Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 15, 2014

"မောင်မူးရစ်နဲ့ သမ္မတပိုး"

"မောင်မူးရစ်နဲ့ သမ္မတပိုး"
__________________

ခုတလော မောင်မူးရစ်တစ်ယောက် ပိုးကလေးတစ်ခု ထနေသည်။ တစ်ခြားတော့မဟုတ် သမ္မတဖြစ်ချင်သည့် ရောဂါပိုး၊ သမ္မတပိုးဖြစ်သည်။
ခေတ်ကလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခေတ်ဖြစ်လာတော့ မောင်မူးရစ်လည်း သမ္မတဖြစ်ဖို့ အိပ်မက်လေး မက်လာသည်။ 
ငယ်ငယ်က စစ်ထဲမ၀င်ခဲ့မိတာကိုပင် အခုမှ နောင်တ ရသလို ဖြစ်လာသည်။ အနည်းဆုံးတော့ ကျောင်းတုန်းက ကြံခိုင်ရေးအသင်းထဲလောက်
ဝင်ထားမိလိုက်ရင် အကောင်းသားဟု တွေးမိသည်။

သို့သော် မောင်မူးရစ် သမ္မတဖြစ်ရေးမှာ လုံးဝမဖြစ်နိုင်ဘူးဆိုသည်တော့မဟုတ်၊သိပ်အခဲယဉ်းကြီးလည်း မဟုတ်။
မောင်မူးရစ်မှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်၍ သမ္မတ မဖြစ်အောင် အစိမ်းရောင်စာအုပ်ကြီးဖြင့်ပိတ်ကာထားခြင်းခံရတာမျိုးတော့မရှိ။ 

ဘာပဲဖြစ်ဖြစ် မဖြစ်မနေ သမ္မတဖြစ်အာင်ကြိုးစားရမည်။ ၂၀၁၅ သို့မဟုတ် ၂၀၂၀ ။ မြန်မာပြည်မှာ သမ္မတဖြစ်ရေးက လွယ်တဲ့ အလုပ်တော့မဟုတ်။
ဗြောင်လိမ် ဗြောင်စား လုပ်နိုင်ဖို့လိုသည်။ မျက်နာပြောင်တိုက်နိုင်ဖို့လိုသည်။ တော်ရုံမျက်နာပြောင်ရုံဖြင့်တော့မရ။ ဒါတင်မက အသနားခံတတ်ဖို့လိုသည်။ မိုက်မိုက်ကန်းကန်း လုပ်ချင်ရာလုပ်တတ်သည့် အကျင့်ရှိဖို့လိုသည်။
လွယ်ကူသည့် အလုပ်တော့မဟုတ်။

သို့သော် မောင်မူးရစ်ကတော့ ခိုင်မာသော ဆုံးဖြတ်ချက် ချပြီးလေပြီ။
မောင်မူးရစ် သမ္မတဖြစ်ရမည်။
သမ္မတဖြစ်ချင်ပြီဆိုတော့ ဒီအတိုင်းကြီး ငြိမ်နေလို့တော့မဖြစ်။
အစီစဉ်တွေ အများကြီးဆွဲပြီး လုပ်ရမည်။ လက်ရှိအခြေအနေတွေကိုလည်း လေ့လာရမည်။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ထားရမည်။

မောင်မူးရစ် အရင်ဆုံးစတွေးမိတာက သမ္မတလုပ်မည့်သူအနေဖြင့် မဖြစ်မနေ ပါတီတစ်ခု နောက်ခံရှိဖို့လိုသည်။ ပါတီ ထောင်မယ်ဆိုတော့ ပါတီကို နာမည်ပေးဖို့က လိုလာသည်။ မြန်မာပြည်မှာ ပါတီထောင်လျှင် ပါတီနာမည်မှာ ပြည်ထောင်စု ရယ် ဒီမိုကရေစီရယ် ခွပ်ဒေါင်းရယ်၊ လယ်သမားရယ် ဒါတွေတော့ ပါဖို့လိုသည်။ မောင်မူးရစ်က အဲ့ဒီ စကားလုံးတွေအားလုံးပါအောင် ပေးလိုက်သည်။ “ပြည်ထောင်စုလယ်သမားများဒီမိုကရေစီခွပ်ဒေါင်းအဖွဲ့ချုပ်”.. ဒါဆိုရင် အတော့ကို ခန့်ခန့်ထည်ထည်ဖြစ်သွားပြီ။

ပါတီထောင်ဖို့ကိစ္စ စဉ်းစားပြီးတော့ သမ္မတဖြစ်လာရင် အစိုးရအဖွဲ့ ဆက်ဖွဲ့ရမည့် အရေးကို ဆက်စဉ်းစားရသည်။ အစိုးရအဖွဲ့မှာ အရေးကြီးတာက ပြန်ကြားရေး။
သမ္မတ မူးရစ်နဲ့ အစိုးရတစ်ဖွဲ့လုံး ပေါက်ကရ လုပ်သမျှ ကကျိုးကကြောင်လုပ်သမျှ တလွဲလုပ်သမျှ၊ ဗြောင်လိမ် ဗြောင်စား မျက်နာပြောင်တိုက် ပြီး ဖာထေးပေးတတ်သည့် ပြောရေးဆိုခွင့်ရှိသူတစ်ဦးတော့ မဖြစ်မနေလိုသည်။

ဒါကအရေးကြီးသည်။ တော်ရုံ မျက်နာပြောင်ရုံနဲ့ မောင်မူးရစ် ပေါက်ကရလုပ်သမျှကို ဖာနိုင်မည်မဟုတ်။ နောက်ထပ်လိုသေးတာက ထိုပုဂ္ဂိုလ်သည် ဖေ့စ်ဘုတ်စပယ်ရှယ်လစ်ဖြစ်ဖို့လိုသည်။ ဒါကြောင့် လိမ့်လည်ပြန်ကြားရေးနေရာပေးရမယ့် ပုဂ္ဂိုလ်က မောင်မူးရစ်အတွက် အရေးကြီးဆုံးဖြစ်သည်။ ဒါကလည်း သိပ်တော့မခက် ဖေ့စ်ဘုတ်ပေါ်မှာ သမ္မတ လော်ဘီအထူးပြု ကျွမ်းကျင်သူတွေ အများကြီးရှိသည်။ အဲ့သည့်အထဲကပင် စီစစ်ရွေးခြယ်ရမည်။ ရှာလို့မတွေ့သည့်အဆုံး ရုရှားပြန်တစ်ယောက်လောက်ကို ဆွဲစိလိုက်ရုံပင်။ ကဲမောင်မူးရစ် မပိုင်ပါသလော။

လတ်တလောအခြေအနေမှာ ဖေ့စ်ဘုတ်ကလည်း ခေတ်စားနေတော့ မောင်မူးရစ်သမ္မတဖြစ်လာရင် ဖေ့စ်ဘုတ်ပေါ်မှာ သမ္မတ လော်ဘီ လုပ်ပေးမယ့် စာသမား ကဗျာသမား သတင်းသမားတွေလည်းလိုသည်။ ကိစ္စတော့ မရှိ သတင်းထောက်တွေ ရှေ့နေတွေ တက်ကြမ်းကဗျာသမားတွေ ထဲက အဆင်ပြေရာ ဆွဲစိလိုက်ရုံ။

သမ္မတလုပ်မည့်သူအနေဖြင့် တတ်မြောက်ထားရမည့် ပညာရပ်တစ်ချို့ကိုတော့ မောင်မူးရစ်အနေဖြင့် လေ့လာထားပြီးသား ဖြစ်သည်။
သမ္မတဖြစ်လုပ်မည်ဆိုလျှင် ဘောင်ဘီပွပွဝတ်ပြီး ကလေးတွေနဲ့ ဟီးဟီးဟားဟား လုပ်တတ်ဖို့လိုသည်။ မိဘပြည်သူများခင်ဗျားဆိုပြီး အသနားခံ ဗြောင်ညာတတ်ဖို့လိုသည်။ ဒါတင်မက သမ္မတကြီးခင်ဗျားလို့ တိုင်တည်လာတာတွေကိုလည်း ရူးချင်ရောင်ဆောင်တတ်ဖို့လိုသည်။
စသည်ဖြင့် မြန်မာသမ္မတ တစ်ယောက်အတွက် လိုအပ်တဲ့
အရေးအသွေးတွေကို မောင်မူးရစ် စစ်စစ်ပေါက်ပေါက် လေ့လာထားဖြစ်သည်။

ဘာပဲဖြစ်ဖြစ် မောင်မူးရစ် သမ္မတဖြစ်လာရင် လက်ရှိသမ္မတရဲ့ လုပ်ဆောင်မှုတွေကို အတုယူရမှာတွေရှိနေသည်။ ပုံတူကူးချလို့တော့မဖြစ်။ လက်ရှိသမ္မတက ကလေးတွေနဲ့ ဟီးဟီးဟားဟားလုပ်ပြီး ကင်းထောက် လူငယ် အဖွဲ့ ဖွဲ့သည်။ မောင်မူးရစ်ကလည်း အားကျမခံ ဗူးခွံပုလင်းခွံကောက်သည့် ကလေးတစ်သိုက်နဲ့ ဟေလေးဝါးလား လုပ်ပြီး ပုလင်းကောက်လူငယ်အဖွဲ့ ဖွဲ့ဖို့ တွေးမိသည်။စီးပွားရေးအရကြည့်ရင် မောင်မူးရစ်တို့ ပုလင်းကောက်လူငယ်အဖွဲ့က တောင် အသာရနိုင်သည်။

သမ္မတဖြစ်ဖို့ဆိုတာက လွယ်ကူသည့် အလုပ်တော့မဟုတ်။ သမ္မတဖြစ်မည့်သူနောက်မှာ ၀န်းရံပေးထားမယ့် အဖွဲ့အစည်းတွေလိုအပ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် ပွင့်လင်းလူ့အဖွဲ့အစည်း(၈၈)က၀န်းရံပေးထားသည်။ ကိစ္စတော့ မရှိ မောင်မူးရစ်အတွက်ကလည်း နောက်မှာဝန်းရံပေးမယ့် ပုလင်းလူ့အဖွဲ့အစည်းရှိသည်။ ၁၈ နှစ်ကျော်လာတဲ့ မျိုးဆက်တွေအားလုံးကို မောင်မူးရစ်တို့ ပုလင်းလူ့အဖွဲ့အစည်းက ဆွဲသိမ်းနိုင်သည်။

အဖွဲ့အစည်းနဲ့ပတ်သက်ပြီး မောင်မူးရစ်အတွက်က နောက်ထပ် အခွင့်အလမ်းတစ်ခုက ရှိနေသေးသည်။ တစ်ခြားမဟုတ် မျိုးစောင့်ကိစ္စ ။ ခုနောက်ပိုင်း မျိုးစောင့်ဥပဒေကိစ္စက နိုင်ငံရေးအရ ပေါက်ကောင်ဖြစ်လာသည်။ သမ္မတကြီးက မျိုးစောင့်ဥပဒေကို လွှတ်တော်ကို တင်ပေးလိုက်တော့ မျိုးစောင့်သမားတစ်ဖွဲ့လုံး သမ္မတကြီးကို လော်ဘီလုပ် လက်ခုပ်တီးပေးကြသည်။ လက်ရှိသမ္မတကို မျိုးစောင့်အဖွဲ့က ၀န်းရံပေးမယ့် အခြေအနေဖြစ်သည်။ မောင်မူးရစ်က မှု ကွက်ကျော်မြင်ထားသည်။ မျိုးစောင့်ဥပဒေကို ကန့်ကွက်သူတွေကို အမျိုးသားသစ္စဖေါက်အဖြစ် မျိုးစောင့်သမားတွေက သတ်မှတ်လိုက်သည်။ လူ့အခွင့်အရေးသမားတွေ အားလုံး အမျိုးသားသစ္စာဖေါက်တွေဖြစ်ကုန်ကြတော့သည်။ အမျိုးသားသစ္စာဖေါက်ဖြစ်ရတာကပင် ဂုဏ်ယူစရာလိုအခြေအနေဖြစ်လာသည်။
ဒီတော့ မောင်မူးရစ်က အမျိုးသားသစ္စာဖေါက်များအဖွဲ့ ဖွဲ့ပြီး ဒီလူတွေကို
ဆွဲသိမ်းလိုက်ဖို့ အိုင်ဒီယာရသည်။
ဒီလိုဆိုလျှင် မောင်မူးရစ်ရဲ့ နောက်မှာ ပုလင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသားသစ္စာဖေါက်အဖွဲ့ စသည် ဖြင့် အဖွဲ့ နှစ်ဖွဲ့တောင် ရသွားနိုင်မည်။
သမ္မတဖြစ်ဖို့ လုံလောက်တဲ့ အင်အားကို မောင်မူးရစ်ရသွားနိုင်သည်။ တတိယအင်အားစုလည်းကြောက်စရာမလို၊ စတုတ္တအင်အားစုလည်းကြောက်စရာမလို အဲ့သလိုဖြစ်နေပြီ။

မောင်မူးရစ် သမ္မတဖြစ်လာရင် ဖြေရှင်းရမယ့်ပြဿနာများစွာထဲမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ပြဿနာက အဓိက ဖြေရှင်းရမယ်ဆိုတာ မောင်မူးရစ်တွေးမိသည်။ လက်ရှိသမ္မတကြီးကတော့ တိုင်းရင်းသားလက်နက်ကိုင်လူငယ်တွေကို သေနတ်တွေအစား လပ်တော့တွေ ကိုင်စေချင်သည်ဟု ပြောဖူးသည်။ မောင်မူးရစ်ကတော့ သူ့လိုမတွေး ဖေါက်ထွက်ပြီး တွေးဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်လူငယ်တွေ သေနတ်အစား လပ်တော့ ပြောင်းကိုင်ရင် ငြိမ်းချမ်းရေးက ပိုဝေးသွားနိုင်သည်။ ဖေ့စ်ဘုတ်ပေါ်တက်ပြီး ထိန်းမရအောင် ပွဲကြမ်းနေနိုင်သည်။ ဒါတင်မက လျှပ်စစ်မီးကမမှန်၊ အင်တာနက်ကွန်နက်ရှင်ကမကောင်း အဲ့သလိုအခြေအနေတွေက ဒေါသအိုးတွေကို ပေါက်ကွဲဖို့ လွယ်ကူသွားစေနိုင်သည်။
ဒါကြောင့် မောင်မူးရစ်က ငြိမ်းချမ်းရေးရဖို့ ဖေါက်ထွက်ပြီးတွေးရသည်။
မောင်မူးရစ်သာ သမ္မတဖြစ်လာလျှင် တိုင်းရင်းသားလက်နက်ကိုင်လူငယ်တွေကို သေနတ်အစား အရက်ပုလင်းပြောင်းကိုင်ဖို့ တိုက်တွန်းမည်။ မြန်မာတပ်မတော်သားတွေကိုပါ သေနတ်အစား အရက်ပုလင်းပြောင်းကိုင်ဖို့ စီစဉ်ရမည်။ သေနတ်သံတွေနေရာမှာ ဖန်ခွက်ခြင်းတိုက်သံတွေ ဝင်လာမှ ငြိမ်းချမ်းရေးအောင်ပွဲ ရမည်ဟု မောင်မူးရစ်က မှတ်ယူသည်

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာတပ်မတော်သားတွေ အရက်ဝိုင်းတစ်ဝိုင်းထဲ ဆုံရများလာရင် ငြိမ်းချမ်းရေးရဖို့ နီးလာမှာ သေချာသည်။ မျက်နာခြင်းဆိုင်လို့မရတဲ့ သားမက်နဲ့ယောက္ခမတောင် အရက်တစ်ဝိုင်းထဲ အတူသောက်မိရင် ပြေလည်သွားဖို့ အခွင့်လမ်းများသည်။ဒါတင်မက သူစိမ်းသက်သက်တွေတောင် အရက်အတူသောက်ဖူးရင် သွေးသောက်ဘောဒါတွေဖြစ်သွားကြတဲ့ သာဓက တွေလည်း အများကြီးရှိသည်။ မောင်မူးရစ်ရဲ့ ငြိမ်းချမ်းရေးရဖို့ အိုင်ဒီယာက သေနတ်အစား ပုလင်းကိုင်ရေးသာဖြစ်သည်။ သေနတ်အစားပုလင်းပြောင်းကိုင်လိုက်လို့ ပြဿနာကြီးကြီးမားမားမရှိနိုင် မကျေနပ်လို့ ထရိုက်ရင်တောင် ထန်ကုန် ပုလင်းတစ်လုံး ခေါင်းတစ်လုံးသာ ဆုံးရှုံးမည်။
တပ်နေရာ ချထားရေးမှာ ပြဿနာရှိသလို အရက်ဆိုင်နေရာ ချထားရေးမှာလည်း ပြဿနာတော့ရှိနိုင်သည်။ဖြေရှင်းရတော့ခက်မည်မဟုတ်။ ဒီလိုဆိုလျှင် စစ်ပြေးဒုက္ခသည်တွေလည်း စီးပွားရှာဖို့ အခွင့်အလမ်းတွေရလာနိုင်မည်။ ပြည်မ က ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို နယ်စပ်မှာ ဗူးခွံပုလင်းခွံ ရောင်းဝယ်ရေး ကုမ္မဏီတွေ ဖွင့်ခိုင်းရမည်။ ဒီခရိုနီလုပ်ငန်းရှင်ကြီးတွေ သစ်တွေ သဘာဝသံယံဇာတတွေ ဘက်မလှည့်ဘဲ ဗူးခွံပုလင်းခွံဘက်လှည့်ရင် တိုင်းပြည်အတွက် ခုသာခံသာရှိဦးမည်မဟုတ်လား။

မောင်မူးရစ်က သမ္မတဖြစ်ဖို့ ရည်ရွယ်ထားသည်ဆိုတော့ အစိုးရအဖွဲ့အတွက် ကြိုတင် လူရှာဖွေမှုကိုလည်းလုပ်နေရသည်။ နယ်လှည့်ပြီး ရပ်ကွက်ကြို ရပ်ကွက်ကြား၊ ရွာကြိုရွာကြားတွေ လျှောက်သွားပြီး လူမိုက် ရှာဖွေရေး လုပ်ငန်းကိုလည်း လုပ်နေရသေးသည်။ အစိုးရအဖွဲ့ထဲမှာ လူမိုက် သုံးလေးယောက်လောက် ထည့်ထားဖို့ တော့လိုသည်။ ရိုးရိုးတန်းတန်းမိုက်ရုံဖြင့်တော့ မရ နယ်လှည့်ပြီး မိုက်နိုင်မှ ဖြစ်မည်။

မောင်မူးရစ်တစ်ယောက် သမ္မတလုပ်ဖို့ရည်ရွယ်ထားတော့စုဆောင်းတာတွေလည်း လုပ်ထားရသည်။ အရင်ဆုံး စုဆောင်းရတာက အ၀တ်အစားဖြစ်သည်။ နိုင်ငံခြားထွက်ပြီး ဘာညာငွေလေးဘာလေး ချေးဖို့အတွက် ဆွယ်တာ အနွမ်းကလေး ပုဆိုးအနွမ်းကလေးတွေလည်း စုနေရသည်။ သမ္မတ တာဝန်က အနားယူရင် မုန့်စိမ်းပေါင်းရောင်းစားမယ်လို့ တော်ကီလွှတ်ဖို့ရှိတော့ မုန့်လုပ်နည်းလေးတွေလည်း လေ့လာထားရသည်။ သမ္မတဖြစ်ဖို့ကြိုးစားရတာလည်း သိပ်တော့မလွယ်။ ဘာပဲဖြစ်ဖြစ် မောင်မူးရစ်က ကြိုးစားသည်။ သမ္မတ ပိုးကလည်း ၀င်နေလေပြီ။

သမ္မတဖြစ်ဖို့ ရည်ရွယ်ထားတော့ ဒီအသက်အရွယ်ရောက်မှ စာကလည်း ကျက်နေရသေးသည်။ “မိဘပြည်သူများခင်ဗျား”
“ပြုပြင်ပြောင်းလဲရေး”
“တရားဥပဒေစိုးမိုးရေး”
“ကောင်းမွန်သော အုပ်ချုပ်ရေး သန့်ရှင်းသော အစိုးရ”
“အနာဂတ်မျှော်လင့်ချက်” စတဲ့ စကားတွေကို သေလောက်အောင် အလွတ်ကျက်နေရသည်။ လွယ်တော့မလွယ် သို့ သော် သမ္မတပိုးကြောင့်ပင် မောင်မူးရစ်တစ်ယောက် ကြိုးစားရသည်။

လက်ရှိ သမ္မတကတော့ ရေဒီယိုကနေ တစ်လ တစ်ခါ မိန့်ခွန်းပြောသည်။ မောင်မူးရစ်ကတော့ တွေးထားသည်။ သမ္မတဖြစ်ရင် တစ်လတစ်ခါ မိန့်ခွန်းမပြော တစ်နေ့တစ်ခါ ပြောမည်။ မောင်မူးရစ်ရဲ့ စိတ်ကူးအိပ်မက်ကလည်းရှိနေသေးသည်။ ကမ္ဘာ့မိန့်ခွန်းအပြောနိုင်ဆုံး သမ္မတဖြစ်ရမည်ဆိုသည့် အိပ်မက်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ တစ်နေ့တစ်ခါတော့ ပြည်သူတွေကို မိန့်ခွန်းချွေပြီး ရွှီးရမည်။ လက်ရှိသမ္မတကတော့ တစ်လတစ်ခါ မိန့်ခွန်းကို ရေဒီယိုကပြောသည် မောင်မူးရစ်က အဲ့သလို မလုပ်။ တစ်နေ့တစ်ခါ မိန့်ခွန်းကို ရုပ်သံတွေက ပြောမည်။ ချန်နယ်တွေ မလွှင့်မနေရ။ မောင်မူးရစ်က ရုပ်ရှိသည်ဆိုတော့ ရုပ်နဲ့လည်း လုပ်စားဖို့လိုသည်မဟုတ်လား။

သမ္မတဖြစ်ပြီးဟေ့ဆိုလျှင် ဟုတ်ဟုတ်မဟုတ်ဟုတ် မိန့်ခွန်းချွေပြီး ရွှီးနိုင်ဖို့လိုသည်ဆိုတာ မောင်မူးရစ်သိသည်။ ထို့ကြောင့် မောင်မူးရစ်တစ်ယောက် စကားတစ်ခွန်းကို အခါခါကျက်ပြီး အသေအလဲ ကြိုးစားနေရသည်။
ထိုစကားမှာ တစ်ခြားမဟုတ်
“မိဘပြည်သူများခင်ဗျား”..

မူးရစ်
 — 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။