Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 9, 2013

“ ဒါ….ရေးစရာလား”

 
ကို စိန်သန်း
“ဟုတ်တယ်တွေ….မဟုတ်ဘူးတွေ လုပ်မနေနဲ့ဗျ…အစ်ကိုတို့ သတင်းသမားတွေက ဒါတွေကို ဝေဖန်ထောက်ပြ ဖော်ထုတ်ရေးသားသင့်တာပေါ့ဗျ”

“ ဒါ….ရေးစရာလား”
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တနေ့သ၌ အကျွန်ုပ်သည် အိမ်ရှေ့ ဧည့်ခန်းဆောင်တွင် အကြော်တစ်ပန်းကန်နှင့် ကောက်ညှင်းပေါင်းတို့ကို နံနက်ခင်း အဟာရအဖြစ် ဖြည့်တင်းနေစဉ် ရပ်ဆော်ရွာဆော် ဒူဝေေ၀သမား မောင်မောင်ဖွတ်ရောက်လာလေ၏။

“အဟမ်း….အဟမ်း”
သကောင့်သား မောင်မောင်ဖွတ်ကား သူလာနေသည်ကို ကျွန်ုပ်မြင်တွေ့နေသည်ကို သိလျက်နှင့် ချောင်းဟန့်သံပေးနေသေး၏။

သို့ဖြစ်ရာ ကျွန်ုပ်လည်း ဆွဲလက်စ ကောက်ညှင်းပေါင်းကို ဆက်ဆွဲရင်း ခေါင်းမမော့တော့ဘဲ

“လာလေ….မောင်ဖွတ်…ဘယ်က လှည့်လာသလဲ” ဟူ၍သာ တုန့်ပြန်လိုက်သည်။

“အစ်ကို့ဆီ သက်သက်လာခဲ့တာပဲဗျ။ ဆွေးနွေးစရာလေးတွေ ရှိလို့”

“အင်း….ဆိုစမ်းပါဦး…..ဆွေးနွေးချင်တယ်ဆိုတော့လည်း ….ဆွေးနွေးရတာပ… အဲ…. ဆွေးနွေးချင်တယ်ပြောလာလို့ ဆွေးနွေးပေးနေချိန်မှာ အမြင်မတူတာတွေ ပြောမိဆိုမိရင်တော့လည်း ခေါင်းတော့ ရိုက်ခွဲမသွားနဲ့မောင်….မင့်တို့ဂိုဏ်းဝင်တွေတော့ ငါတော်တော်လှန့်တယ်”

“ဒီလိုအစ်ကိုရာ….အခုတလော ဘုန်းကြီးတွေ ဦးဆောင်လုပ်နေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကြီးက ×××ပလပ်×××ပလပ်×××တော်တော် ဟော့ခ်နေတယ်နော်××××ပလပ်-××××ပလပ်”

စကားစသည်နှင့် အကျွန်ုပ် ဧည့်မခံသော ကောက်ညှင်းပေါင်းကို အနှီမောင်မောင်ဖွတ်သည် ပလုတ်ပလောင်း ထိုးသွင်းစားသောက်ရင်း စကားတဖြတ်၊ ပလပ်×××ပလပ် တဖြတ်ဖြင့် ဗလုံးဗထွေး စတင်ဆွေးနွေးလေတော့၏။

“အဲတော့…ဘာဖြစ်တုန်း”

အကျွန်ုပ် မ,တည်ခင်းသော အကြော်နှင့်ကောက်ညှင်းပေါင်းကို ခြေသွက်လက်သွက် ၀ါးမျိုနေသည်ကို ကြည့်မရသဖြင့် အကျွန်ုပ်လည်း ဘုတောလိုက်သည်။

“အဲဒီအမျိုးစောင့်ဥပဒေအပေါ်×××ပလပ်×××အစ်ကိုဘယ်လိုသဘောရလဲ”

“ဘယ်လိုမှ သဘောမရဘူး”

အကျွန်ုပ် မကျေနပ်သဖြင့် စကားကို တုံးတိတိပြောနေသော်လည်း ရပ်ဆော်ရွာဆော် ဒူဝေေ၀သမား မောင်မောင်ဖွတ်ကား အရိပ်သုံးပါး နားမလည်။

“ဟ….ဘာဖြစ်လို့လဲအစ်ကိုရ….တကယ်ဆို အစ်ကိုတို့ သတင်းသမားတွေက ဒီကိစ္စကို ပြောရဆိုရမယ်မို့လား”

“ဘာလိုမှ သဘောမရသလို…. ဘာကိုမှလည်း ပြောဆိုနေမှာ မဟုတ်ဘူးကွာ။ ဥပဒေရေးဆွဲလို့ရတာ ၊ အတည်ပြုလို့ရတာက လွှတ်တော်အမတ်မင်းတွေကွ….
လွှတ်တော်အမတ်မင်းတွေ လုပ်ရမယ့်အလုပ်ကို မဲပေးပိုင်ခွင့်တောင် မရှိတဲ့ သံဃာတွေက ၀င်လုပ်နေတယ်ဆိုကတည်းက မင့်မျိုးစောင့်ဥပဒေ ဆိုတာကြီးက လမ်းချော်နေပြီ”

“အဟဲ….ဒါလည်း ….ဟုတ်တာပဲ”

အကျွန်ုပ်တို့ သတင်းသမားများ၏ ပြောဆိုချက်ကို ထောက်ခံလေ့မရှိသော မောင်မောင်ဖွတ်ထံမှ “ဒါလည်း….ဟုတ်တာပဲ”ဟူသည့် ထောက်ခံသံကို ကြားလိုက်ရ၍ အကျွန်ုပ်၏ နားများ ဂျီးကပ်နေရော့သလားဟု တွေးမိသည်။

“ဟုတ်တော့လည်း ဟုတ်ပါတယ်….ဘုန်းကြီးတွေအနေနဲ့ သူတို့က ဘာသာတရားကို အရင်စောင့်ရှောက်ပြသင့်တယ်ဗျ…..နှော”

ထောက်ခံမှုလေးရထား၍ ကျေနပ်မိမလိုလိုရှိစဉ် သံဃာတွေဖက် စကားက လှည့်ထွက်သွားသည့်အပြင် “နှော”ဆိုသည့်စကားလုံးဖြင့် ထောက်ခံချက်ပြန်တောင်းနေပြန်သည်။

မောင်မောင်ဖွတ် ဘာတွေ မဟုတ်မဟတ်ပြောဦးမည်မသိ၍ အကျွန်ုပ်လည်း သူ့အလိုသို့ မလိုက်ပါဘဲ ခပ်မဆိတ်သာနေလိုက်လေ၏။
အကျွန်ုပ်က ခပ်မဆိတ်သော်လည်း အနှီသကောင့်သားကား မတိတ်။

“ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုလည်း ဗုဒ္ဓဘာသာနိုင်ငံ မဟုတ်လားဗျာ။ ဘုန်းကြီးတွေလည်း အများကြီးရှိတာပဲ။
ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ ဘုန်းကြီးဝတ်နဲ့ လူမြင်ကွင်းမှာ ပိုက်ဆံလှည့်အလှူခံတာမျိုးတို့…. ဘောလုံးကွင်းထဲမှာ ဘောလုံးပွဲကြည့်နေတာမျိုးတို့…..ညပိုင်း ကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ တွေ့ရတာမျိုးတို့ မရှိဘူးနော်”

“ဟိတ်ကောင်…….မင့်ဟာ မျိုးစောင့်ဥပဒေကနေ ဘုန်းကြီးတွေဖက်လှည့်သွားပြန်ပလား……ဘာကြီးလဲဟ”

“လှည့်ရမယ်ဗျ….လှည့်ရမယ်…..အမျိုးဘာသာ၊ သာသနာကို အရမ်းကို ထွန်းကားချင်နေတဲ့ ဘုန်းကြီးတွေကိုယ်တိုင်က ဒါတွေကို စောင့်ထိန်းဖို့ မလိုဘူးလားဗျာ”

“အာကွာ….ဒီကောင့်နှယ် ခက်ပါဘိ….စားသောက်ဆိုင်တွေထဲထိဝင်ပြီး အလှူခံနေတဲ့ ဘုန်းကြီးတိုင်းက ဘုန်းကြီးအစစ်မဟုတ်ပါဘူးကွ”

၂၀၀၇ခုနှစ် စက်တင်ဘာလအတွင်းက သံဃာများသည် မောင်မောင်ဖွတ်တို့၏ ဘဘကြီးများကို ပတ္ထနိက္ကုစ္ဇနကံဆောင်ခဲ့ကြသဖြင့် သံဃာများကို အခဲမကြေဖြစ်နေသော မောင်မောင်ဖွတ် စိတ်ပြေလိုပြေငြား အကျွန်ုပ် ဖာဖာထေးထေး ပြောသော်လည်း အနှီသကောင့်သားကား မရပ်။

“တော်စမ်းပါဗျာ……ဘောလုံးကွင်းထဲအထိ ၀င်ပြီး ဘောလုံးပွဲကြည့်နေတာရော ဘယ်သူတွေလဲ၊ တချို့နေရာတွေမှာဆိုဗျာ….သင်္ကန်းကိုတောင် ခေါင်းတောင်းမြှောင်အောင် ကျိုက်ပြီး ဘောလုံးကန်နေကြသေးတာဗျ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေမှာ ထိပ်ဆုံးက ရှုစားတော်မူနေကြတာကရော ဘယ်သူတွေလဲ”

မောင်မောင်ဖွတ် သူ့စကားကို အတောမသတ် တရစပ် ဆက်လွှတ်၏။

“ဘယ့်နှယ်ဗျာ…. ခုဆို ကျွန်ုပ်တို့ရဲ့ နိုင်ငံတော် ဆိုတာကြီးက ဒီမိုကရေစီဆိုတဲ့ စနစ်ကြီးနဲ့ လမ်းသစ်ဖောက်နေပြီမို့ နိုင်ငံခြားသားတွေ အများကြီး ၀င်လာတော့မှာဗျ။ အဲဒီနိုင်ငံခြားသားတွေသာ ဘုန်းကြီးတွေဒီလိုလုပ်နေတာကို တွေ့သွားရင်တော့ ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုအခြေခံပြီး ပြစားရမယ့် ကျနော်တို့ရဲ့ ခရီးသွားလုပ်ငန်းကြီးလည်း ဂိပြီပေါ့ဗျာ။
ဘုန်းကြီးတွေ ဘောပွဲကြည့်၊ ပွဲသွား၊ သင်္ကန်းဝတ်တချို့ စားသောက်ဆိုင်တွေထဲထိ ငွေတောင်းလုပ်နေတာတွေကို ဘုန်းကြီးတွေကိုယ်တိုင်က မကြီးကြပ်သင့်ဘူးလား။
အမျိုးဘာသာ၊ သာသနာကို အမှန်တကယ်စောင့်ထိန်းချင်တယ်၊ ကမ္ဘာ့အလယ် တင့်တယ်ချင်တယ်ဆိုရင် အဲဒီအလုပ်တွေကို သူတို့ အရင်တာဝန်ယူဖြေရှင်းပေးရမှာဗျ။ ဒါမှ ကျုပ်တို့ နိုင်ငံတော်ကြီးအတွက်လည်း ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းကနေ ၀င်ငွေတွေ ရမှာပေါ့ ၊ ဘာသာသာသနာကိုလည်း အစော်ကားမခံရမှာပေါ့ ဟုတ်ဘူးလား”

“ဟုတ်တယ်…..အဲ…..ဟုတ်ဘူး…×××ဖလူး…ဖလူး××အာ…သိဘူးကွာ…မင့် ဘာတွေ လာပြောနေတာတုန်း×××ဖလူး×××ဖလူး”

ချက်ကျလက်ကျ ထိုးနှက်လိုက်သော မောင်မောင်ဖွတ်စကားကြောင့် အကျွန်ုပင် ယောင်ယမ်းကာ ဟုတ်တယ်လိုက်မိသွားသဖြင့် သောက်လက်စ ရေနွေးအသီးခံရင်း ဟုတ်တယ်ဆိုသောစကားကို အလျှင်အမြန်ပြန်ရုတ်သိမ်းလိုက်ရ၏။

မရုတ်သိမ်း၍လည်း မဖြစ်၊ ထိုဂန်းမသားကား စကားကို နှစ်ခွ ပြောတတ်သဖြင့် သတိထား ပြန်ပြောနိုင်မှ တော်ကာကြသည်။ မတော် သူပြောသောစကားကို အကျွန်ုပ်ပြောလိုက်ပါသည်ဆိုပြီး သံဃာတော်များထံ ပြန်ပြောနေပါက မခက်ပါလား။

“ဟုတ်တယ်တွေ….မဟုတ်ဘူးတွေ လုပ်မနေနဲ့ဗျ…အစ်ကိုတို့ သတင်းသမားတွေက ဒါတွေကို ဝေဖန်ထောက်ပြ ဖော်ထုတ်ရေးသားသင့်တာပေါ့ဗျ”

နိဂုံးကမ္ပတ်အဆုံးသတ်တွင် မောင်မောင်ဖွတ်စကားက အကျွန်ုပ်တို့ သတင်းသမားများထံ လှည့်လာကာ သံဃာတော်များနှင့် ထိပ်တိုက် တည်ပေးနေပြီဆိုသည်ကို သိလိုက်သော အကျွန်ုပ်လည်း ၎င်းကို ဘရိတ်ဆွဲအုပ်လိုက်ရ၏။

“ဟိတ်ကောင်…..တော်တန် တိတ်…..မင့်ရည်ရွယ်ချက် ငါသိတယ်။ အစိုးရအဖွဲ့ဝင်တစ်ယောက်က ပြောကတည်းက ငါသိတယ်။
သံဃာတွေ ဦးဆောင်လုပ်နေတဲ့ အမျိုးစောင့်ဥပဒေဆိုတာ လူထုအကြား စကားစစ်ထိုးပွဲအဆင့်ပဲ ရှိပါတယ်လို့ သူပြောကတည်းက ငါသိတယ်။
သံဃာနဲ့လူထုကို ရန်ပြန်တိုက်ပေးနေတာကွ…ဂန်းမသားရ….အဲဒီတော့….ဒီအကြောင်းတွေကို ငါက ရေးစရာလား…ရေးစရာလား”

အကျွန်ုပ်စကား ဆုံးသည်နှင့် အနှီ သကောင့်သား မောင်မောင်ဖွတ်လည်း ကုပ်ချောင်းကုပ်ချောင်းဖြင့် လှည့်ပြန်သွားလေသတည်း။

မင်းနိုင်သူ ~

http://blog.irrawaddy.org/2013/07/blog-post_3653.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။