Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 3, 2012

ဘော်ဒီနဲ့ စတိုင်လ်ပုံစံများ


မိန်းမတွေရဲ့ဘော်ဒီကို အကြမ်းဖျဉ်း လေးမျိုးပိုင်းနိုင်တယ်။ ဘော်ဒီအလိုက် ဝတ်စားမှသာ ဖက်ရှင်ရဲ့အရသာကို အပြည့်အဝ ခံစားနားလည်နိုင်လိမ့်မယ်။ နို့မို့ဆို ရူပကလျာ ရုပ်ချောပါလျက် အပြင်မတတ် အဆင်ခက်ကာ အမြင်ရှက်ဖွယ်ဖြစ်လိမ့်မယ်။ ဘော်ဒီလေးမျိုး
ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ နောက်ပြီး ပျိုမေတို့ ဝတ်စားတတ်တဲ့ ဝတ်စားဆင်ယင်ပုံ ပုံစံတွေကိုလည်း ဖော်ပြထားပေးပါတယ်။
အေဘော်ဒီ (A)
အပေါ်ပိုင်းကကျဉ်းပြီး သေးသွားတယ်။ အောက်ဘက် တင်နဲ့ပေါင်တို့က အပေါ်ပိုင်းထက်ကြီးပြီး ကျယ်သွားတဲ့ဘော်ဒီမျိုးကို ခေါ်တာပါ။ ခြေထောက်တွေဟာ တိုပြီးတုတ်လေ့ရှိတယ်။ အပေါ်ပိုင်းအခြမ်းဟာ ရှည်ပြီး သွယ်လေ့ရှိတယ်။ ဝိတ်တက်လာရင် ပေါင်နေရာမှာ တက်လေ့ရှိတယ်။ ဒီလိုဘော်ဒီမျိုးအတွက် အချိုးမျှအောင် ပခုံးပိုင်းကို အဓိကထားပြင်ပြီး ၀တ်ဆင်ရမှာဖြစ်ပါတယ်။
ဗွီဘော်ဒီ (V)
ပခုံးအကျယ်ဟာ တင်ပါးအကျယ်ထက် ပိုပြီးကျယ်တယ်။ ရင်သားဟာ ကြီးလေ့ရှိတယ်။ ဒါပေမဲ့ ဘော်ဒီဟာ ပုတိုတိုပုံစံနဲ့ ခါးဟာ မြင့်လေ့ရှိတယ်။ ပေါင်ဟာ ပြားချပ်လေ့ရှိပြီး ခြေချောင်းတွေကတော့ ပိန်သွယ်လေ့ရှိတယ်။ ဝမ်းပျဉ်းသားနေရာဟာ ရင်သားထက်ပိုပြီး စူထွက်ထင်ပေါ်နေလေ့ရှိတဲ့ ဘော်ဒီကတော့ ဗွီဘော်ဒီဖြစ်ပါတယ်။ ဒီဘော်ဒီအတွက် အချိုးမျှအောင် တင်နဲ့ခြေချောင်းနေရာကို အဓိကထားပြီး ပြင်ပေးရမှာ ဖြစ်ပါတယ်။ စကပ်တိုလိုဟာမျိုးနဲ့ ဆင်ပေးရမှာ ဖြစ်ပါတယ်။
အိပ်ခ်ျဘော်ဒီ (H)
ဒီဘော်ဒီပိုင်ရှင်ဟာ ခြေချောင်းတွေ သွယ်တယ်။ ရှည်တယ်။ရင်သားဟာ သာမန်အနေအထားကနေ ဆိုဒ်ကြီးအထိရှိလေ့ရှိတယ်။ ဝိတ်တက်လာရင် ဗိုက်နေရာမှာ တက်လေ့ရှိတယ်။ ဒီဘော်ဒီအတွက် အချိုးလှအောင် ဝတ်ရမှာကတော့ ခါးနေရာကို အဓိကပြင်ပြီး ဝတ်ပေးရမှာ ဖြစ်ပါတယ်။ ခါးစည်းတို့၊ ရင်စည်းတို့ ဝတ်ပေးပါ။
အိတ်ဘော်ဒီ (X)
ဒီဘော်ဒီကတော့ အကွေ့အကောက်ရှိတဲ့ ဘော်ဒီမျိုးပါ။ အချိုးအစားလှတဲ့ ဘော်ဒီလည်းဖြစ်ပါတယ်။ ရင်သားဟာ လှပလုံးဝန်းပြီး ခါးဟာသေးတယ်။ တင်ကတော့ ဖုမောက်ပြီး သူ့နေရာနဲ့သူ ရှိသင့်တဲ့ အချိုးအစားတိုင်း ရှိနေပါတယ်။ ပေါင်တံနဲ့ အပေါ်ပိုင်းဟာလည်း အချိုးအစား ညီပါတယ်။ ဝိတ်တက်ရင်လည်း အချိုးအစားညီညီ တက်လေ့ရှိပါတယ်။ ရှိနေတဲ့ အချိုးအစားကို ပိုပြီးပေါ်လာအောင် ဝတ်ပေးသင့်ပါတယ်။ ခါးနေရာကို လှပထင်ရှားအောင် ဝတ်ပေးပါ။ အဝတ်အစားကို နှစ်ထပ်၊ သုံးထပ်တွေ မဝတ်ပါနဲ့။ ခန္ဓာကိုယ်နဲ့ ကိုယ်တိုင်းကျတဲ့ဟာတွေသာ ဝတ်ပေးပါ။
အဝတ်အစား ဝတ်တဲ့အခါမှာ လူတွေဟာ ပုံစံအမျိုးမျိုး ဝတ်လေ့ရှိပါတယ်။ ဘယ်လိုပုံစံတွေ အဝတ်များလဲဆိုတော့…
ဂန္ထဝင်စတိုင်လ်
ဂန္ထဝင်စတိုင်လ် ရှိတဲ့သူတွေဟာ အရပ် ငါးပေလေးလက်မကနေ ၇လက်မအထိ မြင့်လေ့ရှိတယ်။ အချိုးအစားဟာ ကျနလှပလေ့ရှိတယ်။ ရုပ်ရည်သွင်ပြင်ဟာ ရင့်ကျက်တဲ့ပုံစံရှိပြီး ဆယ်ကျော်သက်တွေ ဝတ်တတ်တဲ့ အဝတ်အစားတွေ ဘယ်တော့မှ ဝတ်လေ့မရှိဘူး။ ခန္ဓာကိုယ်ဟာ သိပ်အပိန်ကြီး မဟုတ်သလို တောင့်တောင့်ကြီးလည်း ဖြစ်မနေဘူး။ သပ်သပ်ရပ်ရပ် နေလေ့ရှိတယ်။ နွေးထွေးပြီး ကြင်နာတတ်တဲ့သူလည်း ဖြစ်တယ်။ တွဲဖက်ဖက်ရှင်ပစ္စည်းတွေ ဆင်တဲ့အခါ လက်ဝတ်ရတနာ၊ ခါးပတ်၊ ဟန်းဘက်၊ ဖိနပ်တို့နဲ့ ပနံသင့်လှပတယ်။ ခေတ်ပေါ် အပျံစားပစ္စည်းတွေ ဝတ်လေ့မရှိဘူး။ ရှော့ပင်းထွက်တဲ့အခါမှာ ဘာဝယ်မလဲဆိုတာ စဉ်းစားတွက်ချက်ပြီးမှ ဝယ်တာ အကောင်းဆုံးဖြစ်တယ်။ သူတို့ဟာ အဝတ်အစားကို ဈေးကြီးပေးပြီး အကောင်းစားဝယ်လေ့ရှိတာမို့ တွက်ချက်ပြီးမှ ဝယ်တာ အကောင်းဆုံးဖြစ်မှာမို့ပါ။
ဒရာမာစတိုင်လ်
ဂျိုအန်ခရော့ဒ်ဖို့ဒ်၊ လင်ဒါဒါနိုတို့လို စတိုင်လ်မျိုးဖြစ်ပါတယ်။ အရိုးတွေဟာ လေးထောင့်ကျလေ့ရှိပြီး ခန္ဓာကိုယ်ဟာ သေးသွယ်လေ့ရှိတယ်။ အရပ်မြင့်တယ်။ ချုံပြီးကြည့်ရင် ဆွဲဆောင်မှုရှိတဲ့ ဘော်ဒီမျိုးဖြစ်ပါတယ်။ သူတို့အတွက် အစင်း၊ အကွက်ဒီဇိုင်းတွေနဲ့ လိုက်တယ်။ ခေါင်းအစခြေအဆုံး အနက်ရောင်၊ အရောင်ဖျော့တွေနဲ့ လိုက်လေ့ရှိတယ်။ တွဲဖက်ဖက်ရှင်ပစ္စည်းအနေနဲ့ အရောင်တောက်တောက်၊ ပြူးပြူးပြဲပြဲ၊ ကြီးကြီးမားမား ဖက်ရှင်ဒီဇိုင်းတွေနဲ့ လိုက်တယ်။ ဦးထုပ်၊ လည်စည်း၊ ရင်ထိုးတို့လည်း ဝတ်ဆင်သင့်ပါတယ်။
ကဗျာစတိုင်လ်
ဆိုဖီယာလောရင့်၊ လစ်ဇ်တေလာ၊ ဒွန်နာမီလ်နဲ့ ဂျိမ်းဆေးမိုးတို့လို ပုံစံမျိုးဖြစ်ပါတယ်။ သူတို့ကတော့ ညှို့အားပြင်းတဲ့ ပျိုမေတွေလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာလည်း အချိုးအစားကျနပြီး မိန်းမဆန်ဆန် သိမ်မွေ့တယ်။ သူတို့ဟာ အရပ်သိပ်မြင့်လေ့မရှိဘူး။ သာမန်နဲ့ အပုများတယ်။ ခန္ဓာကိုယ် အချိုးအစားကတော့ ပြေပြစ်လှပတယ်။ တင်နေရာတို့ဟာ လုံးဝန်းလှပတယ်။

ထရန်း လေဒီ
သူတို့ကတော့ ခေတ်ပေါ်ရေစီးကြောင်းအတိုင်း ဝတ်စားတတ်တဲ့သူတွေ ဖြစ်ပါတယ်။ မော်ဒယ်လ်တွေ၊ မင်းသမီးတွေ ဘာဝတ်သလဲ … သူတို့ဝတ်တဲ့အတိုင်း လိုက်ဝတ်တဲ့သူတွေ ဖြစ်ပါတယ်။
ထသွားထလာစတိုင်
များသောအားဖြင့် ဂျင်းပင်န်တို့၊ အတိုတို့စတာတွေ ဝတ်တဲ့သူတွေ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကို နှစ်သက်တဲ့သူတွေ ဖြစ်တယ်။ အဝတ်အစားနဲ့ ပတ်သက်ရင် ထွေထွေထူးထူး ကြေး(ဂျီး) မများနေဘူး။ မစဉ်းစားနေဘူး။ လွယ်ကူပြီး သက်သောင့်သက်သာ ရှိတဲ့ဟာတွေကိုပဲ နှစ်သက်တဲ့သူတွေ ဖြစ်တယ်။
ကလောင် - နွေဦးအိမ်
Ref: 8 Days Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။