ကိုယ်ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့အခါ ရင်ထဲမှာ နာကျင်တဲ့ ဝေဒနာက အချိန် အတော်ကြာတဲ့အထိ စွဲကပ်နေတတ်ပါတယ်။ အဲဒီလို အသည်းကွဲ ဝေဒနာ ခံစားရတဲ့အခါ တချို့ ဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေလို စိတ်ထင်ရာ အတိုင်း ရူးရူးမိုက်မိုက် လျှောက်မလုပ်သင့်ပါဘူး။
အသည်းကွဲ ဝေဒနာကို အချိန်က ကောင်းကောင်း ကုစားသွားမှာဖြစ်လို့ ဝေဒနာ ခံစားနေရခိုက်မှာ အောက်ပါ နည်းလမ်းတွေနဲ့ပဲ ဖြေဖျောက်ကြည့်ပါ လား။
...
၁။ အလုပ်တစ်ခုခုကို အမြဲရှာပြီး လုပ်ပါ
အိပ်ရာထဲမှာ လှဲပြီး ပူဆွေးနေတာကြောင့် နာကျင်မှုကို ပိုပြီး ခံစားရတတ် ပါတယ်။ ဒါကြောင့် အိမ်မှုကိစ္စ အလုပ်တွေ၊ ဘဝ တက်လမ်း အတွက် ပြင်ဆင် စရာ ရှိတာတွေကို လုပ်ဆောင်ပေးလိုက်ပါ။ အလုပ်နဲ့လက် မပြတ်အောင် နေလိုက်ရင် ဝမ်းနည်း ကြေကွဲနေဖို့ အချိန်တောင် ရှိတော့မှာ မဟုတ်ပါဘူး။
၂။ အသက်ပြင်းပြင်း ရှူသွင်းပါ
အတိတ်က သတိရစရာ အကြောင်းတွေ ပေါ်လာတိုင်း နာကျင်မှုကို မခံစားရ ခင်မှာ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်အောင် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်ပေးပါ။ ဒီနည်းဟာ စိတ်ကို အေးချမ်းသွားစေပါတယ်။
၃။ ရင်ဖွင့် ပြောဆိုပါ
တကယ်လို့ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို လွမ်းဆွတ် သတိရလွန်းနေရင် သင်ယုံကြည်ရသူ တစ်ဦးကို ရင်ဖွင့် ပြောဆိုလိုက်ပါ။ သင့်ရင်ထဲက ဝေဒနာ တွေ သက်သာ လျော့ပါးသွားမှာပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။