သုတဇုန် added 4 new photos.
သစ်ကို တွေ့ရှိခဲ့တဲ့ ပါရမီရှင်လေး Jack Andraka
=====================================
အသက်(၁၄) နှစ်အရွယ် Jack ဟာ သူ့ရဲ့
ရင်းနှီးတဲ့မိသားစုဝင်တစ်ယောက်ကင်ဆာရောဂါခံစားရပြီး
အသက်ဆုံးရှုံလိုက်တဲ့အချိန်မှာ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ဖို့
စိတ်အားထားသန်လာခဲ့ပါတယ်။Jack ဟာငယ်စဉ်ကတည်းက
သိပ္ပံဘာသာရပ်ကိုအထူးစိတ်ဝင်စားခဲ့ပြီး အလယ်တန်း ကျောင်းသားဘ၀တွင်
သိပ္ပံပြပွဲမှာ ပြသရန် အတွက်လည်း Wikipedia မှဖတ်ရှု
လေ့လာမှုများပြုလုပ်လေ့ရှိပါတယ်။
အသက်(၁၈)နှစ်အရွယ်၊ အထက်တန်းကျောင်းသားဘ၀သို့ ရောက်သောအခါ အင်တာနက်ကို အသုံးပြုပြီး Wikipedia မှ လေ့လာဖတ်ရှု၍ ပန်ကရိယ ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာတို့ကို မြန်မြန်ဆန်ဆန်နှင့် ကုန်ကျစရိတ်သက်သာစွာ ရှာဖွေဖော်ထုတ်ပေးနိုင်မယ့် နည်လမ်းကိုရှာဖွေတွေ့ရှိ ခဲ့ပါတယ်။
“Wikipedia မှလေ့လာဖတ်ရှုရသလောက် ပန်ကရိယကင်ဆာဝေဒနာရှင် (၈၅)%ခန့်ဟာ အချိန်နှောင်းမှ သိရှိခဲ့ကြတာကြောင့် အသက်ဆုံးရှုံးကြတာကိုတွေ့ကြပါတယ်။ဒီလိုအဖြစ်မျိုးဖြစ်ရတဲ့ အကြောင်းကတော့ ရောဂါရှာဖွေရေးစရိတ်ဟာ ဒေါ်လာ (၈၀၀) ခန့်ကုန်ကျတဲ့အတွက် ဈေးအလွန်ကြီးမားနေပါတယ်။ဒါကြောင့် ကျွန်တော်တစ်ခုခုလုပ်ဖို့ လိုအပ်နေပြီဆိုတာသိလိုက်ရပါတယ်” လို့ Jack ကပြောခဲ့ပါတယ်။
Jack ရဲ့ကင်ဆာသုတေသနဟာ အင်တာနက်ပေါ်မှာ အစပြုပြီး နှစ်နှစ်တာခန့် ကြာမြှင့်ခဲ့ပါတယ်။သူဟာ ဓာတ်ခွဲခန်း ၂၀၀ ခန့်သို့ လျှောက်လွှာများပေးပို့ခဲ့သော်လည်း ပယ်ချခံခဲ့ရပြီးနောက်ဆုံးတွင် Johns Hopkins University ၏ဓာတ်ခွဲခန်းမှာ သုတေသနလုပ်ခွင့် ရရှိခဲ့ပါတယ်။(၇)လအကြာမှာတော့ Jack ဟာ ကင်ဆာရောဂါကို ရှာဖွေစစ်ဆေးပေးရာမှာ ဒေါ်လာ 3 ဆင့်သာကုန်ကျပြီး အချိန် (၅) မိနစ်ခန့်သာကြာမြင့်မယ့်စက္ကူဆင်ဆာလေးကို တီထွင်နိုင်ခဲ့ပါတယ်။
ထိုရောဂါရှာဖွေရေးကိရိယာလေးဟာ အခုလက်ရှိ ရောဂါရှာဖွေရေးကိရိယာတွေထက် ၁၆၈ ဆ မြန်ဆန်ပြီး အဆပေါင်း၂ သောင်း၆ထောင် ခန့်ပိုမိုအကုန်အကျသက်သာစေမှာဖြစ်ပါတဲ့ အတွက် ရောဂါကို အချိန်မီ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်တဲ့အတွက် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
ထပ်မံ၍ Jack က “Wikipedia မှာ အကြောင်းအရာမျိုးစုံကို အခမဲ့လေ့လာနိုင်တဲ့ အတွက်သူ့ရဲ့ သုတေသနအတွက် အဓိက အကူအညီဖြစ်ခဲ့ပါတယ်။လူတွေဟာ Wikipedia ရဲ့ အရေးပါမှုကို တကယ်ဘဲ ဂရုပြုသင့်ပါတယ်။လူတိုင်းတီထွင်ဆန်းသစ်မှုတွေပြုလုပ်နိုင်ရန်အတွက် Wiki မှာ အကြောင်းအရာများစွာကို အတားအဆီးမရှိ ဖတ်ရှုနိုင်ပါတယ်။” လို့ပြောခဲ့ပါတယ်။
ထို့ကြောင့် လူငယ်တွေဟာ အင်တာနက်ပေါ်တွင် ဂိမ်းဆော့ခြင်း၊
ဖေ့စ်ဘုတ်စသည့် လူမှုကွန်ယက်တွေပေါ်မှာဘဲ အချိန်ကုန်ဆုံးမနေဘဲ Jack ကဲ့သို့ အင်တာနက်ကို အကျိုးရှိရှိ အသုံးချပြီး မိမိဘ၀အတွက်သာ
မက လောကကောင်းကျိုးအတွက်ပါ ဆောင်ရွက်ပေးနိုင်တဲ့ လူသား
တွေဖြစ်လာစေရန် ရေးသားတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။
Credit:Artie
EMG Marketing Group
#သုတဇုန် www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။