Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 15, 2012

တိုးပွားလာသော နားလည်မှုလွဲခြင်းများ

 

စာရေးသူတို့နိုင်ငံရှိ မိသားစု စကားဝိုင်းများတွင် ကလေး သူငယ်များကို မေးလေ့မေးထ ရှိသော စကားတစ်ခွန်း ရှိပါသည်။ ထိုစကားမှာ “သားသား ကြီးလာရင် ဘာလုပ်မှာလဲ”၊ “မီးမီး ကြီးလာရင် ဘာလုပ်မှာလဲ” ဟူ၍ ဖြစ်သည်။ ကလေးငယ်များကို ရည်မှန်းချက်ထားကာ ကြိုးစား တတ်စေရန် လူကြီးသူမများက မေးတတ်သော စကား ဖြစ်သည်။ ထိုအခါ ကလေးငယ်များ ဘက်မှလည်း “ဆရာဝန်ကြီး လုပ်မယ်၊ အင်ဂျင်နီယာကြီး လုပ်မယ်” စသြ...

ဖင့် ပြန်ဖြေတတ်ကြသည်။

ယခု စာရေးသူ၏ အလုပ်အကိုင်မှာ ဆရာဝန် ဖြစ်သည်။ ငယ်ငယ်က မိဘများ မေးလျှင် ဆရာဝန်ကြီး လုပ်မယ်ဟု ဖြေခဲ့ဖူးသည်လား ဆိုသည်ကိုတော့ မမှတ်မိတော့ပေ။ တကယ်တမ်း ဆရာဝန်ဘဝ ရလာတော့မှ ဤအလုပ် မှာလည်း စိတ်ဖိစီးမှုများသော အလုပ်မှန်း သိလာခဲ့ရသည်။ ဆေးကျောင်းတွင် ငါးနှစ်၊ အလုပ်သင်ဆရာဝန် ဘဝတွင် တစ်နှစ်နှင့် စုစုပေါင်း ခြောက်နှစ် ပညာ သင်ကြားခဲ့ရပြီး နောက်တွင် ဆရာဝန် ဘဝနှင့် ဆေးကုသခွင့် လက်မှတ်ကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့သည်။

ကိုယ်ပိုင် ဆေးခန်းလေးတစ်ခု ဖွင့်ကာ ဘဝကို စရသည်။ မိမိ သင်ကြား ခဲ့ရသော စာတွေ့ သဘောတရားများကို လူနာများက ပြောပြသည့် ရောဂါလက္ခဏာများနှင့် ကြိုးစားတွဲဖက် စဉ်းစားခဲ့ရပါသည်။ “လူတစ်ကိုယ် စိတ်တစ်မျိုး” ဆိုသော စကားအတိုင်းပင် လူနာ၏ စိတ်နေသဘောထား၊ စရိုက် စသည်တို့ကိုလည်း များစွာ ထည့်စဉ်းစားလာရပေသည်။ ထို့ကြောင့် တော်တန်ရုံ စိတ်ရှည်မှု၊ သည်းခံမှု နားလည်ပေးနိုင်စွမ်းတို့နှင့် ဆရာဝန် အလုပ်ကို လုပ်၍ မရမှန်း တဖြည်းဖြည်းနှင့် သဘောပေါက်လာခဲ့ရသည်။ ယခု စာရေးသူ တင်ပြချင်သော ဖြစ်ရပ်တစ်ခုမှာ မိမိကိုယ်ပိုင် ဆေးခန်း စဖွင့်သော နေ့တွင် ဖြစ်ပျက်ခဲ့ရသော အတွေ့အကြုံလေး တစ်ခု ဖြစ်သည်။ ထိုနေ့က ဆေးခန်း စဖွင့်သော နေ့ဖြစ်၍ လန်းဆန်း တက်ကြွစွာနှင့် ဆေးခန်းသို့ ရောက်ခဲ့ပါသည်။

ပထမဆုံးနေ့ ဖြစ်၍ ရပ်ကွက်မှ စပ်စုလို၍လား၊ ဈေးနှုန်းသိလို၍လား မပြောတတ်ချေ။ လူနာ လေး၊ ငါးယောက်ကို ဆက်တိုက် စမ်းသပ် ကုသနေဆဲမှာပင် “အိမ်ပင့်ချင်ပါသည်” ဆို၍ လူနာအိမ်သို့ ရောက်ခဲ့ရသည်။ ရောက်လျှင် ရောက်ချင်း လူနာကို ကြည့်လိုက်သော အခါ ခုတင်ပေါ်တွင် ပက်လက်၊ နာမည်ခေါ်၍မရ၊ သွေးခုန်နှုန်းကို လက်ကောက်ဝတ်တွင် စမ်းကြည့်သော အခါလည်း သွေးခုန်နှုန်းက စမ်းမရပေ။ ဤသို့ နှလုံးနေရာ တစ်ဝိုက် ရင်ဘတ်ပေါ်သို့ နားကြပ်ဖြင့် နားထောင်သော အခါလည်း တိတ်ဆိတ်လို့ နေသည်။ ထို့နောက် မျက်လုံးကို ဓာတ်မီးနှင့် ထိုး၍ သူငယ်အိမ် အလင်းတုံ့ပြန်မှု ရှိ မရှိ စမ်းသပ်ကြည့်သော အခါတွင်လည်း သူငယ်အိမ်က မတုံ့ပြန်တော့ချေ။ သို့နှင့် လူနာရှင်များကို လူနာ အသက်မရှိတော့ကြောင်း ပြောပြ၍ မည်သည့်ရောဂါ ဖြစ်ဖူးကြောင်း မေးကြည့်သောအခါ နှလုံး သွေးကြောကျဉ်း ရောဂါရှိကြောင်း၊ ဆီးချိုနှင့် သွေးတိုးရောဂါ ရှိကြောင်း ပြောပြကြသည်။

ထို့ကြောင့် ဆီးချို အလွန်တက်လျှင် ဖြစ်တတ်သော Diahetic Coma (ခေါ်) မေ့မြောနေသလောဟု ထင်ကာ အသက်ကယ်ဆေး ထိုးပြီး CPR (ခေါ်) ရှေးဦး အသက်ကယ်နည်းဖြင့် နှလုံးကို ဖိနှိုး၊ အဆုတ်ကို လေမှုတ်သွင်း၍ နှလုံးပြန်ခုန်အောင် လုပ်ကြည့် သော်လည်း မရတော့ချေ။ နံဘေးမှ လူနာ၏ သားသမီးမြေးမြစ်များက တရှုံ့ရှုံ့။ “သြော်.. ဖြစ်မှဖြစ်ရလေ” ဟုသာ တွေးမိတော့သည်။ ထို့နောက် လူနာရှင်များကို သေချာစွာ ရှင်းပြကာ မိမိဆေးခန်းသို့ ပြန်ခဲ့ရပါတော့သည်။ မိမိမျက်စိရှေ့တွင် လူနာများ အသက် ဆုံးရှုံးသွားသည်ကို အလုပ်သင်ဆရာဝန် ဘဝတွင် များစွာ ကြုံတွေ့ဖူးပါသည်။ ဖျားနာဆောင်တွင် ဆေးရုံတက် လူနာများထဲမှ အသက် ဆုံးပါးသွားသူ မရှိသောနေ့ မရှိသလောက်ပင် ဖြစ်သည်။ သို့သော် မိမိဆေးခန်း စဖွင့်သော နေ့တွင် ဤသို့ ကြုံရလေခြင်းဟူ၍ ဝမ်းနည်းမိသည်။ ဤတွင် စာရေးသူ တင်ပြလိုသည်မှာ မိဘများ မေးသည့်အခါ အလွယ်တကူဖြေသော ဆရာဝန်ကြီး လုပ်မည် ဆိုသည်မှာ ပြောရလွယ်သလောက် အလုပ်ခက်ကြောင်း သိလာခဲ့ရပါသည်။

ထို့အပြင် ယခု မျက်မှောက်ခေတ်တွင် ဖြစ်နေသော လူနာနှင့် ဆရာဝန်၏ ကြားတွင် ဆက်ဆံရေးကို အနည်းအကျဉ်း တင်ပြ လိုပါသည်။ လွန်ခဲ့သော နှစ်က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဖြစ်ပွားခဲ့သော လူနာရှင်က ဆရာဝန်နှင့် ဆေးရုံအား တရားစွဲသော ဖြစ်ရပ်မှာ တိုင်းသိပြည်သိ ဖြစ်ခဲ့ကာ လူနာနှင့် ဆရာဝန် ဆက်ဆံရေးကို အနည်းငယ် ထိခိုက်ခဲ့ရပါသည်။ လူနာများကလည်း ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်များကို သံသယ ထားလာသလို ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်များကလည်း လူနာတိုင်းကို သတိနှင့် ဆက်ဆံလာခဲ့ရပါသည်။ ဤတွင် စာရေးသူ တင်ပြလိုသည်မှာ ယခင်က မြန်မာနိုင်ငံတွင် အလွန် ချစ်စရာကောင်းသော လူနာနှင့် ဆရာဝန်တို့ ဆက်ဆံရေးမှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားနိုင်ပါသည်။ ရလဒ်မှာ ဆေးကုစရိတ်များ တိုးမြင့်လာခြင်းနှင့် လူနာများက ဆေးပညာ ရှင်များကို သံသယဖြင့် ဆက်ဆံလာခြင်းတို့ ဖြစ်ပါသည်။

မည်သို့မျှ မကောင်းလာနိုင်သော အနာဂတ် အလားအလာပင် ဖြစ်သည်။ ဆေးပညာရှင်များကလည်း ယခင်လို လူနာကို စိတ်ရော ကိုယ်ပါ နှစ်၍ ကုသမပေးနိုင်၊ မပေးချင်ကြသလို၊ အချို့သော လူနာများကလည်း ဆရာဝန် မှားကွက်ကို စောင့်၍ အခွင့်ကောင်းယူ တရားစွဲဆိုချင်၊ စွဲဆိုတတ်သော အကျင့်စရိုက်များ တိုးပွားလာခြင်းပင် ဖြစ်သည်။ စာရေးသူတို့ နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်၍ နိုင်ငံသူ၊ နိုင်ငံသားများတွင် ဆေးပညာအပေါ် နားလည်သော (တစ်နည်းအားဖြင့် တရားစွဲဆိုသင့်၊ မသင့်သည်ကို သိသော) လူ အလွန် နည်းပါးနေသေးသည်။ ထို့ကြောင့် ပြည်သူလူထု၏ ဆေးပညာ အပေါ် ထားသော သဘောထား၊ ဆရာဝန်၊ ဆရာမအပေါ် ထားသော သဘောထားမှာ အကောင်းဘက်သို့ ဦးတည်နိုင်ခြင်း မရှိတော့ပါ။ ဆေးကုသခြင်း ဆိုသည်မှာ ဆရာဝန်နှင့် လူနာ အပြန်အလှန် နားလည် နိုင်စွမ်းနှင့် လူနာများ၏ ပူးပေါင်းပါဝင်မှု များစွာ လိုအပ်ပါသည်။ ထို့အပြင် တော်သော၊ တတ်ကျွမ်းသော ဆေးပညာအပေါ် စိတ်ဝင်စားသော လူငယ် ဆရာဝန်များ အနေဖြင့်လည်း တရားစွဲဆိုတတ်သော လူနာများ ကြောင့် လည်းကောင်း၊ ဆရာဝန်၊ လူနာဆက်ဆံရေး မကောင်းမွန် သောကြောင့် လည်းကောင်း အသက်မွေးဝမ်းကျောင်းမှု ပြောင်းသွားနိုင်ပါသည်။

ထိုအခါ နောင်အနာဂတ်တွင် ပြည်သူလူထုက အားကိုးရသော ဆေးပညာ ရှင်များ ရှားပါးသွားနိုင်ပါသည်။ ဤသို့ဆိုလျှင် ပြဿနာ၏ အဖြေကား မည်သို့နည်း။ ဆေးပညာရှင်များကလည်း မိမိကိုယ်ကို အရည်အသွေး တိုးတက်နေအောင် အစဉ်အမြဲ ကြိုးစားကာ လူနာများအပေါ် စိတ်ရှည် သည်းခံမှု၊ နားလည်မှုတို့ဖြင့် ဆက်ဆံရမည် ဖြစ်သလို လူနာများနှင့် လူနာရှင်များ ဘက်မှလည်း “အများယောင်လို့ ယောင်၊ အမောင်တောင်မှန်း၊ မြောက်မှန်း မသိ” မဖြစ်စေဘဲ အမှန်တကယ် တရားစွဲသင့် မသင့်ကို မိမိတို့ ကိုယ်တိုင် စဉ်းစားဆင်ခြင် ဆုံးဖြတ်ရမည်သာ ဖြစ်ပါသည်။ သို့မှသာ စာရေးသူတို့ နိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်း၊ ဆေးပညာ အဆင့်အတန်း တိုးတက်လာမည်သာ ဖြစ်ပါသည်။ စာရေးသူ ကိုယ်တိုင်လည်း တရားမျှတမှုကို မြတ်နိုးသောသူတစ်ယောက် ဖြစ်ပါသည်။ လူနာ၏ ရပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ တရားစွဲဆိုပိုင်ခွင့် ဆိုသည်များကိုလည်း လေးစားပါသည်။

သို့သော် လူနာနှင့် ဆေးပညာရှင်များ အကြား ရုပ်ဝတ္ထုဆန်သော ဆက်ဆံရေး များကို မြို့ပြများတွင် တွေ့လာရပါသည်။ လူနာများကလည်း တန်ရာတန်ကြေး ပေး၍ ကုသမှုခံယူသည်ဆိုပြီး ခပ်တင်းတင်း ဆက်ဆံသကဲ့သို့ ဆေးပညာရှင် များကလည်း စေတနာထားနိုင်ရန် အတော်ပင် ကြိုးစားရပါသည်။

ဆေးပညာဆိုသည်မှာ သိပံ္ပပညာစစ်စစ် မဟုတ်ပါ။ လူမှုရေးပညာနှင့် ဆိုင်သကဲ့သို့ စိတ်ပညာနှင့်လည်း အတော်ပင် နှီးနွယ်ပါသည်။ ထို့ကြောင့် အရာရာကို ငွေပေး၍ရသော ခေတ်ကြီးတွင် လူသားများ၏ ကျန်းမာရေး ကိုတော့ ငွေပေး၍ မရနိုင်ပါ။ လူနာနှင့် ဆရာဝန် ဆက်ဆံရေး တိုးတက် အဆင်ပြေမှသာ ကောင်းနိုင်ပါသည်။ ထို့ကြောင့် လူနာနှင့် ဆရာဝန် အပြန် အလှန် နားလည်မှု တိုးတက် ခိုင်မာ၍ အနာဂတ် ဆေးပညာ လောက တိုးတက် စည်ပင်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

မင်းရဲကျော်စွာ(မကွေး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။