ဗိုလ်ချုပ်ပြောသည့် နိုင်ငံရေး သမား ဟူသည်
==========================
ဂျပန်ပြည်တွင် ရဲဘော်သုံးကျိပ် စစ်ပညာ စတင် သင်ခိုက် တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်လ...ရောင် နှင့် ဗိုလ်မင်းခေါင်တို့ တွေ့ဆုံ စကားပြော ကြစဉ် မြန်မာပြည်မှ စစ်ပညာသင်ကြားရန် ပို့လွှတ်သည့် သူများထဲတွင် ဗိုလ်ချုပ် မှာလိုက်သည့် လူအချို့ ပါမလာသည့် အတွက် စိတ်မကောင်း ဟန်ဖြင့် ဗိုလ်ချုပ်က “နိုင်ငံရေး သမားတိုင်းဟာ တိုင်းပြည်အတွက် ကိုယ်ကျိုးမှ စွန့်ရဲ့လားကွ” ဟု စကားစသည်တွင် ဗိုလ်လရောင်က “တိုင်းပြည်ကို တကယ်ချစ်တဲ့ မျိုးချစ်စိတ် ရှိသူတိုင်းတော့ စွန့်ရဲကြတာ ချည်းပဲ” ဟု ပြန်ဖြေလိုက်ရာ ဗိုလ်ချုပ်က “မျိုးချစ်စိတ် ရှိသူတိုင်းလည်း မဟုတ်ဘူးကွယ့်။ နိုင်ငံရေး ဆိုတာ ဘာလဲလို့ ကောင်းကောင်းကြီး နားလည်ပြီး ကိုယ်ကျိုးစွန့်ရဲတဲ့ သတ္တိ ရှိမှလို့ ငါတော့ထင်တာပဲ” ဟု ပြောရင်း စကားကို ခေတ္တ ရပ်လိုက်သည်။ ဗိုလ်မင်းခေါင်မှ ဆက်၍ “နိုင်ငံရေးဆိုတာ ဘာလဲ” ဟု ဝင်ထောက် မေးလိုက်ရာ ဗိုလ်ချုပ်က
“လူတိုင်းကတော့ တိုင်းရေးပြည်ရေးကိုသာ နိုင်ငံရေးလို့ တွက်ထားကြတယ်။ အမှန်ကတော့ ကိုယ့်ဘဝ ရပ်တည်ရေး က စပြီး ကိုယ့်အိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်မကြီး တစ်ခုလုံးရဲ့ လူမှုရေး ကိစ္စပဲ။ နိုင်ငံရေး စကားနဲ့ ပြောရင်တော့ လူတွေ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ နိုင်ငံရေး ပေါ့ကွ”
ဟု ရှင်းပြပြီး ဆက်လက်၍ နိုင်ငံရေး သမားဟူသည် ဆိုသည့် အကြောင်းအရာကို အခုလို ရှင်းပြခဲ့သည်။
၁။ တိုင်းပြည် ကျရောက်နေတဲ့ ဘေးကို တကယ်စွန့်စားပြီး ကယ်တင်ချင်တဲ့ စိတ်ဓာတ်မျိုး အမြဲ ရှိရမယ်။
၂။ အလုပ်လုပ်ကိုင်တဲ့ နေရာမှာ ရိုးသားမှု အပြည့်အဝ ရှိရမယ်။
၃။ စွန့်စားရမယ့် နေရာမှာလည်း ဇွဲသတ္တိ နဲ့ ပြည့်စုံပြီး ကိုယ်ကျိုးစွန့်၊ အသက်ကို စွန့်ရဲတဲ့ စိတ်မျိုးလည်း မွေးတတ်ရမယ်။
၎။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ အမှန်လို့ မယူဆတဲ့ စိတ်ထားမျိုး မွေးတတ်ရမယ်။
၅။ ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ မျိုးချစ်စိတ်လည်း ရှိရမယ်။
အရေးကြီးဆုံးက အဲ့ဒီ ငါးချက်ပဲ။ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံကတော့ လုပ်ရင်း ကိုင်ရင်း လေ့လာရင်းနဲ့ ရနိုင်ပါတယ်ဟု အဆုံးသတ် ပြောကြားခဲ့သည်။ထိုအကြောင်းအရာကို မြန်မာပြည်သို့ ပြန်ရောက်ပြီး ပထမဆုံး ရွှေတိဂုံ အလယ်ပစ္စယံ၌ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ် ပြောကြားသော မိန့်ခွန်းတွင် – အဆိုပါ နိုင်ငံရေး ဆိုသည်မှာ ဟူသည့် အချက်များကို ထည့်သွင်းပြောကြားခဲ့သည်။
မယ်သုန်
( ၂၇၊ ၂၊ ၇၁ ၊ ) ရွှေတူဂျာနယ်၊ တွဲ ( ၁ ) ၊ မှတ် ( ၁ )
ဓါတ်ပုံ။ ဂျပန်ရောက် ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်တေဇ (၁၉၄၁)
==========================
ဂျပန်ပြည်တွင် ရဲဘော်သုံးကျိပ် စစ်ပညာ စတင် သင်ခိုက် တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်လ...ရောင် နှင့် ဗိုလ်မင်းခေါင်တို့ တွေ့ဆုံ စကားပြော ကြစဉ် မြန်မာပြည်မှ စစ်ပညာသင်ကြားရန် ပို့လွှတ်သည့် သူများထဲတွင် ဗိုလ်ချုပ် မှာလိုက်သည့် လူအချို့ ပါမလာသည့် အတွက် စိတ်မကောင်း ဟန်ဖြင့် ဗိုလ်ချုပ်က “နိုင်ငံရေး သမားတိုင်းဟာ တိုင်းပြည်အတွက် ကိုယ်ကျိုးမှ စွန့်ရဲ့လားကွ” ဟု စကားစသည်တွင် ဗိုလ်လရောင်က “တိုင်းပြည်ကို တကယ်ချစ်တဲ့ မျိုးချစ်စိတ် ရှိသူတိုင်းတော့ စွန့်ရဲကြတာ ချည်းပဲ” ဟု ပြန်ဖြေလိုက်ရာ ဗိုလ်ချုပ်က “မျိုးချစ်စိတ် ရှိသူတိုင်းလည်း မဟုတ်ဘူးကွယ့်။ နိုင်ငံရေး ဆိုတာ ဘာလဲလို့ ကောင်းကောင်းကြီး နားလည်ပြီး ကိုယ်ကျိုးစွန့်ရဲတဲ့ သတ္တိ ရှိမှလို့ ငါတော့ထင်တာပဲ” ဟု ပြောရင်း စကားကို ခေတ္တ ရပ်လိုက်သည်။ ဗိုလ်မင်းခေါင်မှ ဆက်၍ “နိုင်ငံရေးဆိုတာ ဘာလဲ” ဟု ဝင်ထောက် မေးလိုက်ရာ ဗိုလ်ချုပ်က
“လူတိုင်းကတော့ တိုင်းရေးပြည်ရေးကိုသာ နိုင်ငံရေးလို့ တွက်ထားကြတယ်။ အမှန်ကတော့ ကိုယ့်ဘဝ ရပ်တည်ရေး က စပြီး ကိုယ့်အိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်မကြီး တစ်ခုလုံးရဲ့ လူမှုရေး ကိစ္စပဲ။ နိုင်ငံရေး စကားနဲ့ ပြောရင်တော့ လူတွေ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ နိုင်ငံရေး ပေါ့ကွ”
ဟု ရှင်းပြပြီး ဆက်လက်၍ နိုင်ငံရေး သမားဟူသည် ဆိုသည့် အကြောင်းအရာကို အခုလို ရှင်းပြခဲ့သည်။
၁။ တိုင်းပြည် ကျရောက်နေတဲ့ ဘေးကို တကယ်စွန့်စားပြီး ကယ်တင်ချင်တဲ့ စိတ်ဓာတ်မျိုး အမြဲ ရှိရမယ်။
၂။ အလုပ်လုပ်ကိုင်တဲ့ နေရာမှာ ရိုးသားမှု အပြည့်အဝ ရှိရမယ်။
၃။ စွန့်စားရမယ့် နေရာမှာလည်း ဇွဲသတ္တိ နဲ့ ပြည့်စုံပြီး ကိုယ်ကျိုးစွန့်၊ အသက်ကို စွန့်ရဲတဲ့ စိတ်မျိုးလည်း မွေးတတ်ရမယ်။
၎။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ အမှန်လို့ မယူဆတဲ့ စိတ်ထားမျိုး မွေးတတ်ရမယ်။
၅။ ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ မျိုးချစ်စိတ်လည်း ရှိရမယ်။
အရေးကြီးဆုံးက အဲ့ဒီ ငါးချက်ပဲ။ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံကတော့ လုပ်ရင်း ကိုင်ရင်း လေ့လာရင်းနဲ့ ရနိုင်ပါတယ်ဟု အဆုံးသတ် ပြောကြားခဲ့သည်။ထိုအကြောင်းအရာက
မယ်သုန်
( ၂၇၊ ၂၊ ၇၁ ၊ ) ရွှေတူဂျာနယ်၊ တွဲ ( ၁ ) ၊ မှတ် ( ၁ )
ဓါတ်ပုံ။ ဂျပန်ရောက် ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်တေဇ (၁၉၄၁)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။