Tun Wai
အကြိုက်ဆုံး ပို့ စ် ကိုဖော်ပြပါတယ်ဖတ်ကြည့်ပါ ပုရစ်ရဲ့ လက်ရာပါ နီးနီးမှာရှိလျက်နဲ့  အဝေးကိုမသွားစေချင်ပါ
၃ခါလောက်ဖတ်ကြည့်ပါ သဘောတွေ့ ပြီး မနောခွေ့ ပါလိမ့်မယ်။
သင်ခန်းစာယူတတ်ကြသေးရင်ဖြင့်..
တစ်ခဏတော့..
ထိုနေရာကို ဗိုလ်ချုပ် ရောက်ဖူးလိုက်ပါသည်..
၃ခါလောက်ဖတ်ကြည့်ပါ သဘောတွေ့ ပြီး မနောခွေ့ ပါလိမ့်မယ်။
သင်ခန်းစာယူတတ်ကြသေးရင်ဖြင့်..
တစ်ခဏတော့..
ထိုနေရာကို ဗိုလ်ချုပ် ရောက်ဖူးလိုက်ပါသည်..
ဒီနေရာမှာ အမြဲတမ်းလား.
တစ်ရက်တည်းလားဆိုတာ မသိပေမဲ့..
ဒီနေရာတွင် ဗိုလ်ချုပ်ကို..
အဲဒီနေ့ တစ်နေ့သာ ပြည်သူများကတွေ့လိုက်ကြရသည်..
အိမ်ရှင်ဖြစ်သူက..ဗိုလ်ချုပ်ကို
စေတနာအမှန်နဲ့ ဖိတ်ခေါ်တာလား
မခေါ်တာလား ဆိုတာတော့..
ကာယကံရှင်များသာ သိမည်ထင်သည်..
သေချာတာက..သိသာတာက..
ဗိုလ်ချုပ်ဓာတ်ပုံကို တိုင်းပြည်၏အရေးကြီးဆုံးနေရာတွင်..
ချိတ်ဆွဲပြခဲ့သည့်နေ့မှ..အစပြုပြီး..နောက်ပိုင်း..
တိုင်းပြည်၏..အနေအထားသည်..
ချောင်ထိုးခံရသောကာလများကလိုမဟုတ်တော့ပဲ..
မည်သို့ဖြစ်လာသနည်း....?????
မြန်မာလူမျိုးများသည် ..
လူကြီးမိဘဆရာသမားများ၏ပုံများကို
အိမ်ဦးခန်းတွင်ချိတ်ဆွဲခြင်းဖြင့်...
မိမိတို့၏ကြည်ညိုလေးစားမှုကိုပြကြသည်၊
အလေးအနက်ထားမှု တန်ဘိုးထားမှုကိုပြကြသည်..
ထိုသူတို့ကိုအလေးအနက်ထားခြင်းဖြင့်..
မိမိတို့၏အောင်မြင်မှုများကို ဖန်တီးပေးမည်ဟုယုံကြည်ကြသည်..
မိမိတို့၏ အနာဂတ်.တိုးတက်မည်ဟု ယုံကြည်ကြသည်..
အလေးအနက်မထား ယုံကြည်လေးစားမှုမရှိပါက..
မိမိတို့၏ အနာဂတ်အောင်မြင်မှုများတွင်..ဆိုးကျိုးများ
အခက်အခဲများ ခံစားရမည်ဟုလဲ..နားလည်ကြပါသည်..၊
ဒါကို...ဂိုဏ်းသင့်သည်ဟုခေါ်ကြသည်.၊
ထိုအခြေအနေများ.သည်.၊
ကျွန်တော်တို့ တိုင်းပြည်တွင်....
ငြင်းမရအောင်ပင်..သိသိသာသာ..
တကယ်ဖြစ်ပျက်ခဲ့ပါသည်..
ဒါကို..သင်ခန်းစာ.မယူတတ်ကြသေးရင်ဖြင့် ..?
မူရင်း ပုရစ်
ကိုထွန်းဝေ
ပြန်လည်မျှဝေပါတယ် ခင်မျာ
19.7.2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။