Cloud Cuckoo Land shared ကိုသောင်း ပုလဲမြေ's photo.
သု ခ ရိပ် မြုံ မှ
AIDS ကလေးငယ်သို့......
-----------------------------
ဒါ..၀ဋ်ကြွေး လို့ ဆိုရင်
ဒီ ဘ၀ နဲ့တင် ကြေပါတော့ကွယ်
အခုတော့...
ဘ၀ ကို မျက်လုံး မပွင့်သေးရသေးခင်
လှည့်ပြန်နှုတ်ဆက်ရမယ့် အဖြစ် သိပ်ရက်စက်တဲ့ ကြမ္မာ
မပွင့်သေးတဲ့ အငုံအဖူးတွေကို
လောကကြီး က
ဘယ်ဘ၀ ရေစက် နဲ့ ခြွေပစ်လိုက်ရတာလဲ
လာပါ.. ကလေးလေး
လူ့အတ္တ တွေ အကြောင်း ဦးဦး ပုံပြင် ပြောပြမယ်
အိပ်ရာမှာ ချော့သိပ်ဖို့ မေမေ မရှိဘူး
ကျောင်းဝတ်စုံတွေ ကို ငေးကြည့်ပြီး ကျေနပ်နေရုံ
အဖေ ဆိုတာကို စာလုံးမပေါင်းတတ်ဘူး
ဆံပင်တွေ ထိုးဖွ ပေးဖို့ လက်တစုံကို မျှော်နေရုံ
ညနေဆည်းဆာလေး အမှောင်မကျခင်
သူတို့ ကောင်းကင်မှာ လင်းပွင့် နိုင်တဲ့ အလင်းကို
ကလေးလေးတွေ ရှာတယ်
လှိုင်းထန်နေတဲ့ ပင်လယ်မှာ
သူတို့ကို ဆယ်ယူမယ့် လက်တွေကို
ကလေးလေးတွေ ရှာတယ်
ညိုးရော်နေတဲ့ ဥယျာဉ်မှာ
ကြွေလွှင့်ရတော့မယ့် ရွက်ကြွေတွေလို
ခိုကိုးနှစ်သိမ့်ရာ အပြုံးတွေ ကို ကလေးလေးတွေ ရှာတယ်
လာပါ...ကလေးလေး
လူ့ အတ္တ တွေအကြောင်း ဦးဦး ပုံပြင်ပြောပြမယ်
ဒါ..၀ဋ်ကြွေး လို့ ဆိုရင်
ဒီ ဘ၀ နဲ့တင် ကြေပါတော့ကွယ် ။ ။
( ဒီလိုကလေးတွေအတွက်
ပရဟိတတွေ လိုနေတယ် ဆိုတာ အသိပေးပါရစေ)
------------------------------ ---------------------------
အောင်ပြည့်မွန်ရဲ့ကဗျာအိမ်လေး
January 28
AIDS ကလေးငယ်သို့......
-----------------------------
ဒါ..၀ဋ်ကြွေး လို့ ဆိုရင်
ဒီ ဘ၀ နဲ့တင် ကြေပါတော့ကွယ်
အခုတော့...
ဘ၀ ကို မျက်လုံး မပွင့်သေးရသေးခင်
လှည့်ပြန်နှုတ်ဆက်ရမယ့် အဖြစ် သိပ်ရက်စက်တဲ့ ကြမ္မာ
မပွင့်သေးတဲ့ အငုံအဖူးတွေကို
လောကကြီး က
ဘယ်ဘ၀ ရေစက် နဲ့ ခြွေပစ်လိုက်ရတာလဲ
လာပါ.. ကလေးလေး
လူ့အတ္တ တွေ အကြောင်း ဦးဦး ပုံပြင် ပြောပြမယ်
အိပ်ရာမှာ ချော့သိပ်ဖို့ မေမေ မရှိဘူး
ကျောင်းဝတ်စုံတွေ ကို ငေးကြည့်ပြီး ကျေနပ်နေရုံ
အဖေ ဆိုတာကို စာလုံးမပေါင်းတတ်ဘူး
ဆံပင်တွေ ထိုးဖွ ပေးဖို့ လက်တစုံကို မျှော်နေရုံ
ညနေဆည်းဆာလေး အမှောင်မကျခင်
သူတို့ ကောင်းကင်မှာ လင်းပွင့် နိုင်တဲ့ အလင်းကို
ကလေးလေးတွေ ရှာတယ်
လှိုင်းထန်နေတဲ့ ပင်လယ်မှာ
သူတို့ကို ဆယ်ယူမယ့် လက်တွေကို
ကလေးလေးတွေ ရှာတယ်
ညိုးရော်နေတဲ့ ဥယျာဉ်မှာ
ကြွေလွှင့်ရတော့မယ့် ရွက်ကြွေတွေလို
ခိုကိုးနှစ်သိမ့်ရာ အပြုံးတွေ ကို ကလေးလေးတွေ ရှာတယ်
လာပါ...ကလေးလေး
လူ့ အတ္တ တွေအကြောင်း ဦးဦး ပုံပြင်ပြောပြမယ်
ဒါ..၀ဋ်ကြွေး လို့ ဆိုရင်
ဒီ ဘ၀ နဲ့တင် ကြေပါတော့ကွယ် ။ ။
( ဒီလိုကလေးတွေအတွက်
ပရဟိတတွေ လိုနေတယ် ဆိုတာ အသိပေးပါရစေ)
------------------------------
အောင်ပြည့်မွန်ရဲ့ကဗျာအိမ်လေး
January 28
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။