တစ်ချို့လူငယ်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဆိုတာကို ဘာကိုဆိုလိုမှန်း ဂဃဏနနားမလည်ဘူး။ဖတ်ကြည့်ပါ။ တကယ့်အဖြစ်။ ရင်ထဲကိုစူးနင့်နေပါတယ်။
ဒေါ်ဖြူဖြူသင်း Phyu Phyu Thin အင်တာဗျူး
************************** *****************
ထောင်ကျနေတဲ့အချိန်မှာ ဘယ်လိုဆင်းရဲဒုက္ခတွေကို ကြုံတွေ့ခံစားခဲ့ရလဲအစ်မ။
၁၉၉၉ မှာ အန်တီက မန္တလေးခရီးစဉ်သွားတဲ့အခါကျေ တာ့ ကျွန်မတို့က အန်တီ့ကို လိုက်ပို့တာ ဘူတာကြီးရှေ့မှာ အဖမ်းခံရတယ်။ နောက်တော့ အင်းစိန်ထောင်ရောက်သွားတယ်။ ၂၀၀၀ မှာ ပြန်လွတ်တယ်။
ကျွန်မတို့တုန်းက လေးလတိတိ အခန်းထဲမှာ ပိတ်ထားတယ်။ မနက် ၁၅ မိနစ်၊ နေ့လယ် ၁၅ မိနစ်ပဲ ထွက်ပြီးတော့ ရေချိုး၊ ပန်းကန်ဆေး၊ မိလ္လာခွက်သွန် အပြေးအလွှားလုပ်ရတယ်။ လေးယောက်ရှိရင် နှစ်ယောက်က မိလ္လာတာဝန်ယူတယ်။
အင်တုံကို ဆေးကြော၊ အခန်းသန့်ရှင်းရေးလုပ်တဲ့သူ က
လုပ်၊ အ၀တ်လျှော်တဲ့သူကလျှော်၊ လေးယောက်က မနားရဘူး၊ အဲဒီလိုလုပ်ရတာ။
ပြီးရင် ပြန်ဝင်၊ တံခါးပိတ်။ အဲဒီလိုမျိုး နေခဲ့ရတဲ့အခါကျတော့ အရမ်းကို
ကျဉ်းကျပ်တယ်။
ကျွန်မတို့ဆိုရင် သူတို့ကျွေးတဲ့ ထမင်းတွေကို စရောက်ခါစ ၇-၈ ရက်လောက် မစားဘူး။ ပဲပြုတ်တွေဆိုလည်း ပိုးတွေနဲ့ ညစ်ပတ်နေတာပဲ။ လောက်တွေရောပဲ။ သဲတွေက လက် ၂ - ၃ လုံးလောက် ရတယ်။ သဲကို သွန်ပြီးတော့မှ အရည်ကြည်လေးကို ခပ်စားရတာ။
အသီးအရွက်တွေဆိုရင်လည်း ပြုတ်ထားတာ တီကောင်တွေတောင် ပါတယ်။ အဲဒီလိုဟာတွေကို နောက်တော့ စားရတာပဲ။ အဲဒီလိုမျိုး စားပြီးတော့ ရပ်တည်လာခဲ့တဲ့အခါကျတော့ အပြင်ပြန်ရောက်လာတဲ့အခါ ကိုယ်စားနေတာတွေက တန်ဖိုးရှိမှန်း သိသွားတယ်။
ကျွန်မတို့က ဒေါ်နော်အုန်းလှနဲ့ အတူတူနေခဲ့ရတာ။ သူက ကရင်မဆိုတော့ အကုန်စားတယ်။ ကျွန်မတို့ကမှ ရွေးချယ်စားသေးတယ်။ သူက ပိုးကောင်ပါလည်း အကုန်စားတယ်။ သူက အရှေ့ကနေ စားပြတယ်။ ကျန်တဲ့သူတွေက သူ့ကိုကြည့်ပြီး ဘာကြောင့်စားနေတာလဲပေါ့။ ဒါ ဘယ်လိုလုပ်စားမလဲပေါ့။ ထမင်းတွေဆိုရင် နံတယ်။ သူက ကျွန်မတို့ကို ကျွေးရှာပါတယ်။
အဲဒီခြံကြီးထဲမှာ သံပယိုပင် ရှိတယ်။ အဲဒီအရွက်လေးတွေကို လေးငါးရွက်ခူးလာပြီး ထမင်းနဲ့လုံးတယ်။ သူ စားတာမဟုတ်ဘူး။ ကျွန်မတို့အတွက် လုပ်ပေးတာ။ အဲဒါကို ကျွန်မတို့က ဆေးသောက်သလို မျိုချတယ်။ သူကတော့ ကျွေးတာအကုန်ထည့်စားတယ်။ ကျွန်မတို့ကို စားချင်လာအောင် စားပြတာလေ။
သူ့ပိုက်ဆံအိတ်ထဲမှာ ကွေကာအုပ်တစ်ထုပ် ပါလာတယ်။ ကျွန်မတို့က ကွေကာအုပ်တစ်ထုပ်ကို နည်းနည်းချင်းစီလျက်ပြီး ရေနဲ့စားရတယ်။ အဲဒီကွေကာအုပ်တစ်ထုပ်လည်း အထဲရောက်ဖို့ မလွယ်ဘူး။ သူက အများကြီး အားပေးပါတယ်။
ကျွန်မတို့ကို ထောင်ထဲမှာ အဲဒီလိုနေရတယ်ဆိုတာ သင်ပေးတယ်။ နောက်တော့လည်း စားရတော့တာပေါ့။ ငယ်ငယ်တုန်းကတော့ ထမင်းထဲမှာ၊ ငါးပိရည်ထဲမှာ ပိုးတစ်ကောင်ပါရင် မစားတော့ဘူး။ အခုကျတော့ လူ့လောကကို ပိုပြီးတော့ သဘောပေါက်လာတယ်။
တစ်ခါတလေဆိုရင် ထောင်ဝါဒါတွေ မုန့်စားနေတာကို ကိုယ်က ရေချိုးရင်းနဲ့ ကြည့်နေတာပေါ့။ ဗိုက်ကလည်း အရမ်းဆာနေရင်းနဲ့ ကြည့်နေတာ။ တစ်ခါမှာ သူက ခေါက်ဆွဲစားနေရင်းနဲ့ ခေါက်ဆွဲဖတ်လေး အောက်ကျသွားတာကို တော်တော်ခံစားရတယ်။ အဲဒီခေါက်ဆွဲဖတ်လေးကို ကျအောင်စားရလားဆိုပြီး နှမြောနေတယ်။
ကျွန်မတို့ ထောင်ထဲမှာနေတော့ အင်းစိန်ထောင်ရှေ့မှာ စမူဆာသုပ်ဆိုင်ရှိတယ်။ တစ်ခါမှာ ထောက်လှမ်းရေးက ဘာစိတ်ကူးပေါက်လဲ မသိဘူး။ တစ်ခန်းကို တစ်ထုပ် စမူဆာသုပ်ဝယ်ကျွေးတယ်။ အထဲမှာ အရမ်းကို ငတ်နေကြတော့ တစ်ယောက် တစ်ဇွန်းနှစ်ဇွန်းစီစားရပြီး
ကျွန်မတို့ ကြုံးဝါးထားကြတယ်။ ထောင်ကထွက်တဲ့နေ့ အဲဒီအသုပ်ကို
အားရပါးရသွားစားမယ်ပေါ့။ တကယ်ထွက်တော့ အဲဒီစမူဆာသုပ်ကို သွားစားတာ
အရသာမရှိတော့ဘူး။ အထဲမှာ ငတ်နေတော့ ဘာစားစား အရသာရှိတယ်။
ထောက်လှမ်းရေးတစ်ယောက် ထောင်ကျတော့ အဲဒီလူက သူ့သားမွေးနေ့မှာ ပဲကုလားဟင်းချက်ကျွေးတယ်။ ကျွန်မတို့ ဇလုံကြီးတွေနဲ့ ထည့်စားကြတာ၊ ၀မ်းလျှောကြတယ်။ အူတွေက မစားရတာကြာတဲ့အခါ အကျင့်မရှိတော့ အကုန်ဝမ်းလျှောကြတယ်။ သူလည်း နောက်မကျွေးရဲတော့ဘူး။
ထောင်ဝင်စာက တစ်လလောက်ကြာမှရတယ်။ ပါဆယ်ပဲရတယ်။ အိမ်ကရတော့လည်း မစားရဲဘူး။ စားလိုက်လို့ရှိရင် ကုန်သွားမှာစိုးလို့။ ကုန်သွားလို့ရှိရင် ဘယ်လိုရပ်တည်မလဲပေါ့။ ထောင်ဝင်စာ လာပို့လို့ရှိရင် ထမင်းတစ်နပ်ကို ရခိုင်ခြောက်လေးနှစ်ကောင် စားတယ်။
ကျွန်မတို့သူငယ်ချင်းတွေ စုပြီးတော့ တစ်ယောက်ကို နှစ်ကောင် တို့လိုက်စားလိုက်ပေါ့။ မိသားစုက ဘယ်လောက်ကြီးပဲ ပို့လိုက် ပို့လိုက် ကျွန်မတို့ဆီကျတော့ အကုန်ဖြတ်ပြီးတော့ ပို့တယ်။ အ၀တ်အစားဆိုရင်လည်း လေးစုံလောက်ပို့ရင် တစ်စုံပဲရတယ်။ ကျွန်မတို့ဆိုရင် ၀တ်စရာမရှိလို့ စောင်တွေကို ရင်ရှားပြီးတော့ နေရတယ်။
စစချင်း အဖမ်းခံရတော့ လေးရက်ငါးရက်အထိ အ၀တ်အစား မရဘူးလေ။ အဲဒီအခါကျတော့ အင်္ကျီတွေလျှော်၊ နေလှန်းထားတဲ့အချိန်၊ မိုးကလည်း ဆက်တိုက်ရွာနေတဲ့အခါကျတော့ ကျွန်မတို့ စောင်တွေကို ရင်ရှားထားပြီး အဲဒီလိုနေခဲ့ရတယ်။
အဲဒီကျမှ အိမ်ကနေ တောင်းပေးတယ်။ လေးစုံထည့်ပေးလိုက်တယ်လို့ အိမ်ကပြောတယ်။ ကိုယ့်ဆီ တစ်စုံပဲရောက်တယ်။ ကျွန်မတို့တုန်းက ခြင်ထောင် ထောင်ခွင့် မရဘူး။ ခြင်ကိုက်တဲ့အထဲမှာ ဒီလိုပဲနေရတယ်။ အေးရင်လည်း အေးတဲ့အတိုင်းပဲ။ စောင်လည်းမရဘူး။ ထောင်ကပေးတဲ့ လုံချည်တွေကို ခေါင်းတွေဘာတွေ စွပ်ပြီးတော့ အိပ်ကြရတယ်။
လူတွေက ခံနိုင်ရည် ရှိပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်ထင်ကြပေမယ့်  ခံနိုင်ရည်မရှိဘူးဆိုတာ မရှိဘူး။ လူဆိုတာ ဘယ်လိုနေရာပဲဖြစ်ဖြစ် နေတတ်တယ်။
ကိုယ်က မကြုံဖူးတဲ့အခါကျတော့ ဖြစ်ပါ့မလားဆိုပြီးတော့ တွေးကြောက်တာလေ။ ဖြစ်တယ်။ ဘယ်နေရာမဆို မဖြစ်ဘူးဆိုတာ မရှိဘူး။ အဆင်ပြေသွားတယ်။
အာဏာပိုင်တွေကတော့ ထောင်ကျရင် ကြောက်ပြီးတော့ နိုင်ငံရေးမလုပ်တော့ဘူးလို့ ထင်တာ။ တကယ်က ထောင်ကျလိုက်တော့မှ လုံးဝကို လုပ်ရမယ်ဆိုတာ ပိုသိသွားတယ်။ အထဲမှာ အရမ်းကို ဒုက္ခခံခဲ့ရတာကိုး။
" ပရဟိတနှင့် နိုင်ငံရေးနယ်ပယ်မှ ဒေါ်ဖြူဖြူသင်း၏ ဘ၀ဖြတ်သန်းမှုအကြောင်း "..
အင်တာဗျူးဆောင်းပါးမှကောက်နုတ်ချက်
.
Credit : Eternal Light Magazine
ဒေါ်ဖြူဖြူသင်း Phyu Phyu Thin အင်တာဗျူး
**************************
ထောင်ကျနေတဲ့အချိန်မှာ ဘယ်လိုဆင်းရဲဒုက္ခတွေကို ကြုံတွေ့ခံစားခဲ့ရလဲအစ်မ။
၁၉၉၉ မွာ အန္တီက မႏၱေလးခရီးစဥ္သြားတဲ့အခါက်ေ
ကျွန်မတို့တုန်းက လေးလတိတိ အခန်းထဲမှာ ပိတ်ထားတယ်။ မနက် ၁၅ မိနစ်၊ နေ့လယ် ၁၅ မိနစ်ပဲ ထွက်ပြီးတော့ ရေချိုး၊ ပန်းကန်ဆေး၊ မိလ္လာခွက်သွန် အပြေးအလွှားလုပ်ရတယ်။ လေးယောက်ရှိရင် နှစ်ယောက်က မိလ္လာတာဝန်ယူတယ်။
အင်တုံကို ဆေးကြော၊ အခန်းသန့်ရှင်းရေးလုပ်တဲ့သူ
ကျွန်မတို့ဆိုရင် သူတို့ကျွေးတဲ့ ထမင်းတွေကို စရောက်ခါစ ၇-၈ ရက်လောက် မစားဘူး။ ပဲပြုတ်တွေဆိုလည်း ပိုးတွေနဲ့ ညစ်ပတ်နေတာပဲ။ လောက်တွေရောပဲ။ သဲတွေက လက် ၂ - ၃ လုံးလောက် ရတယ်။ သဲကို သွန်ပြီးတော့မှ အရည်ကြည်လေးကို ခပ်စားရတာ။
အသီးအရွက်တွေဆိုရင်လည်း ပြုတ်ထားတာ တီကောင်တွေတောင် ပါတယ်။ အဲဒီလိုဟာတွေကို နောက်တော့ စားရတာပဲ။ အဲဒီလိုမျိုး စားပြီးတော့ ရပ်တည်လာခဲ့တဲ့အခါကျတော့ အပြင်ပြန်ရောက်လာတဲ့အခါ ကိုယ်စားနေတာတွေက တန်ဖိုးရှိမှန်း သိသွားတယ်။
ကျွန်မတို့က ဒေါ်နော်အုန်းလှနဲ့ အတူတူနေခဲ့ရတာ။ သူက ကရင်မဆိုတော့ အကုန်စားတယ်။ ကျွန်မတို့ကမှ ရွေးချယ်စားသေးတယ်။ သူက ပိုးကောင်ပါလည်း အကုန်စားတယ်။ သူက အရှေ့ကနေ စားပြတယ်။ ကျန်တဲ့သူတွေက သူ့ကိုကြည့်ပြီး ဘာကြောင့်စားနေတာလဲပေါ့။ ဒါ ဘယ်လိုလုပ်စားမလဲပေါ့။ ထမင်းတွေဆိုရင် နံတယ်။ သူက ကျွန်မတို့ကို ကျွေးရှာပါတယ်။
အဲဒီခြံကြီးထဲမှာ သံပယိုပင် ရှိတယ်။ အဲဒီအရွက်လေးတွေကို လေးငါးရွက်ခူးလာပြီး ထမင်းနဲ့လုံးတယ်။ သူ စားတာမဟုတ်ဘူး။ ကျွန်မတို့အတွက် လုပ်ပေးတာ။ အဲဒါကို ကျွန်မတို့က ဆေးသောက်သလို မျိုချတယ်။ သူကတော့ ကျွေးတာအကုန်ထည့်စားတယ်။ ကျွန်မတို့ကို စားချင်လာအောင် စားပြတာလေ။
သူ့ပိုက်ဆံအိတ်ထဲမှာ ကွေကာအုပ်တစ်ထုပ် ပါလာတယ်။ ကျွန်မတို့က ကွေကာအုပ်တစ်ထုပ်ကို နည်းနည်းချင်းစီလျက်ပြီး ရေနဲ့စားရတယ်။ အဲဒီကွေကာအုပ်တစ်ထုပ်လည်း အထဲရောက်ဖို့ မလွယ်ဘူး။ သူက အများကြီး အားပေးပါတယ်။
ကျွန်မတို့ကို ထောင်ထဲမှာ အဲဒီလိုနေရတယ်ဆိုတာ သင်ပေးတယ်။ နောက်တော့လည်း စားရတော့တာပေါ့။ ငယ်ငယ်တုန်းကတော့ ထမင်းထဲမှာ၊ ငါးပိရည်ထဲမှာ ပိုးတစ်ကောင်ပါရင် မစားတော့ဘူး။ အခုကျတော့ လူ့လောကကို ပိုပြီးတော့ သဘောပေါက်လာတယ်။
တစ်ခါတလေဆိုရင် ထောင်ဝါဒါတွေ မုန့်စားနေတာကို ကိုယ်က ရေချိုးရင်းနဲ့ ကြည့်နေတာပေါ့။ ဗိုက်ကလည်း အရမ်းဆာနေရင်းနဲ့ ကြည့်နေတာ။ တစ်ခါမှာ သူက ခေါက်ဆွဲစားနေရင်းနဲ့ ခေါက်ဆွဲဖတ်လေး အောက်ကျသွားတာကို တော်တော်ခံစားရတယ်။ အဲဒီခေါက်ဆွဲဖတ်လေးကို ကျအောင်စားရလားဆိုပြီး နှမြောနေတယ်။
ကျွန်မတို့ ထောင်ထဲမှာနေတော့ အင်းစိန်ထောင်ရှေ့မှာ စမူဆာသုပ်ဆိုင်ရှိတယ်။ တစ်ခါမှာ ထောက်လှမ်းရေးက ဘာစိတ်ကူးပေါက်လဲ မသိဘူး။ တစ်ခန်းကို တစ်ထုပ် စမူဆာသုပ်ဝယ်ကျွေးတယ်။ အထဲမှာ အရမ်းကို ငတ်နေကြတော့ တစ်ယောက် တစ်ဇွန်းနှစ်ဇွန်းစီစားရပြီ
ထောက်လှမ်းရေးတစ်ယောက် ထောင်ကျတော့ အဲဒီလူက သူ့သားမွေးနေ့မှာ ပဲကုလားဟင်းချက်ကျွေးတယ်။ ကျွန်မတို့ ဇလုံကြီးတွေနဲ့ ထည့်စားကြတာ၊ ၀မ်းလျှောကြတယ်။ အူတွေက မစားရတာကြာတဲ့အခါ အကျင့်မရှိတော့ အကုန်ဝမ်းလျှောကြတယ်။ သူလည်း နောက်မကျွေးရဲတော့ဘူး။
ထောင်ဝင်စာက တစ်လလောက်ကြာမှရတယ်။ ပါဆယ်ပဲရတယ်။ အိမ်ကရတော့လည်း မစားရဲဘူး။ စားလိုက်လို့ရှိရင် ကုန်သွားမှာစိုးလို့။ ကုန်သွားလို့ရှိရင် ဘယ်လိုရပ်တည်မလဲပေါ့။ ထောင်ဝင်စာ လာပို့လို့ရှိရင် ထမင်းတစ်နပ်ကို ရခိုင်ခြောက်လေးနှစ်ကောင် စားတယ်။
ကျွန်မတို့သူငယ်ချင်းတွေ စုပြီးတော့ တစ်ယောက်ကို နှစ်ကောင် တို့လိုက်စားလိုက်ပေါ့။ မိသားစုက ဘယ်လောက်ကြီးပဲ ပို့လိုက် ပို့လိုက် ကျွန်မတို့ဆီကျတော့ အကုန်ဖြတ်ပြီးတော့ ပို့တယ်။ အ၀တ်အစားဆိုရင်လည်း လေးစုံလောက်ပို့ရင် တစ်စုံပဲရတယ်။ ကျွန်မတို့ဆိုရင် ၀တ်စရာမရှိလို့ စောင်တွေကို ရင်ရှားပြီးတော့ နေရတယ်။
စစချင်း အဖမ်းခံရတော့ လေးရက်ငါးရက်အထိ အ၀တ်အစား မရဘူးလေ။ အဲဒီအခါကျတော့ အင်္ကျီတွေလျှော်၊ နေလှန်းထားတဲ့အချိန်၊ မိုးကလည်း ဆက်တိုက်ရွာနေတဲ့အခါကျတော့ ကျွန်မတို့ စောင်တွေကို ရင်ရှားထားပြီး အဲဒီလိုနေခဲ့ရတယ်။
အဲဒီကျမှ အိမ်ကနေ တောင်းပေးတယ်။ လေးစုံထည့်ပေးလိုက်တယ်လို့ အိမ်ကပြောတယ်။ ကိုယ့်ဆီ တစ်စုံပဲရောက်တယ်။ ကျွန်မတို့တုန်းက ခြင်ထောင် ထောင်ခွင့် မရဘူး။ ခြင်ကိုက်တဲ့အထဲမှာ ဒီလိုပဲနေရတယ်။ အေးရင်လည်း အေးတဲ့အတိုင်းပဲ။ စောင်လည်းမရဘူး။ ထောင်ကပေးတဲ့ လုံချည်တွေကို ခေါင်းတွေဘာတွေ စွပ်ပြီးတော့ အိပ်ကြရတယ်။
လူတွေက ခံနိုင်ရည် ရှိပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်ထင်ကြပေမယ်
ကိုယ်က မကြုံဖူးတဲ့အခါကျတော့ ဖြစ်ပါ့မလားဆိုပြီးတော့ တွေးကြောက်တာလေ။ ဖြစ်တယ်။ ဘယ်နေရာမဆို မဖြစ်ဘူးဆိုတာ မရှိဘူး။ အဆင်ပြေသွားတယ်။
အာဏာပိုင်တွေကတော့ ထောင်ကျရင် ကြောက်ပြီးတော့ နိုင်ငံရေးမလုပ်တော့ဘူးလို့
" ပရဟိတနှင့် နိုင်ငံရေးနယ်ပယ်မှ ဒေါ်ဖြူဖြူသင်း၏ ဘ၀ဖြတ်သန်းမှုအကြောင်း "..
အင်တာဗျူးဆောင်းပါးမှကောက်န
.
Credit : Eternal Light Magazine

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။