Nyein Chan Win with Han Myint Win and 6 others
အရက်သောက်ခြင်းသည်…
==============
==============
ဖခင်တစ်ဦးက သူ့သားကို အရက်ရဲ့ ဆိုးကျိုးတွေကိုသိစေချင်လို့…လက်တွေ့ပြပါတယ်…။
ဖန်ခွက်နှစ်ခွက်ကိုယူ…တစ်ခွက်မှာ ရေထည့်…တစ်ခွက်မှာဝီစကီထည့်ထားပါတယ်…။ အဲ့ဒီဖန်ခွက်တွေထဲကို တီကောင်တစ်ကောင်စီထည့်ပြပါတယ်…။ ပထမရေခွက်ထဲကို တီကောင်တစ်ကောင်ထည့်တော့.. တီကောင်က အသက်ရှင်နေပြီး ဝီစကီခွင်ထဲကို ထည့်တဲ့တီကောင်ကတော့ တွန့်လိမ်ပြီး အသက်ထွက်သွားပါတယ်..။ ဒီတော့ ဖခင်ကပြောတယ်…
“ ကဲသား …ဒါဟာ ဘာကိုဆိုလိုတယ်ဆိုတာ မင်းအမြင်လေးပြောစမ်းပါဦး…”
ဒီတော့ သားဖြစ်သူဖြေလိုက်တာက…
“ ဟုတ်ကဲ့… အရက်သောက်ခြင်းဟာ…ဝမ်းထဲမှာရှိတဲ့ သန်ကောင်တွေကိုသေစေနိုင်ပါတယ်…”
https://www.facebook.com/yarza.dirid
Nyein Chan Win… တော်ရိရော်ရိ ဘာသာပြန်သည်…
https://www.facebook.com/yarza.dirid .

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။