ဗိုလ်ချုပ်အကြောင်းစာအုပ်တေ
ဒီလူကြီးဘယ်လိုစိတ်နဲ့ များ နိုင်ငံတော်လုပ်ကြံမှုကြီးက
တကယ်တော့ ဦးစောဟာလည်း လူတော်တစ်ယောက်ပါ။
ရှေ့ နေတစ်ယောက်ဖြစ်ပြီး ဒိုင်အာခီရွေးကောက်ပွဲမှာ အမတ်ဖြစ်ဖူးတယ်။
ဆရာစံတို့ ဂဠုန်တပ်သားတွေ အတွက်လည်း ရှေ့ နေလိုက်ပေးဖူးတယ်။
အဲ့ဒီမှာ ပြည်ထဲရေး အတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီ (Mr. Booth Gravely) က ဦးစောကို "မောင်စော ဂဠုန် ဖြစ်လာပြီ" လို့ ပြောရာကနေ 'ဂဠုန်ဦးစော' ဆိုပြီး အမည်တွင်လာခဲ့တယ်။နောက်ပိုင
ကြိုးအပေးမခံရမီ အင်းစိန်ထောင်ထဲမှာ တရားစာအုပ်တွေဖတ်တယ်။ ကိုယ်တိုင်ရေးအတ္ထုပတ္တိရေးတယ
ကြိုးဒဏ်မခံရမီ တစ်ရက် က ကြိုးတိုက်နံရံ မှာ ခဲနဲ့ စာရေးသွားတယ်။ "အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရသည်။ ဥယိဋ္ဌကကံကကပ်၍ နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းထုကား သေသည်နောက်တိုင်အောင် ကျန်ရှိလေ၏"တဲ့ ။
၁၉၄၈မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်မှာ ဦးစောနှင့် အပေါင်းအပါ တရားခံတွေကို ကြိုးဒဏ်ပေးတယ်။ ရန်ကုန်ထောင်ကြီးထဲမှာရန် ကြီးအောင်နဲ့ စိန်ကြီး၊အင်းစိန်ထောင်မှာ
အလောင်းကိုတော့ အပြင်သယ်ခွင့်မရှိလို့ ထောင်ထဲမှာပဲ သင်္ဂြိုလ်ရရှာတယ်။
အင်းစိန်ထောင်ကနေပြီး သူ့ ဇနီးကိုရေးတဲ့စာမှာ
" မာမီခင် ကျွန်တော်၏ အလောင်းကို အိမ်သို့ မယူပါနှင့်။
ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍
အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူ ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။
သူ့ သမီး မေသန်းစော(ခ)ဘေဘီစောကိုရေးတ
"ချစ်သမီးသို့
ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဌာန်ပြုပါ။
နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေ မျိုးတို့သည် စိတ်အလွန်ထက်ကြသည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံချင်သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာက တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ လက်စားပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။
အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။
လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ၏။ အလွန်အဖိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။ မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿနာတရား အားထုတ်ပါ။
မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။ သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်ဖြစ်ပေမ
လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး
မောင်စော"
သေသူကတော့ သေရှာပေမယ့် ကျန်ရစ်သူမိသားစုမှာတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုကမလွတ်ဘူး။ ဗိုလ်ချုပ်ဇနီးဒေါ်ခင်ကြည်ကေ
နောက်ဆက်တွဲသိရတာတွေက ဦးစောရဲ့ မြေးတွေဟာ ဒဂုံ(၁)မှာကျောင်းတက်တော့ အတန်းထဲမှာ ဆရာမက ဗိုလ်ချုပ်အကြောင်းပြောမိရင
တလောတုန်းက ဗိုလ်ချုပ်အတ္ထုပတ္တိရုပ်ရှင်
ဒီစာကိုရေးတာဟာ ဦးစောရဲ့ အပြစ်ကို ပေါ့စေလိုခြင်းလုံးဝမရှိပါဘ
ဦးစောအကြောင်းဖတ်ဖြစ်ရင်းန
ကိုယ့်ရဲ့ မိုက်ပြစ်တွေဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အရှက်ရမယ့်ကိစ္စဖြစ်ခဲ့ရင် ကိုယ့်သားမြေးတွေမှာ ကိုယ့်နာမည်ကြားတိုင်းအကြိမ
ကိုယ့်အမျိုးကတောင် ကိုယ့်နာမည်ထုတ်မပြောရဲလောက
ကိုးကား
ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ - တက္ကသိုလ် စိန်တင်
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်
သမိုင်းတကွေ့ မှ ဂဠုန်ဦးစော

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။