China Today Magazine added 4 new photos.
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရှိတဲ့ ယုယူဇန်ဆိုတဲ့ မီလျံနာအမျိုးသမီးဟာ
တစ်ပတ်မှာ ၆ ရက် လမ်းသန့်ရှင်းရေး လုပ်ပါတယ်။ သူဟာ မနက်
မိုးသောက်ချိန်ဆိုရင် ဝူဟန်မြို့ အလယ်မှာ တံမျက်စည်းလှည်းခြင်း၊
လမ်းသန့်ရှင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပါတယ်။
သူမ၏ ရည်ရွယ်ချက်ကတော့ သူမ၏ ကလေးများအား အလုပ်ကို ဘယ်လိုကြိုးစားရသလဲ ဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ယခုလို တံမျက်စည်း လှည်းတဲ့ အလုပ်ကို လုပ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အသက် ၅၃ နှစ်အရွယ်ရှိပြီး ဖြစ်ပြီး ရှော့ပင်းစင်တာ၊ အလှပြင်ဆိုင် စတဲ့ လုပ်ငန်းများကို
ပိုင်ဆိုင်တဲ့ မီလျံနာ တစ်ယောက်ဖြစ်ပါတယ်။
သူမနေနဲ့ သူမပိုင်ဆိုင်သော ရှော့ပင်းစင်တာတွေမှာ အလုပ်လုပ်ရတာ ညဉ်းငွေ့တဲ့ အတွက် ယခုလို နေ့စဉ် လမ်းသန့်ရှင်းရေးလုပ်၊ အမှိုက်လှည်း လုပ်ရတာဟာ အလွန်ပျော်ဖို့ ကောင်းတယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံ
ဝူဟန်မြို့မှာ နေ့စဉ် ၂ မိုင်ခန့် ရှည်းလျားသော လမ်းများကို အမှိုက်လှည်းတဲ့
မီလျံနာ တစ်ယောက်အဖြစ်လည်း နာမည်ကြီး နေပါတယ်။
ကျော်လင်းနိုင် - China Today Magazine

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။