Aureum Online Media
အတန်းတွင်းတွင် စိတ်ဝင်စားမှုရှိသော သူငယ်တန်းကလေးများ နောင်တွင်အကျိုးကျေးဇူးများနိုင်
==================================
သူငယ်တန်းတွင် အတန်းတွင်း၌ စိတ်ဝင်စားမှုရှိသော ကလေးများသည် ဘဝ တစ်သက်တာ အကျိုးရနိုင်သောအလုပ်ကို အာရုံစူးစိုက်တတ်သည့် ကျွမ်းကျင်မှုများ အတန်းကြီးချိန်တွင် ရလာတတ်ကြောင်း လေ့လာမှု တစ်ခုက ဖော်ပြသည်။
ဤလေ့လာမှုတွင် ကလေးစုစုပေါင်း ၁ဝဝဝ ကျော်ပါဝင်ခဲ့သည်။ သူတို့၏ စိတ်ဝင်စားမှု အဆင့်အတန်းကို သူငယ်တန်းအဆင့်တွင် လေ့လာမှတ်သား ခဲ့သည်။ ထို့နောက် ၎င်းကလေးများအား သူငယ်တန်းမှ ခြောက်တန်းထိ တောက်လျှောက် ကာလအတွင်း ၎င်းတို့၏ တစ်ဦးချင်းနှင့် အုပ်စုလိုက် လုပ်ဆောင်ပုံနည်းလမ်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုနှင့် ယုံကြည်မှု အဆင့်အတန်းများအား လေ့လာခဲ့...ကြသည်။ ထို့နောက် ကလေးများအား အဆင့်မြင့်၊အလယ်အလတ်နှင့် အဆင့်နိမ့်ဟူ၍ သုံးအုပ်စုခွဲခြားခဲ့သည်။

မွန်ထရီတက္ကသိုလ်မှ သုတေသီများ၏ တွေ့ရှိချက်အရ ယောက်ျားလေးများ၊ သူငယ်တန်းအရွယ်တွင် ရန်ဖြစ်တတ်သောကလေးများ၊ စိတ်ဝင်စားမှု နည်းပါးသော ကလေးများသည် အဆင့်နိမ့်အုပ်စုသို့ အရောက်များကြောင်း တွေ့ရှိရသည်။ လေ့လာသူများကပင် အဆိုပါ ကလေးများသည် အထက်တန်း ပညာရေး မပြီးဆုံးမီ ကျောင်းထွက်ရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ တားမြစ် ဆေး သုံးစွဲခြင်းစသည့် ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ကလေးများ အတွက် စာသင်ခန်းသည် အလုပ်ခွင်ပင် ဖြစ်သည့်အတွက် အတန်းဖော်များနှင့် အပေးအယူ မျှတသောကလေးများ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုနှင့် ယုံကြည်မှု အဆင့်အတန်း မြင့်မားသော၊ စည်းကမ်းလိုက်နာသော ကလေးများသည် ကြီးပြင်းလာသော အခါတွင်လည်း အလုပ်ခွင်တွင် ထုတ်လုပ်နိုင်စွမ်းအား မြင့်မားသောလူကြီးများ ဖြစ်လာတတ်ကြကြောင်း ပြောကြားခဲ့သည်။
Pyimyanmar Journal
Pyimyanmar Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။