Aye Chan Mon
ဗိုလ်ချူပ်အောင်ဆန်း နဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန် ရောက်ပြီဆိုလျှင်ဖြင့် မြန်မာ့အသံကနေ ဥသြဆွဲပြီး တစ်မိနစ်တိတိကြာ အချက်ပေး အသံလွှင့်ပေးခဲ့လေ့ ရှိပါတယ်...။
သို့ သော်လည်းဘဲ ယခုအချိန်အခါမှာတော့ မြန်မာ့အသံကနေ အချက်ပေး အသံလွှင့်ပေးလေ့ရှိတဲ့ ဥသြဆွဲသံဟာလည်း ပြည်သူ့အာဏာကို လက်နက်အားကိုး နဲ့ မတရားလုယူခဲ့တဲ့ အာဏာရူးတွေကြောင့် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့ရပါတယ်...။
ဒါကိုပဲ ပြည်သူတွေ ဆန္ဒပြင်းပြမှု ရှိမယ်ဆိုရင် ဥသြဆွဲသံ ပြန်လွှင့်ပေးမယ်.. လိုလိုပြောတော့ အရင်တုန်းက ပြည်သူတွေက ဆန္ဒပြင်းပြမှု မရှိတော့လို့ မထုတ်လွှင့်ပေးတော့သလိုမျိုး ဖြစ်မနေဘူးလား...?? တကယ်တော့ ရည်ရွယ်ချက်ရှိရှိ သမိုင...်းကို ဖျောက်ဖို့ကြိုးစားခဲ့ကြတဲ့ အရှက်မရှိတဲ့ အာဏာရူးတွေကြောင့်ပေါ့...။ ပြည်သူတို့ရဲ့ နှလုံးသားထဲက ကျက်သရေအပေါင်းနဲ့ ပြည့်စုံခန့်ညားလှတဲ့ ဗိုလ်ချုပ် ရဲ့ ဓါတ်ပုံနေရာမှာ အာဏာရူးတွေရဲ့ ပုံရိပ်တွေ ကျက်သရေမဲ့စွာ အစားထိုး ချိတ်ဆွဲခဲ့သလို...၊ ငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်ရဲ့ ပုံရိပ်လွှာနေရာမှာ အာဏာရူးတွေရဲ့ ခြင်္သေ့ အမှတ်တံဆိပ်နဲ့ ဘုရင်ရူးနေသူတွေရဲ့ ကိုးကွယ်ရာ တိရိစ္ဆာန်တွေကိုနေရာပေးခဲ့တယ် မဟုတ်လား....။ အဲ့ဒါ ခဗျာင်္းတို့ သိပ်မှားခဲ့တဲ့ အမှားကျူးလွန်မှုပေါ့ဗျာ...။ ပြည်သူတွေကို ခဗျာင်္းတို့ အထင်မြင်သေးခဲ့ကြတာဗျ...။ ပြည်သူတွေရဲ့ နှလုံးသားထဲက စွဲထင်..ထွင်းထု..ထားပြီးဖြစ်တဲ့ ပုံရိပ်အစစ်အမှန်တွေကို ခဗျာင်္းတို့ရဲ့ အာဏာရူးမှုတွေနဲ့ ပယ်ဖျက်ပစ်လို့ မရနိုင်ဘူး ဆိုတာ ခဗျာင်္းတို့မသိနိုင်ခဲ့လေအောင် မိုက်မဲခဲ့ကြတာကိုး.....။

ဒီတော့ဗျာ.. အခုခေတ်က ဒီမိုကရေစီခေတ် ဆိုတော့ စိတ်ထဲရှိတာပြောမယ်ဗျာ..။ တောင်းဆိုချင်တယ်လို့ပဲပြောပါရစေ....။
အစိုးရရုံးဌာနတိုင်း...နဲ့ စာသင်ကျောင်းတွေမှာ ဗိုလ်ချုပ်ရဲ့ ဓါတ်ပုံကို ပြန်ချိတ်ဆွဲဖို့ ညွှန်ကြားပေးပါ...။ လက်ရှိနိုင်ငံ့ ခေါင်းဆောင်ပုံကိုလည်း ချိတ်ပေါ့...။ ဒါပေမဲ့ ဗိုလ်ချုပ်ပုံရဲ့ အောက်နားမှာကပ်ပြီးချိတ်ပေါ့....။
နိုင်ငံတော်သမ္မတ ရဲ့ ဧည့်ခန်းမ..၊ နိုင်ငံတကာအထူးဧည့်သည်တွေကို လက်ခံတွေကဆုံနေတဲ့ ရွှေပလ္လင်ကြီး နောက်ခံထားတဲ့နေရာမှာ နိုင်ငံ့ရဲ့ အမြဲတမ်းခေါင်းဆောင် ဗိုလ်ချုပ်ရဲ့ ပုံ..(သို့) ပုံတူထွင်းထုထားတဲ့ ရုပ်တုကိုထားပေးပါ...။ (နိုင်ငံတကာကို သွားသွားနေတဲ့ လက်ရှိနိုင်ငံအကြီးအကဲတွေ တွေ့ဖူးကြမှာပါ...။ သူတို့ရဲ့ ဧည့်ခန်းမမှာ သူတို့ နိုင်ငံ့ရဲ့ သူရဲကောင်း အာဇာနည်တွေရဲ့ ရုပ်တုတွေ..၊ ပုံတွေကို ခန့်ခန့်ကြီး ထားသိုချိတ်ဆွဲထားတယ် မြင်ဖူးရဲ့ မဟုတ်လား....)
နောက်တစ်ခုကတော့ လက်ရှိလည်ပတ်သုံးစွဲနေသော ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်ရဲ့ ပုံတွေနဲ့ အချိန်ယူပြီး ဖြေးဖြေးချင်း ပြန်အစားထိုးပေးပါ.....။
အေးချမ်းမွန် Credit To >Ko Nay Myo < Thank
Re-post By ACM 5-7-2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။