ပုဂံအွန်လိုင်းမီဒီယာ
မေမေဘယ်မှာလဲ
==========
မေမေ
မေမေအခုဘယ်မှာလဲ
မေမေသားတို့ရဲ့အနားမှာဘာကြောင့်ရှိမနေခဲ့တာလဲဟင်

သားမညာတမ်းဝန်ခံရရင် အရမ်းအေးချမ်းနေတဲ့အခါ
အရမ်းဆာလောင်ငတ်မွန်းနေတဲ့အခါ ပြီးတော့
သူတို့မိဘတွေနဲ့ပျော်နေရှာတဲ့သားတို့အရွယ်လေးတွေကိုမြင်မိတဲ့အခါ
သားမျက်ရည်ကျမိတယ်မေမေရယ် . . . ။
သားလဲသူတို့တွေလိုကျောင်းတွေတတ်ချင်တယ်
စာတွေလဲသင်ချင်တာပေါ့
သားတခါတခါစိတ်ကူးယဉ်ကြည့်မိ့တယ်လေ
မေမေကသားရဲ့လက်ကလေးကိုဆွဲပြီး
ကျောင်းကိုလိုက်ပို့ပေးတာပေါ့
သားလဲမေမေပေးတဲ့မုန့်ဖိုးလေးကိုယူရင်
ကျောင်းထဲကိုပြေးဝင်သွားခဲ့မိ့တာအကြိမ်ကြိမ်ပါပဲ
ဒါ ဒါပေမဲ့မေမေရယ် . . .
အဲဒီအတွေးကသားတို့ဖြစ်နေရတဲ့ဘ၀နဲ့တခြားဆီပါ
သားတို့ဗိုက်အရမ်းဆာနေတဲ့အခါ ဟောင်းနွမ်းနေတဲ့ဒီအ၀တ်အစားနဲ့
ရောင်းတန်းတင်နေရတဲ့သားတို့ရဲ့ဆင်းရဲမှု့ကိုဗန်းပြပြီး
ဝမ်းဝအောင်ဖြည့်စည်းနေခဲ့ရတာ နေ့စဉ်နဲ့အမျှပါပဲ
အဲဒီအတွက် လူတွေရဲ့အော်ငေါက်ကိုခံခဲ့ရတယ်
လူတွေရဲ့အထင်သေးအမြင်သေးဆက်ဆံမှု့ကိုလဲခံခဲ့ရတာပေါ့
သားသိတယ် ။ မေမေသာသားတို့ရဲ့အနားမှာရှိနေခဲ့ရင်
သူတို့တွေအဲဒီလိုပြုမှုဆက်ဆံမှာမဟုတ်ဘူး။
ဟုတ်တယ်မို့လားမေမေ ။ သားတို့ရဲ့ဆင်းရဲပင်ပန်းမှု့တွေကို
မေမေကယ်တင်ပေးမှာမဟုတ်လား ။
အဲဒီလိုမိဘကိုမပြစ်မှာပဲ သားယုံကြည်ချင်တယ်မေမေရယ် ။
အခုဆိုရင်မေမေဘယ်မှာလဲဆိုတာကို သားတို့မသိပါဘူး ။
သားတို့တူပုန်းတမ်းကစားသလို မေမေပုန်းနေခဲ့တာလားဟင် ။
သားတို့အရမ်းပင်ပန်းနေပြီလေ ။ သားတို့ရှာမတွေ့ခဲ့ရင်လဲ
မေမေပဲအလိုက်တသိနဲ့ပြန်လာခဲ့ပေးပါလား ။
မေမေ့ကို သားတို့ဘ၀ရဲ့ဆင်းရဲပင်ပန်းမှု့မှန်သမျှကို
ကယ်တင်ပေးနိင်မဲ့ သူရဲကောင်းတဦးလို့ထင်မှတ်ထားခဲ့တာပါ ။
ပြီးတော့ ကြင်နာမှု့တွေနဲ့ထွေးပိုက်ထားမဲ့မေမေ့ရဲ့ရင်ခွင်နွေးနွေးက
ဘာနဲ့မှတုနှိုင်းလို့မရတဲ့ကမ္ဘာကြီးလို့လဲထင်နေခဲ့ကြတာပါ ။
သားလေ မေမေတယုတယနဲ့ခွံ့ကျွေးမဲ့အစားတလုတ်ကိုစားဖူးချင်လိုက်တာ
မေမေပေးမဲ့ ခတ်ဖွဖွအနမ်းတွေကိုလဲခံယူချင်တာပေါ့ ။
ပြီးတော့ လှိုက်လှိုက်လှဲလှဲပြုံးပြမဲ့ မေမေ့ရဲ့အပြုံးပန်းလှလှလေးတွေကိုလဲ
မြင်ဖူးချင်တာလေ ။ အခုတော့ . . .
သားတို့ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခမှန်သမျှဟာ
အတိတ်ကံနဲ့သက်ဆိုင်နေခဲ့ရင်တော့
မေမေ့မှာဘာအပြစ်မှမရှိပါဘူး ။
ဒါပေမဲ့ပေါ့ နောက်ထပ်ပေါင်းများစွာဘ၀တွေရှိနေခဲ့အုံးမယ်ဆိုရင်တော့
ဒီလိုဘ၀မျိုးကိုမလိုချင်တော့ဘူး မပိုင်ဆိုင်ချင်တော့ဘူးမေမေရယ် ။
သားတို့တွေ့ခွင့်မရခဲ့တဲ့မေမေ
ထာဝရပျော်ရွှင်ပါစေ ငြိမ်းချမ်းပါစေ
ဘ၀ရဲ့ဆင်းရဲဒုက္ခမှန်သမျှကနေ လွတ်ကင်းနိင်ပါစေ . . . ။
( သတ္တ၀ါအားလုံး ဘ၀ရဲ့လိုအင်ဆန္ဒမှန်သမျှပြီးပြည့်စုံနိင်ကြပါစေ )
21-7-2013
နှလုံးသားဖြင့်ရင်း၍ - မင်းဆက်ဆက်ခ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။