Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 15, 2016

အန်တီပြောခဲ့သောပုံပြင်လေးတစ်ပုဒ်

အန်တီပြောခဲ့သောပုံပြင်လေးတစ်ပုဒ်

အန်တီနဲ့အနီးကပ်နေခဲ့စဉ်အချိန်တွေမှာညဘက်ဆိုအိမ်ထဲမှာ ၂ ယောက်တည်းပေါ့။ည၇နာရီလောက်ကျရင်အန်တီကကျမနဲ့အတူTV ဇာတ်လမ်း(အဲဒီအချိန်ကပေါင်ချိန်တရုတ်ကား) ကို၇:၃၀ နာရီထိလာကြည့်ပေးတယ်။ပြီးရင်အန်တီကသူ့အခန်းပြန်ပြီးအလုပ်လုပ်တယ်။ကျမက၈ နာရီဇာတ်လမ်းပြီးအောင်ကြည့်တယ်။ပြီးရင်ကျမလဲလုပ်စရာရှိတာဆက်လုပ်တာပေါ့။
နံနက်breakfast စားချိန်ကျရင်ညကအန်တီမကြည့်လိုက်ရတဲ့ဇာတ်လမ်းလေးကိုပြောပြရတယ်။ပြီးတော့အဲဒီဇာတ်လမ်းအပေါ်သူ့အမြင်ကိုယ့်အမြင်တွေနဲ့ဝေဖန်သုံးသပ်ကြတဲ့နေ့တွေလဲရှိခဲ့ပါတယ်။
တစ်ခါတစ်ရံနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အထ္ထုပ္ပတိဇာတိကားကိုအန်တီကဘာသာပြန်ပေးပြီးအတူကြည့်ခဲ့ဖူးတယ်။ပြီးတော့အဲဒီပုဂ္ဂိုလ်ရဲ့လေးစားအတုယူစရာကောင်းတဲ့အချက်တွေကိုအန်တီကထုတ်နှုတ်ပြလေ့ရှိတယ်။
ညလုံးပေါက်မအိပ်ဘဲစကားပြောတဲ့နေ့များမှာလဲအန်တီပြောတဲ့ပုံပြင်လေးတွေကိုနားထောင်ခွင့်ရခဲ့ပါတယ်။
အန်တီပြောခဲ့ဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ကတော့ အရသာရှိသောကျောက်ခဲဟင်းချိုလေးဆိုတဲ့ပုံပြင်လေးပါဘဲ။ ကျမအကျဉ်းချုံးပြီးပြောပါ့မယ်။
စစ်ပွဲကြီးပြီးသွားပေမယ့်တောတောင်တွေထဲမှာကျန်နေသေးတဲ့စစ်သားတွေရှိနေသေးတာပေါ့။ တစ်နေ့မှာတော့ စစ်သားတစ်ယောက်ဟာ ရွာထဲကို ရောက်လာတယ်။ သူ့မှာစစ်ထမင်းဘူးနဲ့ မီးခြစ်လေးသာကျန်ရှိပြီး စားစရာ၊ဝတ်စရာဆိုလို့ ဘာမှမရှိဘူးပေါ့။
သူကရွာလယ်ခေါင်မှာ ထင်းရှာတယ်။စစ်ထမင်းဂျိုင့်လေးနဲ့ ရေခပ်ပြီးမီးဖိုလေးမွှေးတယ်။ အဲဒီပေါ်မှာ စစ်ထမင်းချိုင့်လေးကိုတင် ကျောက်ခဲလေးကိုထည့်ပြီးတည်ထားတယ်။ သူရဲ့ထူးဆန်းတဲ့အပြုအမူကြောင့် ရွာသားတွေစိတ်ဝင်စားလာတယ်။
ခဏအကြာရွာသားတစ်ယောက်ကလာမေးတယ်။ ခင်ဗျားဘာလုပ်နေတာလဲပေါ့။ သူကကျောက်ခဲဟင်းချိုလေးချက်နေတာပါ။ ကျောက်ခဲကဟင်းချက်လို့ရလားလို့မေးတယ်။ သူကသိပ်ရတာပေါ့ဗျာ။ ကျောက်ခဲဟင်းရည်ကကောင်းသလားလို့ဆိုပြန်တယ်။ သူကလည်းကောင်းတာပေါ့ဗျာ၊ ဒါပေမယ့် ကြက်သွန်နီလေးသာပါရင် ပိုကောင်းတာပေါ့လို့ပြောတော့ အဲဒီရွာသားကသူ့အိမ်မှာရှိတဲ့ ကြက်သွန်နီလေးတစ်လုံးလာပေးတယ်။
တစ်အောင့်ကြာတော့ နောက်တစ်ယောက်က လာမေးပြန်တယ်။ သူကလဲထုံးစံအတိုင်းဖြေပြီး ငါးလေးပါရင်တော့ပိုကောင်းတာပေါ့ဆိုပြန်တယ်။ အဲဒီသူကလဲ သူ့မှာရှိတဲ့ ငါးအနည်းငယ်ကိုလာပေးသွားပြန်တယ်။
ဒီလိုနဲ့ တစ်ယောက်မှစ၍လာမေးကြရင်း သူကလဲဟင်းရည်ထဲမှာပါဝင်ရမည့် အမျိုးအမည်တွေကို တစ်ဦးချင်းစီမှာ ယခင်ကအတိုင်းပြောဆိုတယ်။တစ်ဦးချင်းစီကလည်းသူတို့နိုင်သလောက်လေးတွေပေးကြတာပေါ့။့ နောက်ဆုံးမှာတော့ အရသာရှိတဲ့ ကျောက်ခဲဟင်းချိုလေး တစ်ခွက်ရရှိခဲ့ပါတော့တယ်။
အဲဒီပုံပြင်ပြီးတော့ကျမတို့သူ့အမြင် ကိုယ့်အမြင်သုံးသပ်တယ်။ ကျမကတော့ လွယ်လင့်တကူတောင်းဆိုပြီး "စားရေး"ခက်ခဲမှုကို မဖြေရှင်းတဲ့စိတ်ဓာတ်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး အမျှော်အမြင်နဲ့လူတွေပါလာအောင် စည်းရုံးနိုင်တဲ့ စွမ်းရည်ကို ချီးကျူးမိတယ်။ အန်တီကတော့ တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုနဲ့စတင်ပြီး အများပါဝင်လာခဲ့မှုကြောင့် "ကျောက်ခဲတောင်မှအရသာရှိတဲ့ဟင်းချို"ဖြစ်ခဲ့သေးတာ အန်တီတို့ ပြည်သူတွေတစ်ဦးချင်းရဲ့ ပါဝင်မှုကစပြီး အများပါဝင်ညီညွတ်ကြရင် အန်တီတို့ရည်မှန်းတဲ့ ဒီမိုကရေစီဘာလို့မရနိုင်ရမှာလဲ။ရကိုရမှာပေါလို့ပြောခဲ့တယ်။့
ဒီကနေ့ ကျမတို့ ကိုယ့်အားကိုယ်ကိုးပြီး အမျှော်အမြင်ကြီးစွာနဲ့ အများပါဝင်လာအောင် စည်းရုံးနိုင်သော ခေါင်းဆောင်ကောင်းနောက်မှာ့ အရသာရှိသောကျောက်ခဲဟင်းချိုလေး (သို့) ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွံ့ဖြိုးတိုးတက်သောမြန်မာနိုင်ငံသစ်ကြီးတစ်ခုအဖြစ်ပြောင်းလဲရန်ကောင်းမွန်သောစံနစ်တစ်ခုကိုတက်ညီလက်ညီညီညွတ်စွာပြောင်းလဲကြပါစို့။ု

Ma Htwe
— with Aung Ko Latt.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။