Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 9, 2016

ပညာရေးကို

ပညာရေးကို

အသည်းအသန်ဖြစ်နေတဲ့ နိုင်ငံ တွေ
______________________________
ကမ္ဘာ့ပညာရေးထိပ်တန်း (၂၀) စာရင်းကို

အစဉ်လိုက်ဖော်ပြရရင်
______________________________

(၁) တောင်ကိုရီးယား (၂) ဂျပန် (၃) စင်ကာပူ (၄) ဟောင်ကောင်

(၅) ဖင်လန် (၆) ဗြိတိန်

(၇) ကနေဒါ (၈) နယ်သာလန် (၉) အိုင်ယာလန်

(၁၀) ပိုလန် (၁၁) ဒိန်းမတ် (၁၂) ဂျာမနီ

(၁၃) ရုရှား (၁၄) အမေရိကန်ပြည်ထောင်စု

(၁၅) သြစတြေးလျ (၁၆) နယူးဇီလန်

(၁၇) အစ္စရေး (၁၈) ဘယ်လ်ဂျီယံ

(၁၉) ချက်ပြည်သူ့သမ္မတနိုင်ငံ

(၂၀) ဆွစ်ဇာလန် နိုင်ငံတွေဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် (၂၀) စာရင်းဝင်တဲ့ နိုင်ငံအချို့ရဲ့

ပညာရေးအလေးပေးတာတွေကို လေ့လာကြည့်ရင်
_______________

တောင်ကိုရီးယားနိုင်ငံ
_______________

ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတွေဟာ

ကမ္ဘာ့အဆင့် ၁ နေရာကို ရနိုင်ဖို့

အပြိုင်အဆိုင်ကြိုးစားခဲ့ကြတဲ့ နိုင်ငံ တွေဖြစ်ပါတယ်။

တောင်ကိုရီးယားကတော့ ဂျပန်နိုင်ငံကို

အဆင့် ၃ ဆင့်လောက်ဖြတ်ပြီးတော့ အနိုင်ယူခဲ့တာပါ။

ဂျပန်နိုင်ငံဟာ ကလေးပညာရေးကို

ဦးစားပေးလုပ်ခဲ့လွန်းလို့လည်း

အဆင့် ၂ နေရာကိုရောက်လာခဲ့တာဖြစ်ပါ

တယ်။ တောင်ကိုရီးယားနိုင်ငံအောင်မြင်တာကိုလည်းမပြောနဲ့

သူတို့နိုင်ငံက ကလေးတွေ တစ်ပတ် ကျောင်းတက် ရက်က ၇

ရက်လောက်ဖြစ်နေတယ်လို့ဆိုပါတယ်။

မနှစ်က ပညာရေးအတွက် ဘတ်ဂျက်အသုံးစရိတ်က ဒေါ်လာ

၁၁,၃၀၀,၀၀၀,၀၀၀ ဖြစ်ပါတယ်။

နိုင်ငံရဲ့စာတတ်နှုန်းက ၉၇ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်။

အမျိုးသားစာတတ် နှုန်းက ၉၉ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး

စာတတ်မြောက်နှုန်းက ၉၆ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်။
_______________
ဟောင်ကောင်
_______________

ဟောင်ကောင်ပညာရေးဟာ ဗြိတိန်နိုင်ငံပညာရေးကို အတုယူထားတဲ့

ပညာရေးစနစ်ဖြစ်ပါတယ်။

စီမံအုပ်ချုပ်မှု ပုံစံအားလုံး ဗြိတိန်နည်းကိုကျင့်သုံးတာတွေ့ရတယ်။

မနှစ်က ပညာရေးဘတ်ဂျက်အသုံးစရိတ်က ကျောင်းသား

တစ်ဦးချင်းအတွက် ဒေါ်လာ ၃၉,၄၂၀ လောက်သုံးထားတာတွေ့ရတယ်။

မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ပညာရေးတွေမှာ

စံပြုလောက်တဲ့ပညာရေးဖြစ်အောင်

အားထုတ်နေကြတာတွေ့ရတယ်။

ကျောင်းသုံးပြဋ္ဌာန်း စာအုပ် တွေမှာလည်း အင်္ဂလိပ်စာနဲ့ တရုတ်

ကန်တုန်စာတွေကို အဓိကထားပြီး ထုတ်ကြတယ်။

စာတတ်မြောက် နှုန်းက ၉၄ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်။
_______________
ဗြိတိန်
_______________

ဗြိတိန်နိုင်ငံရဲ့ ပညာရေးစနစ်က ဗဟိုချုပ်ကိုင်မှုကင်းပြီး

လုပ်ပိုင်ခွင့်တွေကို ဒေသအလိုက် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တွေ

ခွဲဝေပေးထားပါတယ်။

ဒါကြောင့် ကိုယ့်ဒေသအလိုက် ပညာရေးကြမ္မာ ကိုယ်တိုင်စီမံ

ဖန်တီးခွင့်ရှိတယ်လို့ ပြောရမယ်။

စကော့တလန်၊ ဝေးလ်စ်၊ မြောက်ပိုင်း အိုင်ယာလန်ဒေသတွေမှာ

ဗြိတိန် အာဏာပိုင်တွေထံက ဘာအခွင့်မှ တောင်းခံနေစရာမလိုဘဲ

ပညာရေးကို လွတ်လပ်စွာ စီမံဖန်တီးပိုင်ခွင့်တွေပေး ထားတာ

ထူးခြားတယ်လို့ဆိုရမယ်။

ဗြိတိန်ဟာ ဥရောပမှာတော့ ပညာရေးအဆင့် နံပါတ် ၂ နေရာမှာရှိတယ်။

တစ်ကမ္ဘာလုံးနဲ့ ယှဉ်လိုက်တော့သာ သူအဆင့် ၆ ရောက်သွားခဲ့တာ။
_______________
ကနေဒါ
_______________
ကနေဒါနိုင်ငံမှာ ကျင့်သုံးတဲ့ ပညာရေးစနစ်က

ဗြိတိန်နဲ့ ပြင်သစ်ပညာရေးစနစ်တွေ ဖြစ်ပြီးတော့ မူလတန်း ပညာရေးကို

ဦးစားပေးတယ်။ ကလေးတွေကို စာဖတ်ဝါသနာကြီးလာအောင်

အခြေခံကတည်းက လုပ်ဆောင် ပေးလာတာဟာ

ပညာရေးတိုးတက်အောင်မြင်ဖို့ဖြစ်လာခဲ့တာပဲ။

နိုင်ငံရဲ့စာတတ်မြောက်နှုန်းက ၉၉ ရာခိုင်နှုန်း ရှိတယ်။

တက္ကသိုလ်ပညာ ဆက်လက်သင်နိုင်နှုန်းကလည်း

အရမ်းအားကောင်းတယ်။

သူတို့နိုင်ငံမှာ အသက် ၁၆ နှစ် အရွယ်အထိ ကလေးတိုင်း

မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားတဲ့ အကျိုးတရားပဲ။

မူလတန်းက တည်းက ပညာကိုအခြေခိုင်အောင်လုပ်ထားတယ်။

မသင်မနေရပညာရေးကို အသက်တွေ တိုးမြှင့်လုပ်ပေးထား

တာကြောင့် ပညာရေးအားကောင်းရတယ်လို့ မြင်ပါတယ်။
_______________
အမေရိကန်ပြည်ထောင်စု
_______________

အမေရိကန်ပြည်ထောင်စုမှာ သမ္မတအိုဘားမားကိုယ်တိုင်က ပညာရေးကို

အထူးအလေးပေးနေပေမယ့်

ထိပ်တန်း နိုင်ငံအဆင့်တော့ ရောက်မလာပါဘူး။

စီးပွားရေး နိုင်ငံရေး အတည်ငြိမ်ဆုံးနဲ့ အားအကောင်းဆုံး နိုင်ငံဖြစ်ပေမယ့်

ထိပ်တန်း ၁၀ စာရင်းတောင် မဝင်နိုင်ခဲ့ဘူး။ ခုလည်း အဆင့်

၁၄ လောက်နဲ့ ကျေနပ်နေရတာ။

ပညာရေးအတွက် အသုံးစရိတ်ကလည်း ၁ ဒသမ ၃ ထရီလီယံဒေါ်လာ

ရှိတယ်။ စာတတ်မြောက်နှုန်း ၉၉ ရာခိုင်နှုန်းရှိတယ်။ နှစ်စဉ် အတန်းတိုင်းမှာ

ဝင်ရောက်သင်ကြားနှုန်းကလည်း ၈၁ ဒသမ ၅ သန်းလောက်ရှိတယ်။

အထက်တန်း အဆင့်အထိ အခမဲ့ပညာရေးကို အစိုးရက

အကောင်အထည်ဖော်ပေးနေတယ်။
_______________

အစ္စရေး
_______________

ဒီနှစ်အတွက် အဆင့် ၁၇ ဝင်လာတဲ့ အစ္စရေးနိုင်ငံကတော့

ထူးခြားတယ်လို့ဆိုရမယ်။

အစ္စရေးရှီကယ် ၂၈ ဘီလီယံလောက် ပညာရေးမှာ အသုံးပြုနေတယ်။

အမေရိကန် တစ်ဒေါ်လာဟာ အစ္စရေး ၄ ရှီကယ်လောက်နဲ့ ညီပါတယ်။

ဒါကြောင့် ဒေါ်လာ ၇ ဘီလီယံလောက် သုံးနေတယ်လို့ ဆိုနိုင်တယ်။

ဟီးဘရူးနဲ့ အာရဗီစာတွေကို အခြေခံထားပြီး

သင်ကြားတယ်။

နိုင်ငံစာတတ်မြောက်နှုန်းက ၁၀၀ ရာခိုင်နှုန်းရှိတယ်။

OECD နိုင်ငံများထဲမှာ တော့ အစ္စရေးနိုင်ငံဟာ

ဒုတိယအဆင့်ရှိတယ်။

နိုင်ငံသား ၄၅ ရာခိုင်နှုန်းလောက် အထက်တန်းနဲ့

တက္ကသိုလ်ပညာ တွေကို တတ်မြောက်ထားကြတယ်။

_______________________________
အောင်မြင်တဲ့ နိုင်ငံတွေရဲ့ ပညာရေးကို

လေ့လာကြည့်လိုက်ရင်
_______________________________

_ပညာရေးစနစ်မှာ ကောင်းမွန်ပြည့်စုံတဲ့ စနစ်တွေ အပေါ်ကို

အခြေခံထားကြောင်းတွေ့ရတယ်။

အထူးသဖြင့်တော့ နိုင်ငံတော် ဘတ်ဂျက်ကနေ

ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ

အများဆုံးလုပ်နိုင်ကြတာကိုလည်းတွေ့ရတယ်။

ပညာရေးအကောင်းဆုံးလို့ သတ်မှတ်ထားတဲ့

နိုင်ငံ ၂၀ မှာ ပညာရေးကို အလေးထားစရာ၊

ပညာရေးဟာ သူတို့ဘဝအတွက်အဖြေလို့ ယူဆထားတဲ့

နိုင်ငံတွေ လည်း ဖြစ်နေတာ တွေ့ရတယ်။

ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး ပညာရေးကို

အသည်းအသန်ဖြစ်နေတဲ့ နိုင်ငံ တွေပဲ

ပညာရေးမှာ အောင်မြင်နိုင်တာကိုတွေ့ရတယ်။
_______________________________

ကမ္ဘာ့ထိပ်တန်းနိုင်ငံ (၂၀) ရဲ့ ပညာရေး

တိုးတက်မှုအားလုံးကို ပြန်ပြီးတော့ သုံးသပ်ကြည့်ရင်
_______________________________

- ကျောင်းစနေတဲ့ အသက်ဟာ ၇ နှစ်ဖြစ်တယ်

- ကလေးတွေကို အိမ်စာမပေးဘူး

- အသက် ၁၃ နှစ် မတိုင်မီအရွယ်အထိ စာမေးပွဲဆိုတာနဲ့ မကြုံတွေ့ရဘူး

- တော်သူညံ့သူ ခွဲခြားထားတာမရှိဘူး။

- သိပ္ပံတန်းတွေဆိုရင် တစ်ခန်းကို ၁၆ ယောက်လောက်ပဲ သင်ကြားတယ်

- နေ့တိုင်း ကျောင်းနားချိန်တွေကို အများကြီးပေးထားတယ်

- ဆရာအတတ်သင်တွေကို အဆင့်မြှင့်ပေးပြီး ကောင်းကောင်းတတ်အောင် သင်ပေးတယ်

- ဆရာအတတ်သင်ကျောင်းတွေမှာ သင်ယူတဲ့ဆရာတိုင်းကို အစိုးရကထောက်ပံ့တယ်
_______________________________

Credit : Original Uploader

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။