Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 20, 2015

တက္ကသိုလ်ဝင်ခွင့် အမှတ်နဲ့ခွဲတဲ့စနစ် ဖျက်သိမ်းလိုက်ပါပြီ....


တက္ကသိုလ်ဝင်ခွင့် အမှတ်နဲ့ခွဲတဲ့စနစ် ဖျက်သိမ်းလိုက်ပါပြီ....

အမှတ် နဲ့ ခွဲတဲ့ စနစ် ဖျက်သိမ်း လိုက်ပါပြီ ။ ဒီနှစ် ၁၀တန်း အောင်တဲ့ သူတွေ ကိုယ်ကြိုက်တဲ့ တက္ကသိုလ် တက်လို့ ရပါပြီ ။
လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ ကြုံတွေ့ရမြဲဖြစ်သည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိရန် အခွင့်အလမ်းနည်းပါးစေသည့် ကန့်သတ်ထားသည့် ဝင်ခွင့်အမှတ်များ မြင့်တက်ခြင်း၊ ကျောင်းသားလက်ခံမှုဦးရေ လျှော့ချခြင်း စသည့်ပြဿ နာများကို လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။
လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်စိစစ်ရာတွင် အခြေခံပညာကျောင်းများမှ စဉ်ဆက်မပြတ် အကဲခတ်ကာ ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ် (CPR, comprehensive personal record)မှ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ကြည့်ရှု၍ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ‘‘အရင်တုန်းက ကလေးရဲ့ရမှတ်ကိုပဲကြည့်တဲ့ ပေတံတစ်ခုတည်းကိုပဲ သုံးခဲ့တယ်။ အရင်တုန်းက အမှတ်ပေးစနစ်ကိုပဲ ကျင့်သုံးခဲ့တယ်။ အမှတ်ကောင်းတဲ့လူဟာ သူတို့ရွေးချယ်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရတယ်။ အမှတ်မကောင်းတဲ့လူက ဝါသနာပါတာကို ရွေးချယ်လို့မရဘဲနဲ့ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တွေကိုပဲ ရွေးချယ်ရတယ်။ အခုလိုဖြစ်တော့ ကလေးတစ်ယောက်က တက္ကသိုလ်ဝင်ခွင့်ကို အမှတ်တစ်ခုတည်းကိုပဲ မကြည့်ဘဲနဲ့ ကျန်တဲ့ဘက်စုံကို အလေးပေးပြီးတော့မှ ကလေးတစ်ယောက်ကို ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာနဲ့ အကိုက်ညီဆုံးဆိုတာကို ရွေးချယ်ခွင့်ရတာ အင်မတန်ကောင်းတဲ့ ပြောင်းလဲမှုတစ်ရပ်ပဲ’’ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
လာမည့်နှစ်မှစ၍ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးပါက လက်ရှိဝန်ထမ်းအင်အားနှင့် အချိန်ကာလ ပိုမိုလိုအပ်မည်ဖြစ်သလို ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ စုပြုံလျှောက်ထားမည့် အခြေအနေကြောင့် အခြေခံအမှတ်သတ်မှတ်ချက် ဆက်လက်ရှိနိုင်ကြောင်း အငြိမ်းစားပညာရေးအရာရှိတစ်ဦးက သုံးသပ်ထားသည်။

‘‘ဒီနှစ်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနကပဲ ရွေးချယ်ပေးတာပါ။ ရှေ့နှစ်ကစပြီးတော့ တက္ကသိုလ်အလိုက် ရွေးချယ်တဲ့စနစ်ကို ပြောင်းနိုင်ပါတယ်။ ဖြစ်နိုင်တာက ဆေးတက္ကသိုလ်က အင်္ဂလိပ်နဲ့ ဘိုင်အိုနဲ့ရွေးမယ်ဆိုရင် ဆရာတို့ကတော့ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒသုံးဘာသာမှာ ဘယ်လောက်ရမယ်ဆိုရင်တော့ ဝင်ခွင့်ကို လျှောက်ထားခွင့်ပြုမယ်ဆိုတာမျိုးတော့ အကြမ်းဖျင်းစဉ်းစားထားတယ်။ ဆွေးနွေးပြီးတော့ ပြည်သူတွေကို တရားဝင်ကြေညာမှာပါ။ အနည်းဆုံး ၁၀ လလောက်စောပြီးတော့ ကျောင်းသားနဲ့ ကျောင်းသားမိဘကို ကြေညာပေးသွားမှာပါ’’ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ကပြောသည်။

နေပြည်တော်၌ ဇူလိုင် ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။ အဆိုပါ အမျိုးသားပညာရေးဥပဒေကြမ်းတွင် ကျောင်းသားများ၏ အရည်အချင်းနှင့် ဆန္ဒပေါ် အခြေခံ၍ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးနိုင်ရန် တင်ပြထားသောကြောင့် လာမည့်ပညာသင်နှစ်တွင် ယင်းဥပဒေနှင့်အညီ လိုက်နာကျင့်သုံးရတော့မည်ဖြစ်သည်။ ‘‘သက်ဆိုင်ရာဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင် ဘာသာရပ်အလိုက် ဖွံ့ဖြိုးမှုဖြစ်လာမယ်။ ကိုယ်ဝါသနာပါရာကို လေ့လာနိုင်ခွင့်ရလာမယ်။ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ဝင်ခွင့်ဖြေရမယ်ဆိုရင် 2nd Chance တစ်ခု သူ ရလာမယ်။ တချို့ဆိုရင် ဆေးပညာကို ဝါသနာလည်းပါတယ် အရမ်းလည်းတော်တယ်။ ဒါပေမဲ့ ဆေးအမှတ်မမီဘူး။ ဝါသနာနဲ့ ဆန္ဒနဲ့ သွားပြီးတော့ ထပ်တူမကျတဲ့အခါမှာ ဘယ်မှာပြဿနာသွားတက်လည်းဆိုတော့ လူသားရင်းမြစ်ဆုံးရှုံးမှုတွေ အများကြီးကြုံရတယ်’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ဝင်ခွင့်အမှတ်များမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် ထိပ်ဆုံးတွင်ရှိနေသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်မှာ ကျား ၄၉၀၊ မ ၅၀၈ မှတ်နှင့် ဒုတိယ၊ ရေကြောင်းတက္ကသိုလ်ဝင်ခွင့်မှာ ကျား ၄၈၇၊ မ ၄၉၇ မှတ်နှင့် တတိယ အမှတ်ကန့်သတ်ချက် အများဆုံးဖြစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးလေးဘာသာနှင့်အထက် ရရှိခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများသာ ဝင်ခွင့်ရရှိရန် အိပ်မက်မက်နိုင်ခဲ့သည်။

‘‘ဒါက ကောင်းသောပြောင်းလဲမှုတစ်ခုပါ။ ကျောင်းသားက ကိုယ်ဝါသနာပါရာ ရွေးချယ်ပြီး တက်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဝင်ခွင့်စနစ်ကလည်း တက္ကသိုလ်တိုင်းက ဝင်ခွင့်ခေါ်မယ်ဆိုရင်လည်း ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေမှာလည်း စစချင်းဆိုရင် ရှုပ်ထွေးတဲ့အနေအထားမျိုးလည်း ရှိလာကောင်း ရှိလာနိုင်တယ်။ ခေါ်တဲ့ကြော်ငြာကို မသိလိုက်တာမျိုး၊ ဝင်ခွင့်ဖြေတဲ့ရက် တိုက်နေတာမျိုးတွေ ဖြစ်နိုင်တယ်။ တော်တော်လေးကို အသေးစိတ်ညှိရမယ့်ကိစ္စတွေပါ’’ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ကပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများမှာ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များထက် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များကို အများစုရွေးချယ်တက်ရောက်ရသည့် အကြောင်းရင်းမှာ ပညာသင်နှစ်ပြီးဆုံး၍ အလုပ်ခွင်သို့ဝင်ရောက်ပါက အလုပ်အကိုင်ရရှိနိုင်သည့် အခွင့်အလမ်းပိုမိုများပြားခြင်းကြောင့်ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် အချိန်နီးကပ်လာပါက သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ဝင်ခွင့်ဖြေဆိုရန် အနီးကပ်သင်တန်းများ၊ ကျူရှင်များနှင့် မေးခွန်းများ စသည်ဖြင့် အချိန်အခါကိုလိုက်၍ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။

‘‘ဝင်ခွင့်တွေမှာလည်း မကုန်ဆုံးနိုင်တော့တဲ့ ကျူရှင်ပြဿ နာပါ။ ဝင်ခွင့်စာမေးပွဲသင်တန်းတို့ အဲဒီလိုဇာတ်လမ်းတွေက အစပိုင်းမှာ ပေါ်လာနိုင်ဦးမှာပါ။ အဓိကပြင်ရမှာ စာမေးပွဲစနစ်ကိုရော၊ ဝင်ခွင့်စနစ်ကိုရော တစ်ပြိုင်တည်းတွဲပြင်ရမှာ။ အခုထိက စာမေးပွဲစနစ်ကို တစ်လုံးမှ ပြောတာမတွေ့ရသေးဘူး’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဦးဇော်မျိုးလှိုင်က ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးစနစ်ကို အသေးစိတ်အစီအစဉ် ရေးဆွဲဆောင်ရွက်၍ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူများအား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ပါအတိုင်း အမှတ်နှင့်ဆုံးဖြတ်နှင့်ဆုံးဖြတ်မည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားရသည့်စနစ်မှာ ယခုနှစ်သည် နောက်ဆုံးအကြိမ်သာ ဖြစ်လာနိုင်မည်ပာု ကိုဇော်မျိုးလှိုင်ထံမှကြားသိလိုက်ရပါသည်။

News Credit : Welcome to Peace

(သတင်းကို ပြန် Share ပေးခြင်းသာဖြစ်ပါတယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။