Myint Myint Thein shared Alinkar Book Publishing(အလင်္ကာစာအုပ်တိုက်)'s photo.
ရေးသားသူ- မောင်သာချို
(တစ်)
ရေးသားသူ- မောင်သာချို
(တစ်)
“စေတုတ္တရာ” တဲ့။
နာမည်လေးက လှလိုက်တာ။ သည်နာမည်ကို ရင်းနှီးကျွမ်းဝင်နေခဲ့တာကဖြင့် ကြာကြာလှပါပြီ။ ဒဏ္ဍာရီတွေ၊ ယုံတမ်းစကားတွေ၊
ပါးစပ်ရာဇ၀င်တွေနှင့် အရောရော အယှက်ယှက် အလုံးလုံးအထွေးထွေး ရေးလေ့ရေးထရှိခဲ့ကြသည့်
ဟိုးရှေးရှေးက ရာဇ၀င်စာအုပ်ကြီးတွေထဲမှာကတည်းက “စေတုတ္တရာ” ကို ဟိုနေရာတွေ့၊
သည်နေရာတွေ့တွေ့ခဲ့ရဖူးပါသည်။
စကြ၀ဠာပျက်ပုံ တည်ပုံတွေ၊ ကမ္ဘာပျက်ပုံ တည်ပုံတွေ၊ ကမ္ဘာဦး သူတို့ပေါ်ပေါက်လာပုံတွေ၊ ဇမ္ဗူဒီပါကျွန်းကြီး၌ ပြည်ကြီးတစ်ဆယ့်ကိုး ပြည်ပေါ်ပေါက်လာပုံတွေကို ရှေးရာဇ၀င်များ၌ ဖော်ပြလေ့ရှိကြရာ ထိုပြည်ကြီးတစ်ဆယ့်ကိုးပြည်ထဲ၌ နာမည်ကျော် ဗာရာဏသီတို့၊ သာဝတ္ထိတို့၊ ဝေသာလီတို့၊ သာကေတတို့၊ ရာဇဂြိုလ်တို့၊ ကပိလ၀တ်တို့၊ မိဓိလာတို့နှင့်အတူ “စေတုတ္တရာ” ပြည်ကြီးဆိုသည်ကလည်း ပါဝင်ပါသည်။
မင်းပူးဆရာတော်ဦးသြဘာသ၏ ဇာတ်ကြီးဆယ်ဘွဲ့စကားပြေများအနက် လက်ရွေးစင် မြန်မာ စကားပြေအဖြစ် အများက ယူဆထားကြသော ဂေါတမ
မြတ်စွာဘုရား၏ အတိတ်ဝတ္ထုတစ်ပုဒ် ဖြစ်သည့် ဝေဿန္တရာဇာတ်တော်ကြီး ၀တ္ထုကို ဖတ်ရစဉ်ကလည်း
သည် “စေတုတ္တရာ” ဟူသည့် အမည်ကိုကြားဖူးခဲ့ပါသည်။ ဝေဿန္တရာမင်း၏ မွေးရပ်ဇာတိ
“စေတုတ္တရာ”။
မြန်မာတို့ကား ဗုဒ္ဓယဉ်ကျေးမှုနှင့် ထိတွေ့ဆက်စပ်သူများဖြစ်ရာ ဂေါတမဗုဒ္ဓ ပွင့်တော်မူရာ အရပ်က မြို့ပြနိုင်ငံများကိုစွဲလျက် သာဝတ္ထိ၊ သာကေတ၊ မိတ္ထီလာ၊ ရာဇဂြိုလ်စသည့် အမည်ဖြင့် မြို့ရွာဒေသနာမည်များကို ကိုယ့်နိုင်ငံအတွင်း၌လည်း မှည့်ခေါ်ထားခဲ့ကြလေရာ “စေတုတ္တရာ” ဟူသော မြို့ကလေးလည်း ပါဝင်နေပုံရပါသည်။
ဟုတ်ပါသည်။
“စေတုတ္တရာ” တဲ့။
မကွေးတိုင်းထဲတွင်ရှိသော “စေတုတ္တရာ” က နာမည်ကလေးလှသလောက် သွားလာဝင်ထွက်ရန် ခက်ခဲလှသော မြို့ကလေးတစ်မြို့ ပဲ ဖြစ်ပါလေသည်။
(နှစ်)
ရှေးဘုရင် အဆက်ဆက်က ထောင်ပြုမြို့၊ ရှစ်ရာပြုမြို့၊ ခုနစ်ရာပြုမြို့၊ ခြောက်ရာပြုမြို့၊ လေးရာ ပြုမြို့၊ သုံးရာပြုမြို့၊ နှစ်ရာ ပြုမြို့၊ တစ်ရာပြုမြို့၊ ရှစ်ကျိပ် ခုနစ်ကျိပ်၊ လေးကျိပ်၊ သုံးကျိပ်၊ နှစ်ကျိပ်ပြုမြို့ စသည် စသည်ဖြင့် နိုင်ငံကာကွယ်ရေးအတွက် စစ်သားလိုအပ်သောအခါ ပေးရမည့် စစ်သား အရေအတွက်အလိုက် မြို့ပြဒေသများကို အမည်ပေး သတ်မှတ်ထားခဲ့လေရာ “စေတုတ္တရာ” က လေးရာပြုမြို့ဟု ဆိုသည့်အတွက် စစ်သားလေးရာ ပေးရသော မြို့အဖြစ် မှတ်တမ်းဝင်ပါသည်။
ပုဂံခေတ်က တောင်စဉ်ခုနစ်ခရိုင်ဟူ၍ မြန်မာဘုရင့် အုပ်ချုပ်ရေးလက်အောက်၌ ဒေသတစ်ခု ရှိခဲ့ဖူးရာ ကျန်စစ်သားက သားတော် ဇေယျခေတ္တရာအား ဓည၀တီနှင့်တကွ တောင်စဉ် ခုနစ်ခရိုင်ကိုစားစေဟု မိန့်ခဲ့ဖူးပြီး ထိုတောင်စဉ် ခုနစ်ခရိုင်ခဲ၌ “စေတုတ္တရာ” လည်း ပါဝင်ခဲ့ပုံရပါသည်။
သံတွဲမှစ၍ တောင်စဉ်ခုနစ်ခရိုင်ဟုဆိုသည့်အတိုင်း ရခိုင်ရိုးမကြီး၏ ခြေရင်း၌ ၀ပ်စင်း၍နေခဲ့လေသော
“စေတုတ္တရာ”။ မုန်းချောင်း၏ နံဘေး၌ ငေးရီ၍နေခဲ့လေသော
“စေတုတ္တရာ”။
(သုံး)
“စေတုတ္တရာ” က သွားရောက်ဖို့ တော်တော်ခက်ခဲပါသည်။ မြန်မာနိုင်ငံ မြေပုံများပေါ်၌ လေယာဉ်ပျံ ပုံကလေးဖော်ပြ ထားလေ့ရှိသဖြင့် လေယာဉ်အ ဆင်းအတက် ရှိမည်ဟု ထင်ခဲ့သော်လည်း မရှိပါ။ လေဆိပ်နေရာကိုသော်မှ လေယာဉ်ကွင်းမှာ လေယာဉ်ဘယ်တုန်းက နောက်ဆုံး ဆင်းသွားခဲ့သလဲဆိုသည့် မေးခွန်းကိုပင် ဖြေဆိုနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိတော့ဘဲ အခြားသော ကမ္ဘာက လှမ်းမေးသည့်
မေးခွန်းတစ်ခုပမာ ကြောင်တောင်တောင်ဖြင့် ကြည့်နေကြပါလေသည်။
“စေတုတ္တရာ” သို့ သွားရန် ရေလမ်းမရှိ။ တိုက်ရိုက်ရထားလမ်း တိုက်ရိုက်ကားလမ်း မရှိ။ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ကနေ ရခိုင်ရိုးမဘက်သို့ ဖဲ့ဆင်းသွားရသည့် လမ်းတစ်လမ်းသာလျှင် “စေတုတ္တရာ” သို့ ရောက်ရှိနိုင်သည့် တစ်ခုတည်းသော လမ်းဖြစ်ပါသည်။ ကားက ပြည်န၀ဒေး တံ တားကနေ ကူးသည်လည်းရှိ၊ မကွေး ဧရာဝတီတံတားကနေ ကူးသည်လည်း ရှိ၊ မည်သည့်နည်းနှင့်ကူးကူး ဧရာဝတီမြစ် အနောက်ဘက်ကမ်းသို့ ရောက်ပါသည်။ ထို့နောက် မင်းဘူးတို့၊ စကုတို့၊ လယ်ကိုင်းတို့၊ ပွင့်ဖြူတို့ကိုကျော်ကာ စလင်းအရောက် အနောက်သို့ သွားသော ကံပြား(သို့) ကန်ပြား သို့ ရောက်ပါသည်။
ကံပြားဆိုသည်က ပုသိမ်-မုံရွာ လမ်းမကြီးပေါ်က ရွာကလေး။ “စေတုတ္တရာ” သို့ သွားမည့်သူက သည်ရွာကလေးမှာ ဆင်းရပါသည်။ သည်ရွာကနေ အနောက်သို့ ခရီးက ဆိုင်ကယ်သို့မဟုတ် တောကား။ အကွေ့အကောက်၊ အတက်အဆင်း၊ အနိမ့်အမြင့်များနှင့် ကျောက်ခင်းလမ်းကြမ်း။ လေးနာရီလောက် ခရီးပြင်းနှင်လိုက်လျှင် မုန်းချောင်း၏ သည်ဘက်ကမ်းသို့ ရောက်ပါသည်။ “စေတုတ္တရာ” ကိုလည်း မှိုင်းမှိုင်းဆိုင်းဆိုင်း ရခိုင်ရိုးမကြီးက ပွေ့ဖက်လျက် ဟိုးအဝေးမှာ လှမ်းမြင်နေရပါပြီ။ မုန်းချောင်းပေါ်၌ မုန်းချောင်းတံတားလည်း ရှိနေပါသည်။ သို့သော် ယခုအခါ သည်တံတားက ဘာမှအဓိပ္ပာယ် မရှိရှာပါလေတော့။ တံတားပေါ်ကနေ ကားကိုဖြတ်မောင်းလိုက်သော် တစ်ဖက်မှာက ရေပြင်ကြီး။ တံတားရှိပါလျက် ခရီးဆက်၍ မရတော့။ ဘယ်လိုဖြစ်ရပြန်ပါလိမ့်။
“မုန်းချောင်း တမံရယ်ကြီး အုံကြီးဝ တမံရယ် တည်ဆောက်ပြီးတဲ့ နောက်ပိုင်းမှာ အခုလို ရေတွေလွှမ်းပြီး သွားမရတော့တာပါဘဲ”
ဒေသခံ၏ စကားက လိုရင်းရောက်အောင် တိုရှင်းပါသည်။ မှန်ပါသည်။ ယခင်က ချင်းတောင် တန်းများပေါ်၌ သန္ဓေတည်ကာ စတင်စီးဆင်းလာခဲ့သော မုန်းချောင်းသည် စေတုတ္တရာကို ဖြတ်၊ ပွင့်ဖြူတို့ကို ဖြတ်ကာ ဧရာဝတီ မြစ်ကြီးထဲသို့ စီးဝင်သွားခဲ့သော နာမည်ကျော် အလျားရှည်ချောင်းကြီးတစ်ချောင်း ပင် ဖြစ်ပါသည်။ သို့သော် “စေတုတ္တရာ” ၏ အထက်နား၌
မုန်းချောင်းကို ပိတ်ကာ မုန်းတမံကြီးကို ၁၉၉၅ တွင်စ၍ မဂ္ဂါဝပ် ၇၅ ၀ပ်ကို
ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းလျှပ်စစ်စွမ်းအားက
မဟာဓာတ်အားလိုင်းကြီးထဲသို့ ၀င်ရောက်ကာ အရေး ကြီး မြို့ရွာများသို့
လျှပ်စစ်ပေးဝေနိုင်ခဲ့ပါသည်။
“မုန်းတမံကြောင့် ရေအားလျှပ်စစ်ထုတ်နိုင်တာမို့ စေတုတ္တရာကတော့ မီးလင်းသွားတာပေါ့ ဆရာရယ်။ ဒါပေမဲ့ မုန်းချောင်း တစ်လျှောက်က ရွာကလေးတွေ ရေမြုပ်ကုန်တယ်။ စာသင်ကျောင်းတွေရော၊ ဘုန်းကြီးကျောင်းတွေရော၊ သိမ်တွေလည်းပါရဲ့။ စိုက်စား၊ ပျိုးစားတဲ့ လယ်ယာတွေ ရေအာက်ရောက်ကုန်တာကို ကျုပ်ကတော့ ရင်ထဲမချိဘူးဗျာ”
ရခိုင်ရိုးမနှင့် ချင်းတောင်တန်း၏ စပ်ကြားက ဒေသမို့လားမသိ။ ညပိုင်း၌ အအေးက ပိုလာပါသည်။ မီးပုံဘေးမှာက လူတချို့ဝိုင်းဖွဲ့လို့။
ဟုတ်ပါသည်။ မုန်းချောင်းတစ်လျှောက် စေတုတ္တရာအထက်က ရွာတော်တော်များများ ရေလွတ်ရာ တောင်တန်း အမြင့်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ကြရပါသည်။ အလယ်ပုံ၊ အောင်း၊ ရွှေတော၊ ပုံဆိပ်၊ ကုန်းတရား၊ ချီ၊ ပွင့်ထောက် စသည်စသည်။ ထို့အပြင် ထီချောင်းတစ်
ဝိုက်၌လည်း သယံကိုင်း၊ လုံးပေါ၊ ပေါက်ချောင်း၊ ကြောင်သိုက်၊ ငလဲ၊ ပန်းချစ် စသည် စသည်။
“ကျုပ်တို့ တတ်တာက စပါးစိုက်မယ်။ နှမ်းစိုက်မယ်။ ပဲထောပတ်စိုက်မယ်။ အခု စိုက်ပျိုးမြေတွေ ရေအောက်ရောက်သွားတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ၀ါးခုတ်ရအောင်ကလည်း ၀ါးကမရှိ။ ရွာက လူငယ်တွေလည်း ဖားကန့်ရောက် မလေးရှားရောက်၊ ထိုင်းရောက်၊ ကျုပ်တို့အတွက် အသက်ကြီးခါမှ မျက်ရည်ကျကြရပါတယ်ဗျာ”
မုန်းချောင်းဘေးရှိ စေတုတ္တရာ ညက ညဥ့်နက်လေလေ စကားဝိုင်း ကောင်းလေလေ ဖြစ်ပါသည်။ တောင်ခြေရင်း မြို့ကလေးမို့ ဆတ်သားခြောက်ကတော့ ဘာပေါသလဲ မမေးနှင့်။ တစ်မြို့လုံး အိမ်ခြေ ၉၀၀ ကျော်သာရှိသည့် မြို့ကလေး။ မြို့နယ်တစ်ခုလုံး ရွာတွေပါရော ပေါင်းပါမှ အိမ်ခြေ ၉၀၀၀ ကျော် လူဦးရေ ၄၀၀၀၀ ကျော်။ ကတ္တရာလမ်းကို အနုစိတ် မှန်ဘီလူးဖြင့် ဖြဲကြည့်ရမည့်မြို့။
“အမှုအခင်းကတော့ မရှိသလောက်ဆိုပါတော့။ ခိုးမှုဆိုတာ မနှစ်က တစ်နှစ်လုံး တစ်မှုလားပဲ။ ဒါကလည်း လူစိမ်းက ကျူးလွန်တာပါ။ ဒီမှာ ခိုးတာ၊ ၀ှက်တာ မရှိဘူး”
စခန်းမှူး၏ စကားက စေတုတ္တရာ၏ ရိုးဖြောင့်မှုကို ပေါ်လွင်စေပါသည်။ သို့သော် ဂျီအက်စ်အမ်ရော၊ စီဒီအမ်အေရော၊ ကြိုးဖုန်းရော ဆက်မရသည့်မြို့မို့ ပြင်ပကမ္ဘာနှင့်တော့ တော်တော့ကို အဆက်အသွယ် ပြတ်လွန်းပါသည်။ တစ်ခုတည်းသော ဆက်သွယ်စရာက IP Star ဖုန်း။
(လေး)
မုန်းချောင်းက စေတုတ္တရာနားမှာ တမံတုတ်လိုက်သဖြင့် တန့်သွားပြီးနောက် ရေအားလျှပ်စစ်က ဆက်လက်စီးဆင်းပေးလိုက်ရာ ပွင့်ဖြူမြို့နားအရောက်၌ကြီး အုံကြီးဝတမံကို ထပ်၍ ဆည်လိုက်ပြန်ပါသည်။ သည်မှာတွင် စေတုတ္တရာနှင့် ပွင့်ဖြူကြားက လယ်ယာမြေ အများအပြား ရေမြုပ်သွားကြပြန်ပါသည်။ ရွာတွေ၊ လယ်တွေမြုပ်ကြပြန်ပေါ့။
သို့ဖြစ်ရာ စေတုတ္တရာ အ၀င်၌လည်း ရေတွေဖွေးကာ မုန်းချောင်းက ရေပြင်ကျယ်ကြီးနှင့် ရောထွေးသွားခဲ့ခြင်းဖြစ်ပါသည်။ ကံပြားကနေ စေတုတ္တရာ အသွားတောင်ပေါ်လမ်းတစ်လျှောက် ဟိုနားမှာ ရေတွေဖွေးဖွေးလှုပ်လှုပ် သည်နားမှာ ရေတွေဖွေးဖွေး လှုပ်လှုပ် တွေ့နေရခြင်းမှာ တမံတို့၏ ဂယက်များပင်ဖြစ်ပါသည်။
“အခုလည်း စေတုတ္တရာအထက် ဘူးရွာနားမှာ အထက်ဘူးဆည်နဲ့ အောက်ဘူးဆည်ဆိုပြီး လုပ်ဦးမတဲ့ ဆရာရဲ့။ ရေအားလျှပ်စစ်လို့ ဆိုတာပါပဲ။ လျှပ်စစ်ကလည်း စေတုတ္တရာပဲရတာပါဗျာ။ ရွာတွေ မရပါဘူး။ ရွာတွေ လျှပ်စစ်ရတော့လည်း လျှပ်စစ်က ချက်စားလို့ရတာမှတ်လို့”
ဒေသခံတွေကတော့ သူတို့ မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်စားရတာကို စွန့်လွှတ်ချင်ပုံ မရကြ။ အိုးအိမ်လယ်ယာတို့ကို စွန့်ခွာခဲ့ရသဖြင့် ပေးအပ်သော နစ်နာကြေးတွေကလည်း ကျပ် ၅၀၀၀ တို့၊ ကျပ် ၁၀၀၀၀ တို့၊ ကျပ် ၁၅၀၀၀ တို့ဆိုတာက မတန်တဆ “နှိမ်” ထားရာများ ကျနေလေမလားဟု အတွေးဝင်မိပါသည်။
“မုန်းဆည်ကြီးထဲမှာ ငါးရှာခွင့်တော့ ပေးထားပါတယ် ဆရာရယ်။ ဘာအခွန်အခမှတော့ မကောက်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ အညာသားတွေက ငါးမရှာတတ်ဘူးဆရာရဲ့။ စိုက်ပျိုးရေးပဲတတ်တာ”
မှန်ပါ၏။ မုန်းဆည်ကတော့ ငါးအလွန်ပေါပါသည်။ ကျောက်ကြို ကျောက်ကြားကနေ စီးဆင်းနေသည့် မုန်းရေကြည်ကြည်မှာပင်လျှင် ငါးသလဲထိုးတွေက ပေါလိုက်တာ။ စေတုတ္တရာ တစ်မြို့လုံးငါးသလဲထိုးတွေချည်း ။
ကျွန်တော်ကတော့ ဆည်မြောင်းတာတမံများ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပညာရှင် မဟုတ်သဖြင့် ပညာရှင်စကားကို မဆိုတတ်ပါ။ သို့သော် ဒေသခံတို့၏ လူမှုဘ၀များ ဖရိုဖရဲနှင့် ပြိုလဲကာ ကူကယ်သူမဲ့ဘ၀ဖြင့် အကွဲကွဲ အကြေကြေ ဖြစ်ကုန်ကြမှာကိုဖြင့် စိုးရိမ်မိသည်မှာ အမှန်ပဲ ဖြစ်ပါသည်။ သူတို့၏ စားဝတ်နေမှုဘ၀ကို အာမခံနိုင်သည့် စီမံကိန်းကြီးများဖြစ်လျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ။
အခုတော့ မုန်းချောင်းက မုန်းချောင်းမဟုတ်တော့ဘဲ ရေပြင်ကျယ်ကြီးဖြစ်၍နေရာ မုန်းချောင်းတံတားကနေ စေတုတ္တရာကို သွား၍မရတော့။ မနုနုရည် (အင်းဝ) ရော၊ မောင်ငြိမ်းသူ(ကြို့ ပင်ကောက်) ပါ စက်လှေထဲသို့ ဆင်းခဲ့ကြရပါလေပြီ။
အော်...စေတုတ္တရာ၊ စေတုတ္တရာ။ မုန်းရေ စေတုတ္တရာခရီးသွားတွေကို ရေပြင်ကျယ်ကြီးတွေနဲ့ မတားထားပါနဲ့လား ။ ။
နာမည်လေးက လှလိုက်တာ။ သည်နာမည်ကို ရင်းနှီးကျွမ်းဝင်နေခဲ့တာကဖြင့်
စကြ၀ဠာပျက်ပုံ တည်ပုံတွေ၊ ကမ္ဘာပျက်ပုံ တည်ပုံတွေ၊ ကမ္ဘာဦး သူတို့ပေါ်ပေါက်လာပုံတွေ၊ ဇမ္ဗူဒီပါကျွန်းကြီး၌ ပြည်ကြီးတစ်ဆယ့်ကိုး ပြည်ပေါ်ပေါက်လာပုံတွေကို ရှေးရာဇ၀င်များ၌ ဖော်ပြလေ့ရှိကြရာ ထိုပြည်ကြီးတစ်ဆယ့်ကိုးပြည်ထဲ၌ နာမည်ကျော် ဗာရာဏသီတို့၊ သာဝတ္ထိတို့၊ ဝေသာလီတို့၊ သာကေတတို့၊ ရာဇဂြိုလ်တို့၊ ကပိလ၀တ်တို့၊ မိဓိလာတို့နှင့်အတူ “စေတုတ္တရာ” ပြည်ကြီးဆိုသည်ကလည်း ပါဝင်ပါသည်။
မင်းပူးဆရာတော်ဦးသြဘာသ၏ ဇာတ်ကြီးဆယ်ဘွဲ့စကားပြေများအနက်
မြန်မာတို့ကား ဗုဒ္ဓယဉ်ကျေးမှုနှင့် ထိတွေ့ဆက်စပ်သူများဖြစ်ရာ ဂေါတမဗုဒ္ဓ ပွင့်တော်မူရာ အရပ်က မြို့ပြနိုင်ငံများကိုစွဲလျက် သာဝတ္ထိ၊ သာကေတ၊ မိတ္ထီလာ၊ ရာဇဂြိုလ်စသည့် အမည်ဖြင့် မြို့ရွာဒေသနာမည်များကို ကိုယ့်နိုင်ငံအတွင်း၌လည်း မှည့်ခေါ်ထားခဲ့ကြလေရာ “စေတုတ္တရာ” ဟူသော မြို့ကလေးလည်း ပါဝင်နေပုံရပါသည်။
ဟုတ်ပါသည်။
“စေတုတ္တရာ” တဲ့။
မကွေးတိုင်းထဲတွင်ရှိသော “စေတုတ္တရာ” က နာမည်ကလေးလှသလောက် သွားလာဝင်ထွက်ရန် ခက်ခဲလှသော မြို့ကလေးတစ်မြို့ ပဲ ဖြစ်ပါလေသည်။
(နှစ်)
ရှေးဘုရင် အဆက်ဆက်က ထောင်ပြုမြို့၊ ရှစ်ရာပြုမြို့၊ ခုနစ်ရာပြုမြို့၊ ခြောက်ရာပြုမြို့၊ လေးရာ ပြုမြို့၊ သုံးရာပြုမြို့၊ နှစ်ရာ ပြုမြို့၊ တစ်ရာပြုမြို့၊ ရှစ်ကျိပ် ခုနစ်ကျိပ်၊ လေးကျိပ်၊ သုံးကျိပ်၊ နှစ်ကျိပ်ပြုမြို့ စသည် စသည်ဖြင့် နိုင်ငံကာကွယ်ရေးအတွက် စစ်သားလိုအပ်သောအခါ ပေးရမည့် စစ်သား အရေအတွက်အလိုက် မြို့ပြဒေသများကို အမည်ပေး သတ်မှတ်ထားခဲ့လေရာ “စေတုတ္တရာ” က လေးရာပြုမြို့ဟု ဆိုသည့်အတွက် စစ်သားလေးရာ ပေးရသော မြို့အဖြစ် မှတ်တမ်းဝင်ပါသည်။
ပုဂံခေတ်က တောင်စဉ်ခုနစ်ခရိုင်ဟူ၍ မြန်မာဘုရင့် အုပ်ချုပ်ရေးလက်အောက်၌ ဒေသတစ်ခု ရှိခဲ့ဖူးရာ ကျန်စစ်သားက သားတော် ဇေယျခေတ္တရာအား ဓည၀တီနှင့်တကွ တောင်စဉ် ခုနစ်ခရိုင်ကိုစားစေဟု မိန့်ခဲ့ဖူးပြီး ထိုတောင်စဉ် ခုနစ်ခရိုင်ခဲ၌ “စေတုတ္တရာ” လည်း ပါဝင်ခဲ့ပုံရပါသည်။
သံတွဲမှစ၍ တောင်စဉ်ခုနစ်ခရိုင်ဟုဆိုသည့်အတ
(သုံး)
“စေတုတ္တရာ” က သွားရောက်ဖို့ တော်တော်ခက်ခဲပါသည်။ မြန်မာနိုင်ငံ မြေပုံများပေါ်၌ လေယာဉ်ပျံ ပုံကလေးဖော်ပြ ထားလေ့ရှိသဖြင့် လေယာဉ်အ ဆင်းအတက် ရှိမည်ဟု ထင်ခဲ့သော်လည်း မရှိပါ။ လေဆိပ်နေရာကိုသော်မှ လေယာဉ်ကွင်းမှာ လေယာဉ်ဘယ်တုန်းက နောက်ဆုံး ဆင်းသွားခဲ့သလဲဆိုသည့် မေးခွန်းကိုပင် ဖြေဆိုနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိတော့ဘဲ အခြားသော ကမ္ဘာက လှမ်းမေးသည့်
မေးခွန်းတစ်ခုပမာ ကြောင်တောင်တောင်ဖြင့် ကြည့်နေကြပါလေသည်။
“စေတုတ္တရာ” သို့ သွားရန် ရေလမ်းမရှိ။ တိုက်ရိုက်ရထားလမ်း တိုက်ရိုက်ကားလမ်း မရှိ။ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ကနေ ရခိုင်ရိုးမဘက်သို့ ဖဲ့ဆင်းသွားရသည့် လမ်းတစ်လမ်းသာလျှင် “စေတုတ္တရာ” သို့ ရောက်ရှိနိုင်သည့် တစ်ခုတည်းသော လမ်းဖြစ်ပါသည်။ ကားက ပြည်န၀ဒေး တံ တားကနေ ကူးသည်လည်းရှိ၊ မကွေး ဧရာဝတီတံတားကနေ ကူးသည်လည်း ရှိ၊ မည်သည့်နည်းနှင့်ကူးကူး ဧရာဝတီမြစ် အနောက်ဘက်ကမ်းသို့ ရောက်ပါသည်။ ထို့နောက် မင်းဘူးတို့၊ စကုတို့၊ လယ်ကိုင်းတို့၊ ပွင့်ဖြူတို့ကိုကျော်ကာ စလင်းအရောက် အနောက်သို့ သွားသော ကံပြား(သို့) ကန်ပြား သို့ ရောက်ပါသည်။
ကံပြားဆိုသည်က ပုသိမ်-မုံရွာ လမ်းမကြီးပေါ်က ရွာကလေး။ “စေတုတ္တရာ” သို့ သွားမည့်သူက သည်ရွာကလေးမှာ ဆင်းရပါသည်။ သည်ရွာကနေ အနောက်သို့ ခရီးက ဆိုင်ကယ်သို့မဟုတ် တောကား။ အကွေ့အကောက်၊ အတက်အဆင်း၊ အနိမ့်အမြင့်များနှင့် ကျောက်ခင်းလမ်းကြမ်း။ လေးနာရီလောက် ခရီးပြင်းနှင်လိုက်လျှင် မုန်းချောင်း၏ သည်ဘက်ကမ်းသို့ ရောက်ပါသည်။ “စေတုတ္တရာ” ကိုလည်း မှိုင်းမှိုင်းဆိုင်းဆိုင်း ရခိုင်ရိုးမကြီးက ပွေ့ဖက်လျက် ဟိုးအဝေးမှာ လှမ်းမြင်နေရပါပြီ။ မုန်းချောင်းပေါ်၌ မုန်းချောင်းတံတားလည်း ရှိနေပါသည်။ သို့သော် ယခုအခါ သည်တံတားက ဘာမှအဓိပ္ပာယ် မရှိရှာပါလေတော့။ တံတားပေါ်ကနေ ကားကိုဖြတ်မောင်းလိုက်သော် တစ်ဖက်မှာက ရေပြင်ကြီး။ တံတားရှိပါလျက် ခရီးဆက်၍ မရတော့။ ဘယ်လိုဖြစ်ရပြန်ပါလိမ့်။
“မုန်းချောင်း တမံရယ်ကြီး အုံကြီးဝ တမံရယ် တည်ဆောက်ပြီးတဲ့ နောက်ပိုင်းမှာ အခုလို ရေတွေလွှမ်းပြီး သွားမရတော့တာပါဘဲ”
ဒေသခံ၏ စကားက လိုရင်းရောက်အောင် တိုရှင်းပါသည်။ မှန်ပါသည်။ ယခင်က ချင်းတောင် တန်းများပေါ်၌ သန္ဓေတည်ကာ စတင်စီးဆင်းလာခဲ့သော မုန်းချောင်းသည် စေတုတ္တရာကို ဖြတ်၊ ပွင့်ဖြူတို့ကို ဖြတ်ကာ ဧရာဝတီ မြစ်ကြီးထဲသို့ စီးဝင်သွားခဲ့သော နာမည်ကျော် အလျားရှည်ချောင်းကြီးတစ်ချောင်း
“မုန်းတမံကြောင့် ရေအားလျှပ်စစ်ထုတ်နိုင်တာမို့ စေတုတ္တရာကတော့ မီးလင်းသွားတာပေါ့ ဆရာရယ်။ ဒါပေမဲ့ မုန်းချောင်း တစ်လျှောက်က ရွာကလေးတွေ ရေမြုပ်ကုန်တယ်။ စာသင်ကျောင်းတွေရော၊ ဘုန်းကြီးကျောင်းတွေရော၊ သိမ်တွေလည်းပါရဲ့။ စိုက်စား၊ ပျိုးစားတဲ့ လယ်ယာတွေ ရေအာက်ရောက်ကုန်တာကို ကျုပ်ကတော့ ရင်ထဲမချိဘူးဗျာ”
ရခိုင်ရိုးမနှင့် ချင်းတောင်တန်း၏ စပ်ကြားက ဒေသမို့လားမသိ။ ညပိုင်း၌ အအေးက ပိုလာပါသည်။ မီးပုံဘေးမှာက လူတချို့ဝိုင်းဖွဲ့လို့။
ဟုတ်ပါသည်။ မုန်းချောင်းတစ်လျှောက် စေတုတ္တရာအထက်က ရွာတော်တော်များများ ရေလွတ်ရာ တောင်တန်း အမြင့်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ကြရပါသည်။ အလယ်ပုံ၊ အောင်း၊ ရွှေတော၊ ပုံဆိပ်၊ ကုန်းတရား၊ ချီ၊ ပွင့်ထောက် စသည်စသည်။ ထို့အပြင် ထီချောင်းတစ်
ဝိုက်၌လည်း သယံကိုင်း၊ လုံးပေါ၊ ပေါက်ချောင်း၊ ကြောင်သိုက်၊ ငလဲ၊ ပန်းချစ် စသည် စသည်။
“ကျုပ်တို့ တတ်တာက စပါးစိုက်မယ်။ နှမ်းစိုက်မယ်။ ပဲထောပတ်စိုက်မယ်။ အခု စိုက်ပျိုးမြေတွေ ရေအောက်ရောက်သွားတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ၀ါးခုတ်ရအောင်ကလည်း ၀ါးကမရှိ။ ရွာက လူငယ်တွေလည်း ဖားကန့်ရောက် မလေးရှားရောက်၊ ထိုင်းရောက်၊ ကျုပ်တို့အတွက် အသက်ကြီးခါမှ မျက်ရည်ကျကြရပါတယ်ဗျာ”
မုန်းချောင်းဘေးရှိ စေတုတ္တရာ ညက ညဥ့်နက်လေလေ စကားဝိုင်း ကောင်းလေလေ ဖြစ်ပါသည်။ တောင်ခြေရင်း မြို့ကလေးမို့ ဆတ်သားခြောက်ကတော့ ဘာပေါသလဲ မမေးနှင့်။ တစ်မြို့လုံး အိမ်ခြေ ၉၀၀ ကျော်သာရှိသည့် မြို့ကလေး။ မြို့နယ်တစ်ခုလုံး ရွာတွေပါရော ပေါင်းပါမှ အိမ်ခြေ ၉၀၀၀ ကျော် လူဦးရေ ၄၀၀၀၀ ကျော်။ ကတ္တရာလမ်းကို အနုစိတ် မှန်ဘီလူးဖြင့် ဖြဲကြည့်ရမည့်မြို့။
“အမှုအခင်းကတော့ မရှိသလောက်ဆိုပါတော့။ ခိုးမှုဆိုတာ မနှစ်က တစ်နှစ်လုံး တစ်မှုလားပဲ။ ဒါကလည်း လူစိမ်းက ကျူးလွန်တာပါ။ ဒီမှာ ခိုးတာ၊ ၀ှက်တာ မရှိဘူး”
စခန်းမှူး၏ စကားက စေတုတ္တရာ၏ ရိုးဖြောင့်မှုကို ပေါ်လွင်စေပါသည်။ သို့သော် ဂျီအက်စ်အမ်ရော၊ စီဒီအမ်အေရော၊ ကြိုးဖုန်းရော ဆက်မရသည့်မြို့မို့ ပြင်ပကမ္ဘာနှင့်တော့ တော်တော့ကို အဆက်အသွယ် ပြတ်လွန်းပါသည်။ တစ်ခုတည်းသော ဆက်သွယ်စရာက IP Star ဖုန်း။
(လေး)
မုန်းချောင်းက စေတုတ္တရာနားမှာ တမံတုတ်လိုက်သဖြင့် တန့်သွားပြီးနောက် ရေအားလျှပ်စစ်က ဆက်လက်စီးဆင်းပေးလိုက်ရာ ပွင့်ဖြူမြို့နားအရောက်၌ကြီး အုံကြီးဝတမံကို ထပ်၍ ဆည်လိုက်ပြန်ပါသည်။ သည်မှာတွင် စေတုတ္တရာနှင့် ပွင့်ဖြူကြားက လယ်ယာမြေ အများအပြား ရေမြုပ်သွားကြပြန်ပါသည်။ ရွာတွေ၊ လယ်တွေမြုပ်ကြပြန်ပေါ့။
သို့ဖြစ်ရာ စေတုတ္တရာ အ၀င်၌လည်း ရေတွေဖွေးကာ မုန်းချောင်းက ရေပြင်ကျယ်ကြီးနှင့် ရောထွေးသွားခဲ့ခြင်းဖြစ်ပါသည်။ ကံပြားကနေ စေတုတ္တရာ အသွားတောင်ပေါ်လမ်းတစ်လျှောက် ဟိုနားမှာ ရေတွေဖွေးဖွေးလှုပ်လှုပ် သည်နားမှာ ရေတွေဖွေးဖွေး လှုပ်လှုပ် တွေ့နေရခြင်းမှာ တမံတို့၏ ဂယက်များပင်ဖြစ်ပါသည်။
“အခုလည်း စေတုတ္တရာအထက် ဘူးရွာနားမှာ အထက်ဘူးဆည်နဲ့ အောက်ဘူးဆည်ဆိုပြီး လုပ်ဦးမတဲ့ ဆရာရဲ့။ ရေအားလျှပ်စစ်လို့ ဆိုတာပါပဲ။ လျှပ်စစ်ကလည်း စေတုတ္တရာပဲရတာပါဗျာ။ ရွာတွေ မရပါဘူး။ ရွာတွေ လျှပ်စစ်ရတော့လည်း လျှပ်စစ်က ချက်စားလို့ရတာမှတ်လို့”
ဒေသခံတွေကတော့ သူတို့ မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်စားရတာကို စွန့်လွှတ်ချင်ပုံ မရကြ။ အိုးအိမ်လယ်ယာတို့ကို စွန့်ခွာခဲ့ရသဖြင့် ပေးအပ်သော နစ်နာကြေးတွေကလည်း ကျပ် ၅၀၀၀ တို့၊ ကျပ် ၁၀၀၀၀ တို့၊ ကျပ် ၁၅၀၀၀ တို့ဆိုတာက မတန်တဆ “နှိမ်” ထားရာများ ကျနေလေမလားဟု အတွေးဝင်မိပါသည်။
“မုန်းဆည်ကြီးထဲမှာ ငါးရှာခွင့်တော့ ပေးထားပါတယ် ဆရာရယ်။ ဘာအခွန်အခမှတော့ မကောက်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ အညာသားတွေက ငါးမရှာတတ်ဘူးဆရာရဲ့။ စိုက်ပျိုးရေးပဲတတ်တာ”
မှန်ပါ၏။ မုန်းဆည်ကတော့ ငါးအလွန်ပေါပါသည်။ ကျောက်ကြို ကျောက်ကြားကနေ စီးဆင်းနေသည့် မုန်းရေကြည်ကြည်မှာပင်လျှင် ငါးသလဲထိုးတွေက ပေါလိုက်တာ။ စေတုတ္တရာ တစ်မြို့လုံးငါးသလဲထိုးတွေချည်း
ကျွန်တော်ကတော့ ဆည်မြောင်းတာတမံများ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပညာရှင် မဟုတ်သဖြင့် ပညာရှင်စကားကို မဆိုတတ်ပါ။ သို့သော် ဒေသခံတို့၏ လူမှုဘ၀များ ဖရိုဖရဲနှင့် ပြိုလဲကာ ကူကယ်သူမဲ့ဘ၀ဖြင့် အကွဲကွဲ အကြေကြေ ဖြစ်ကုန်ကြမှာကိုဖြင့် စိုးရိမ်မိသည်မှာ အမှန်ပဲ ဖြစ်ပါသည်။ သူတို့၏ စားဝတ်နေမှုဘ၀ကို အာမခံနိုင်သည့် စီမံကိန်းကြီးများဖြစ်လျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ။
အခုတော့ မုန်းချောင်းက မုန်းချောင်းမဟုတ်တော့ဘဲ ရေပြင်ကျယ်ကြီးဖြစ်၍နေရာ မုန်းချောင်းတံတားကနေ စေတုတ္တရာကို သွား၍မရတော့။ မနုနုရည် (အင်းဝ) ရော၊ မောင်ငြိမ်းသူ(ကြို့ ပင်ကောက်) ပါ စက်လှေထဲသို့ ဆင်းခဲ့ကြရပါလေပြီ။
အော်...စေတုတ္တရာ၊ စေတုတ္တရာ။ မုန်းရေ စေတုတ္တရာခရီးသွားတွေကို ရေပြင်ကျယ်ကြီးတွေနဲ့ မတားထားပါနဲ့လား ။ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။