Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 2, 2012

အားပြိုင်မှုကို မြင်အောင်ကြည့်ကြစေချင်ပါသည်။

 
(မင်းဒင် ရေးသည်။)

လူမှုကွန်ယက်စာမျက်မှာ ပထမဆုံး ကျနော်စာရှည်ရှည်တပုဒ်ရေးလိုက်တော့ ဖတ်ရှုသူများရဲ့
...


မှတ်ချက်တွေကို ဖတ်ပြီး ကျနော်ဝမ်းနည်းသွားပါတယ်။ အကြောင်းက…“လက်စသတ်တော့

ငါတို့လူမျိုးအများစုဟာ ငါ့လိုပဲ ဘေးထိုင်ပြီး တိုင်းပြည်ကောင်းစားစေချင်တဲ့သူ အများစုပါကလား“

ဆိုတဲ့ အတွေးကြောင့်ပါ ။ဒါတင်မက လက်ပံတောင်းနောက်ဆက်တွဲ ဖြစ်ရပ်သတင်းတွေကြောင့်

ပိုပြီး စိတ်ပျက်စရာဖြစ်လာရပါတယ်။ ဒါကြောင့် အသာနေမရလို့ လျှာရှည်ရတယ်လို့

နားလည်ပေးစေချင်ပါတယ်။

၁။ ဥာဏ်ကြီးသူတွေမို့ သတိမလွတ်စေချင်ပါ ။

တကယ်တော့ မြန်မာပြည်အရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေသူတွေထဲမှာ
တိုင်းပြည်ကောင်းစား စေချင်တဲ့ ဆန္ဒနဲ့ အသက်ကော ဘဝပါပေးဆပ်ပြီး လုံးပန်းနေကြ
သူတွေအများစု ပါဝင်တယ်လို့ ကျနော် ယူဆပါတယ်။ အနာဂတ်အထိ မျှော်မှန်း လုပ်ဆောင်
နေသူတွေဟာ အသိဥာဏ်ရင့်ကျက်တဲ့ ပညာရှိတွေလို့ ဆိုနိုင်ပါလိမ့်မယ်။ဒါပေမဲ့ ပညာရှိသတိဖြစ်ခဲ ဆိုတဲ့ ဆိုရိုးကို သတိရကြစေချင်ပါတယ်။
ကျနော်တို့ဘယ်အရာကို မျှော်မှန်းလုပ်ဆောင်နေကြပါသလဲ ဆိုရင် ခေတ်ဆိုးစံနစ်ဆိုးကြီးကို ကျော်လွန် လွတ်မြောက်ဖို့ပါ ။ သေချာတဲ့အချက်က ခေတ်ဆိုးကြီးရဲ့ အမွေဆိုးကြောင့် နေချင်းညချင်း မအောင်မြင်နိုင်ဘူး ဆိုတာ သေချာတဲ့အချက်ပါ။ ခံစားချက်နောက်လိုက်ပြီး တယောက်တမျိုး ဦးနင်းပဲ့ထောင်လုပ် အခြေအနေမျိုးနဲ့ ဆို ရထားပြီးသား နှစ်ပြားတပဲ အခွင့်အရေးတောင် မသူတော်တွေလက်ထဲ နက်ဖန်သဘက်ခါ ပြန်ပါသွား နိုင်ပါတယ် ။

၂။ မျှော်မှန်းရာဆီ ရောက်ကြမည်လား။

မြင်ရက်စရာမရှိတဲ့ ဘုန်းတော်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ လူထုခေါင်းဆောင်တွေရဲ့ အားပေးထောက်ခံမှု တချို့ ကိုလည်းမြင်ရော ကျနော်တို့ လူမျိုးထုံးစံအတိုင်း သနားရာကနေ ပေါက်ကွဲ။ ပေါက်ကွဲရာကနေ လမ်းလွဲ ရောက်ကုန်တော့မယ်လို့ ပူပန်စရာတွေ ဖြစ်လာပါတော့တယ်။ဒီအချိန်မှာပဲ ငြိမ်းချမ်းရေလမ်းစပေါ်ရောက်နေ တဲ့ ကေအင်ယူလို အဖွဲ့ကတောင် တာဝန်ရှိသူတွေကို အရေးမယူဘူးဆိုရင် ငြိမ်းချမ်းရေးပျက်ပြားနိုင်ပါတယ် ဆိုတဲ့ အသံထွက်လာပါတယ်။ မကျေနပ်ချက်တွေ နာကျည်းချက်တွေကို ရရာပုံစံနဲ့ ဖော်ပြကြမယ်။ အော်ဟစ်တောင်းဆိုကြမယ်၊ ဆိုတာ တွေဟာ ကျနော်တို့ ရည်သန်မျှော်မှန်းရာကို ပို့ဆောင်နိုင်ပါ့မလား။

၃။ ကော်မရှင်မှာ ပါဝင်ဖို့ ငြင်းကြသတဲ့လား။

သပိတ်ဖြစ်စဉ်အဆင့်ဆင့်ကိုလူတိုင်းနီးပါး သိနေပြီးသားပါ။ မဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့ အခြေအနေကြောင့် နောက်ဆုံးမှာ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ပေးရတဲ့ အဆင့်ရောက်လာပါတယ်။ဒီအဖွဲ့နဲ့ ပက်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာတခွန်းမှ မဟရသေးခင် ဒေါ်ခင်စန်းလှိုင်က ကျမ မပါပါဘူးဆိုတဲ့ အသံ ထွက်လာတာ့ ကျနော် အတော်အံ့သြသွားပါတယ် ။နောက်ဆက်တွဲ ကိုမင်းကိုနိုင်တို့ကလည်း ကြေငြာချက် ထုတ်ပြီး ဖယ်ထွက်ဖို့ လုံးပန်းပြန်ပါတယ် ။ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာ ကျနော်ဥာဏ်မမှီပေမဲ့ တစုံတရာ လွဲချော်နေပြီဆိုတာတော့ ဇာတိစိတ်အရ ခန့်မှန်းမိခဲ့ပါတယ်။( ဒီညနေ နောက်ဆုံးသိရတဲ့ သတင်းအရ ဒေါ်အောင်စုကြည်၊ ဝန်ကြီးဦးအောင်မင်းတို့ ညှိနိုင်းပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အဖွဲ့က အပြု သဘော ပါဝင်မယ်ဆိုတဲ့ သတင်းကြောင့် ဟင်းချနိုင်ရပါတယ်။)

ကျနော်ဟာ သူတို့နဲ့ တန်းယှဉ်နိုင်သူမဟုတ်တာကြောင့် သူတို့ကို အပြစ်ဆိုဖို့ အကြောင်းမရှိပါဘူး။ ဘဝနဲ့ ရင်းထားကြသူတွေဆိုတာ ကျနော်သံသယမရှိတဲ့အပြင် ဆင်ခြေရာနဲ့ပြောင်းခင်းတန်းလန်းတွေ့နေရက်နဲ့ ဘာကောင်တုန်း အရှာခိုင်းသလို ဖြစ်နေတာမို့ သူတို့ရဲ့ ခံစားဆုံးဖြတ်ချက်ကိုလည်း ရိပ်စားမိပါတယ်။

ဒီအခြေ အနေကနေ ပွဲသိမ်း အဆုံးအဖြတ်အထိ မျှော်မှန်းချက်လည်း ရှိနေနိုင်ကောင်းပါတယ်။
အခုလို ရှုပ်ရှုပ်ထွေးထွေးအနေအထားမှာ ပွဲသိမ်းနိုင်မဲ့ မျှော်လင့်ချက်ကို ပြန်လည် ဆန်းစစ်ကြ စေလိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဆိုးတွေကြောင့် ပေါက်ကွဲမှုကို အားပြုပြီး အပြီးတိုင် တိုက်ပွဲအဆုံးဖြတရရေး အတွက် ပြည်သူ့ထိုးစစ်ကို အရှိန်မြင့်ခဲ့ရင် သူ့လူကိုယ့်လူ အရောရောအနှောနှောဖြစ်နေချိန်၊ အဖက်ဖက်က အဆင်သင့်ကြိုတင် စီမံချက်တွေ မပြည့်စုံသေးတာကြောင့် အောင်ပွဲဟာ အလှမ်းဝေးကွာနေသေးတယ်လို့ ထင် ပါတယ်။
အဖြစ်သင့်ဆုံးကတော့ ဘယ်သူတွေမှာ တာဝန်ရှိသတုန်းဆိုတာကို နားရွက်ဆွဲပြီး ထုတ်ပြနိုင်တဲ့ အထိ လူရိုသေ ရှင်ရိုသေ ခံရသူတွေက ဦးဆောင် လုံးပန်းမှသာ တာဝန်ကျေရာ ရောက်ကြပါလိမ့်မယ် ။

မဟော်သဓာဇာတ်တော်မှာ မဟော်သဓာဟာ ရှားနှစ်တုတ်ကို လက်နဲ့ ဆကြည့်ရုံနဲ့ အရင်းအဖျားသိပေမဲ့ အများမြင်သာအောင် ရေဖလားနဲ့ ကြိုးနဲ့ သက်သေပြရတဲ့ နမူနာကို သတိရကြစေလိုပါတယ် ။သားတရား စီရင်ခန်းမှာလည်း ထို့နည်းလည်းကောင်းပါ။ အမှုသည်တွေရဲ့ ရုပ်ရည်သွင်ပြင်ကို မြင်ရုံနဲ့ ဘယ်ဟာ မိခင်ရင်းဆိုတာ သိပေမဲ့ သက်သေပြချက်လိုအပ်ခဲ့တာ ပါပဲ ။ မှန်နေမှားနေတာကို သိရုံနဲ့ မပြီးဆုံးပါ။ အမှန်အတိုင်း ဖြစ်သွားအောင် တည့်မတ်ပေးပြီးမှ တာဝန်ကုန်ဆုံးမှာပါ ။ အမှန်ကိုရှာရင်း ကိုယ့်တပ် ကိုယ်ပြန် နင်းမိမဲ့ အဖြစ်ကို ဥာဏ်ကြီးကြီးနဲ့ ချင့်ချိန်ကြစေချင်ပါတယ် ။

၎။ လွှတ်တော်တွင်းက အင်အားချိန်ခွင်ညှာ

လွှတ်တော်မှာလကြံ့ခိုင်ရေးအမတ်( စံနစ်ဆိုးရဲ့ လက်ပါးစေများ၊ ခေတ်သစ်ကို မျှော်မှန်းသူများ)အန်အယ်လ်ဒီ( ဒေါ်အောင်ဆန်းစုကြည်၊ အမတ်နေရာအနည်းစု )နဲ့ တသီးပုဂ္ဂလ အနည်းငယ်ပါဝင်နေ ပါတယ်။ လွှတ်တော် အတွင်းမှာ စစ်ဗိုလ်အများစု ပါဝင်နေတယ်ဆိုတာ မှန်ပါတယ် ။
လွှတ်တော်ထဲမှာ အတိုက်အခံအမတ်တွေ အရေအတွက်တချို့ ရှိနေပါတယ်။ အင်အားနည်းသည်ဆိုသော်ငြား စွန့်လွှတ်တဲ့ သမိုင်းနဲ့ ရိုးဂုဏ်ကြောင့် အထိုက်အလျှောက် အရေးပါနေတယ်လို့ ဆိုနိုင်ပါတယ်။ဒါကို ဥာဏ်ကြီးကြီးနဲ့ ဝန်းရံသင့်ပါတယ်။ ကျနော့်ဥာဏ် တထွာတမိုက်နဲ့ ပြောရရင် လွှတ်တော်မှာ ပြုပြင် ပြောင်းရေး အုပ်စုဟာ အားသာနေတယ်လို့ ထင်ပါတယ်။

စစ်ဗိုလ်အမတ်တွေအားလုံး ဆင်ခြင်တုံတရား မရှိကြတော့ဘူးလား ဆိုတဲ့ အချက်ကို အဖြေရှာနိုင်အောင် အတွေ့အကြုံတခု ပြောပြရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ဒုတိယဗိုလ်မှူးကြီးတယောက်နဲ့ ဘန်ကောက်မှာ စကားလက်ဆုံကြရာက ကျနော့်စိတ်ထဲမှာ မရိုးရွ ဖြစ်တာကြောင့် .. “ဒီလောက် တိုင်းပြည် တခုလုံး စုတ်ပြတ်သတ်နေတာကို ခင်ဗျားတို့ တကယ်ပဲ မသိကြလေသလား”လို့ မျက်နှာချင်းဆိုင် မေးလိုက်မိပါတယ်။ သူက မျက်နှာတခုလုံ နီရဲသွားပြီ .. “ထမင်းစားနေတဲ့ လူတွေဗျ။ ခင်ဗျားတို့သိတာထက် ကျနော်တို့က အသေးစိတ်သိတယ်။ ဘယ်လိုမှ လှုပ်မရလို့ ငြိမ်နေတာ ခင်ဗျားသဘောက် ”လို့ တုန့်ပြန်တာ ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။

ဒီတော့ အမြင်မှန်တဲ့ စစ်ဗိုလ်အုပ်စုက လူထုဖက်ပါလာနိုင်ဖို့ တရုတ်ဖက်ကို ခြေကန်နေကြတဲ့ တိုင်းပြည်ဖျက်လုပ်ရပ်တွေ ရပ်တန့်နိုင်အောင် ရေရှည်အမြင်နဲ့ လုံးပန်းရပါလိမ့်မယ်။
စစ်ဗိုလ်အုပ်စုကြီးမို့ မဲမဲမြင်ရာ ရန်သူစာရင်းသွင်းပြီး ဆန့်ကျင်နေကြမဲ့အစား ဆင်ခြင်တုံတရားနဲ့ အကောင်းဖက် ပါလာအောင် စစ်ဗိုလ် တယောက်ချင်းရဲ့ စရိုက်၊အမြင်မှန်ရှိသူတွေ တဦးချင်းရဲ့ စရိုက်အပါအဝင် ခြေလှမ်းတိုင်း ကို မြင်အောင်ကြည့်ဖို့ လိုပါလိမ့်မယ်။

၅။ အားပြိုင်မှုကို ပုံဖော်ကြည့်မိခြင်း။

လက်ရှိနိုင်ငံရဲ့ အနေအထားကို တချက်လှည့် ကြည့်စေ ချင်ပါတယ်။ပြုပြင်ပြောင်းလဲလိုသူတွေဟာ တရုတ်ဖက် ကို ကျွံနေတဲ့ နောက်ခြေလှမ်းကို ဆွဲထုတ်နိုင်ဖို့ အမေရိကန်ဖက်ကို ရှေ့ခြေတလှမ်းတိုးပြီးတဲ့ အခြေအနေမျိုး၊ မီဒီယာတွေ အတန်အသင့် လမ်းပွင့်နေတဲ့ အခြေအနေတွေဟာ အားသာချက်တွေလို့မြင်ပါတယ်။ ဒီအခြေ ဒီအဆင့်ဟာ ခေတ်ဆွေးလက်ကျန် စစ်ဗိုလ်အမတ်တွေ အလွယ်တကူ မကျော်လွှားနိုင်တဲ့ အနေအထား လို့ ထင်ပါတယ်။ အားပြိုင်မှုကတော့ ဆက်ရှိနေအုံးမှာပါ။ တရုပ်လက်ပါးစေ ဦးပိုင်ကလည်း လွှတ်တော်မှာ တပ်မတော်သားတွေရဲ့ စားဝတ်နေရးဆိုတဲ့ အကြောင်းပြချက်နဲ့ လူထုနဲ့ စစ်တပ်ကို ရန်တိုက်တဲ့ ဥပယ်တမျဉ် နည်းသုံးခဲ့ပြန်ပါတယ်။

အားပြိုင်မှုတခုရဲ့ ဖြစ်နိုင်ချေကို ကျနော်စိတ်ကူး ပုံဖော်ကြည့်မိပါတယ်။

လက်ပံတောင်းတောင်အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ဘို့ ဒေါ်ခင်စန်းလှိုင်တင်ခဲ့တဲ့ အဆို အောင်မြင်တဲ့အချိန်မှာ ၊စံနစ်ဆိုးဘက်တော်သားတွေဖက်ကလည်း ဘောင်ထဲကနေ “ဒီလိုဆိုရင်ဖြင့် လက်ပံတောင်းသပိတ်စခန်း တွေကို ရပ်ပေးပေတော့” လို့ အကွက်ကြီးတကွက် ရွှေ့လိုက်တာမျိုးဆိုရင် သမတ ကိုယ်တိုင် ဘာမှ ဝင်ပြောလို့ မရတဲ့ ရွှေ့ကွက်ဆိုတာကို ဝိုင်းဝန်းစဉ်းစားချင့်ချိန်ကြစေချင်ပါတယ်။

၆။ ပြည်ထဲရေး ၊ ဦးပိုင်၊ ဝမ်ပေါင် ၊ တရုပ်သံရုံးတို့၏ ကစားကွက်ပေလော။

ဖြစ်စဉ်ကို သေချာခွဲခြမ်းစိတ်ဖြာကြည့်ရင် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်ထဲရေးဌာနကို ရောက်တဲ့ အချိန်စပြီး ဘီလူးဆိုင်းဝင်လာတာကြောင့် ဦးပိုင်ဟာ ပြည်ထဲရေးက တာဝန်ရှိသူတချို့ကို ဘယ်လို ချိတ်ဆက်ပြီး ရုပ်ပျက်ဆင်းပျက် ချေမှုန်းရေးကို လုပ်ခဲ့သလဲ အချက်ဟာ မလွဲမသွေထုတ်ဖော်သင့်တဲ့ အချက်လို့ မြင်ပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်ထဲရေးရဲ့ အစီအမံကြောင်း မူလရည်ရွယ်ချက်နဲ့ ပြောင်းပြန်ဖြစ်သွားလေ သလားဆိုတာကိုလည်း အဖြေရှာသင့်ပါတယ် ။လက်ပံတောင်းဖြိုခွင်းမှုနောက်ဆက်တွဲ ရုပ်ပျက်ဆင်းပျက်လုပ်ရပ်တွေဟာလည်း ပြည်ထဲရေးရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေချည်းပါပဲ။
ဒီလိုဆိုးကျိုးတွေ ဆက်လက်ဖြစ်ပေါ်လာအောင် ဝမ်ပေါင်နဲ့ တရုတ်သံရုံး(တရုပ်အစိုးရ)ဟာ ဘယ်နေရာကနေ လှုပ်ရှားကြိုး ကိုင်နေသလဲ။
လက်ရှိအစိုးရအဖွဲ့ အပါအဝင် ဝန်ကြီးဌာနအသီးသီးရဲ့ ခြေလှမ်း မှန်သမျှ အသေးစိတ် ခြေရာခံကြ ရပါမယ်။ အစိုးရအတွင်း အင်အားပြိုင် ဖက်တွေရဲ့ ဘယ်သူ ဘယ်အကွက်ကို ရွှေ့လို့ ဘယ်အကောင်ဘယ်ရောက်ပြီး ဘာကိုချိန်နေတယ် ဆိုတာ မြင်အောင်ကြည့်တတ်ဖို့လိုပါလိမ့်မယ် ။အရောရောအထွေးထွေး အခြေအနေကနေ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင၊် ရန်သူရဲ့ ရန်သူကို မိမိမိတ်ဆွေဖြစ်လာအောင် ကြံဆောင် နိုင်ကြရပါမယ်။ နောက်ဆုံး အခြေအနေ အရ ပြည်ထဲရေးဟာ ဥပဒေကို အကာအကွယ်ယူပြီး သွေးဆူ နေတဲ့လူထုကို ဆက်ပြီးနှိပ်ကွက်နေ တဲ့ လုပ်ရပ်အမှားတွေ ဆက်တိုက်ကျူးလွန်နေတာကို ဟန့်တား နိုင်ဖို့ နည်းလမ်းရှာသင့်ကြ ပါတယ် ။

၇။ ရှေ့ဆက်ရမည့်ခရီးအတွက် စိတ်ရှည်ဥာဏ်ကြီးကြစေချင်သည်။

သံဃာတော်တွေနဲ့ လက်ပံတောင်းတောင်လူထုရဲ့ ပေးဆပ်မှုတွေဟာ အများကြီး အရာရောက် အကျိုးပြုခဲ့ပါပြီ ။တရုတ်သံအမတ်ကတောင် မြစ်ဆုံရော လက်ပံတောင်းတောင်မှာပါ စီမံကိန်းတွေ မရပ်ဘူးလို့ အဆင်ခြင်မဲ့ အသံတွေထွက်လာတဲ့အထိ ရန်သူကို တုန်လှုပ်ချောက်ခြားစေခဲ့ပါပြီ ။သပိတ်ဖြိုခွဲမှုဟာ အတိုင်းတိုင်းအပြည် မှာ အရုပ်ဆိုးအကျည်းတန်လွန်း တဲ့ ဖြစ်ရပ် အဖြစ် ဖော်ထုတ် တင်ပြနိုင်ခဲ့ကြပါပြီ ။မမြင်ရက်စရာ ဓာတ်ပုံတွေ ထပ်ချည်းတလဲလဲ တင်ပြနေကြဖို့ မလိုအပ်တော့တဲ့ အခြေအနေလို့မြင်ပါတယ်။ ဒီအခြေအနေကောင်းကို ဦးဆောင်လမ်းညွှန်မှု တခုအောက်မှာတစုတစည်း တသံတည်းထွက်နိုင်မှ အောင်ပွဲဆီချီနိုင်ပါလိမ့်မယ်။

လက်ပံတောင်းမှာ အောင်ပွဲရခဲ့ပြီးရင်တောင် ရခိုင်ပြည်နယ်အရေး၊ တောင်သူလယ်သမား အရေး၊မီဒီယာပိုမို လွတ်လပ်ခွင့်၊အဖက်ဖက်က တိုင်းပြည်ပြန်လည်ထူထောင်ရေး စတဲ့ တိုက်ပွဲစဉ်ကြီးတွေ ရှေ့ခရီးမှာ အများကြီး ရှိနေပါသေး တယ်။တိုင်းပြည်နဲ့ ပြဿနာပေါင်းစုံဟာ ဝန်နဲ့ အား လေးမြား မမျှတတဲ့အခြေအနေမျိုးပါ။ဒါကြောင့် စိတ်ရှည်ဥာဏ်ကြီးကြ ရပါလိမ့်မယ်။ မဂ်တရားဖိုလ်ရနိုင်တဲ့ အနှစ်ချုပ်ဟာ သီလသမာဓိ ပညာလို့ ဆိုတာမို့ အခုလို ခေတ်သစ်သို့ ချီကြမဲ့ အချိန်မှာ သီလလုံပြီး ၏သား ခေါင်းဆောင်တွေဟာ တည်ငြိမ်တဲ့ သမာဓိကနေတဆင့် ဥာဏ်ဖြင့် သုံးသပ်ဆင်ခြင်နိုင်ခြင်း ဆိုတဲ့ အဆင့်ကို ရောက်အောင် သွားနိုင်မှ အောင်ပွဲမည်ပါလိမ့်မယ်။ ကျနော့် ဆင်ခြင်တွေးတောချက်တွေဟာ ချို့ယွင်း လွဲချော်နေခဲ့မယ် ဆိုရင် ခေတ်သစ်ကို ရောက်ရ မည်မှာမလွဲပါ ဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ ဝိုင်းဝန်းတည့်မတ် ပေးစေလိုပါတယ် ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။