Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 15, 2016

#ကိုယ့်အတွက်မဟုတ်ရင်

#ကိုယ့်အတွက်မဟုတ်ရင်

တစ်ခါတုန်းက ကောင်မလေးတစ်ယောက် ရှိတယ်။
သူမက အမြဲတမ်း သူ့ချစ်သူ သူဌေးလေး အကြောင်း
သူငယ်ချင်းတွေကို ဂုဏ်ယူစွာ ပြောတတ်တာပေါ့။

"'နင်သိလား ငါ့ကိုကို ရဲ့ ကုမ္ပဏီ က တစ်ရက်
အမြတ်အစွန်း သိန်း၂၀၀, ၃၀၀ အထက်မှာပဲ
ငါတို့တွဲလာတာ ခုဆို ၁နှစ်ကျော်ပြီ။
သူက ငါ့ကို ချစ်တယ်လို့ အမြဲပြောတာ
အဲ့စကားနဲ့တင် ငါက တနေ့တနေ့ အမော ပြေနေတာပေါ့""။

သိပ်မကြာပါဘူး ကောင်မလေးက ရုတ်တရက်
ရုံးဝန်ထမ်း ကောင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်
လက်ထပ်သွားတယ်။

သူဌေးလေး ဖြစ်သူက အရမ်းကို ဒေါသတွေ
ထွက်နေခဲ့တာပေါ့။
သူ့လို အဆင့်နဲ့ ရည်းစားဖြစ်ပြီးမှ ဘာမှမဟုတ်တဲ့
ကောင်နဲ့ ယူသွားလို့ဆိုပြီး။
တစ်နေ့မှာတော့ ကောင်မလေး နဲ့ ကောင်မလေး သူငယ်ချင်း တို့
ပြန်ဆုံကြတာပေါ့။
ပြန်ဆုံတဲ့အချိန် သူငယ်ချင်းတွေက နားမလည်တဲ့ ပုံစံ
နဲ့ကောင်မလေးကို မေးခွန်းထုတ်ကြတယ်။
မေးခွန်းတွေကလဲ စုံနေတာပေါ့။

ကောင်မလေးက ရီရီမောမော နဲ့
ငါနင်တို့ကို ပြောပြမယ်။
"" ငါ သူဌေးလေးနဲ့ ချစ်သူ ဖြစ်တဲ့အချိန်မှာ ရုံးဝန်ထမ်း
ကောင်လေးက လာကြိုက်တော့ ငါက အရမ်းဒေါသထွက်
ခဲ့တာ အမှန်ပါ။

ဒါပေမယ့်လေ...

Valentine day ရောက်လာတဲ့ နေ့မှာ..
ထုံးစံအတိုင်း တစ်ရက် ၀င်ငွေ သိန်း၂၀၀ အထက်မှာ ရှိတဲ့
သူဌေးလေးဆီက သူ့တစ်ရက်ဝင်ငွေရဲ့ ၁၀ပုံတပုံ
၂သိန်းတန် ပစ္စည်းတခု မရောက်လာခဲ့ဘူး။
အရင်တစ်နှစ်ကလိုပဲ message တစောင်ပဲ ပို့ခဲ့တယ်။

ရုံးဝန်ထမ်း ကောင်လေးက သူ့တလ၀င်ငွေ ၁သိန်းခွဲမှာ
ငါလိုချင်တဲ့ cosmetic လေးနဲ့ ပန်းစည်းလေးအိမ်ထိ
လာပို့ပေးတယ်။
သူ့လစာ ၃ ပုံ ၁ပုံ နဲ့ ငါ့ကို အသိအမှတ်ပြုတယ်ဟ။

ဒါတွေပဲ မဟုတ်ပါဘူး။

ငါ သင်တန်းက အပြန် အကောင်းစားကား စီးပြီး
နေပူပူ မိုးရွာရွာ ကားထဲမှာ ဆောင်းရာသီ
အမြဲရောက်နေတဲ့သူက ငါ့ကို တစ်ပတ်တစ်ခါတောင်
သင်တန်းလာမကြိုခဲ့ဘူး။

ရုံးဝန်ထမ်း ကောင်လေးက နေပူပူ မိုးရွာရွာ
ထီးလေးတချောင်နဲ့ အံတုပြီး သူ့ရုံးကနေ ငါ့သင်တန်းကို
လူတန်းစားမရွေးတဲ့ဘတ်(စ်) ကားစီးပြီး အမြဲလာကြို
အိမ်ပို့ပေးတယ်။

တစ်ယောက်ထဲ အိမ်ပြန်ရမှာထက် စာရင် ဘေးနားမှာ
လူတစ်ယောက် ရှိတော့ အားကိုးစရာ တစ်ခုလို့
ခံစားရတာတော့ အမှန်ပဲ။

မိန်းမတွေရဲ့ အိပ်မက်က ပိုက်ဆံရှိတဲ့ သူနဲ့ယူပြီး
ဘ၀ကို ပူပင်မူ မရှိ ဖြတ်သန်းချင်ကြတာပါ။

ရုံးဝန်ထမ်း ကောင်လေးအပေါ်မှာ ခံစားချက် တခု
ရှိလာတော့ ငါ သူဌေးလေးကို ဆုံးရှုံးရမှာ
ကြောက်လာတယ်။

အဲ့ဒါနဲ့ ငါ သူဌေးလေးကို စကားတခု မေးကြည့်မိတယ်။
""ငါတို့ဘယ်ချိန်လောက် လက်ထပ်ကြမလဲလို့""။
အဲ့ချိန်မှာ ငါ့ကို ပြန်ဖြေတဲ့ အဖြေက
""စောပါသေးတယ်တဲ့""။

ပိုက်ဆံရှိတဲ့သူနဲ့ ကြိုက်ရတာ နာမည်သာ ရှိတာ
ဘာများ အကျိုးအမြတ် ရခဲ့လဲ အခါအခါ
တွေးမိတာ အမှန်ပဲ
အလွန်ဆုံး ဆိုင်ကောင်းကောင်းမှာ ၂ယောက်တူတူ
အစားအသောက် ထိုင်စား ရတဲ့
အစားတစ်လုပ်လောက်ကိုတော့
ငါ မက်မောနေစရာ အကြောင်း မရှိဘူး

ငါ ရုံးဝန်ထမ်း ကောင်လေးကိုလဲ ထပ်တူမေးခွန်းမေးခဲ့တယ်။
""တကယ်လို့ ကျွန်မကသာ ရှင့်အချစ်ကို လက်ခံရင်
ဘယ်တော့လောက် မိသားဖသားပီပီ
တောင်းရမ်းယူမှာလဲ""

အဲ့တော့ သူဖြေတာက
""သူ့ကို အချိန်တနှစ်ပဲ ပေးပါတဲ့ မင်္ဂလာဆောင်တဲ့ အချိန်
ခမ်းခမ်းနားနားမဟုတ်တောင် တင့်တင့်တယ်တယ်လေး
သူဆောင်ပေးချင်တယ်တဲ့""

ငါက ၆လပဲစောင့်ပေးခဲ့တယ်။
ငါ ကုမ္ပဏီ တခုမှာ ၆လ အလုပ်ဝင်လုပ်ပြီး။
ပိုက်ဆံတူတူ စုကြတယ်။

သူနဲ့တူတူ ရှိတဲ့ အချိန်တွေတိုင်း ငါက နတ်သမီး တစ်ပါးလိုပဲ
ခံစားရတယ်။
သူဌေးလေးနဲ့တွဲတုန်းက ကိုယ့်ဘာသာ
ကျွန်တစ်ယောက်လိုပဲ။

ပိုက်ဆံဆိုတာ နေရာတကာတိုင်း အရေးမပါ ဘူး ဆိုတာ
ငါနားလည်လာတယ်။
အနီရောင် ကော်ဇော် အထပ် ထပ်နဲ့လူအများရှေ့မှာ
ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့ အိမ်မက်
အကြီးကြီး မက်ခဲ့ဖူးတယ်။

အဲ့အိမ်မက်တစ်ခုအတွက်နဲ့ လက်တွေ့ကို ငါ
လဲလှယ်ဖို့လောက်ထိ ငါ မမိုက်မဲပါဘူး။

အခုလဲ ဘုန်းတော်ကြီး ၅ပါးရှေ့မှာ လက်အုပ်ချီပြီး
ကိုယ့်ကို တကယ်ချစ်တဲ့သူနဲ့ မင်္ဂလာဆောင်ရတာ
အရမ်းပျော်ရွှင်ခဲ့ရတာ အမှန်ပဲ။

သူဌေးလေးက ငါသူနဲ့ လမ်းခွဲတဲ့အချိန်မှာ သူ့လို
လူတစ်ယောက်ဆီ ငါ မဖြစ်မနေ ပြန်လာမယ်
ထင်နေတာ။

လူတော့ ပြန်မရောက်ဘူး မင်္ဂလာဖိတ်စာတော့
ရောက်အောင်ပို့လိုက်တယ်။

အဲ့ဖိတ်စာအတွက် အံ့အားသင့်တာ ငါလက်ခံနိုင်ပါတယ်။
ငါ့မင်္ဂလာဆောင် မလာတာလဲ ပိုကောင်းတယ်ဆိုပေမယ့်။
၂နှစ် နီးပါး တွဲလာတဲ့ သူနဲ့ချစ်လာတဲ့ ကောင်မလေး
တယောက် မင်္ဂလာဆောင်ကို အသိအမှတ်ပြုတာ
တစ်ခုတောင်မရောက်လာဘူး။

၅ထောင်တန် တရွက် တောင် အသိအမှတ် မပြုနိုင်တဲ့
သူဌေးက ငါ့အတွက်တော့ ဆင်းရဲတဲ့ သူတယောက်နဲ့
ဘာမှ မကွာဘူးလေ။

**လူတယောက်က ချမ်းသာတာ ကိုယ့်အတွက် ဘာတခုမှ
အကျိုးမပြုရင် သူဟာ ကိုယ့်အတွက် ဆင်းရဲသူပါပဲ**။

**လူတယောက်က ထမင်း တပန်းကန် စာ ချမ်းသာလို့ ကိုယ့်ကို တ၀တ်ခွဲကျွေးရင် သူက ကိုယ့်အတွက် အရမ်းချမ်းသာတဲ့သူ ဆိုတာ**

ငါ နားလည်လိုက်လို့ ငါအခုလို ဆုံးဖြတ်လိုက်တာပါ""။

Written by - Eaint Hnine Han

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။