ထဲ အရုပ်တစ်ခုခုကို ထည့်ကာ အာရုံလွှဲပြောင်းပြီး ဆေးတိုက် ဖို့ ကြိုးစားပါ။
- ဆေးသောက်ဖို့ ကလေးကို ဖိအားမ ပေးပါနဲ့။ ကလေးကို ငြိမ်ငြိမ်သက်သက် နေခိုင်းကာ အေးအေးဆေးဆေး တိုက် ကြည့်ပါ။ သူက မရပ်မနားငြင်းဆန်နေ ရင် နာရီဝက်အကြာမှာ ထပ်မံကြိုးစားပါ။
- ဆေးတိုက်ပြီး သစ်သီးဖျော်ရည် နည်း နည်းတိုက်တာက ကလေးကို ဆေးပြန် အန်တာမျိုးမဖြစ်အောင် ကာကွယ်နိုင် ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။