Nyein Chan Win with Thura Koko and 45 others
ပေါင်မုန့်နဲ့ထောပတ်ပုံပြင်
==============
ဟိုး…ရှေးရှေးတုန်းကပေါ့…
လယ်သမားကြီးတစ်ဦးနဲ့ မုန့်ဖုတ်သမားတစ်ဦးရှိသတဲ့…
လယ်သမားကြီးဟာ...မုန့်ဖုတ်သမားဆီကို ထောပတ်တစ်ပေါင် နေ့တိုင်းပို့ရပါတယ်…။မုန့်ဖုတ်သမားဟာလည်း လယ်သမားကြီးပို့သမျှ ထောပတ်တွေကို မချိန်တွယ်ဘဲ လက်ခံထားပါတယ်…။ တစ်နေ့မှာတော့ …
မုန့်ဖုတ်သမားဟာ လယ်သမားကြီးပို့တဲ့ ထောပတ်ကို ချိန်တွယ်ကြည့်တဲ့အခါ တစ်ပေါင်မပြည့်တာကို တွေ့သွားသတဲ့…။ ဒါကြောင့် လယ်သမားကြီးကို တရားရုံးကိုဆင့်ခေါ်လိုက်တယ်…။

တရားသူကြီးက လယ်သမားကိုမေးတယ်…။
“ လယ်သမားကြီး... ခင်ဗျား ထောပတ်ကို ဘယ်လိုအလေးကိုသုံးပြီးချိန်တွယ်ခဲ့ပါသလဲ..”
“ တရားသူကြီးမင်းခင်ဗျား.. ကျနော်မျိုးကလည်း..တောသားလူရိုးလူအပါဗျာ…ကျုပ်မှာချိန်စရာ ချိန်ခွင်တော့ရှိပေမယ့်… အလေးကလည်းကောင်းကောင်း မရှိပါဘူး…”
“ ဟေ…ဒါဆို…မောင်မင်းက ထောပတ်ကို ဘာနဲ့ချိန်တွယ်ခဲ့သလဲပြောစမ်း…”
“ ဒီလိုပါ…တရားသူကြီးမင်း..ဟိုအရင်ကတည်းက…မုန့်ဖုတ်သမားက ကျွန်တော်မျိုးဆီက ထောပတ်တစ်ပေါင်ဝယ်ခဲ့သလို …ကျွန်တော်မျိုးကလည်း သူ့ဆီက ပေါင်မုန့် တစ်ပေါင်နေ့စဉ်ဝယ်ခဲ့ပါတယ်… သူ့ဆီက ပေါင်မုန့်တစ်ပေါင်ရောက်လာတိုင်း အဲ့ဒီပေါင်မုန့်နဲ့ အလေးချိန်တူတဲ့ ထောပတ်ကိုချိန်တွယ်ပေးလိုက်တာပါပဲ…တစ်ပေါင်မပြည့်လို့ အပြစ်တင်ချင်းတင်…မုန့်ဖုတ်သမားကိုသာတင်ရမှာပါ ခင်ဗျာ....” လို့လျှောက်တင်လိုက်ပါသတဲ့...။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်…
## ကဲ…သယ်ရင်းရေ…
ဒီတစ်ခါ…ရှည်ရှည်ဝေးဝေးမပြောတော့ဘူး…
လောကမှာ…အရာရာဟာ…ကိုယ်ပေးသလောက်သာပြန်ရမယ်ဆိုတာ…မြဲမြဲမှတ်ထားပါ…##
Nyein Chan Win စကားလုံးဖလှယ်သည်...
https://www.facebook.com/yarza.dirid

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။