Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 14, 2012

ဒီမိုကရေစီနည်းဖြင့် ပြဿနာများကို ဖြေရှင်းခြင်း

The Voice Weekly · 85,422 like this
30 minutes ago ·
  • ‎[ Editorial ]

    ဒီမိုကရေစီနည်းဖြင့် ပြဿနာများကို ဖြေရှင်းခြင်း

    မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော ဆန္ဒပြ တောင်းဆိုမှုများနှင့် ပတ်သက်၍ အွန်လိုင်း စာမျက်နှာများ ပေါ်တွင် လည်းကောင်း၊ ပြင်ပတွင် လည်းကောင်း မတူညီသော ဆန့်ကျင်ဘက် အမြင်နှစ်ခုဖြင့် ငြင်းခုံလျက် ရှိသည်ကို တွေ့ရ ပါသည်။ ပထမအမြင်မှာ ဆန္ဒပြသူများကြောင့် သွားနေသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နောက်ပြန် လှည့်သွားမည်ကို စိုးရိမ်ကြောင့်ကြ နေသော ရိုးရိုးရှင်းရှင်း အမြင် ဖြစ်ပါသည်။ ထိုအမြင်တွင် ဆန္ဒပြသူများကို အပြစ်တင်သည့် ရှုထောင့်မှ ကြည့်ကာ နောက်ပြန် လှည့်သွားမည်ဟု စိုးရိမ်သံ တစ်ဝက်၊ ခြိမ်းခြောက်သံ တစ်ဝက်ဖြင့် မရိုးမသား ပြောဆိုနေသူများလည်း ပါဝင်ပါသည်။

ုတိယအမြင်မှာ ပြည်သူလူထု နှစ်များစွာ နစ်နာခဲ့သည်များကို ငြိမ်းချမ်းစွာ ဖွင့်ထုတ် ဆန္ဒပြခြင်းသည် ဒီမိုကရေစီ အခွင့်အရေးလည်းဖြစ်သည်ဟု ရိုးရှင်းစွာ ရှုမြင်ကြပါသည်။ ထိုအမြင်တွင်လည်း အစိုးရကို အမြဲအတိုက်အခံ ပြုနေသူများက အစိုးရ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သံများ၊ ခံစားချက်များ ရောစွက်လျက် ရှိပါသည်။

    ရာစုနှစ်ဝက်ခန့် အာဏာရှင် စနစ်အောက်တွင် နေလာခဲ့ရသော မြန်မာနိုင်ငံ တွင် လွတ်လပ်ခွင့် ဆိုသော ဝေါဟာရနှင့် ထိတွေ့ခွင့် ရလာသည်မှာ ယနေ့ ဒီမိုကရေစီ အသွင်ပြောင်း ကာလ အရပ်သား အစိုးရလက်ထက် ၂ နှစ်ခန့်သာ ရှိသေးပါသည်။ နှစ်ငါးဆယ်ခန့် အာဏာရှင်စနစ် ကျင့်သုံးလာခဲ့သော အုပ်ချုပ်သူများရော ယင်းစနစ်ဒဏ်ကို ခါးစည်း ခံလာခဲ့ကြ ရသည့် အအုပ်ချုပ်ခံ ပြည်သူလူထုတွင်ရော ဒီမိုကရေစီ အလေ့အကျင့်များနှင့် များစွာ ယဉ်ပါးမှု မရှိသေးပေ။ ဤနေရာတွင် သတိပြုရမည့် အချက်မှာ ဒီမိုကရေစီ အသွင်ပြောင်း နိုင်ငံတိုင်းတွင် ဒီမိုကရေစီ စနစ်နှင့် မဆီမလျော် တုံ့ပြန်မှုများ၊ အခုအခံများ၊ အတားအဆီး၊ အခက်အခဲများ တွေ့ကြုံရတတ်သည့် အချက် ဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂ နှစ်တာ ကာလအတွင်း ဖြစ်ပျက်ခဲ့သော ဆန္ဒပြမှုများနှင့် ထိုဆန္ဒပြမှု အချို့အပေါ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းပုံမှာ ထင်ရှားသော သာဓကများ ဖြစ်ပါသည်။

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုထွက်ပေါ်လာပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ကာလများ အတွင်းThe Voice Weekly က ကြိမ်ဖန်များစွာ ခန့်မှန်း သုံးသပ် ရေးသားခဲ့သည့် အတိုင်း လက်ရှိမြန်မာနိုင်ငံသည် စနစ်ပြောင်း အုပ်ချုပ်သူမပြောင်း ပုံစံသာ ရှိနေပါသေးသည်။

    ထို့ကြောင့် အစိုးရအဖွဲ့နှင့် ဥပဒေပြု လွှတ်တော် အတွင်းတွင် ယခင် အစိုးရ အဖွဲ့ဝင်ဟောင်း အများစုနှင့် ၄င်းတို့ သူကောင်းပြုထားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင် နေပါ သည်။ အကျိုးဆက် အနေနှင့် ၄င်းတို့ ကိုယ်ကျိုးစီးပွားကို ထိခိုက် လာနိုင်စရာ ရှိသည်ဟု ယူဆသော အရေးကိစ္စများတွင် ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းနှင့် ဥပဒေပြုရန် တွန့်ဆုတ်ခြင်းများ (ဥပမာ-လက်ပံတောင်းကြေးနီ စီမံကိန်း ဆန္ဒပြသူ များကို အကြမ်းဖက် နှိမ်နင်းခြင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ ပိုင်ဆိုင်မှုတို့ကို အများပြည်သူအား ထုတ်ပြန် ကြေညာရန် အဆို လွှတ်တော်တွင် ရှုံးနိမ့်ခြင်း) တွေ့မြင်ရခြင်းဖြစ်ပါသည်။

    စနစ်ဆိုးကြောင့် အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ ပြည်သူလူထုအကြား ယုံကြည်မှု ပျောက်ဆုံး သွားခဲ့သည်ကို လွယ်လွယ် ကူကူနှင့် ပြန်လည် တည်ဆောက်၍ မရနိုင်ပေ။ ထိုစနစ်ဆိုးနှင့်အတူ အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် ပညာရပ်ဆိုင်ရာ နယ်ပယ်များ အပေါ် နားလည်မှု မရှိသော အစိုးရ တစ်ရပ်ကို ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်သူ ခရိုနီ လုပ်ငန်းရှင်များက ၄င်းတို့ အကျိုးစီးပွားအတွက် စီမံကိန်းအလွဲများ၊ အခြေခံ အဆောက်အဦ အလွဲများ အကောင်အထည် ဖော်စေခဲ့ခြင်းကြောင့် ပြည်သူလူထု အများစု ဆိုးဆိုးရွားရွား နစ်နာခဲ့ရသည့် သာဓကများလည်း (ဥပမာ-လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများ) ဒုနှင့်ဒေး ရှိနေပါသည်။

    ထို့ကြောင့် ဒီမိုကရေစီ အသွင်ပြောင်း ကာလကို ရောက်ရှိနေကြောင်း၊ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေ ကြောင်း လူသိရှင်ကြား ထုတ်ဖော် ကြေညာထားသည့် အပြင် လက်တွေ့လည်း ထိုအတိုင်း ဆောင်ရွက်နေသော အရပ်သား အစိုးရလက်ထက် တွင် ပြည်သူအများစု မိမိတို့နစ်နာနေသည်များကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြခြင်းကို အပြစ်တင် စရာအကြောင်းမရှိပေ။

    သို့သော် ဆန္ဒပြသူများဘက်မှလည်း လွှတ်တော်က အတည်ပြုထုတ်ပြန်ထားသော ဆန္ဒ ထုတ်ဖော်ခွင့်ဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန် အထူးလိုအပ်ပါသည်။ ထိုဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လိုသူများ၏ တရားဝင် အသိပေးလျှောက်ထား သည်ကိုလည်း ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ တာဝန်ရှိသူ ရဲတပ်ဖွဲ့ အနေနှင့် ငြင်းပယ်ခွင့်မရှိပေ။ ထို့အပြင် ဆန္ဒပြထုတ်ဖော်သူများအား လက်ခံ၊ ငြင်းပယ်ခွင့်ကိုလည်း နှစ်ပေါင်းများစွာ အုပ်ချုပ်သူအစိုးရ၏ အမိန့်ကိုသာ တောက်လျှောက်နာခံခဲ့ရသည့်အတွက် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှု အားနည်း နေသော ရဲတပ်ဖွဲ့ထံ အလုံးစုံ အပ်နှင်း ထားခြင်းမှာလည်း သင့်တော်မှုရှိ၊ မရှိ ပြန်စဉ်းစားသုံးသပ်ရန် လိုပါသည်။

    ဒီမိုကရေစီစနစ်၏ အခြေခံစရိုက်လက္ခဏာတစ်ခုဖြစ်သည့်၊ ဆန္ဒပြမှုနှင့် ဆန္ဒပြသူများကို အလွန်အကျွံ အပြစ်တင် နေခြင်းသည်လည်းကောင်း၊ အစိုးရအပေါ် အလွန်အကျွံ ဖိအားပေးနေခြင်းသည် လည်းကောင်း နုနယ်သေး သည့် ဒီမို ကရေစီ အသွင်ကူးပြောင်းရေးကို အနုတ်လက္ခဏာသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

    များစွာသတိထားရမည့် အချက်မှာ နှစ်ဖက်စလုံးကို အပြစ်တင်ဖိအားပေးကာ အခြေအနေပိုဆိုးသွားစေရန် ဖန်တီးနေသော ကိုယ်ကျိုးစီးပွား သက်သက် ကာကွယ်လိုသူများ၏အန္တရာယ် ဖြစ်ပါသည်။

    ဒီမိုကရေစီအသွင်ပြောင်းနိုင်ငံတိုင်းတွင် ကြုံတတ်သည့် အခက်အခဲ အခုအခံများကို ဒီမိုကရေစီနည်းကျကျ ငြိမ်းချမ်းစွာဖြေရှင်းခြင်းဖြင့် ဒီမိုကရေစီနှင့် ထိုက်တန်သော အသိဉာဏ်ကြီး ပြည်သူ့ အစိုးရနှင့် နိုင်ငံကြီးသားများ အဖြစ် ပြသကြပါမည့် အကြောင်း အထူး သတိပေးလိုပါသည်။

    အယ်ဒီတာ (၁၃.၁၂.၂၀၁၂)
    The Voice Weekly Vol.8/No.50 ပါ အယ်ဒီတာအာဘော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။