Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 1, 2017

facebook သမိုင်းကြောင်း

facebook သမိုင်းကြောင်း
••••••••••
သင်အသုံးပြုနေတဲ့ Facebook ကို သုံးတော့သုံးပြီး ဘယ်ကနေ ဘယ်လို ဖြစ်တည်လာမှန်း မသိရင် အတော်မိုက်မဲမှုပါပဲ ဒါကြောင့် Fbဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ဖတ်ဖြစ်အောင်ဖတ်ပါ
■ဖေ့စ်ဘွတ်ခ် (အင်္ဂလိပ်: Facebook)သည် ၂၀၀၄ ခုနှစ်တွင် အင်တာနက်၌ စတင်လွှင့်တင်ခဲ့သည့် လူမှုဆက်ဆံရေးအင်တာနက် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည်။ ရုံးချုပ်ကို အမေရိကန်ပြည်ထောင်စု၊ ကယ်ရီဖိုးနီးယားပြည်နယ် မယ်လိုပက်ခ် တွင် တည်ရှိသည်။ ဖေ့ဘုတ်ကို ဟားဘတ်တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြတဲ့ မာ့ခ် ဇ်ူကာဘာ့ဂ်နှင့် အက်ဇူရို ဆာဖရင်း၊ အန်ဒရူး မတ်ခ်ကော်လန်၊ ဒတ်စတင်း မော့စကိုဗစ် နှင့် ခရစ် ဟုခ်ျ တို့ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဖေ့ခ်ဘွတ်ခ် စတင်တင်ချင်းတွင် ဟားဘတ်တက္ကသိုလ်အတွင်းမှာသာ သီးသန့်အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခုအနေနဲ့ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုမှ တခြားတက္ကသိုလ်များသို့ တိုးချဲ့ကာ ၂၀၀၆ ခုနှစ်တွင် အသက် (၁၃) နှစ် ပြည့်ပြီးသူတိုင်း အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့သည်။

■အသုံးပြုသူများသည် ကိုယ်ရေး အချက်အလက်များကို ဖော်ပြနိုင်သည်။ နှစ်သက်ရာဓာတ်ပုံများကို တင်ကာ အခြားသူများနှင့် ဝေမျှနိုင်သည်။ အခြားအသုံးပြုသူများအား မိတ်ဆွေစာရင်းတွင် ပေါင်းထည့်နိုင်သည်။ သတင်း အချက်အလက်များကို ဖလှယ်နိုင်သည်။ အသုံးပြုသူများသည်လည်း ကျောင်းအလိုက်၊ လုပ်ငန်းအလိုက် စသည်ဖြင့် ဝါသနာတူရာ စိတ်ဝင်စားမှုတူရာ အဖွဲ့အစည်းများတွင် ပါဝင်နိုင်သည်။ ကမ္ဘဂတဝန်းတွင် ဖေ့စ်ဘွတ်ခ်အား လစဉ်အသုံးပြုသူဦးရေမှာ ၂၀၁၅ ဇွန်လိုင် စာရင်းများအရ ပျမ်းမျှအားဖြင့် လစဉ်အသုံးပြုသူ သန်း ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဦးဆုံး အကြိမ်အနေနဲ့ ပြင်ပသို့ စတော့ရှယ်ယာများ ကို ၃လ ကြာ ထုတ်ရောင်းချခဲ့သည်။ ဖေ့ခ်ဘုတ်သည် တိုးတက်မှု အမြန်ဆုံး ကုပ္ပဏီတစ်ခု ဖြစ်ခဲ့သည်။

သမိုင်း
၂၀၀၃ - ၂၀၀၅
■theFacebook
၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ဟားဘတ်တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား မာ့ခ် ဇ်ူကာဘာ့ဂ်သည် Facemash ဟုခေါ်သော ဝက်ဘ်ဆိုက်တစ်ခုကို ရေးသားခဲ့သည်။ အဆိုပါ ဝက်ဘ်ဆိုက်သည် ဟားဘတ်တက္ကသိုလ်အတွင်းရှိ အဆောင် ၉ ဆောင်ရှိ ကျောင်းသူများ၏ ဓာတ်ပုံများကို ရယူပြီး ဓာတ်ပုံ ၂ ပုံကို ယှဉ်က ဘယ်သူပိုလှသလဲ ရွေးရသော ပရိုဂရမ် ဖြစ်သည်။

■အဆိုပါ ဝက်ဘ်ဆိုက် ရေးသားဖို့အတွက် မာ့ခ် ဇက်ကာဘာ့ဂ်သည် ဟားဘတ်တက္ကသိုလ် ကွန်ပျုတာ ကွန်ရက်အတွင်းသို့ ဝင်ရောက်ကာ ဓာတ်ပုံများကို ဝင်ရောက်ရယူခဲ့သည်။ Facemash ဝက်ဘ်ဆိုက် အွန်လိုင်းတက်လာပြီး ပထမဆုံး အချိန် (၄) နာရီအတွင်း ဝင်ရောက်ကြည့်ရှုသူ ၄၅၀ ဦး နှင့် ဓာတ်ပုံကြည့်ရှုမှု ၂၂ ဝဝဝ အထိ ရှိခဲ့သည်။ ဝက်ဘ်ဆိုက်သည် တခြားသော သူများဆီသို့ အလျင်အမြန်ရောက်ရှိသွားပြီး ရက်အနည်းငယ်အကြာတွင် ဟားဘက်စီမံခန့်ခွဲရေးမှ အဆိုပါ ဝက်ဘ်ဆိုက်ကို ဖြုတ်ချခဲ့သည်။ မာ့ခ် ဇူကာဘာ့ဂ် သည်လည်း လုံခြုံရေးချိုးဖောက်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှု နှင့် လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုတို့ကြောင့် ကျောင်းထုတ်ပါယ်ခံရသည်အထိ အရေးယူခံရမည့် အရေးနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆွဲချက်များကို ဖြေလျော့ပေးခဲ့သည်။ နောက်ပိုင်းတွင် မတ်ခ်ဇူကာဘတ်ခ်သည် သူ့၏ စီမံကိန်းကို လူမှုကွန်ရက်တစ်ခုဖြစ်အောင် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် ဓာတ်ပုံပေါင်း ၅၀၀ ကို ဝက်ဘ်ဆိုက်ပေါ်တင်ပြီး ဓာတ်ပုံများတွင် မှတ်ချက်ရေးနိုင်အောင် ပြုလုပ်ခဲ့သည်။

■၂၀၀၄ ခုနှစ် ဇန်နဝါရီလမှ စတင် မာ့ခ်သည် ဝက်ဘ်ဆိုက်အသစ်အတွက် စတင်ပြင်ဆင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် theFacebook နာမည်ဖြင့် www.thefacebook.com ကို စတင်မိတ်ဆက်ခဲ့သည်။ ၆ ရက်အကြာ ဟားဘတ်တက္ကသိုလ်မှ ကျောင်းသားကြီးများဖြစ်တဲ့ Cameron Winklevoss, Tyler Winklevoss, နှင့် Divya Narendra တို့ ၃ ယောက်ဟာ မတ်ခ်က သူတို့ရဲ့ စိတ်ကူးကို ကူးယူထားကြောင်း HardvardConnection.com ကို ကူညီမည်ဟု ပြောပြီး သူတို့နဲ့ ပုံတူ ဝက်ဘ်ဆိုက်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။ ၂၀၀၈ ခုနှစ်မှာတော့ တရားရုံးက မတ်ခ်ကို စတော့ရှယ်ယာ တန်ဖိုး ဒေါ်လာ ၁.၂ သန်း ကို ပေးလျော်ရန် ဆုံးဖြတ်ပေးခဲ့သည်။

■ပထမဦးဆုံး theFacebook စတင်စဉ်က ဟားဘတ်တက္ကသိုလ် သီးသန့်ကိုသာ ဝင်ရောက်နိုင်ရန် ကန့်သတ်ထားခဲ့သည်။ ပထမဦးဆုံးလ တစ်လထဲမှာပင် ဘွဲ့သင်တန်းမှ ကျောင်းသား /ကျောင်းသူ တစ်ဝက်ကျော်သည် theFacebook မှာ လာရောက်မှတ်ပုံတင်ခဲ့ကြသည်။ အက်ဇူရို ဆာဖရင်း (စီးပွားရေးဆိုင်ရာ)၊ အန်ဒရူး မတ်ခ်ကော်လန် (ဒီဇိုင်းနာ)၊ ဒတ်စတင်း မော့စကိုဗစ် (ပရိုဂရမ် ရေးသားသူ) နှင့် ခရစ် ဟုခ်ျ တို့သည် မတ်ခ်နှင့်အတူ ဝက်ဘ်ဆိုက်တိုးတက်ရေးအတွက် ကူညီပေးခဲ့ကြသည်။ ၂၀၀၄ ခုနှစ် မတ်လတွင် theFacebook ကို ကိုလံဘီယာ တက္ကသိုလ်၊ စတန်းဖို့ခ်ျ တက္ကသိုလ် နှင့် ရေးလ် တက္ကသိုလ်တို့ကို တိုးချဲ့ခဲ့သည်။[၉] နောက်ပိုင်းမှာ အိုင်းဗီလိဂ် ကော်လိပ်၊ ဘော့စတွန် တက္ကသိုလ်၊ နယူးယော့ခ် တက္ကသိုလ်၊ MIT နှင့် တခြား အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့ရှိ တက္ကသိုလ်များကို ဆက်တိုက်ဆိုသလို တိုးချဲ့ခဲ့သည်။
■၂၀၀၄ ခုနှစ် ဇွန်လမှာ သူတို့၏ ရုံးကို ကယ်လီဖိုးနီးယား ပြည်နယ် ပေါလိုအယ်တို သို့ပြောင်းရွေ့ခဲ့သည်။ ထို့နောက် PayPal ရဲ့ ပူးတွဲတည်ထောင်သူ Peter Thiel ထံမှ ရင်းနှီးမြုပ်နှံမှုကို လက်ခံရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်မှာတော့ theFacebook.com မှ"the" ကိုဖြုတ်ကာ facebook.com အဖြစ်ပြောင်းလဲခဲ့သည်။ facebook.com အမည်ကို ဒေါ်လာ ၂ သိန်းဖြင့် ပေးဝယ်ခဲ့ရခြင်း ဖြစ်သည်။

■၂၀၀၅ ခုနှစ်မှာတော့ ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ရရှိခဲ့သည်။ Accel မှ ၁၂.၇ သန်း၊ Jim Breyer မှ ၁ သန်း ထည့်ဝင်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီအရောက်မှာတော့ complete.com မှ ဖေ့ခ်ဘုတ်ဟာ ကမ္ဘာပေါ်မှာ လစဉ်လူသုံးအများဆုံ လူမှုကွန်ရက်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မတ်ခ်ဟာ ဖေ့ခ်ဘုတ်ကို နောက်တစ်ဆင့်အဖြစ် ၂၀၀၅ ခုနှစ် စက်တင်ဘာလမှာ အထက်တန်းကျောင်းတွေအတွက် မိတ်ဆက်ခဲ့သည်။ နောက်မှာတော့ ကုမ္ပဏီတွေအတွက် ဖေ့ခ်ဘုတ်ကို ဆက်လက်မိတ်ဆက်ခဲ့သည်။ မိတ်ဆက်ခဲ့ရာတွင် အက်ပဲလ်၊ မိုက်ခရိုဆော့ စသည့် ကုမ္မဏီကြီးများ ပါဝင်ခဲ့သည်။

၂၀၀၆ - ၂၀၁၁
■၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖေ့ဘုတ်သည် အသက်(၁၃)နှစ်ရှိပြီး အီးမေးလ် ရှိသူ မည်သူမဆို ဖေ့ခ်ဘုတ်ကို အသုံးပြုနိုင်အောင် ပြုလုပ်ခဲ့သည်။

■၂၀၀၇ ခုနှစ် နှောင်းပိုင်းမှာတော့ ဖေ့ခ်ဘုတ်တွင် စီးပွားရေး စာမျက်နှာပေါင်း ၁ သိန်းကျော် ရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မေလမှာတော့ ပိုမိုဆန်းသစ်သော Pages ဟုခေါ်သော စာမျက်နှာကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စာမျက်နှာများမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ ကို ကြော်ငြာရန်အတွက် များစွာ အထောက်အကူပြုခဲ့သည်။

■၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှာတော့ မိုက်ခရိုဆော့ဟာ ဖေ့ဘုတ်ရဲ့ ရှယ်ယာ ၁.၆% ကို ဒေါ်လာ သန်း၂၄၀ နှင့် ဝယ်ယူမည်ဟု ကြေညာခဲ့သည်။ မိုက်ခရိုဆော့ရဲ့ ဝယ်ယူမှုတွင် အပြည်ပြည်ဆိုင်ရာ ကြေငြာများနှင့် လူမှုကွန်ရက် ဝက်ဘ်ဆိုက် မူပိုင်ခွင့်ပါ ပါဝင်သည်။

■၂၀၀၈ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်သည် သူတို့၏ အပြည်ပြည်ဆိုင်ရာ ရုံးချုပ်ကို အိုင်ယာလန်နိုင်ငံ ဒူဘီလင် တွင် တည်ဆောက်ရန် ကြေညာခဲ့သည်။ တစ်နှစ်ခန့်အကြာ စက်တင်ဘာ ၂၀၀၉ တွင် သူတို့၏ငွေကြေးစီးဆင်းမှုမှာ ပထမဦးဆုံးအနေဖြင့် အပေါင်းလက္ခဏာ ဖြစ်လာပြီဟု ပြောခဲ့သည်။

■၂၀၀၉ ခုနှစ် နောက်ပိုင်းမှာတော့ အသုံးပြုသူလူဦးရေများစွာ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဇွန်လိုင်တွင်ကုမ္ပဏီက သူတို့ဆီမှာ သုံးစွဲသူ သန်း ၅၀၀ ရှိပြီဖြစ်ကြောင်း ကမ္ဘာပေါ်မှာ ကြီးဆုံး လူမှုကွန်ရက်ကြီး တစ်ခုဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ အသုံးပြုသူတစ်ဝက်လောက်ဟာ ဖေ့ဘုတ်ကို နေ့စဉ်သုံးစွဲပြီး တစ်ရက်ကို ၃၄ မိနစ်ခန့် သုံးစွဲကြကြောင်း၊ သန်း ၁၅၀ ဟာ မိုဘိုင်းဖုန်းများဖြင့် သုံးစွဲကြကြောင်း သိရှိရသည်။ ကုမ္ပဏီမှ ပြောရေးဆိုခွင်ရှိသူဟာ အဲ့ဒီသမိုင်းမှတ်တိုင်ကို "တိတ်ဆိတ်သော ပြောင်းလဲမှု" ဟု အမွန်းတင် ပြောဆိုသွားခဲ့သည်။

■၂၀၁၀ နိုင်ဝင်ဘာမှာတော့ Second Market Inc. ရဲ့ အချက်အလက်များအရ ဖေ့ခ်ဘုတ် ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်းပေါင်း ၄၁၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ကုမ္ပဏီဟာ eBayကုမ္ပဏီကို ကျော်တက်ပြီး ဂူဂဲလ်နှင့် အမေဇုန်တို့ပြီးနောက် တတီယအကြီးဆုံး အမေရိကန် အွန်လိုင်းကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။

■၂၀၁၁ ခုနှစ် အစောပိုင်းတွင် ဖေ့ခ်ဘုတ်ရုံးချုပ်ကို ကယ်လီဖိုးနီးယားပြည်နယ် မယ်လိုပက်ခ်ကို ပြောင်းရွေ့ခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာတွင် ဖေ့ဘုတ်သည် အမေရိကန်ပြည်ထောင်စုတွင် ဂူဂယ်ပြီးနောက် ဒုတိယလူကြည့်အများဆုံး ဝက်ဘ်ဆိုက် ဖြစ်လာခဲ့သည်။ လစဉ်ဝင်ရောက်ကြည့်ရှုသူ ၁ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ကျော်ရှိကြောင်း သိရှိရသည်။

■၂၀၁၂ - ၂၀၁၃
ဖေ့ခ်ဘုတ်ခ်သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြင်ပသို့ ကုမ္ပဏီ ရှယ်ယာများ စတင်ရောင်းချခဲ့ပြီး အများပိုင်ကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်ရန် စီစည်ခဲ့သည်။ ပထမဦးဆုံး ပြင်ပသို့ ရှယ်ယာများကို ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့မှာ စတင်ထုတ်ရောင်းချခဲ့သည်။ ပထမဦးဆုံး ရှယ်ယာ တစ်စု၏ တန်ဖိုးမှာ ၃၈ ဒေါ်လာ ဖြစ်သည်။ ကုမ္ပဏီ၏ တန်ဖိုးမှာ ဒေါ်လာ ၁၀၄ ဘီလီလျံ ခန့် တန်ဖိုးရှိခဲ့သည်။ အဆိုပါ တန်ဖိုးမှာ အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် စတင်ပြောင်းလဲတဲ့ ကုမ္ပဏီများမှာ အများဆုံး တန်ဖိုးဖြစ်သည်။

■၂၀၁၂ ခုနှစ် ၎င်းင်းတို့၏ ဝင်ငွေ ဒေါ်လာ သန်း ၅၀၀၀ ကျော်ပေါ်အခြေခံ၍ NASDAQ စတော့ရှယ်ယာဈေးကွက်မှာ မေလ ၁၈ ရက်နေ့မှာ ရောင်းချခဲ့သည်။ ၂၀၁၃ခုနှစ် မေလအရောက်မှာတော့ ဖေ့ခ်ဘုတ်ခ်ဟာ ကမ္ဘာပေါ်မှာ အလားအလာအကောင်းဆုံးကုမ္ပဏီ ၅၀၀ စာရင်းမှာ အဆင့် ၄၆၂ ဝင်ခဲ့သည်။

■၂၀၁၂ ခုနှစ် မတ်လမှာတော့ ဖေ့ဘုတ်က အက်ပလီကေးရှင်းများ ရောင်းချရန်အတွက် App Center စတိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါစတိုးဟာ အိုင်ဖုန်း၊ အန်းဒရွိုက်ပစ္စည်းများနှင့် အခြားသော မိုဘိုင်းဝက်ဘ်အသုံးပြုသူများ အကုန်လုံး အသုံးပြုနိုင်သည်။

■မာ့ခ်က ၂၀၁၂ ခုနှစ် အောက်တိုဘာလ မှာ ဖေ့ခ်ဘုတ်ခ်ကို လစဉ်အသုံးပြုသူ သန်း ၁ ထောင်ကျော်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
🚩🚩🚩 Creadit...
#သိမှတ်ဖွယ်ရာ ဗဟုသုတရွာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။