Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 8, 2017

စာအုပ် အရေအတွက် များများ ဖတ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ

 
 
စာအုပ် အရေအတွက် များများ ဖတ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ
=========================================

စာဖတ်ခြင်း ဟာ အောင်မြင်မှုနဲ့ ဓနအင်အားအတွက် သော့ချက် ပါပဲ။ သို့ပေမယ့် အလုပ်တွေများပြားလှတဲ့ အရွယ်ရောက်လူတစ်ယောက်အနေနဲ့ စာများများ ဖတ်နိုင်အောင် ဘယ်လိုလုပ်မလဲ။

စာအုပ်များများ ဖတ်ခြင်းဟာ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဖြစ်တယ် အကြိမ်ကြိမ်ပြောကြပါတယ်။ အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝကြတဲ့ ဘီလ်ဂိတ်နဲ့ အီလွန်မက်စ် ဟာ အချိန်တော်တော်များများကို စာဖတ်ခြင်း နဲ့ ကုန်ဆုံးကြပါတယ်။ စာဖတ်ခြင်း ဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်သလို၊ မှတ်ဥာဏ်လျော့ကျမှုတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်။ စာဖတ်ခြင်းကို မြှင့်တင်လေ၊သင့်အတွက် တိုးတက်လေပါပဲ။ စာဖတ်ခြင်းစာ အချိန်တော်တော်ကုန်တဲ့ အလုပ်ဖြစ်ပေမယ့် စာဖတ်ခြင်းက ရတဲ့ အကျိုးအမြတ်တွေဟာ အများကြီးပါပဲ။ အလုပ်တွေများလို့ စာမဖတ်နိုင်ဘူးဆိုတဲ့ လူတွေအတွက် ဟားဗတ်တက္ကသိုလ် စီးပွားရေးသုံးသပ်ချက်(Harvard Business Review)က စာဖတ်တဲ့ အလေ့အကျင့်ကို မြှင့်တင်နိုင်ဖို့ ခုလို ကြံပေးထားပါတယ်။

၁။ မကြိုက်ရင် ဆက်မဖတ်နဲ့

တစ်ခါတစ်ရံမှာ စာအုပ် တစ်အုပ်ကို စဖတ်မိပေမယ့် ဖတ်ရတာ မပျော်တဲ့ အတွေ့အကြုံလူတိုင်းမှာ ရှိပါတယ်။ ဆက်မဖတ်ချင်ပေမယ့် ငါဟာ အလွယ်တကူ အလျှော့မပေးတတ်သူတိုဆိုတဲ့ အသိရှိနေတာကြောင့် မကြိုက်သော်လည်း အောင့်ကာ ဆက်ဖတ်နေမိတတ်တယ်။ ဟားဗတ်စီးပွားရေ သုံးသပ်ချက်က ပညာရှင် နဲ့ The Happiness Project စာအုပ်နဲ့ ရောင်းအားကောင်း စာရေးဆရာ ဂရတ်ချန်ရူဘင် က ‘အနိုင်ရသူတွေဟာ အလျှောမပေးတတ်သူတွေ’ ဆိုတဲ့ အမြင်ဟာ စာဖတ်ခြင်းမှာ အဆင်မပြေဘူးလို့ ထောက်ပြပါယ်။ တစ်နှစ်မှာ စာအုပ်ပေါင်း ၅၀၀၀၀ ကျော် ထွက်နေတာမို့ ကိုယ်ကြိုက်တဲ့ စာအုပ်ကိုရွေးဖတ်ခွင့်ရှိပါတယ်။
ဝတ္ထုတစ်အုပ်ကို စဖတ်လို့ မကြိုက်ရင်၊ ပစ်ထားလိုက်ဖို့ ဘယ်လိုမှမခံစားမိပါစေနဲ့။

(၂) ပိုလျှံနေသော မိနစ်လေးများ

စာဖတ်ခြင်း ရဲ့ အကျိုးကျေးဇူးတွေကို အမြဲပြောလေ့ရှိတတ်တဲ့ အောင်မြင်တဲ့ စာရေးဆရာ စတီဖင်ကင်း ဟာ တစ်နေ့ကို အချိန်ငါးနာရီ စာဖတ်ပါတယ်။ စတီဖင်ကင်းကို ကြည့်လိုက်ရင် အိမ်ပြင်မှာနေတဲ့ အချိန်က များသလို၊ Red Sox ဘေ့စ်ဘောအသင်းရဲ့ ပွဲတွေကိုပဲ ကြည့်နေတာလို့ ပြောလို့ရပေမယ့် သူဟာ ပွဲမစခင်အချိန်တွေမှာဆို စာဖတ်နေတာကို တွေ့ရပါလိမ့်မယ်။ စတီဖင်ဟော့ကင်း ရဲ့ စာအုပ် တွေဟာ ကမ္ဘာတစ်လွှားမှာ အုပ်ရေ သန်းပေါင်း ၃၅၀ ရောင်းချရထားပြီးသားဖြစ်ပါတယ်။ အပြုအမူဆိုင်ရာ ပညာရှင် ပါရစ္စရှာက “နေ့တစ်နေ့မှာ ပိုလျှံနေတဲ့ မိနစ်တွေ အများကြီးရှိပါတယ်။ အသုံးချဖို့လိုပါတယ်” လို့ ဆိုခဲ့ပါတယ်။ အကြံပေးချင်တာက ကိုယ့်ညီမ မင်္ဂလာဆောင်တဲ့နေ့မှာ ၀တ္ထုတစ်အုပ်ဖတ်ပြီး အလုပ်များနေဖို့ မဟုတ်ပါဘူး၊ ပိုလျှံနေတဲ့ အချိန်အတိုအစတွေမှာ ဖတ်နေဖို့ပါပဲ။

(၃) တိတ်တိတ်နေပါ

ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေကို သူများကို ပြောပြတာဟာ ကိုယ့်ရည်မှန်းချက်၊ ပန်းတိုင် ကို အောင်မြင်စေဖို့အတွက် ထိခိုက်မှုရှိစေတယ်လို့ သိပ္ပံပညာ ကသက်သေပြထားပါတယ်။ ၂၀၀၉ခုနှစ်မှာ စိတ်ပညာရှင် ဖြစ်ချင်တဲ့ ကျောင်းသားတွေကို သုတေသနလုပ်ဖူးတာ တစ်ခုရှိတယ်။ သူတို့ကို သူတို့ဖြစ်ချင်တာတွေ ကို ချရေးခိုင်းပြီးစောင့်ကြည့်တော့ အောင်မြင်တယ်။ ဒါပေမယ့် သူတို့ဖြစ်ချင်တာတွေကို သူများတွေကိုပြခိုင်းတော့ ရည်မှန်းချက် ရောက်ဖို့ ဖြစ်နိုင်ချေနည်းလာတာတွေ့ရပါတယ်။ စာများများ ဖတ်ပြီး ကိုယ့် ရည်မှန်းချက် ကို သူများကို မပြောတာဟာ အကောင်းဆုံးပါပဲ။
(၄) အာရုံထွေပြားစေတာတွေကို ကန့်သတ်ပါ
နီးလ်ပါရစ္စချာဟာ သူ့အိမ်ခိးက တီဗီ ကို မြေအောက်ခန်းထဲ ပို့ပြီး တီဗီ နေရာမှာ စာအုပ်စင် ထားလိုက်ပါတယ်။ ပါရစ္စချာဟာ သူရတဲ့ အတွေ့အကြုံကို အခြေခံပြီး စိတ်ပညာရှင် ရွိုင်းဘော်မိုက်စတာနဲ့အတူ “ချောကလတ်ကွတ်ကီးနဲ့ မုန်လာဥ” စိတ်စမ်းသပ်မှုကို လုပ်နိုင်ခဲ့ပါတယ်။
လူတွေကို ဗိုက်ဆာအောင် ရှည်လျားထွေပြားတဲ့ မေးခွန်းတွေမေးပါတယ်။ တစ်ဖွဲ့ကို ဘာ အစားအစာမှ ချမပေးထားဘူး။ ကျန်တစ်ဖွဲ့ကိုတော့ ကွတ်ကီးတွေ ချပေးထားတယ်။ (သူတို့ကို စားပါလို့ ပြောမထားဘူး) အဖြေကတော့ ကွတ်ကီး ချပေးထားတဲ့ အဖွဲ့ဟာ သူတို့ရဲ့ စိတ်ခွန်အားတွေကို ပိုမိုမြှင့်တင်နိုင်ပါတယ်။ သူတို့ ကွတ်ကီးတွေလည်း ယူမစားကြပါဘူး။

(၅) တကယ့်စာအုပ်တွေ ဖတ်ပါ

e-book တွေ ဖတ်တာထက် လက်တွေ့ကိုင်တွယ်ထိတွေ့လို့ရတဲ့ စာအုပ် တွေ ဖတ်တာ အကောင်းဆုံးပါပဲ။ အီလက်ထရောနစ် ပစ္စည်း တွေနဲ့ ချိတ်ဆက်ထားတဲ့ e-book တွေ ဖတ်မယ်ဆိုရင် တခြား အာရုံ ပျံ့လွင့်စရာတွေက အများကြီးပါပဲ။ အင်တာနက်သုံးဖို့လည်း ၀န်မလေးတော့ပါဘူး။ အကောင်းဆုံးက တကယ့်စာအုပ်တွေဖတ်ပါ။

(၆) စိတ်ထားကိုပြောင်းပါ

မီဒီယာ ကျွမ်းကျင်သူနဲ့ စာရေးဆရာ ရိုင်ယန်ဟောလီးဒေး က စာဖတ်တယ်ဆိုတာကို သာမန် အသက်ရှူသလို၊ ထမင်းစားသလိုပဲ သဘောထားပြီး များများ ဖတ်ဖို့ တိုက်တွန်းပါတယ်။ ဘယ်စာအုပ်ဖတ်ရင် ဘာရမယ်ဆိုပြီး တွေးနေရင်တော့ စာဖတ်ဖြစ်မယ်မဟုတ်ဘူးလို. သူကထောက်ပြပါတယ်။ အရေးကြီးတာက နေ့စဉ်စာဖတ်နေဖို့ လိုတာပါပဲ။

(၇) ဖတ်မယ့် စာအုပ် စာရင်းပြုစုပါ

ဘာလုပ်မယ်လို့ ဆုံးဖြတ်ချက်ချရတာဟာ ခက်ခဲပါတယ်။ စာဖတ်တဲ့ အကျင့်မှာလည်း အလေ့အကျင့် တစ်ခုထားဖို့လိုပါတယ်။နှစ်စဉ် စာအုပ်တွေက အများကြီးထွက်နေတာမို့ ဘယ်စာအုပ်တွေ ဖတ်ရမလဲဆိုတာ ရွေးချယ်ဖို့ ခက်ပါတယ်။ ဘယ်သူတွေက ဘယ်စာအုပ်တွေ ဖတ်နေသလဲဆိုတဲ့ စာစုစာရင်းကို လိုက်ကြည့်ဖို့ ဟားဗတ်စီးပွားရေး သုံးသပ်ချက်က အကြံပြုထားပါတယ်။
ထိပ်တန်းနည်းပညာရှင်ကြီးတွေ ဖြစ်တဲ့ ဘီလ်ဂိတ် နဲ့ မာ့ခ်ဇူကာဘတ်တို.ဟာ သူတို့ ဖတ်တဲ့ စာစုစာရင်းတွေ ကို ဝေမျှဖို့ မတွန့်ဆုတ်ကြပါဘူး။ကျွန်တော်တို့ဟာ သူဋ္ဌေးကြီးဝါရင်ဘတ်ဖတ်လို တစ်နေ့ကို စာမျက်နှာ ၅၀၀၊ ဘီလ်ဂိတ်လို တစ်နှစ်ကို စာအုပ် ၅၀ ဖတ်နိုင်ဖို့ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ မနှစ်ကထက် စာအုပ် အရေအတွက် ပိုများများဖတ်ဖို့ လိုမယ်လို့ ဆုံးဖြတ်ထားဖို့ လိုပါတယ်။

Jobs4U သည် လုပ်ငန်းခွင်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်းနှင့် စီးပွားရေးအကြံပေးလုပ်ငန်းစု တစ်ခုဖြစ်ပြီး သင့်အလုပ်အကိုင်အခွင့်အလမ်း၊ သင့်စီးပွားရေး ထိုးဖောက်ကြီးထွားမှုအတွက် လိုအပ်သော Human Resource Management(HRM), Sales & Marketing Management (S&M), Office Management(OM), Project Management (PM), Business Management & Development တို့ကို အကောင်းဆုံးအရည်အသွေး၊ အထိရောက်ဆုံး သင်ကြားရေးစနစ်ဖန်တီးမှုတို့ဖြင့် ပံ့ပိုးကူညီ ဝန်ဆောင်မှုပေးနေပါပြီ။

Jobs4U Facebook page ကို Like & Follow လုပ်ထားမယ်ဆိုရင် စိတ်ဓာတ်ခွန်အားစာပေများနှင့် အောင်မြင်သောဘဝအတွက် အတုယူစရာ သင်ခန်းစာများကို နေ့စဉ်ဖတ်ရှုနိုင်ပါပြီ။

Jobs4U မှာ ကျွမ်းကျင်မှု့နယ်ပယ်ဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရင်း…. ပိုမိုထိရောက်သော လုပ်ငန်းခွင်နယ်ပယ်များသို့သွားကြစို့….။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။