Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 16, 2016

"ဂျပန်ပြည်မှ သင်ယူစရာ...(၄)"

"ဂျပန်ပြည်မှ သင်ယူစရာ...(၄)"
(ဒီစာကို တင်မယ်ဆိုကတည်း က မမြင်ကပ် အဆဲခံရမယ်ဆိုတာ ကြိုသိနေပါတယ်....သို့သော်..)
'သဘာဝ ပတ်ဝန်းကျင်'
ဂျပန်လူမျိုးတွေက အလှပ အတော်ကြိုက်ကြ တယ်ဗျ...အိမ်ဆို လှမှ၊ စားစရာ ဆို အလှလေး ဆင်ပြီး မှ၊ ပတ်ဝန်းကျင်လေးဆို သန့်နေမှ။
ကိုယ့်ပတ်ဝန်းကျင် ပဲ လှအောင်လုပ်ကြတာ.... တနိုင်ငံလုံး လှသွားတယ်ဆိုရင် ယုံကြမလား မသိ။

တကယ်ဗျ...တကယ်။ ကိုယ့်ပတ်ဝန်းကျင်လေးကိုပဲ လှပအောင်၊ သန့်ရှင်းအာင် လုပ်ကြတယ်။ အဲဒီလို လူတွေများတော့ ရပ်ကွက်လေး လှသွားတယ်...

ရပ်ကွက်လေးတွေ လှတဲ့အခါ မြို့က လှသွားတယ်။ အဲဒီ မြို့တွေ အားလုံးစုလိုက်တဲ့ အခါ တနိုင်ငံလုံး လှသွားတော့တာပါ ပဲ...။
ပြီးတော့ သဘာဝ ပန်းအလှလေးတွေ အတော့်ကို မြတ်နိုးကြတယ်....
ပန်းခြံထဲက ပန်းလေးတွေ အမြတ်တနိုး ရှိကြသလို လမ်းဘေး က ပန်းအရိုင်းလေးတွေလဲ တန်ဖိုးထားတယ်....။
ပန်းကြည့်ပွဲ လုပ်ကြတယ်။ မိသားစုလိုက်၊ သူငယ်ချင်းအစုဖွဲ့လိုက်၊ အလုပ်အနားယူပြီးတော့ကို တမင်တကာ လုပ်ကြတယ်... ဆကုရ ပင်တွေ ကြားမှာ ဖျာခင်း စားစရာ၊ သောက်စရာ အစုံနဲ့ တနေကုန် အရသာခံ ကြည့်၊ စားကြ သောက်ကြတယ်၊ အပန်းဖြေကြတယ်...ပြီးတာနဲ့ ကိုယ့် အမှိုတ် ကိုယ်သိမ်းပြီးပြန် (သဘာဝ အလှကို ခံစားရင်း..ပတ်ဝန်းကျင် ထိန်းသိမ်းမှု)။

ကျွန်တော် ဂျပန် စရောက် ပြီး (၆) လလောက် အကြာ Hitachi ဆိုတဲ့ ဆိပ်ကမ်းမြို့ လေးကို အလုပ်သွားဆင်းရတယ်ဗျ...ကျွန်တော်နေတဲ့ Saitama ကနေ အမြန်လမ်း နှစ်နာရီ ခရီး...
ကမ္ဘာအရပ်ရပ်ကို ကားတွေ ပို့နေတဲ့ ဆိပ်ကမ်းတွေ ရှိတဲ့ မြို့...
လှလိုက်တာ ဗျာ...အတော့ကို လှတာ..လမ်းဘေးမှာ အလေ့ကျ ပွင့်နေတဲ့ ပန်းတွေကကို လှနေတော့တာ......

တရက်တော့ အလုပ်ကလည်း စောပြီးတာနဲ့ မြို့တပတ် ပတ်၊ ပင်လယ်ကမ်းနား တစ်လျှောက် ကားနဲ့ ပတ်ကြတယ်...တနေရာ ရောက်တော့...
'မစုဒစံ ကားခဏရပ်ပေးပါလား....'
'ဘာလုပ်မလို့လဲ မင်းစံက'
'ဟိုနားမှာ ကျန်ခဲ့တဲ့ လမ်းဘေးက ပန်းလေးတွေ တအားလှတယ် ...ကျွန်တော် အိမ်ယူသွားချင်တယ်..' လို့ပြောလိုက်တယ်..
'ခူးလို့ မရဘူးလေ...'
'ဘာလို့လဲ ဗျ၊ လမ်းဘေးမှာ ပေါက်နေတာလေ....အိမ်က ပန်းအိုးမှာ ထိုးထားရင် လှနေမှာ...'
' မင်းစံ.... ကိုယ့်အိမ်က ပန်းအိုးမှာ အလှထားချင်ရင် ကိုယ့်ဘာသာ ဈေးဆိုင်က ဝယ်လေ...အခုဒီပန်းလေးတွေ မင်းစံက ယူသွားခဲ့ရင် မင်းစံတစ်ယောက်ပဲ ကြည့်လို့ရမယ်... နောက်လူတွေ ဒီပန်းအလှ ကို ဘယ်ကြည့်လို့ ရတော့မလဲ...(ဘယ်ခံစားလို့ ရတော့မလဲ)' တဲ့
အလေ့ကျ ပေါက်နေတဲ့ ပန်းအပေါ်မှာတောင် သူတို့လူမျိုး တွေ တန်ဖိုးထား တဲ့ စိတ်ဓါတ်။

အပြန်လမ်းမှာ ကျွန်တော် အတွေးစတွေပါလာတယ်...ဪ ...တန်ဖိုးထား ခံစားကြပုံချင်း မတူကြပါလား...ဥပမာ တစ်ခု....
ကျွန်တော်တို့ ဗမာလူမျိုးတို့ရဲ့ ကျက်သရေဆောင် ပိတောက်ပန်း...
ပန်းပွင့်လို့ တမနက် မကြာပါဘူး တပင်လုံး ကျိုးကြေသွားပြီ...ဦးရာလူက ချိုးကြတယ်...ပန်းကလေးတွေ ပန်လိုက်ရမှ လှတယ်ထင်တဲ့ ယဉ်ကျေးမှုကို အပြစ်မဆိုသာပေမယ့်...ငါဦးပြီးရော ချိုး...အိမ်ထရံ ခြံစည်းရိုးပါမကျန် ဟိုထိုးဒီထိုး လုပ်လိုက်ကြတော့တယ်...ကိုယ်ဆီမှာ ရှိမှ လှတယ်ထင်ကြတယ်...

အဲ့ဒီ သဘာဝကို ဖျက်ဆီးပြီး ရလာတဲ့ အလှတရားက ဘယ်လောက်များ ခံပါသလဲ...
တနေကုန် များ လှလိုက်ပါသလား...
လူဘယ်နှယောက်ကများ အဲဒီ အလှကို ခံစားလိုက်ရပါသလဲ....

တကယ်လို့များ အပင်မှာ သူ့သဘာဝအတိုင်း လှခွင့်ရခဲ့ရင် .....။
ဆရာမတွေ မြင်လိုက်ရလို့ စိတ်ကြည်သွားခဲ့ ရင်...ကျောင်းက ကလေးတွေ.....
ဆရာဝန်ကြီး ခံစားလိုက်ရလို့ စိတ်ပျော်ရွှင်ခဲ့ရင်...
လူနာတွေ...
စစ်ဗိုလ်ချုပ်ကြီး မြင်လိုက်ရလို့ စိတ်ချမ်းသာ သွားခဲ့ရင်...သူ့ရဲဘော် လေးတွေ...
မန်နေဂျာကြီး မြင်လိုက်ရလို့ စိတ်ကြည်သွားခဲ့ရင်....သူ့တပည့်တွေ......

'မင်္ဂလာပါ'
မင်းယျာ
ဓါတ်ပုံများမှာ အင်တာနက်မှ ဒေါင်းထားခြင်းသာ ဖြစ်သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။