Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 9, 2016

အသက်သခင်ဆီ လေးနှစ်တိုင်တိုင် ပြန်လာတဲ့ ပင်ဂွင်းငှက်ငယ်

အသက်သခင်ဆီ လေးနှစ်တိုင်တိုင် ပြန်လာတဲ့ ပင်ဂွင်းငှက်ငယ်
.......................................................................................

ပင်ဂွင်းငှက်ငယ် တစ်ကောင်က သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ အဘိုးအို နေထိုင်ရာကို နှစ်စဉ်နှစ်တိုင်း လာရောက်လေ့ရှိတဲ့ ဖြစ်ရပ်ကတော့ မယုံရင် ပုံပြင်မှတ်ရမယ့် ဇာတ်လမ်းပါပဲ။ ဒေးလီးမေးလ် သတင်းဌာနက ဒီဖြစ်ရပ်ကို ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။
ဘရာဇီးနိုင်ငံက ကျွန်းတစ်ကျွန်းမှာ နေထိုင်တဲ့ အသက် ၇၁ နှစ်အရွယ် အဘိုး အို ဆူဇာဟာ ၂၀၁၁ ခုနှစ်က ကျောက်ကြိုကျောက်ကြားမှာ လဲနေပြီး တစ်ကိုယ်လုံး ရေနံတွေပေကျံနေတဲ့ သေလုစဲစဲ ပင်ဂွင်းငှက်ငယ်တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။


အာဟာရ ပြတ်လပ်နေတဲ့ အဲဒီပင်ဂွင်းငှက်ငယ်ကို အဘိုးအို ဆူဇာက သူ့အိမ် ခေါ်သွားခဲ့ပါတယ်။ အဘိုးအိုက ပင်ဂွင်းငှက်ရဲ့အမွေးအတောင်
တွေမှာ ကပ်နေတဲ့ ရေနံတွေကို အချိန်ယူ ဖယ်ရှားပေးခဲ့ပြီး ပြုစုစောင့်ရှောက်ပေးခဲ့ရာမှာ ပင်ဂွင်းငှက်ငယ်လေး ကျန်းမာရေးပြန်ကောင်းလာခဲ့ပါတယ်။ အဘိုးအိုဆူဇာက သူ့ကို တောင်အာဖရိက ပင်ဂွင်းငှက်ငယ်ဒင်ဒင်းလို့ အမည်ပေးခဲ့ပြီး သူ့ကို ပင်လယ်အတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။ အဘိုးအိုက ပင်ဂွင်းငှက်ငယ်ဒင်ဒင်းကို နောက်တစ်ကြိမ် မြင်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ယူဆခဲ့ပေမယ့် ပင်ဂွင်းငှက်ငယ် ဒင်ဒမ်းဟာ လအနည်းငယ်အကြာမှာ အဘိုးအို ဆူဇာရှိတဲ့ ကျွန်းကို ပြန်လာခဲ့ပြီး အဘိုးအိုကို မှတ်မိတဲ့ ဟန်အမူအယာပြသခဲ့သလို အဘိုးအိုရဲ့ အိမ်ကို လိုက်ခဲ့ပါတယ်။

အဘိုးအိုဆူဇာက ''ဒီပင်ဂွင်းလေးကို အဘိုးရဲ့သားသမီးအရင်းလို သဘောထားပြီး ချစ်ပါတယ်။ သူကလည်း အဘိုးကို ချစ်တယ်လို့ ယုံတယ်။ သူ့ကို အခြားဘယ်သူမှ ထိလို့မရဘူး။ သူ့ကို ထိတာနဲ့ နှုတ်သီး နဲ့ပြန်ထိုးတယ်။ သူက အဘိုးခြေထောက်ကြားမှာ လာအိပ်ပြီး အဘိုးရေချိုးပေးရင်လည်း ငြိမ်ခံနေတယ်။ သူ့ကို ဆာဒင်းငါးတွေကျွေးရင်လည်း စားတယ်။ သူ့ကို ပွေ ချီလို့လည်း ရတယ်''လို့ ပြောပါတယ်။ ပင်ဂွင်းငှက်ငယ် ဒင်ဒင်းဟာ တစ်နှစ်မှာ ရှစ်လကြာ အဘိုးအို ဆူဇာနှင့်အတူ နေထိုင်ပြီး ကျန်သုံးလအတွင်း သားပေါက်ရာ ဒေသဆီ ပြန်တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။
ပင်ဂွင်းငှက်ငယ် ဒင်ဒင်းဟာ အဘိုးအိုဆူဇာထံ တစ်ခေါက်ပြန်လာဖို့ မိုင် ၅၀၀၀ နီးပါး ခရီးနှင်ရပြီး ပင်လယ်ထဲ ပြန်မသွားခင် အချိန်မှာ အဘိုးအို ဆူဇာက ပင်ဂွင်းငှက် ဒင်ဒင်း အားရှိစေဖို့ ငါးတွေ ကျွေးမွေးလေ့ရှိပါတယ်။
"အမွေးအတောင်ဟောင်းတွေ ချွတ်ချပြီး အမွေးအတောင် အသစ်လဲပြီးရင် သူ ပျောက်သွားတော့တာပဲ။ လူတိုင်းက သူ ပြန်လာတော့မှာ မဟုတ်ဘူးလို့ ပြောကြပေမယ့် ကျွန်တော့်ဆီ သူ ပြန်ပြန်လာခဲ့တာ လေးနှစ်ရှိပါပြီ။ ဇွန်လဆို ရောက်ရောက် လာပြီး ဖေဖော်ဝါရီလဆို သူ့အိမ်ကိုသူပြန်တတ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ်အဘိုးကို သူ သံယောဇဉ်ပိုရှိလာပြီး အဘိုးကိုတွေ့ ရတာ သူ ပိုပျော်လာပုံပေါ်တယ်''လို့ အဘိုးအို ဆူဇာက ပြောပါတယ်။

Ref: Dailymail
Nz (ရိုးရာလေး)
www.yoyarlay.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။