"ဆယ်ကျော်သက်တွေရဲ့ ခေတ်သစ်ပြသနာ"
နီနာဟာ ၁၆နှစ် အရွယ်အထက်တန်းကျောင်းသူလေးတ စ်ယောက်ပါ၊သူမမှာ နွေးထွေးတဲ့  မိသားစုရှိတယ်၊ခင်မင်တဲ့ သူငယ်ချင်းတွေရှိတယ်၊သူမဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ် ၊ အားကစားကို ခုံမင်ပြီး စာတော်တဲ့ကျောင်းသူတစ်ယောက် ။စိတ်ဓါတ်ကျတယ်ဆိုတာ သူမဘ၀မှာ ရှိမယ်လို့ တောင် မထင်ရဘူး။တခြားသူမအရွယ်သူငယ်ချင်းတွေလိုပဲ အားလပ်တဲ့ အချိန်တော်တော်များများမှာ သူမရဲ့ ဖုန်း နဲ့ အချိန်ကုန်လေ့ရှိတယ်..အထူးသဖြင့် social network တွေကို ဟိုကြည့် ဒီကြည့် ပေါ့။
တရက်တော့ စိတ်ဓါတ်ကျပြီးကိုယ့် ကိုယ်ကိုသတ်သေဖို့ သူမလုပ်ခဲ့ တယ်၊ဒါနဲ့ ပဲ.စိတ်ကျန်းမာရေးဋ္ဌာနကိုေ ရာက်ပြီး
ကုသမှု ခံယူခဲ့ရတယ်။"ကျမဘယ်ကြောင့် စိတ်ဓါတ်တွေ ကျသွားမှန်းတောင် မသိဘူး။
ကျမကိုတောင် ကျမ နားမလည်ဘူး" လို့ ..သူမက ပြောတယ်။နောက်တော့ သူ့ကို
ကုပေးတဲ့ ဆရာဝန်က "ဒီပြသနာရဲ့ အခြေခံဟာ Body-Image insecurity ကိုယ့် ရဲ
့ရုပ်ရည်၊ခန္ဓာကိုယ်အပေါ် အလိုမကျတဲ့ စိတ် ပဲ" ဆိုတာ အဖြေရှာနိုင်ခဲ
့တယ်။ နီနာကလဲ.."ကျမဟာ ဖုန်းသုံးတို်င်း အချိန်တော်တော် များများ
Instagram လို social media ပေါ်က မော်ဒယ်တွေရဲ့ ဓါတ်ပုံတွေကို ကြည်
့ဖြစ်ခဲ့တယ်.. နောက်တော့  ငါက သူတို့ လို လှလှပပ မဟုတ်ပါလား..ဆိုပြီး
ကိုယ့် ရုပ်ရည်အတွက် အလွန်အမင်း စိုးရိမ်ပူပန်တာတွေဖြစ်လာခဲ့တယ်"..လို့ ဝန်ခံခဲ့တယ်။
ဒီအဖြစ်အပျက်ကတော့ ..၂၀၁၇ နိုဝင်ဘာလ ထုတ် "Time" magazine မှာပါတဲ့  Markham Heid ရေးတဲ့  “We need to talk about kids and Smartphones” “ဆယ်ကျော်သက်အရွယ် ကလေးတွေ နဲ့ ဖုန်းသုံးတာအကြောင်း ကျနော်တို့ ပြောဖို့လိုပြီ” ဆိုတဲ့ ဆောင်းပါးထဲ ကပါ။
ဒီဆောင်းပါးမှာပဲ အမေရိကန်နိုင်ငံ Department of Health and Human Services က လုပ်တဲ့ တနိုင်ငံလုံးက ဆယ်ကျော်သက်အရွယ်လူငယ် ၁၇၀၀၀ အပေါ် ကောက်ယူတဲ့ စစ်တမ်း အရ ..၂၀၁၀က ၂၀၁၆ အတွင်း ဒီလုငယ်တွေမှာ စိတ်ကျရောဂါခံစားရတဲ့ နှုန်း ဟာ ၆၀% ကျော်တက်လာတာတာ တွေ့ ခဲ့ရတယ်။ အမေရိကန်မှာ ပျမ်းမျှ အသက် ၁၀ နှစ်သားလောက်မှာ ဖုန်း စကိုင်နေကြပြီ၊ တစ်နေ့ ကို ၅နာရီနဲ့ အထက် ဖုန်းလို electronic device သုံးတဲ့ ကလေးတွေရဲ့  ၄၈% ဟာ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့  ပါတ်သတ်တဲ့ အတွေးဖြစ်ဖြစ်၊လုပ်ရပ်ဖြစ်ဖြစ် လုပ်တတ်တာ တွေ့ ရတာလို့ အဲဒီစစ်တမ်းကောက်ယူမှုက ဆိုပါတယ်။ဒါဟာ ဆယ်ကျော်သက်လူငယ်တွေ အတွက် စိုးရိမ်စရာပါ..
ဒီလို ဖြစ်တာဟာ.. ဖုန်းတွေကြောင့် လား၊တစ်ခြားအကြောင်းတွေကြောင့်လား.
ဆိုတာကို ပညာရှင်တွေ အကြား အငြင်းပွားနေဆဲ ဖြစ်ပေမယ့် ပန်ဆယ်ဗေးနီးယား
ဆေးတက္ကသိုလ်က အာရုံကြောဋ္ဌာန အကြီးအကဲ Frances Jensen က တော့ “
အခုကျနော်တို့ ရဲ့ မျိုးဆက်သစ်အနေနဲ့  နည်းပညာအသစ် တွေနဲ့ ဖြတ်သန်းနေတဲ
့ဘ၀ဟာ သိပ်ကိုကြီးမားတဲ့ စမ်းသပ်မှုကြီးတစ်ခုပဲ” What this generation is
going through right now with technology is a giant experiment.” လို
ပြောတယ်။
ကျနော် လွန်ခဲ့တဲ့ လ က ရန်ကုန်ရောက်တော့ ကျနော့်တူတူမတွေ အပါအဝင် ဆယ်ကျော်သက်လူငယ်တွေ ဖုန်းတွေ သုံးနေတာတွေ့တယ်၊သူတို့ Facebook တို့၊Instagram တို့ တောင် သုံးတတ်နေပြီ၊တကယ်တော့ social media ဆိုတာ ကိုယ်ဖော်ပြချင်တာပဲ ဖော်ပြပြီး မသိစေချင်တာကို ဖွက်လို့ ရတာမျိုး၊ဘဝတစ်ခုလုံး မဟုတ်ဘူး၊အရေးကြီးတာက ကလေးတွေရဲ့ ဦးနှောက်ရဲ့ အချို့ အပိုင်းတွေ(အထူးသဖြင့် စိတ်လှုပ်ရှားမှု emotion ကို ထိန်းချုပ်တဲ့ အပိုင်းတွေ)က အပြည့်အဝဖွံ့ ဖြိုးသေးတာ မဟုတ်ဘူး၊ခုနက ဆောင်းပါးထဲမှာပါတဲ့ အမေရိကန်က ဆယ်ကျော်သက်လေး နီနာလို ပုံမှန်မဟုတ်တဲ့ အတွေးတွေ ဖြစ်လာမှာ စိုးရိမ်တယ်။
ဒါ့ကြောင့် အခုအချိန်မှာ အဖြေတိတိကျကျ မရှိသေးပေမယ့်  ဒီအရွယ်လူငယ်တွေအတွက် မိဘရဲ့ စောင့်ကြည့် လမ်းညွှန်မှုကတော့ လိုတယ်လို့ ယူဆပါကြောင်း။
ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာ အောင်မျိုး
(နိဝင်ဘာ ၅၊၂၀၁၇)
နီနာဟာ ၁၆နှစ် အရွယ်အထက်တန်းကျောင်းသူလေးတ
တရက်တော့ စိတ်ဓါတ်ကျပြီးကိုယ့် ကိုယ်ကိုသတ်သေဖို့ သူမလုပ်ခဲ့ တယ်၊ဒါနဲ့ ပဲ.စိတ်ကျန်းမာရေးဋ္ဌာနကိုေ
ဒီအဖြစ်အပျက်ကတော့ ..၂၀၁၇ နိုဝင်ဘာလ ထုတ် "Time" magazine မှာပါတဲ့  Markham Heid ရေးတဲ့  “We need to talk about kids and Smartphones” “ဆယ်ကျော်သက်အရွယ် ကလေးတွေ နဲ့ ဖုန်းသုံးတာအကြောင်း ကျနော်တို့ ပြောဖို့လိုပြီ” ဆိုတဲ့ ဆောင်းပါးထဲ ကပါ။
ဒီဆောင်းပါးမှာပဲ အမေရိကန်နိုင်ငံ Department of Health and Human Services က လုပ်တဲ့ တနိုင်ငံလုံးက ဆယ်ကျော်သက်အရွယ်လူငယ် ၁၇၀၀၀ အပေါ် ကောက်ယူတဲ့ စစ်တမ်း အရ ..၂၀၁၀က ၂၀၁၆ အတွင်း ဒီလုငယ်တွေမှာ စိတ်ကျရောဂါခံစားရတဲ့ နှုန်း ဟာ ၆၀% ကျော်တက်လာတာတာ တွေ့ ခဲ့ရတယ်။ အမေရိကန်မှာ ပျမ်းမျှ အသက် ၁၀ နှစ်သားလောက်မှာ ဖုန်း စကိုင်နေကြပြီ၊ တစ်နေ့ ကို ၅နာရီနဲ့ အထက် ဖုန်းလို electronic device သုံးတဲ့ ကလေးတွေရဲ့  ၄၈% ဟာ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့  ပါတ်သတ်တဲ့ အတွေးဖြစ်ဖြစ်၊လုပ်ရပ်ဖြစ
ဒီလို ဖြစ်တာဟာ.. ဖုန်းတွေကြောင့် လား၊တစ်ခြားအကြောင်းတွေကြေ
ကျနော် လွန်ခဲ့တဲ့ လ က ရန်ကုန်ရောက်တော့ ကျနော့်တူတူမတွေ အပါအဝင် ဆယ်ကျော်သက်လူငယ်တွေ ဖုန်းတွေ သုံးနေတာတွေ့တယ်၊သူတို့ Facebook တို့၊Instagram တို့ တောင် သုံးတတ်နေပြီ၊တကယ်တော့ social media ဆိုတာ ကိုယ်ဖော်ပြချင်တာပဲ ဖော်ပြပြီး မသိစေချင်တာကို ဖွက်လို့ ရတာမျိုး၊ဘဝတစ်ခုလုံး မဟုတ်ဘူး၊အရေးကြီးတာက ကလေးတွေရဲ့ ဦးနှောက်ရဲ့ အချို့ အပိုင်းတွေ(အထူးသဖြင့် စိတ်လှုပ်ရှားမှု emotion ကို ထိန်းချုပ်တဲ့ အပိုင်းတွေ)က အပြည့်အဝဖွံ့ ဖြိုးသေးတာ မဟုတ်ဘူး၊ခုနက ဆောင်းပါးထဲမှာပါတဲ့ အမေရိကန်က ဆယ်ကျော်သက်လေး နီနာလို ပုံမှန်မဟုတ်တဲ့ အတွေးတွေ ဖြစ်လာမှာ စိုးရိမ်တယ်။
ဒါ့ကြောင့် အခုအချိန်မှာ အဖြေတိတိကျကျ မရှိသေးပေမယ့်  ဒီအရွယ်လူငယ်တွေအတွက် မိဘရဲ့ စောင့်ကြည့် လမ်းညွှန်မှုကတော့ လိုတယ်လို့ ယူဆပါကြောင်း။
ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာ အောင်မျိုး
(နိဝင်ဘာ ၅၊၂၀၁၇)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။